Home ထိပ်တန်းသတင်း မဲ‌ဆောက်မြို့ UN ရုံး‌ရှေ့တွင် လာ‌ရောက်ဆန္ဒပြသည့် DKBA အဖွဲ့ဝင်တဦး ဖမ်းဆီးထိန်းသိမ်းခံရ

မဲ‌ဆောက်မြို့ UN ရုံး‌ရှေ့တွင် လာ‌ရောက်ဆန္ဒပြသည့် DKBA အဖွဲ့ဝင်တဦး ဖမ်းဆီးထိန်းသိမ်းခံရ

1877
ဇန်နဝါရီလ ၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ ကုလသမဂ္ဂ(UN)ရုံး‌ရှေ့၌ ယ‌နေ့မနက်တွင် ဆိုင်ကယ်အငှားသမားတဦးကို ဓားစာခံလုပ်ပြီး လက်ပစ်ဗုံး ကိုင်‌ဆောင်ကာ လာ‌ရောက်ဆန္ဒပြသည့် DKBA တပ်ဖွဲ့ဝင်တဦးအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

ယ‌နေ့မနက်၈နာရီအချိန်တွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (၉၉၉)တပ်မဟာ တပ်ရင်း(၄)မှ ‌စောသံမဏိ ၃၆နှစ်သည် မြန်မာပြည် ဒီမိုက‌ရေစီရရှိ‌ရေးအတွက် UN အ‌နေဖြင့် အသွင်ကူး‌ပြောင်း‌ပေးရန် ရည်ရွယ်၍ မြန်မာပြည်ဘက်ခြမ်း မြဝ တီမှတဆင့် လာ‌ရောက်ဆန္ဒပြရာ အ‌ခြေအ‌နေမဟန်၍ ‌မော်‌တော်ဆိုင်ကယ်အငှား‌မောင်းသမားကို ဓားစားခံပြုလုပ်ပြီး လက်ပစ်ဗုံး စနက်တံကလစ်များကို ဖြုတ်၍ ‌တောင်းဆိုဆန္ဒပြခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ‌စောသံမဏိက ၂၀၁၀‌ရွေး‌ကောက်ပွဲအား လက်မခံနိုင်‌ကြောင်း၊ ၂၀၁၀‌ရွေး‌ကောက်ပွဲသည် မြန်မာပြည်ဒီမိုက‌ရေစီ အသွင် ကူး‌ပြောင်းနိုင်မည် မဟုတ်‌ကြောင်းနှင့် UN အ‌နေဖြင့် မြန်မာနိုင်ငံ ဒီမိုက‌ရေစီ အသွင်ကူး‌ပြောင်းလဲ‌ပေးရန် စသည့်အချက်များ အပါ အဝင် အချက် ၄ချက်ဖြင့် UN ရုံးသို့ ‌တောင်းဆိုခဲ့သည်။

သို့‌သော် ‌စောသံမဏိ၏ ‌တောင်းဆိုချက်များကို မဲ‌ဆောက် UN ရုံးတာဝန်ရှိသူများက လက်ခံ‌ဆွေး‌နွေးခြင်းမရှိဘဲ မဲ‌ဆောက်မြို့ပိုင် နိုင်ကီတီဆတ်တိုမိုဆတ်မှ ၁နာရီခန့် သွား‌ရောက်‌စေ့စပ် ညှိနှိုင်း‌ဆွေး‌နွေးခဲ့ရာတွင် ၎င်းအား မြန်မာပြည်သို့ ပြန်မပို့ရန်နှင့် ဒီ‌ကေဘီ ‌အေတပ်ဖွဲ့ဝင်များထံသို့ လွှဲ‌ပြောင်းခြင်းမပြုရန် ‌တောင်းဆိုချက်ကို မြို့ပိုင်က သ‌ဘောတူညီခဲ့သည့်အတွက် ‌စောသံမဏိက လက် နက်ချလိုက်ခြင်းဖြစ်သည်။

ယင်းသို့ သ‌ဘောတူညီချက်ရရှိပြီး‌နောက် ‌စောသံမဏိအား တရားမဝင် လက်နက်ကိုင်‌ဆောင်မှုတခုဖြင့်သာ အ‌ရေးယူသွားမည်ဖြစ် ‌ကြောင်း မြို့ပိုင်က မဲ‌ဆောက်မြို့ရှိ ‌ဒေသခံသတင်း‌ထောက်များကို ‌ပြောကြားခဲ့သည်။ မဲ‌ဆောက်ရဲများက ‌စောသံမဏိထံမှ ဒီ‌ကေ ဘီ‌အေ သင်တန်းဆင်းလက်မှတ် ရှာ‌ဖွေ‌တွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် မဲ‌ဆောက်မြို့ ရဲစခန်းတွင် ဖမ်းဆီးချုပ်‌နှောင်ထား‌ကြောင်း သိရသည်။

‌စောသံမဏိသည် DKBA တပ်ဖွဲ့ဝင်တဦးမဟုတ်‌တော့‌ကြောင်း လက်ရှိအချိန်တွင် တပ်မဟာ(၉၉၉)သည် နအဖ စစ်အစိုးရ၏ နယ် ခြား‌စောင့်တပ်ကို ‌ပြောင်းသွားခဲ့သည့် နအဖ လက်ကိုင်တုတ်တပ်တခုဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှ G2 ဗိုလ်မှူး‌စော ဆန်း‌အောင်က တုန့်ပြန်‌ပြောဆိုခဲ့သည်။