ဧရာ
၁၉၃ဝခု ပတ်ဝန်းကျင်နှစ်များက အဂင်္လိပ်ကိုလိုနီခေတ် မြန်မာနိုင်ငံမှာ အိနိ္ဒယနဲ့တွဲဖို့၊ ခွဲဖို့အရေး ထိပ်တန်းရောက်ခဲ့တယ်။ နောက်ဆုံးမှာ တွဲရေးက အနိုင်ရခဲ့လို့ အိနိ္ဒယနဲ့တွဲနေခဲ့ရတာ ဒုတိယကမ္ဘာစစ်အစ ဂျပန်ဝင်လာတဲ့အချိန်ထိ ဖြစ်တယ်။ အဂင်္လိပ်အဆုတ်၊ ဂျပန်အဝင်ခေတ်မှာလည်း ကရင်-ဗမာလူမျိုးရေး အဓိကရုဏ်း ဧရာဝတီဖက်မှာ ပေါ်ထွက်ခဲ့တယ်။ ရှေးပဝေ သဏီကာလကတည်းက လယ်ယာလုပ်ပြီးရိုးသားစွာ နေထိုင်စားသောက်ကြတဲ့ ကရင်လူမျိုး၊ ဗမာလူမျိုးတွေ အတိဒုက္ခရောက် ရတယ်။ နယ်ချဲ့ခေတ်ရဲကျွန်စနစ်အောက်မှာ ရှမ်းပြည်နယ်ကို ပြည်မက ပြည်သူတွေ သွားရောက်ခွင့်တားမြစ်ခံရသလို၊ တောင် တန်းဒေသတွေမှ ပြည်သူတွေဟာလည်း ပြည်မနိုင်ငံရေး၊ ဗမာလူမျိုးများနဲ့ ထိစပ်ရေးတို ့အခွင့်မရခဲ့ပါ။ ဒါဟာ နယ်ချဲ့စနစ် ကြီးစိုးခံရတဲ့ တိုင်းပြည်တိုင်း ကြုံတွေ့လေ့ရှိတဲ့ သွေးခွဲအုပ်ချုပ်ရေးပဲဖြစ်တယ်။ အိနိ္ဒယဆိုလည်း ဇာတ်နိမ့်၊ဇာတ်မြင့်တို့ ဟိန္ဒူ၊ မွတ်ဆလင်တို့ အစရှိသလို သွေးခွဲအုပ်ချုပ်ခံရတယ်။ နောက်ဆုံးတော့ အိနိ္ဒယ၊ ပါကစ္စတန်ဆိုပြီး ကွဲသွားရတဲ့အထိ ဖြစ်စေခဲ့ တယ်။
ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံဟာ စစ်သုံးကြိမ် တိုက်ပွဲဝင်ခဲ့ရင်း နယ်ချဲ ့ကိုလိုနီလက်အောက် ကျရောက်ခဲ့ရတယ်။ အဲ့ဒီခေတ်၊ အဲ့ဒီစစ်တွေတိုင်းမှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်တိုက်ပွဲဝင်ခဲ့တာဖြစ်တယ်။ ပဒေသရာဇ်ခေတ်တွေကို ပြန်ကြည့်ရင်လည်း ဥဿ(ပဲခူး)ကို ဂျွန်း(ခေမာရ်) စစ်သည်တွေ ကျူးကျော်ဝင်လာတော့ ပုဂံဘုရင် အနော်ရထာက စစ်ကူပေးခဲ့တယ်။ မွန်-ဗမာ နှစ်လေးဆယ်စစ်ကာလအတွင်းမှာလည်း နန်ချောင်(တရုတ်)စစ်သည်တွေအင်းဝကို ကျူးကျော်လာတော့ ဗမာဘုရင်မင်းခေါင် ဆီမှာ အကျဉ်းကျခံနေရတဲ့ မွန်သူရဲကောင်း သမိန်ဗရမ်းဟာ တရုတ်သူရဲကောင်း ဂါမဏိနဲ့ စီးချင်းထိုးပြီး အနိုင်ယူကာ တိုင်း တပါးကျူးကျော်မှုကို ကာကွယ်ပေးခဲ့တယ်။ ဟံသာဝတီဘုရင် တပင်ရွှေထီးလက်ထက်မှာ ဓညဝတီ ရခိုင်အရေးပေါ်ထွက်ခဲ့ တယ်။ ရခိုင်ဘုရင်ကွယ်လွန်တော့ သားဖြစ်သူက ဘုရင်ဖြစ်ကာ ရခိုင်ဘုရင်ညီ (သံတွဲစား)နဲ့ နန်းလုကြတယ်။ သံတွဲစားက ဟံသာဝတီဘုရင် တပင်ရွှေထီးထံ ဝင်ရောက်အကူအညီတောင်းလို့ ဓညဝတီကို စစ်ချီခဲ့တယ်။ ရဟန်းသံဃာတော်တွေက