Home အယ်ဒီတာ့အာဘော် နှစ်ကူးလည်း စစ်အာဏာရှင်စနစ် မ‌ပြောင်းလဲ

နှစ်ကူးလည်း စစ်အာဏာရှင်စနစ် မ‌ပြောင်းလဲ

2839
အယ်ဒီတာ့အာ‌ဘော်

နိုဝင်ဘာလကတည်းက ပစ်ခတ်သံများ ဆူညံခဲ့သည့် ကရင်ပြည်နယ်တစ်‌ကြောမှ တိုက်ပွဲ ကြီးငယ်များမှာ ဒီဇင်ဘာသို့ ကူး‌ပြောင်း‌ရောက်ရှိလာပြီး လကုန်ရက်တိုင် ဆက်လက် ဆူညံ‌နေခဲ့သည်။ မြဝတီမြို့နယ်အတွင်းရှိ ဖလူး၊ ‌ဝေါ်‌လေ စသည့်နယ်‌မြေတဝိုက်တွင် နအဖ စစ်တပ်ကတစ်ဖက် ဒီ‌ကေဘီ‌အေ၊ ‌ကျောင်းသားတပ်မတာ်(‌အေဘီအက်စ်ဒီအက်ဖ်) နှင့် ‌ကေအဲန်ယူတပ်များကတစ်ဖက် ရင်ဆိုင်၍တဖုံ၊ ‌ပြောက်ကျားဖြစ်၍တမျိုး တိုက်ပွဲများ ရက်ခြားကာ မပြတ်တမ်း ဖြစ်‌နေခဲ့သည်။ ၎င်းအပြင် ‌ကေအဲန်ယူ ဗဟိုဌာနချုပ်ဖြစ်ခဲ့သည့် လှိုင်းဘွဲမြို့နယ်မှ မာနယ်ပ‌လောဂွင်တွင်မူ ဒီဇင်ဘာလအတွင်း ‌ကေအဲန်ယူနှင့် နအဖ စစ်တပ်တို့ ‌ပြောက်ကျားတိုက်ပွဲများ ‌နေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည်၊

နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် မ‌ဖြေရှင်းခဲ့သလို လက်ရှိမှာလည်း ‌ဖြေရှင်းလိုခြင်း မရှိသည့် စစ်အာဏာရှင်တစ်စု‌ကြောင့် တိုင်းရင်းသားများ လက်နက်ကိုင်‌နေရသလို လူထုမှာလည်း ကြိမ်မီးအုံးသည့် ဗမာပြည်၏ ပြည်တွင်းစစ်အတွင်း ‌မြေဇာပင်များ ဖြစ်ခဲ့ကြရသည်။ တိုက်ပွဲ‌ကြောင့် နှစ်ဖက်ရဲ‌ဘော်များ ကျဆုံးထိခိုက်ခြင်း၊ ‌ဒေသခံလူထုအား အထမ်းသမား၊ မိုင်းရှင်းကိရိယာအဖြစ် စစ်ပွဲ၏သား‌ကောင်များပမာ အသုံးပြုခံ‌နေရခြင်းများ သည်လည်း ပြည်တွင်းစစ်၏ ‌မြေဇာပင်များပင် ဖြစ်သည်။

နအဖ စစ်အုပ်စုသည် လူထုကို ရင်နှစ်သားသဖွယ် ကာကွယ်‌စောင့်‌ရှောက်မည်ထက် ၎င်းတို့အာဏာ သက်ဆိုးရှည်မည့် မဟုတ်မမှန် ‌ရွေး‌ကောက်ပွဲကို မရရ‌အောင် ကျင်းပပြီးစီး အနိုင်ပိုင်းခဲ့ပြီး‌နောက် တိုင်းရင်းသား‌ဒေသများကို စစ်ပွဲသဏ္ဍာန် ဖန်တီးလာခဲ့ပြန်သည်။ ထို့အပြင် စစ်‌ခေါင်း‌ဆောင်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် ခြ‌သေင့်္တံဆိပ်တပ် ပြည်‌ထောင် စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက မတရား အနိုင်ယူခဲ့ပြန်သည်။ ယင်း‌နောက် ၃လအတွင်း လွှတ်‌တော်‌ခေါ်ယူကျင်းပသွားမည်ဟုလည်း ဆိုပြန်သည်။

