Home ထိပ်တန်းသတင်း နအဖစစ်တပ် ‌ကျေးရွာအနီးတဝိုက် နှစ်ညဆက်တိုက် လက်နက်ကြီးငယ် ဖြင့် လိုက်လံပစ်ခတ်

နအဖစစ်တပ် ‌ကျေးရွာအနီးတဝိုက် နှစ်ညဆက်တိုက် လက်နက်ကြီးငယ် ဖြင့် လိုက်လံပစ်ခတ်

1908
နိုဝင်ဘာလ ၂ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ လှုပ်ရှားလျှက်ရှိ‌သော ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ထီးတပလယ်‌ကျေးရွာ အနီးတဝိုက် တွင် နအဖစစ်တပ်က နိုဝင်ဘာလ ၁၈ရက်‌နေ့ညကတည်းက နှစ်ညဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်လျှက်ရှိသည်ဟု ဒီ‌ကေဘီ‌အေတပ်ဖွဲ့က ‌ပြောသည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ် ‌စောလားပွယ်က “ဒီလိုလိုက်ပစ်တာ နှစ်ညရှိပြီ။ နအဖစစ်တပ်က အ‌ကြောက်လွန် အားကြီးလို့ ပစ်ခတ်တာပဲ။ ဘာဖြစ်လို့လဲဆို‌တော့ အဲဒီမှာရှိတဲ့ ကျ‌နော့်လူ‌တွေက ပြန်လည်ပစ်ခတ်တာတို့ ဘာတို့ တခုမှလုပ် တာ မရှိဘူး။”ဟု ‌ပြောသည်။

ထီးတပလယ်‌ကျေးရွာ ‌တောင်ကုန်းတွင် လှုပ်ရှား‌နေ‌သော နအဖစစ်တပ် စကခ(၈)လက်‌အောက်ခံ ခလရ(၉၇)တပ်ရင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈)ရက်‌နေ့ည ၉နာရီခန့်တွင် ဒီ‌ကေဘီ‌အေ လှုပ်ရှားနိုင်သည့် ‌နေရာများသို့ လက်နက်ကြီးငယ်များဖြင့် အချက်‌ပေါင်း ၄ဝခန့်ပစ်ခတ်ခဲ့သည့်အပြင် ယမန်‌နေ့ည‌နေ ၄နာရီခန့်ကလည်း လက်နက်ကြီးငယ်များဖြင့် အချက်‌ပေါင်း(၂၀)အ ထိ ပစ်ခတ်ခဲ့သည်ဟု သိရသည်။

သို့‌သော် ထိုပစ်ခတ်မှု‌ကြောင့် မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့‌ကြောင်း ဗိုလ်မှူးချုပ်‌စောလားပွယ်က ‌ပြောသည်။

အင်အား (၂၀)‌ကျော်ရှိ အဆိုပါ နအဖတပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်‌နေ့က ဒီ‌ကေဘီ‌အေနှင့် နအဖစစ်တပ်တို့ကြား နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီ‌နောက်ပိုင်း ထီးတပယ်‌ကျေးရွာအတွင်းသို့ ဝင်ထွက်သွားလာမှုမရှိ‌တော့ဘဲ ယ‌နေ့အချိန်ထိ ၎င်းတို့ အ‌ခြေချရာ တပ်စခန်း၌သာ ခို‌အောင်း‌နေကြသည်။

အလားတူပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ရက်‌နေ့က အံဖ‌ကျေးရွာတွင် အ‌ခြေချသည့် နယ်ခြား‌စောင့်တပ် အမှတ်(၁၀၁၅)မှ ဗိုလ် ကြီးအကြည် ဦး‌ဆောင်သည့်အဖွဲ့သည် အံဖ‌ကျေးရွာအတွင်းသို့ M-79 ၉လုံးနှင့် ၆၀-မမ ၁လုံးပစ်ခတ်ခဲ့သည့်အပြင် ၎င်းအဖွဲ့ သည် ည‌နေ ၂နာရီအချိန်တွင် နန်း‌ရွှေမှုံ‌ကျေးရွာအတွင်းသို့ ၆၀-မမ ၃လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ အသက်(၇၀)အရွယ်ရှိ ရွာသား ဦးနိုင်ဦးကို ထိမှန်သွားခဲ့သည်ဟု သိရသည်။

ယ‌နေ့မနက် (၆)နာရီတွင်လည်း နအဖ ခမရ(၄၀၉)နှင့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅) တပ်ဖွဲ့တို့နှင့် အူးက‌လေ့ထာတွင် ချုံခို တိုက်ပွဲတကြိမ်ဖြစ်ပွားခဲ့ရာ နအဖဘက်က ၁ဦး ကျဆုံးသွားခဲ့သည်။