Home ထိပ်တန်းသတင်း ထိုးစစ်ရပ်ပြီး ငြိမ်းချမ်း‌ရေးစကား‌ပြောရန် သမ္မတဦးသိန်းစိန်ကို ENC ‌တောင်းဆို

ထိုးစစ်ရပ်ပြီး ငြိမ်းချမ်း‌ရေးစကား‌ပြောရန် သမ္မတဦးသိန်းစိန်ကို ENC ‌တောင်းဆို

1599
ဇွန်လ ၁၃ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် အပစ်ခတ်ရပ်စဲပြီး တိုင်းရင်းသား‌ဒေသများသို့ ထိုးစစ်ဆင်မှုများကို ရပ်တန့်ကာ ငြိမ်းချမ်း‌ရေး စကား‌ပြောဆိုရန် တိုင်းရင်းသားလူမျိုးများ‌ကောင်စီ(ပြည်‌ထောင်စုမြန်မာနိုင်ငံ)-ENC က ဇွန်လ ၁၁ရက်‌နေ့ ၎င်းတို့၏ ၆ကြိမ်‌မြောက် ညီလာခံအပြီးတွင် သမ္မတ ဦးသိန်းစိန်အား ‌တောင်းဆိုခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် ဇွန်လ ၉ရက်မှ ၁၁ရက်‌နေ့အထိ ကျင်းပခဲ့သည့် အဆိုပါ ညီလာခံသို့ ပြည်နယ် ၇ခုအ‌ပေါ် အ‌ခြေ ခံထားသည့် ENC အဖွဲ့ဝင်ကိုယ်စားလှယ်၊ အကြံ‌ပေးပုဂ္ဂိုလ်နှင့် အထူးဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ အပါအဝင် စုစု‌ပေါင်း လူဦး ‌ရေ ၄ဝဦး တက်‌ရောက် ‌ဆွေး‌နွေးဆုံးဖြတ်ကာ ‌ကြေညာချက်ထုတ်ပြန် ‌တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ENC ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌ဒေါက်တာ‌ရွှေခါးက “ထိုးစစ်ရပ်ပြီး ငြိမ်းချမ်း‌ရေးစကား‌ပြောဖို့နဲ့ပတ်သက်ပြီး တိုင်းပြည်နဲ့ လူမျိုး အတွက် သူတို့(ဦးသိန်းစိန်အစိုးရ) လုပ်သင့်တဲ့ဟာ ကျ‌နော်တို့က ဒီလို တိုက်တွန်း‌တောင်းဆိုထားတာ ဖြစ်ပါတယ်။ လူ‌တွေက တစ် ‌နေရာတည်းမှာစုပြီး အလုပ်လုပ်လို့ မရဘူး။ ကျ‌နော်တို့က Unity is Diversity ကို အ‌ခြေခံပြီး‌တော့ မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုး‌တွေအားလုံး အတူတကွ အလုပ်လုပ်ကြဖို့ လိုတယ်ဆိုတာကို ‌ဖော်ပြတာပါ။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဆက်လက်၍ သူက “ဒီ ENC ညီလာခံမှာ ကျ‌နော်တို့က နိုင်ငံ‌ရေး သုံးသပ်ချက်‌တွေ လုပ်တယ်။ အဲဒီက‌နေတဆင့် ကျ‌နော်တို့ ပြည် နယ်ကိုယ်စားလှယ် အချင်းချင်း‌တွေ ဘာလုပ်ကြမလဲဆိုတဲ့ ‌ရှေ့လုပ်ငန်းစဉ်‌တွေ ချမှတ်သွားတယ်။”ဟု ‌ပြောဆိုသည်။

ENC ၏ အဆိုပါ ထုတ်ပြန်ချက်တွင် ယခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီလ၌ အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုး များဖက်ဒရယ်‌ကောင်စီ(UNFC)၏ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်း‌ရေးအပြင် ရှမ်းပြည်တပ်မ‌တော် ‌မြောက်ပိုင်းနှင့် ‌တောင်ပိုင်းတို့ ပြန်လည်‌ပေါင်းစည်းပြီး ရှမ်းလူထုအား ကာကွယ်ခြင်းအ‌ပေါ် ကြိုဆို‌ကြောင်း ‌ဖော်ပြပါရှိသည်။

ထို့အပြင် အစိုးရ‌ကျောင်းများတွင် တိုင်းရင်းသားဘာသာရပ်များကို တရားဝင်သင်ခွင့်ရရန် မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ (AMRDP)၊ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်(PSDP)၊ ရခိုင်အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(ANDP)နှင့် ရှမ်းအမျိုးသားများ ဒီမိုကရက် တစ်ပါတီ(SNDP)တို့ တင်ပြ‌တောင်းဆိုထားချက်ကို ကြိုဆို‌ကြောင်း ENC က ဆိုသည်။

အလားတူ ပင်လုံစိတ်ဓါတ်အရ တိုင်းရင်းသားများအချင်းချင်း ယုံကြည်မှုနှင့် စည်းလုံးညီညွှတ်မှု တည်‌ဆောက်သွားမည့် သမ္မတ ဦး သိန်းစိန်၏ဆန္ဒကိုလည်း ကြိုဆို‌ကြောင်း ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ယခု ပြုလုပ်ပြီးစီးခဲ့သည့် ENC ၏ ၆ကြိမ်‌မြောက် ညီလာခံတွင် ဥက္ကဌအဖြစ် ပဒို‌စောကွယ်ထူး၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးအဖြစ် ‌ဒေါက်တာ‌ရွှေခါးနှင့် တွဲဖက် အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးအဖြစ် နိုင်က‌ဆော့မွန်တို့အား ‌ရွေးချယ်တင်‌မြှောက်ခဲ့ကြသည်။