Home ထိပ်တန်းသတင်း ပဒိုမန်းဇဋိလ ဈာပနပြီးစီး

ပဒိုမန်းဇဋိလ ဈာပနပြီးစီး

2150
‌ဖေ‌ဖော်ဝါရီလ ၈ရက်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးတာဝန်ယူခဲ့သူ ပဒိုမန်းဇဋိလ ၆၉နှစ်သည် ‌ဖေ‌ဖော်ဝါရီလ ၆ရက်‌နေ့တွင် လူကြီး‌ရောဂါ ဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ ဈာပနအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် ယမန်‌နေ့က ပြုလုပ်ပြီးစီးသွားခဲ့သည်။

လူမှု‌ရေး၊ ဘာသာ‌ရေး အဖွဲ့အစည်းများ အပါအဝင် လူထုပရိဿတ် ၄၀ဝခန့် လာ‌ရောက်ခဲ့သည့် ပဒိုမန်းဇဋိလ၏ ဈာပန အခမ်း အနားကို မိသားစု၊ အသိုင်းအဝိုင်းများက ဗုဒ္ဓဘာသာတို့၏ ထုံးစံအတိုင်း သံဃာ‌တော်များ ပင့်ဖိတ်ကာ ကျင်းပပြုလုပ်ခဲ့ကြပြီး အခြားတိုင်းရင်းသားများကလည်း သူ၏‌နောက်ဆုံး ခရီးကို ဂါရဝပြုခဲ့ကြသည်။

မန်းဇဋိလ၏ ဇနီးဖြစ်သူ နန်းသိန်းမြိုင်က “ဒီ‌ရောဂါကို သူခံစား‌နေတာ အ‌တော်‌လေးကြာပါပြီ။ ကုလိုက်၊ သက်သာလိုက် ဘုရား၊ တရားအလုပ်‌လေးလုပ်လိုက်နဲ့ အခု‌တော့ သူ ‌အေးချမ်းသွားပြီ။ နိုင်ငံခြား‌ရောက်‌နေတဲ့ သားအကြီးနှစ်‌ယောက်ကလည်း သူတို့ အ‌ဖေကို မမှီလိုက်တာကို စိတ်မ‌ကောင်းကြဘူး‌လေ။”ဟု ဆိုသည်။

‌မွေးချင်း‌မောင်နှမ ၈ဦးအနက် အ‌ထွေးဆုံးသားဖြစ်သူ ငယ်နာမည် စစိုးသိန်း ‌ခေါ် ပဒိုမန်းဇဋိလကို ၁၉၄၁ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်‌နေ့ (မြန်မာသက္ကရာဇ် ၁၃၀၃ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်‌ကျော် ၃ရက်‌နေ့)တွင် သထုံခရိုင်၊ အ‌ပေါင်မြို့နယ် ‌ကျောက်စ ရစ်‌ကျေးရွာ၌ မန်း‌လောင်ကြိုင်၊ နန်း‌စောမျှင်တို့မှ ဖွားမြင်ခဲ့သည်။

သူသည် ဇာတိရွာတွင် ၄တန်း‌အောင်မြင်ခဲ့ပြီး ‌မော်လမြိုင်မြို့ အထက်တန်း‌ကျောင်းမှတဆင့် ‌မော်လမြိုင်‌ကောလိပ်၊ ၎င်း‌နောက် ရန်ကုန်တက္ကသိုလ်တွင် ဘီ‌အေ(ဝိဇ္ဖာ)ဘွဲ့ ရရှိခဲ့သည်။ ၁၉၇၃ခုနှစ်တွင် ဗမာ့တပ်မ‌တော် ဗိုလ်‌လောင်းသင်တန်းကို ၆လကြာ သာ တက်‌ရောက်ခဲ့ပြီး အဆိုပါသင်တန်းမှ ကရင့်‌တော်လှန်‌ရေး လွတ်‌မြောက်နယ်‌မြေသို့ ‌ရောက်ရှိလာခဲ့သည်။

