Home လူထုအသံ ပေးစာကဏ္ဍ Peter Yang မှ ကရင်သတင်းစဉ်ဆီသို့ ‌ရေး‌သောစာ

Peter Yang မှ ကရင်သတင်းစဉ်ဆီသို့ ‌ရေး‌သောစာ

1845

သို့

KIC သတင်းဌာန။ 15 May-2011

‌လေးစားစွာဖြင့် ကျွန်‌တော် Peter Yang မှ ကရင်သတင်းစဉ်ဆီ စာ‌ရေးလိုက်ပါတယ်ခင် ဗျာ။ ခါတိုင်းပို့‌နေကျ မူလလိပ်စာမှ အခြား‌နေရပ်လိပ်စာသစ် ထပ်မံ‌ပြောင်းလဲလို‌ကြောင်း ‌ရေးသား အ‌ကြောင်းကြားရခြင်း ဖြစ်ပါတယ်ခင်ဗျာ။ လက်ရှိအ‌ခြေအ‌နေအရ အလုပ်‌ပြောင်းလဲ‌သော‌ကြောင့် ‌နေရပ်လိပ်စာကိုပါ ထပ်မံ ‌ပြောင်းလဲရခြင်းဖြစ်ပြီး ကျွန်‌တော်တို့ မှီတင်း‌နေထိုင်‌သော ‌ကျေးရွာတွင် မြန်မာပြည်‌ဒေသအသီးသီးမှ လာ‌ရောက်‌နေထိုင်ကြ‌သော မတူကွဲပြား‌သော တိုင်းရင်းသား လက် လုပ်လက်စားများ ဖတ်ရှုရန် စိတ်ဝင်စားကြပါတယ်။
ထို့‌ကြောင့် ဖြစ်နိုင်ပါက ‌ပြောင်းလဲလိုက်‌သော လိပ်စာသစ်အရ ကရင်သတင်းစဉ် ‌နောက် ထပ်တစ်‌စောင်၊ စုစု‌ပေါင်း တလ ၂‌စောင်ကျ ‌ကျေးဇူးပြုပြီး ‌ပေးပို့‌စေလိုပါတယ်ခင်ဗျာ။

KIC မှ မနန်း‌ဖော‌ဂေနဲ့တကွ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လုပ်ငန်း ‌ဆောင်တာအဝဝ ‌အောင်မြင်တိုးတက်ပါ‌စေလို့ ကျွန်‌တော် Mr.Peter Yang မှ စာဖတ်ပရိဿတ် များကိုယ်စား ဆုမွန်‌ကောင်း ‌တောင်း‌ပေးရင်း ဒီမျှနဲ့ ရပ်နားခွင့်ပြုပါခင်ဗျာ။

(‌ကျေးဇူးအထူး တင်ရှိပါတယ်ခင်ဗျာ)