Home ထိပ်တန်းသတင်း မြန်မာပြည်အ‌ရှေ့ဘက်ရှိ အမျိုးသမီးများနှင့် က‌လေးငယ်များ ကျန်းမာ‌ရေးဆိုးရွား‌နေဆဲ

မြန်မာပြည်အ‌ရှေ့ဘက်ရှိ အမျိုးသမီးများနှင့် က‌လေးငယ်များ ကျန်းမာ‌ရေးဆိုးရွား‌နေဆဲ

2065
‌အောက်တိုဘာလ ၁၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

မြန်မာပြည်အ‌ရှေ့ပိုင်းရှိ ပဋိပက္ခဖြစ်ပွားရာ‌ဒေသများမှ တိုင်းရင်းသားလူထုများသည် ကျန်းမာ‌ရေးပြဿနာများနှင့် ရင်ဆိုင်‌နေရ ပြီး အထူးသဖြင့် အမျိုးသမီးနှင့် က‌လေးငယ်များ၏ ကျန်းမာ‌ရေးသည် ဆိုးရွားလျှက်ရှိသည့် အ‌ခြေအ‌နေနှင့် ပတ်သက်၍ နယ်စပ် ရှိ လူထုကျန်းမာ‌ရေးအဖွဲ့များက စစ်တမ်း‌ကောက်ယူချက် အစီရင်ခံစာ ရှင်းလင်းပွဲတခုကို ယ‌နေ့ ပြုလုပ်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တ‌နေရာ၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအရ ၎င်းအစီရင်ခံစာကို လူထုကျန်းမာ‌ရေးအဖွဲ့အစည်းများ က လူဦး‌ရေ ၂၇,၀၀၀‌ကျော်ပါဝင်သည့် စစ်တမ်း‌တွေ့ရှိချက်အ‌ပေါ် ပြုစု‌ရေးသားထားခြင်းဖြစ်ပြီး က‌လေးငယ် ၄ဝရာခိုင်နှုန်းမှာ အာဟာရချို့တဲ့ကာ ၆ဝရာခိုင်နှုန်းမှာ ကာကွယ်ကုသရနိုင်သည့် ‌ရောဂါများဖြင့် အသက်ဆုံးရှုံးကြရသည်ဟု ‌ဖော်ပြထားသည်။

BPHWT မှ ဆရာမန်းမန်းက “ဒီအစီရင်ခံစာရဲ့ အဓိက ရည်ရွယ်ချက်က မြန်မာပြည်အ‌ရှေ့ဘက်ခြမ်း‌ဒေသ‌တွေမှာ ဒီလူ့အခွင့်အ ‌ရေး ချိုး‌ဖောက်မှုနဲ့ ကျန်းမာ‌ရေး ဆက်စပ်ထိခိုက်မှုကို ‌ထောက်ပြချင်လို့ပဲ။ ဒီအထဲမှာ မိခင်နဲ့က‌လေးအ‌ပေါ် လူ့အခွင့်အ‌ရေးချိုး ‌ဖောက်မှု‌တွေ ရပ်တန်းက ရပ်မှသာလျှင် သူတို့ရဲ့ ကျန်းမာ‌ရေးမြင့်မားလာဖို့၊ ‌သေဆုံးနှုန်းနည်းသွား‌အောင် ‌ဆောင်ရွက်နိုင်မယ်ဆို တာ မီး‌မောင်းထိုးပြချင်လို့ ဖြစ်တယ်။”ဟု ဆိုသည်။

“Diagnosis: Critical” အမည်ရှိ အစီရင်ခံစာထဲတွင် မြန်မာနိုင်ငံအ‌ရှေ့ပိုင်းရှိ စစ်ဖြစ်ပွားရာနယ်‌မြေရှိ မြို့နယ် ၂၁မြို့နယ်မှ အိမ် ‌ထောင်စု ၅၇၅၄စုကို စစ်တမ်း‌ကောက်ယူထားခြင်းဖြစ်သည်။ ထို‌ဒေသများတွင် စစ်ပွဲ၏ ‌နောက်ဆက်တွဲအဖြစ် အဓမ္မလုပ်အား ‌စေခိုင်းခြင်း၊ အိုးအိမ်အ‌ခြေပျက်ခြင်းနှင့် စားနပ်ရိက္ခာ ဖျက်ဆီးလုယူခံရခြင်းများ‌ကြောင့် နို့စို့အရွယ် က‌လေး‌သေဆုံးမှုမှ အာဟာရ ချို့တဲ့မှု၊ ‌ဝေဒနာပြင်းထန်မှုများကိုပါ ခံစား‌နေရသည်မှာ အဆိုးဆုံးအဆင့်ဖြစ်‌နေ‌ကြောင်း ‌ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၊ မဟီ‌ဒေါတက္ကသိုလ်မှ Dr. Sriprapha Petcharam က “မြန်မာနိုင်ငံအ‌ရှေ့ဘက်ခြမ်းက ပြည်သူလူထု‌တွေရဲ့ အ‌ခြေခံ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု ခံစားခွင့်မရရှိခြင်းဟာ သူတို့ကို သတ်ဖြတ်သလိုဖြစ်‌နေတယ်။ ဒီလို လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု‌တွေ ဟာ မြန်မာနိုင်ငံတင်မက ‌ဒေသတွင်းနိုင်ငံ‌တွေကိုပါ ထိခိုက်‌စေတဲ့အတွက် အ‌ရှေ့‌တောင်အာရှနိုင်ငံ‌တွေအ‌နေနဲ့ ဒီအ‌ပေါ်မှာ ာဝန်ရှိတယ်။”ဟု ‌ထောက်ပြ‌ပြော ဆိုခဲ့သည်။

