ဒီဇင်ဘာလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေဂွင် ဖလူးလေးကျေးရွာရှိ နအဖတပ်ဖွဲ့အား ယမန်နေ့မနက်က ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်က ၆ဦးသေဆုံးပြီး ၁ဝဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယမန်နေ့ မနက် ၇နာရီကျော်အချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅) ကလိုထားဘောဗျူဟာမှ ဗိုလ်ဘလာနာ့ ဦးဆောင်သည့်အဖွဲ့သည် ဖလူး လေးဘုန်းကြီးကျောင်းရှိ နအဖ ခလရ(၂၃၀)တပ်ရင်းအား လက်နက်ကြီးငယ်များဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာတွင် ကျေးရွာအနီးရှိ ခမရ(၅၄၇)၊ ခမရ(၃၅၆)တပ်ရင်းတို့များလည်း လက်နက်ကြီးငယ်များဖြင့် အချိန်အတော်ကြာ တန်ပြန်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေဘက်က ပြောသည်။
ဒီကေဘီအေ ကလို့ထူးဘောဗျူဟာမှူး ဗိုလ်မှူးကြီးစောကျော်သက်က “ကျနော်တို့လူတွေသွားပစ်ခဲ့တာ နအဖဘက်က ၆ဦးသေပြီး ၁၀ကျော် ဒဏ်ရာရသွားတယ်။ မနက် ၇း၂ဝနာရီကနေ နေ့လည် ၁၂း၄၄နာရီအထိ အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်။ နအဖဘက်က ၈၁-မမနဲ့ အချက် ပေါင်း ၄၀လောက် လိုက်လံပစ်ခတ်ခဲ့တယ်ဆိုပေမယ့် ကျနော်တို့လူတွေ တယောက်မှ မထိဘူး။”ဟု ပြောသည်။
နအဖစစ်တပ်ဘက်မှ လက်နက်ကြီးငယ်များဖြင့် အချက်ပေါင်း ၁၀၀ကျော် ဖလူးလေးကျေးရွာတွင်းနှင့် ရွာအပြင်သို့ ပစ်ခတ်ခဲ့သောကြောင့် ဖလူး လေးရွာသား (၄)ဦး လက်နက်ကြီးထိမှန်ခဲ့သည်ဟု အဆိုပါ တိုက်ပွဲကို ဦးဆောင်ခဲ့သူ ဒီကေဘီအေမှ ဗိုလ်ဘလာနာ့က ပြောသည်။
“ဘုန်းကြီးကျောင်းမှာရှိတဲ့ နအဖတပ်ဖွဲ့ကို ကျနော်တို့ အနီးကပ်သွားရာမှ ရွာအနီးအနား တောင်ကုန်းမှာရှိတဲ့ တခြားနအဖတပ်ဖွဲ့တွေလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အချိန်အတော်ကြာ ကူပစ်ပေးတယ်။ အဲဒီမှာ နအဖနဲ့ ကျနော်တို့ကြားမှာရှိတဲ့ ရွာသား ၄ယောက် လက်နက် ကြီး ထိသွားတယ်။ တယောက်က ခြေထောက်နှစ်ဘက်စလုံး ကြေမွသွားတယ်။”ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် တိုက်ပွဲများ ဆက်လက်မဖြစ်ပွားရေး တတ်နိုင်သလောက် ထိန်းသိမ်းလုပ်ဆောင် သွားရန် ထိုင်းအာဏာပိုင်များမှ နအဖနှင့် ဒီကေဘီအေတို့အား မေတ္တာရပ်ခံထားသော်လည်း နအဖစစ်တပ်မှ သတ်မှတ်ထားသည့် နယ်မြေအ တွင် ဝင်ရောက်ကျူးကျော်လာပါက မလွဲမသွေ ပစ်ခတ်ရမည်ပင်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောကျော်သက်က ပြောသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ ၈ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် နအဖနှင့် ဒီကေဘီအေတို့ကြား အပြန်အလှန် ပစ်ခတ်မှုသည် ၁လကျော်အချိန်အ တွင်း နအဖဘက်က ၂၀၀ကျော် ထိခိုက်သေဆုံးခဲ့ပြီးဖြစ်သလို ဝေါ်လေဒေသမှ ဒေသခံလူထု ထောင်နှင့်ချီ၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခို လှုံခဲ့ရပြီး ယနေ့အချိန်ထိ ၎င်းတို့နေရပ်သို့ ပြန်လည်နေထိုင်ခြင်းမရှိဘဲ ထိုင်းဘက်ခြမ်းတွင် သောင်တင်နေဆဲဖြစ်သည်ဟု သိရသည်။
အလားတူ ဖားအံခရိုင်၊ လှိုင်းဘွဲနှင့် ပိုင်ကျုံမြို့နယ်တွင်လည်း နိုဝင်ဘာလကုန်ပိုင်းမှစ၍ နအဖနှင့် ကေအဲန်ယူ တပ်မဟာ (၇)တပ်ဖွဲ့ဝင်များအ ကြား နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖစစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားလျှက်ရှိသည်ဟု ကေအဲန်ယူ တပ်မဟာ(၇) ်က ထုတ်ဖော်ပြောဆိုသည်။