Home ကဗျာ တစိုက်မတ်မတ်

တစိုက်မတ်မတ်

1848
လကင်္ာဒီပ

‌ပြော‌နေယုံ၊ ‌အော်‌နေယုံ
မလုံ‌လောက် မပြည့်ဝတဲ့အရာ
မျိုးချစ်ပါတယ်ဆိုတဲ့ စကားလုံး
မိုးလုံးသာပြည့်သွားမယ်
ဘယ်မလည်း လက်‌တွေ့ရယ်
ဘယ်မလည်း ‌ပေးဆပ်ခြင်း
အရင်းအနှီးမရှိရင်
နင်ဟာ‌လေ သုညမျိုးချစ်‌ပေါ့။

‌သွေးမိုး၊ ‌ချွေးမိုး၊ မျက်ရည်မိုး‌တွေ
တသက်မ‌ကျေနိုင်စရာ
ယုတ်မာပက်စက်‌နေမှုများ
နင် မကြားဟန်၊ မသိဟန်
အ‌မေ့ခံ‌နေတာလား။

တာဝန်ယူရဲတဲ့ စိတ်က‌လေး‌တွေ
‌သောက‌ဖြေ‌ဖျောက်‌ရေးလမ်းတွင်း
ငြိမ်းချမ်းခြင်း ရယူ‌ရေး
ညီ‌လေး‌ရေ…ကိုယ့်အမျိုးအလုပ်
ကိုယ်သာလျှင် လုပ်ရမှာဖြစ်တယ်။

‌သွေးနဲ့‌ရေး သင်ခန်းစာများ
နှလုံးသားဆုံးဖြတ်ပြီးသကာလ
လုပ်ရမဲ့တာဝန်‌တွေ အစီအရီ
တသီတတန်း ခရီးကြမ်း
လက်ဆင့်ကမ်းထမ်းရမယ်
မင်း ဘယ်‌တော့မှ ‌တွေး‌ကြောင်မ‌နေနဲ့။

သုညဘဝက
အစပြုခုန်ထွက်လာခဲ့
‌ဘေး‌ပြောတဲ့စကား
အတ္တများနဲ့ ထုံမွှန်းခြင်းမှာ
နစ်မွန်းကာ ငုံ့လျှိုးမ‌နေလင့်
ရဲရင့်လိုက်ပါ ခြ‌သေင့်္မင်းလို‌ပေါ့။

အမျိုးသား‌ရေး၊ တန်းတူ‌ရေး
တစက်‌လေးမှ မ‌လျှော့ဘူး
‌ခေတ်‌တွေကူး‌စေ၊ နှစ်‌တွေကူး‌စေ
ဒီ‌မြေ၊ ဒီလမ်း၊ ဒီစခန်း
‌အောင်မြင်ခြင်းပန်းတိုင်ကို
လှမ်းကိုင်နိုင်မယ်အမှန်
ကဲ…..‌တော်လှန်‌ရေးကို တစိုက်မတ်မတ် ဆက်လုပ်ကြစို့။ ။

မတ်လ ၂၀၊ ၂၀၁၁