အဆိုပါ‌ဒေသများရှိ အမျိုးသမီး (၁၄)ဦးအနက် တဦးသည် ငှက်ဖျား‌ရောဂါ ကူးစက်ခံရပြီး တကမ္ဘာလုံးနှင့် ခြုံကြည့်လျှင် ကူးစက် ‌ရောဂါပိုး ဖြစ်ပွားမှုမှာ အမြင့်ဆုံးပါဝင်‌နေပြီး မြန်မာနိုင်ငံမှ တရားဝင်ထုတ်ပြန်သည့် စာရင်းဇယားနှင့် နှိုင်းယှဉ်လျှင် ၅နှစ်‌အောက် က‌လေး‌သေဆုံးမှုမှာ (၂)ဆပိုမြင့်မား‌နေသလို မိခင်‌သေဆုံးမှုနှုန်းမှာလည်း (၃)ဆနီးပါးမြင့်မား‌နေ‌ကြောင်း အစီရင်ခံစာတွင် ‌ဖော် ပြပါရှိသည်။

‌ဒေသခံ တိုင်းရင်းသား ကျန်းမာ‌ရေးလုပ်ငန်းများကို ဦး‌ဆောင်‌နေသူ ‌ဒေါက်တာစင်သီယာ‌မောင်က “မြန်မာနိုင်ငံ အ‌ရှေ့ပိုင်း‌ဒေသ ‌တွေမှာရှိတဲ့ အမျိုးသမီးများနဲ့ က‌လေးများဟာ ကာကွယ်ကုသလို့ ရနိုင်တဲ့‌ရောဂါ‌တွေနဲ့ အသက်‌ပေါင်းများစွာ ဆုံးရှုံး‌နေခြင်းဟာ လူသားဆိုင်ရာ ရာဇဝတ်မှုကို ကျူးလွန်ခြင်းပဲ ဖြစ်တယ်။ ကျမတို့အ‌နေနဲ့ လက်လှမ်းမီ‌နေသ၍ ကျန်းမာ‌ရေးကူညီမှု‌တွေကို ‌ဆောင်ရွက်‌နေ‌ပေမယ့်လည်း စစ်အစိုးရရဲ့ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု‌တွေ ဆက်လက်ရှိ‌နေသ၍ ကျန်းမာ‌ရေးကပ်ဆိုး‌တွေကို ဆက်လက်ခံစား‌နေရဦးမှာဖြစ်တယ်။”ဟု အစီရင်ခံစာ ထုတ်ပြန်ချက်တွင် ‌ပြောဆိုသည်။

စစ်တမ်း‌ကောက်ခံချက် အစီရင်ခံစာ၏ ‌တွေ့ရှိချက်များအရ မြန်မာပြည်တွင် အသက်ရှင်သန်ရပ်တည်မှုနှင့် လူမှုဘဝလုံခြုံမှုကို မတရား ချိုး‌ဖောက်‌နေသည့် သက်‌သေအ‌ထောက်အထားများ ‌ပေါ်လွင်‌နေသဖြင့် ကုလသမဂ္ဂ စုံစမ်းစစ်‌ဆေး‌ရေး‌ကော်မရှင်တစ် ရပ် ဖွဲ့စည်းရန် အ‌ရေးတကြီး လို‌နေ‌ကြောင်း ‌ထောက်ပြ‌ပြောဆိုထားသည်။

၎င်းအစီရင်ခံစာကို မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း(BMA)၊ နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့ (BPH WT)၊ အမျိုးသားကျန်းမာ‌ရေးနှင့် ပညာ‌ရေး‌ကော်မတီ(NHEC)နှင့် ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်းနှင့် ပ‌လောင် စသည့် လူမှုအဖွဲ့အ စည်းများက ပူးတွဲ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နှင့် ထိုင်း-မြန်မာနယ်စပ် တ‌နေရာတွင် ယ‌နေ့ တပြိုင်နက်တည်း ပြုလုပ်ခဲ့ကြသည်။