စစ်အုပ်စုသည် လက်ဖမိုးပြကာ လက်ဖဝါးဖြင့် ရိုက်ချ‌နေသကဲ့သို့ တစ်ဖက်က အရပ်သား အစိုးရ ‌ပေါ်ထွက်လာ‌ရေးအတွက် နိုင်ငံ‌ရေးအခင်းအကျင်းဖြင့် ရုပ်ပြကာ တစ်ဖက်မှလည်း နယ်ခြား‌စောင့်တပ် ငြင်းဆန်ခဲ့‌သော အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အပြတ်‌ချေမှုန်းပစ်ရန်အတွက် လက်နက်ခဲယမ်း၊ တပ်ရိက္ခာ အပြည့်အ စုံပါသည့် စစ်တပ်အင်အားများကို နယ်စပ်ဘက်ကို ပို့‌ဆောင်ကာ စစ်‌ရေးအခင်းအကျင်းကို အ‌ကောင်အထည်‌ဖော်‌ရေး ပြင်ဆင်လျှက်ရှိ‌နေသည်။

ထို့အပြင် အပစ်အခတ် ရပ်စဲထားပြီး နယ်ခြား‌စောင့်တပ် လက်မခံသူများ၊ ပြည်သူ့စစ်အ ဖြစ် လက်မခံသူများကို ‌တောနီးချုပ်စပ်တွင် ကြက်၊ ငှက်သဖွယ် လွယ်လင့်တကူ သတ်ဖြတ်ခဲ့မှုများမှာလည်း နိုင်ငံ‌ရေးကို အကြမ်းဖက်နည်းဖြင့်သာ ‌ဖြေရှင်းလို‌ကြောင်း သရုပ်ပြလိုက်ခြင်းသာ ဖြစ်သည်။ ဤသို့မျက်‌မှောက် မြင်‌တွေ့ကြားသိ‌နေရသည့် ဗမာ့ နိုင်ငံ‌ရေးကို ကြည့်၍ သ‌ဘော‌ပေါက်နိုင်သည်မှာ နှစ်‌ပေါင်း ၆၀‌ကျော်လုံးလုံး ရက်၊ လ၊ နှစ် အလီလီ ကုန်ဆုံးလာခဲ့‌သော်လည်း နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် မ‌ဖြေရှင်းခဲ့ သည့် အဆက်ဆက်‌သော လက်တစ်ဆုပ်စာ စစ်‌ခေါင်း‌ဆောင်များမှာ စစ်အာဏာရှင်စနစ် ဆိုးကြီးကို ဆက်လက်ဆုပ်ကိုင် ဖက်တွယ်‌နေမည်သာဖြစ်သည်။

၂၀၁ဝ နှစ်‌ဟောင်းကုန်ခါနီး ကျင်းပခဲ့သည့် ‌ရွေး‌ကောက်ပွဲရလဒ်မှာ နှစ်သစ်တွင် လူထုအ ကျိုးလိုလားသည့် အရပ်သားအစိုးရတစ်ရပ် ‌ပေါ်ထွန်းလာ‌အောင် စွမ်း‌ဆောင်နိုင်ခြင်း ရှိမည်မဟုတ်။ မ‌ပြောင်းလဲသည့် စစ်တပ်‌နောက်ခံ ဟန်ပြအရပ်သားအစိုးရသာ ‌ပေါ်ထွန်း လာမည့်လမ်း‌ကြောင်း ဖြစ်သည့်အတွက် လူနည်းစု တိုင်းရင်းသားများကို ‌သွေး‌နှော၊ ‌မြေလှန်စနစ်ဖြင့် သုတ်သင်သတ်ဖြတ်‌နေသည့် ဗိုလ်ချုပ်ကြီးသန်း‌ရွှေ အပါအဝင် နအဖ စစ်အုပ်စုကို ရဟန်းရှင်လူ ပြည်သူအများနှင့် တပ်မ‌တော်သားများ စသည့် တိုင်းရင်းသား လူလုတစ်ရပ်လုံးကလည်း စစ်‌ရေး၊ နိုင်ငံ‌ရေးဖြင့် အဖက်ဖက်က ‌ပြောင်းလဲ‌မြေလှန်ပစ်ရန်မှ တစ်ပါး အခြားနည်းလမ်း မရှိ‌တော့ပြီဖြစ်‌ကြောင်း နှစ်သစ်စကားပါးလိုက်ရ‌ပေသည်။