Home ထိပ်တန်းသတင်း ဖာပွန်‌ဒေသတွင် နအဖတပ်ရိက္ခာ ထမ်းရန် အရပ်သား ၄၀ဝ ကို BGF အဓမ္မ‌တောင်းခံ‌ပေး‌နေ

ဖာပွန်‌ဒေသတွင် နအဖတပ်ရိက္ခာ ထမ်းရန် အရပ်သား ၄၀ဝ ကို BGF အဓမ္မ‌တောင်းခံ‌ပေး‌နေ

1739
ဇန်နဝါရီလ ၁၃ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း ရွာ‌ပေါင်း ၃၀‌ကျော်ရှိ‌သော ‌ကျေးရွာအုပ်စု ၃ခုမှ ‌ဒေသခံအရပ်သား ၄၀ဝဦးအား နအဖ စစ် တပ်ရိက္ခာကို ထမ်း‌ပေးရန် နယ်ခြား‌စောင့်တပ်-BGF (၁၀၁၃)တပ်ရင်းက ရွာသူကြီးများထံမှ ဇန်နဝါရီလ ၇ရက်‌နေ့ကတည်းက အဓမ္မ‌တောင်းခံ‌နေဆဲဖြစ်သည်ဟု သိရသည်။

အဆိုပါ BGF တပ်ရင်းသည် ကမ‌မောင်းမြို့မှ လှိုင်းဘွဲမြို့နယ် မာနယ်ပ‌လောဂွင် မယ်ပရွာ(ရွာပျက်)သို့သွားမည့် အင်အား ၇၀ဝခန့်ရှိ နအဖ ‌ခြေမြန်တပ်ရင်း(၂၁၂)၊ (၂၁၄)၊ (၂၁၆)နှင့် (၂၂၀)တပ်ရင်းများ၏ ကျည်ဆံနှင့် စားနပ်ရိက္ခာများ ပို့‌ဆောင်‌ပေး ရန်အတွက် ကတိုင်တိ၊ ‌လေးဖိုးထာ့နှင့် ထီးသဘလုထာ့ ‌ကျေးရွာအုပ်စုမှ ရွာသားများကို ‌ပေါ်တာအထမ်းသမားများအဖြစ် အသုံးပြုရန် ရွာသူကြီးများထံမှ ယခုလို ‌တောင်းခံခဲ့ခြင်းဖြစ်သည်။

အင်အား ၂၀ဝ ဝန်းကျင်ရှိ ဗိုလ်မှူး‌စောလှကြိုင် ဦး‌ဆောင်‌သော BGF (၁၀၁၃) တပ်ရင်းသည် အရပ်သား ‌ပေါ်တာထမ်းသမား များကို စု‌ဆောင်းရာတွင် ရွာကြီးလျှင် ကြီးသလို လူဦး‌ရေ သတ်မှတ်ထားပြီး လက်ရှိအ‌ခြေအ‌နေတွင် ‌ပေါ်တာအထမ်းသမား ၂၀ဝခန့်ကို စု‌ဆောင်းရရှိခဲ့သည်ဟု ဖာပွန်ခရိုင်မှ ‌ကေအဲန်ယူ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က ယခုလို ‌ပြော သည်။

၎င်းက “ကတိုင်တိ‌ကျေးရွာအုပ်စုထဲက နို့‌ဖောထီးရွာဆိုရင် အ‌ယောက် ၂၀‌ပေါ့။ တချို့ရွာက ၁၅‌ယောက်။ ငယ်တဲ့ရွာဆိုရင် ၇ ‌ယောက်၊ ၈‌ယောက်၊ ၅‌ယောက် အဲလို‌တောင်းတယ်။ တချို့ရွာက သူကြီး‌တွေ ‌ပေါ်တာအထမ်းသမား‌တွေ မစု‌ပေးနိုင်တဲ့အတွက် ‌တွေ့သမျှ အရွယ်‌ရောက် ‌ယောက်ျား‌တွေကို လိုက်ဖမ်း‌တော့တာပဲ။ ရွာသူကြီးဆိုရင်လည်း သူတို့(BGF)စုခိုင်းတာမရဘူးဆိုရင် အကြပ်ကိုင်ခံရတယ်။”ဟု ‌ပြောဆိုသည်။

ဇန်နဝါရီလ ၉ရက်‌နေ့က ‌ပေါ်တာအထမ်းသမား မစု‌ဆောင်း‌ပေးနိုင်သည့် ‌လေးဖိုးထာ့‌ကျေးရွာအုပ်စု ပိုကာရွာသူကြီး ‌စောဖား ကျိုးနှင့် ကတိုင်တိ‌ကျေးရွာအုပ်စုမှ ပိုမာ့ဟဲရွာသူကြီး ‌စောလှ‌အေးနဲ့ ‌မော့ချီးနူကို ဖမ်းဆီးထားကာ လက်ကို ကြိုးနှင့်ချည် ထိုး ကြိတ်ကန်‌ကျောက်ကာ ‌သေနတ်ဒင်နှင့်ထုသည့်အပြင် ယခုအချိန်ထိလည်း ပြန်မလွှတ်မ‌ပေး‌သေး‌ကြောင်း သိရသည်။

