Home ထိပ်တန်းသတင်း နိုင်ငံခြားသား တစ်ဦးကို ‌ဝေါ်‌လေတွင် နအဖ တပ် ဖမ်းဆီးထား

နိုင်ငံခြားသား တစ်ဦးကို ‌ဝေါ်‌လေတွင် နအဖ တပ် ဖမ်းဆီးထား

2238
မတ်လ ၂၄ရက်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီမြို့‌တောင်ဘက်ခြမ်းရှိ ‌ဝေါ်‌လေ‌ကျေးရွာတွင် ရွာတွင်းသို့ ဝင်‌ရောက်ပြီး ဓါတ်ပုံများ ရိုက်ယူ‌နေသည့် နိုင်ငံခြား သားတစ်ဦးကို ‌ကျေးရွာအတွင်း အ‌ခြေစိုက်ထားသည့် နအဖတပ်က ယမန်‌နေ့၌ ဖမ်းဆီးလိုက်သည်ဟု ရွာသားများက ‌ပြောသည်။

ယမန်‌နေ့မနက် ၁ဝနာရီခန့်တွင် အဆိုပါ နိုင်ငံခြားသားက ထိုင်းဘက်ခြမ်းမှ‌နေ၍ မြန်မာဘက်ခြမ်းကို ဝင်လာပြီး ရွာသူရွာသားများ နှင့် လူ‌နေအိမ်များကို ဓါတ်ပုံလိုက်ရိုက်‌နေစဉ် နအဖစစ်တပ်မှ သူ့အား ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ကိုယ်တိုင်မြင်‌တွေ့ရသူ ‌ဝေါ် ‌လေရွာသားတဦးက ယခုလို အတည်ပြု ‌ပြောဆိုသည်။

သူက “မ‌နေ့မနက် ၁ဝနာရီ‌လောက်မှာပဲ ထိုင်းဘက်ခြမ်းက‌နေပြီး‌တော့ အဂင်္လိပ်တစ်‌ယောက်က ခပ်တည်တည်နဲ့ ကျ‌နော်တို့ ရွာ ဘက်ကို လာတယ်။ ဓါတ်ပုံ‌တွေ လိုက်ရိုက်တယ်။ လူ‌နေအိမ်‌တွေ၊ ရွာသား‌တွေ လုပ်ကိုင်‌နေတဲ့ပုံ‌တွေ‌ပေါ့‌နော်။ အဲလို လိုက်ရိုက်‌နေ တဲ့အချိန်မှာ ဒီက ဗမာစစ်တပ်က သွား‌တွေ့‌ရော၊ သူ့မှာပါလာတဲ့ စာရွက်စာတမ်း‌တွေ စစ်‌ဆေးတယ်။ ပြီး‌တော့ ဖမ်း‌ခေါ်သွားတယ်။” ဟု ‌ပြောသည်။

ခန့်မှန်း‌ခြေအားဖြင့် အသက် ၅၀‌ကျော်ရှိသည့် အဆိုပါနိုင်ငံခြားသား၏ အမည်နှင့် အလုပ်အကိုင်ကို အ‌သေအချာ မသိရှိရ‌သေး ‌သော်လည်း ၎င်းအား မြန်မာဘက်ခြမ်းသို့ မဝင်‌ရောက်ရန် ထိုင်းနယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များက တားမြစ်သည်ကို ဂရုမစိုက်ဘဲ နယ် စပ်ဖြတ်‌ကျော်ဝင်‌ရောက်သွားခြင်းဖြစ်သည်ဟု ရွာသားများက ‌ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ‌ဝေါ်‌လေ‌ဒေသအတွင်း လှုပ်ရှား‌နေသည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်ရင်း (၂၀၁)မှ တပ်မှူးတစ်ဦးက “အဲဒီအ‌ကြောင်းကို ကျ‌နော်လည်း ဒီ‌နေ့ ကြားလိုက်တယ်။ ဘယ်လိုဖြစ်ပြီး အဖမ်းခံရလဲဆိုတာ ကျ‌နော် တို့ စုံစမ်းတုန်းပဲ။ ‌သေချာတာက ကျ‌နော်တို့နဲ့ ဆက်စပ်မှုမရှိပါဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

‌ဝေါ်‌လေ‌ကျေးရွာတွင် စကခ(၅)လက်‌အောက်ခံ ခမရ(၅၆၃)နှင့် ခမရ(၅၆၄)တပ်ရင်းများက အ‌ခြေချလှုပ်ရှားလျှက်ရှိပြီး လက်ရှိအ ချိန်တွင် ယမန်‌နေ့က အဖမ်းခံရသည့် အဆိုပါနိုင်ငံခြားသားကို နအဖတပ်များက ‌ဝေါ်‌လေ‌ကျေးရွာရှိ ၎င်းတို့၏တပ်စခန်း၌သာ ထိန်း သိမ်းထားလျှက်ရှိသည်ဟု ထို‌ဒေသရှိ နအဖတပ်များနှင့် နီးစပ်သူတစ်ဦးက ‌ပြောဆိုသည်။

ပြီးခဲ့‌သော မတ်လ ၂၂ရက်‌နေ့ ည ၁၂နာရီအချိန်ကလည်း တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA) တပ်ဖွဲ့ ဝင်အချို့က ‌ဝေါ်‌လေ‌ကျေးရွာအတွင်းသို့ ဝင်‌ရောက်ပြီး ‌ကျေးရွာအတွင်းရှိ ဆိုင်ခန်း ၅လုံးနှင့် အိမ် ၃လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး မည် သည့်အတွက်‌ကြောင့် ယခုလို လုပ်‌ဆောင်သည်ကို မသိ‌ကြောင်း ‌ဝေါ်‌လေရွာသားများက ‌ပြောဆို‌နေကြသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များထံ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်း‌သော်လည်း ဖုန်းအဆက်သွယ် မရရှိခဲ့ ‌ပေ။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ဒီ‌ကေဘီ‌အေနှင့် နအဖ တိုက်ပွဲများ‌ကြောင့် ‌ဝေါ်‌လေရွာသားများ ထိုင်းဘက်ခြမ်း ထွက်‌ပြေး‌ရောက်ရှိ လာပြီး ယခုအချိန်တွင် ရွာသူရွာသားအချို့မှာ ‌ကျေးရွာအတွင်း ပြန်လည်‌နေထိုင်‌နေကြပြီ ဖြစ်သည်။