တပင်ရွှေထီးနဲ့တွေ ့ပြီး ရခိုင်အစဉ်အလာမှာ ဖခင်အရိုက်အရာကို သားဖြစ်သူကသာ ဆက်ခံခွင့်ရှိကြောင်း ရှင်းပြပြောဆိုလို့ စစ် မက်ပြေငြိမ်းခဲ့ရကြောင်း သမိုင်းစာအုပ်တွေမှာ ဖတ်ရှုမိတယ်။ တချို့သမိုင်းတွေကို အတုယူသင့်သလို သင်ခန်းစာလည်း ထုတ် နှုတ်ကာ အသုံးချတက်ဖို့လိုကြောင်း ယူဆမိပါတယ်။
နယ်ချဲ့စနစ်နဲ့ ဖက်ဆစ်စနစ်ကို တိုက်ကာ လွတ်လပ်ရေးရအောင် ကြိုးပမ်းရာတွင်လည်း တိုင်းရင်းသား သွေးစည်းညီညွှတ်မှုနဲ့ပဲ တည်ဆောက်ခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ပြည်ထောင်စု မြန်မာနိုင်ငံဟာ လွတ်လပ်ရေးနဲ့အတူ ဖွါးဖက်တော်အဖြစ် ပေါ်ထွက် လာတာက ပြည်တွင်းစစ် ဖြစ်ပါတယ်။ ဒီကနေ့အထိ အဆုံးမသတ်နိုင်သေးပါဘူး။ စစ်ရှိရင် စစ်ဘောင်ဟာ ကျယ်ပြောလာသ လို လောကပါလတရားတွေဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ ညီမျှမှုတို့ဟာလည်း ပျောက်ကွယ်နေမှာဖြစ်ပါတယ်။ ဒီကနေ့ ကျနော်တို့ ပြည်သူတရပ်လုံး စစ်ကျွန်စနစ်အောက်မှာ ကြီးပြင်းကာ (၂၁)ရာစုထဲအထိ ဝင်ရောက်လာပြီဖြစ်တယ်။ ဒီစစ်ကျွန် စနစ်ကိုလည်း တိုင်းရင်းသား ပြည်သူတရပ်လုံး ကျောချင်းကပ်ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရအုံးမှာ ဖြစ်တယ်။ ပြည် ထောင်စုစစ်စစ်ဆိုတာ စစ်ကျွန်စနစ်အောက်မှာ မရှင်သန်နိုင်ပါ။ စစ်ကျွန်စနစ် နိဂုံးချုပ်မှသာ ပြည်ထောင်စုစစ်စစ်ဆိုတာ ပေါ် ထွက်မှာဖြစ်တယ်။ ပြည်ထောင်စုဆိုတာကိုလည်း မီးလိုကျင့်ကြံမှုမျိုးနဲ့ မဟုတ်ဘဲ ရေလိုကျင့်ကြံမှုနဲ့ အဖြေရှာနိုင်မှသာ ထာဝရ ငြိမ်းချမ်းရေးကို ရနိုင်မယ်လို့ မျှော်တွေးရင်း ကဗျာတပုဒ် ဖော်ကျူးမိတယ်။
ပင်လယ်ရဲ ့ ဖြစ်တည်မှု
• ရေဟာ ကြည်လင်အေးမြ
မီးလို ပူလောင်မှု မရှိပါ။
• ရေဖြစ်ရင်တောင်
ကန်ထဲကရေထက်
မြစ်ထဲကရေ ဖြစ်ချင်တယ်။
• ကန့်သတ်ဘောင်ခတ်
လှောင်ပိတ်တာကင်းမဲ့
လွတ်လပ်ခြင်းနဲ့ တသွင်သွင်စီးဆင်းမယ်။
• တောတောင်မြေပြန် ့
နေရာအနှံ ့က
ပထဝီအနေအထား
မတူကွဲပြားလည်း
မြစ်ရေတွေဟာ
တနေရာမှာပေါင်းစုံတယ်။
• သဘာဝအလှနဲ ့
ပသာဒကျတဲ့
ဒီမြစ်ရေတွေ
လေနုအေးအေး
လှိုင်းတေးချိုချိုနဲ ့
အမြင်ကျယ်
ရင်ခွင်ကျယ်တဲ့
ပင်လယ်ထဲမှာဖြစ်တည်တယ်။
• သေချာတာက
ရေမရှိရင်
မြစ်မဖြစ်
မြစ်မရှိရင်
ပင်လယ်လည်း ရှိမှာ မဟုတ်ပါ။ ။
ဧရာ
၁၉၊၁၊၂၀၁၁။