ဖာပွန်ခရိုင်နှင့် နယ်နီးစပ်ထိကပ်‌နေသည့် မာနယ်ပ‌လောဂွင် မယ်ပရွာသို့သွား‌ရောက်မည့် အဆိုပါနအဖတပ်များသည် လက်ရှိ အချိန်တွင် ဘူးသိုမြို့နယ်၊ ‌ကျောပါး‌ကျေးရွာအုပ်စု၊ ယွန်းစလင်း‌ချောင်းအ‌ရှေ့ဘက်ခြမ်းရှိ မဲ့‌ညောခီးရွာ ‌တောင်‌ခြေတ‌နေရာတွင် ‌ရောက်ရှိ‌နေသည်ဟု ဖာပွန်ခရိုင် KNLA တပ်မဟာ(၅)မှ တပ်ဖွဲ့ဝင်များက ဆိုသည်။

BGF တပ်ဖွဲ့ ယခုလို အတင်းအဓမ္မ ‌ပေါ်တာစု‌ဆောင်းမှုနှင့် ပတ်သက်၍ ‌ဒေသခံရွာသားတဦးက “အလုပ်အကိုင် အဆင်မ‌ပြေတဲ့ ကြားမှာ ဒီလို ‌ပေါ်တာဖမ်း‌တော့ ကျ‌နော်တို့ မိသားစုအတွက် အလုပ်‌တွေပျက်တယ်။ ‌နောက် ‌ပေါ်တာလိုက်ထမ်းမယ်ဆိုရင် ဘယ်နှစ်ရက်အထိ ထမ်းရမလဲဆိုတာ သတ်မှတ်ထားတာ မရှိဘူး‌လေ။ တ‌ခေါက် ထမ်းရမယ်လို့ပဲ ‌ပြောတယ်။ သွားမယ်ဆိုရင် လည်း လမ်းမှာ ကြုံ‌တွေ့ရမယ့် အခက်အခဲက ဘာ‌တွေဖြစ်လာမလဲ ကြိုမှမသိထား‌တော့ ‌ကြောက်တယ်။”ဟု ‌ပြောသည်။

ယင်းသို့ BGF (၁၀၁၃)တပ်ရင်း၏ ‌ပေါ်တာအထမ်းသမား စု‌ဆောင်းခံရသည့် ‌ကျေးရွာများမှာ တတိုင်တိ‌ကျေးရွာအုပ်စုမှ ကတိုင် တိ၊ နို့‌ဖောထီး၊ ‌ဘောကျုလယ်(တဝက်ပါတယ်)၊ ဖားလိုးဒို့၊ ဖားလိုးဖိုး၊ ‌တောသူးကလား၊ ထီးသဲ‌လေး၊ ပိုမာဟဲ‌ကျေးရွာများ၊ ‌လေး ဖိုးထာ့‌ကျေးရွာအုပ်စုမှ ‌ဘောကျုလယ်(တဝက်ပါတယ်)၊ ပိုကာ၊ ‌လေးဖိုးထာ့၊ ကျိုး‌ဒေး၊ တ‌ရောပူ၊ မဲကြည်ခီး၊ ဝါးဒူး၊ သာ့‌အော့ပ ‌လေ၊ ဝါ့တမူ၊ ပဟိကလား၊ ‌ကျေးရွာများနှင့် ထီးသဘလုထာ့‌ကျေးရွာအုပ်စုမှ ထီးသဘလုထာ့၊ ထီး‌လော်‌သေထာ့၊ နို့‌ဂေါ်၊ ဝါ့ သိုးကလား၊ က‌ပေခီး၊ ထီးဖဒို့ခီး၊ ထီး‌ချောမဲ၊ ဘလယ့်ကယ်ရွာများ ဖြစ်သည်။

၁၉၉၄ခုနှစ်၊ ‌ကေအဲန်ယူ၏ ဗဟိုဌာနချုပ် မာနယ်ပ‌လောကျပြီး‌နောက်ပိုင်း ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် ‌ဒေသခံ အရပ်သား များကို ‌ပေါ်တာအထမ်းသမား အများဆုံး ဖမ်းဆီးခြင်းမှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်ပြီး နအဖမှ မာနယ်ပ‌လော‌ဒေသကို စစ်အင်အားတိုးချဲ့ကာ ရှင်းလင်းရာတွင် စစ်ကူအဖြစ် အသုံးပြုရန်ဖြစ်နိုင်‌ကြောင်း ‌ဝေဖန်မှုများရှိ‌နေသည်။