၁၉၇၆ခုနှစ်တွင် ‌ကေအဲန်အယ်လ်‌အေတပ်ရင်း(၁၀၁)ဌာနချုပ် ဝမ်းခါဂိတ်တွင် ရဟန်းအမည် အရှင်ဇဋိလ ဘွဲ့အမည်ဖြင့် သီ တင်းသုံးရင်း အမျိုးသား‌ရေး၊ ‌တော်လှန်‌ရေးတာဝန်များကို ထမ်း‌ဆောင်ခဲ့သည်။ ၁၉၇၇ခုနှစ်မှ ၁၉၈၅ခုနှစ်အထိ ‌ကေအဲန်ယူ အရံဗဟို‌ကော်မတီဝင်အဖြစ်လည်း‌ကောင်း၊ ၁၉၈၅ခုနှစ်တွင် ဘိတ်ထားဝယ်ခရိုင်၌ ‌မွေးမြူ‌ရေးနှင့် ငါးဖမ်းဌာနတာဝန်ကိုလည်း ‌ကောင်း၊ ၁၉၉၅ခုနှစ်တွင် ၁၁ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်မှ ‌ပေးအပ်သည့် ကုန်သွယ်‌ရေးနှင့် ငါးဖမ်းဌာနတာဝန်ခံအ ဖြစ်လည်း‌ကောင်း တာဝန်ထမ်း‌ဆောင်ခဲ့သူဖြစ်သည်။

၂၀၀ဝခုနှစ် (၁၂)ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်တွင် ဗဟိုအမြဲတမ်း‌ကော်မတီအဖြစ် ထပ်မံ ‌ရွေး‌ကောက်ခံရပြီး ဗဟိုပြည် ထဲ‌ရေးနှင့် သာသနာ‌ရေးဝန်ကြီးအဖြစ်တွင် တာဝန်‌ပေးအပ်ခြင်းခံရကာ ၂၀၀၇ခုနှစ်၊ ထိုမှဆက်၍ ၂၀၀၉ခုနှစ်အထိ လုပ်ငန်းတာ ဝန်များကို ထမ်း‌ဆောင်ခဲ့သည့်အပြင် ထိုနှစ်တွင် ကျန်းမာ‌ရေးအရ အနားယူခဲ့‌သော်လည်း KEAB (Karen Elder Advisor Board) တွင် အဖွဲ့ဝင်အဖြစ် ကွယ်လွန်သည်အထိ ပါဝင်ခဲ့သည်။

ရိုးသားကြိုးစားပြီး ယုံကြည်မှုပြင်းထန်သည့် မျိုးချစ်‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ မန်းဇဋိလသည် အ‌ချောင်သမား၊ ဂိုဏ်းဂနဝါဒကို ပြတ်သားစွာ ဆန့်ကျင်ကာ စု‌ပေါင်း‌ခေါင်း‌ဆောင်မှုနှင့် လုပ်‌ဖော်ကိုင်ဖက်များနှင့် လူငယ်များအ‌ပေါ် ခင်မင်ရင်းနှီးစွာ ဆက်ဆံ ‌ပေါင်းသင်းတတ်ပြီး အမျိုးသား‌ရေး၊ သာသနာ‌ရေးတာဝန်များကို ကြိုးပမ်း‌ဆောင်ရွက်ခဲ့သည့်အတွက် သူ ကွယ်လွန်သွားခြင်း သည် အမျိုးသားအတွက် ကြီးမား‌သော ဆုံးရှုံးမှုပင်ဖြစ်သည်ဟု ပဒို‌စော‌လေး‌တောက ဈာပနအခမ်းအနားတွင် ‌ပြောဆိုခဲ့သည်။

ပဒိုမန်းဇဋိလ ကွယ်လွန်ချိန်တွင် ဇနီး နန်းသိန်းမြိုင်နှင့်အတူ သား‌လေးဦး၊ သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။