ဧပြီလ ၂ဝရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မြန်မာဒုက္ခသည်အဖြစ် လျှောက်ထားသူများကို လက်ခံစဉ်းစားသည့် အစီအစဉ်ကို မကြာခင်ကာလတွင် ထိုင်းအစိုးရက ပြန် လည် စတင်တော့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ထိုကိစ္စမှာ လက်ရှိအချိန်တွင် ဖြစ်နိုင်ခြေနည်းပါးသေးကြောင်း ကရင်ဒုက္ခသည်ကော်မတီ(KRC) က ပြောဆိုသည်။
KRC ဥက္ကဌ စောရောဘတ်ထွေးက “UNHCRက လူတွေကို ထပ်ပြီးလက်ခံဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ လက်ခံရင်တောင် မှ အလွန်ဆုံး Pre(အကြို)အဆင့်လောက်ပဲ ရမယ်။ ထိုင်းအစိုးရ ခွင့်ပြုချက်မရဘဲ လုပ်လို့မရပါဘူး။ ကျနော်တို့ သိရသ လောက်ဆိုလို့ရှိရင် ထိုင်းအစိုးရက ဒုက္ခသည်တွေကို ထပ်ပြီးလက်ခံဖို့ဆိုတာ အစီအစဉ်မရှိပါဘူး။ လက်ရှိ ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေကိုတောင်မှ ထောက်ပံ့မှုတွေ လျှော့ခိုင်းထားတယ်။”ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်ကို ထိုင်းအစိုးရက အချိန်အတန်ကြာ ရပ် ဆိုင်းထားရာကနေ မကြာခင် ပြန်စတော့မည်ဟု ဘန်ကောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ ပြောရေးဆို ခွင့်ရှိသူ Kitty Mckinsey က ပြီးခဲ့သည့် တနလင်္ာနေ့တွင် လွတ်လပ်သည့် အာရှအသံ (RFA)မြန်မာပိုင်းအစီအစဉ်ကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ထိုင်းအစိုးရ အနေဖြင့် မြန်မာဒုက္ခသည်များကို ဆက်ပြီးလက်ခံရန် အစီအစဉ်မရှိသော်လည်း ထိုင်းံနယ်စပ် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်အဖြစ် စာရင်းမဝင်သေးသည့် မြန်မာနိုင်ငံသား အများအပြားရှိနေသောကြောင့် အရေအတွက် အတိအကျ သိရှိနိုင် ရန် Pre-Screening Registration Document အဆင့်ကို လုပ်ဆောင်ရန်သာ သဘောထားရှိသည်ဟု စောရောဘတ်ထွေးက ဆက်လက် ပြောဆိုသည်။
ထို့အပြင် ဒုက္ခသည်လျှောက်ထားသည့်ကိစ္စ နှစ်နှင့်ချီ၍ ကြန့်ကြာခဲ့ခြင်းမှာ UNHCR နှင့် မသက်ဆိုင်ဘဲ ထိုင်းအုပ်ချုပ်ရေးအဖွဲ့ များဘက်က လုပ်ငန်းများ ရပ်ဆိုင်းထားခြင်းဖြစ်သလို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို တတိယ နိုင်ငံသို့ အခြေချနေထိုင်ရန် ဆောင်ရွက်နေသည့် လုပ်ငန်းများသည်လည်း အရှိန်အဟုန်မပြတ်ရှိနေကြောင်း Kitty Mckinsey က RFA ကို ပြောသည်။
”]
ထိုင်းနိုင်ငံတွင် ၂၀၀ဝခုနှစ်ခန့်မှစ၍ ဒုက္ခသည်အဖြစ် လျှောက်ထားသူများမှာ UNHCR ရုံးသို့ တိုက်ရိုက်မသွားရဘဲ နယ်စပ်ဒုက္ခ သည်စခန်းများတွင် ဖွင့်ထားသည့် Provincial admission board ခေါ် ခရိုင်အလိုက် ထိုင်းအုပ်ချုပ်ရေးအဖွဲ့များက ဒုက္ခသည် အဖြစ် အသိအမှတ်ပြုမပြုကိစ္စကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု Kitty McKinsey က ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၇ခုတွင် လက်ရှိုုအချိန်၌ လူဦးရေ ၁၃၅,၇၁၁.၀ဝဦးရှိကြောင်း မတ်လထုတ် KRC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


















