Home ထိပ်တန်းသတင်း နအဖတပ်နှင့် ဒီ‌ကေဘီ‌အေအကြား တင်းမာမှု ဗိုလ်ချုပ်သက်နိုင်ဝင်း ‌ဖြေရှင်းမည်

နအဖတပ်နှင့် ဒီ‌ကေဘီ‌အေအကြား တင်းမာမှု ဗိုလ်ချုပ်သက်နိုင်ဝင်း ‌ဖြေရှင်းမည်

1806
‌အောက်တိုဘာ ၁၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်စပ် မြဝတီမြို့တွင် ဆက်လက်တင်းမာ‌နေဆဲဖြစ်သည့် နအဖစစ်တပ်နှင့် ဒီ‌ကေဘီ‌အေတို့ကြား ပြဿနာကို ကာ ကွယ်‌ရေးဝန်ကြီးဌာန စစ်ဆင်‌ရေးအထူးအဖွဲ့မှူး (ကစထ-၄) ဗိုလ်ချုပ်သက်နိုင်ဝင်းကိုယ်တိုင် လာ‌ရောက်‌ဖြေရှင်းမည်ဟု ဒီ‌ကေ ဘီ‌အေဘက်က ‌ပြောသည်။

နယ်ခြား‌စောင့်တပ် လက်မခံသည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)တပ်မှူးတဦးက မြဝတီမြို့အတွင်းရှိ ၎င်းတို့နှစ်ဖွဲ့၏ တင်းမာမှုကို ယခင် အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့သူ ဗိုလ်ချုပ်သက်နိုင်ဝင်း လာ‌ရောက်‌ဖြေရှင်းမည်ဖြစ်‌ကြောင်း ယခုလို အတည်ပြု‌ပြောဆိုသည်။

“မနက်ဖြန်ကျရင် သက်နိုင်ဝင်း တက်လာမယ်လို့ ကျ‌နော်တို့ သတင်းရတယ်။ တက်လာတဲ့အ‌ကြောင်းအရင်းက‌တော့ တခြား ကိစ္စ‌တွေပါသလို လက်ရှိ ဆက်လက်တင်းမာ‌နေဆဲဖြစ်တဲ့ ကျ‌နော်တို့တပ်ဖွဲ့နဲ့ နအဖတပ်ဖွဲ့တို့ကြားက ပြဿနာရယ်၊ နယ်ခြား ‌စောင့်တပ်ကိစ္စနဲ့ ပတ်သက်ပြီး‌တော့ လာ‌ရောက်‌ဆွေး‌နွေးကြမယ်လို့ သိရပါတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် ဒုဗိုလ်မှူးကြီး‌စော‌ကျော်သက် ဦး‌ဆောင်‌သော ဒီ‌ကေဘီ‌အေ တပ်ရင်း (၉၀၂)နှင့် မြဝတီမြို့ရှိ နအဖစစ်တပ်အကြားမှ တင်းမာမှုပြဿနာမှာ ယခုအချိန်ထိ ညှိနှိုင်းအ‌ဖြေရှာခြင်း မရှိ‌သေးဘဲ ဆက်လက်တင်းမာ‌နေသည့်အ တွက် ဗိုလ်ချုပ်သက်နိုင်ဝင်းကိုယ်တိုင် လာ‌ရောက်‌ဖြေရှင်းခြင်းဖြစ်နိုင်‌ကြောင်း အမည်မ‌ဖော်လိုသည့် ဒီ‌ကေဘီ‌အေနှင့် နီးစပ်သူ တဦးက ‌ပြောသည်။

ဗိုလ်ချုပ်သက်နိုင်ဝင်း၏ ယခုခရီးစဉ်သည် နယ်ခြား‌စောင့်တပ်‌ပြောင်းရန် ငြင်းဆန်‌နေသည့် ဒီ‌ကေဘီ‌အေ တပ်မဟာ(၅)မှူး ဗိုလ်မှူးကြီး‌စောလားပွယ်နှင့် ဗိုလ်မှူးချုပ်‌စောထင်‌မောင် ဦးစီးသည့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီကို နယ်ခြား‌စောင့်တပ်အဖြစ် အသွင်‌ပြောင်း‌ရေးကိစ္စ လာ‌ရောက်‌ဆွေး‌နွေးရန်ရှိသည်ဟု ဒီ‌ကေဘီ‌အေအသိုင်းအဝိုင်းနှင့် မြဝတီမြို့ခံများက ‌ပြောသည်။

မြဝတီမြို့ခံတဦးက “မနက်ဖြန်ကျရင် တက်လာမယ်။ ၂၁ရက်‌နေ့အထိကြာမယ်လို့ကြားတယ်။ လာတဲ့ကိစ္စက‌တော့ နယ်စပ်မှာ ရှိတဲ့ တပ်မှူးတပ်သား‌တွေအ‌ခြေအ‌နေကို လာ‌ရောက်‌လေ့လာတာရယ်။ ‌နောက်ပြီး နယ်ခြား‌စောင့်တပ်‌ပြောင်းဖို့အတွက် ငြင်း ဆန်‌နေတဲ့ ဒီ‌ကေဘီ‌အေ လက်ကျန်‌တွေ၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီတပ်ဖွဲ့‌တွေကို လာ‌ဆွေး‌နွေးတာ ဖြစ်နိုင်တယ်။”ဟု ‌ပြော သည်။

ပြီးခဲ့သည့် နှစ်ရက်ခန့်က မြဝတီမြို့တွင်းရှိ ရဲစခန်းသို့သွားရာ လမ်း‌ကြောကို ညဖက်တွင် လုံခြုံ‌ရေးများ ချထားသလို ဒီ‌ကေဘီ ‌အေမှ ဒုဗိုလ်မှူးကြီး‌စော‌ကျော်သက် ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေ(၉၀၂)တပ်ရင်းသည်လည်း ယခင်အတိုင်း မြဝတီမြို့အနှံ့ တွင် အင်အား ၃၀ဝခန့် တပ်ဖြန့်ထားဆဲဖြစ်သည်ဟု သိရသည်။

‌အောက်တိုဘာလ ၁၆ရက်‌နေ့ညက ‌ကော့ကရိတ်မြို့အ‌ရှေ့ဖက် ‌ရွှေနတ်‌တောင် ဘုန်းကြီး‌ကျောင်းသို့သွားရာလမ်းရှိ သစ်သား တံတား‌ပေါ်တွင် နအဖ စစ်ကားတစ်စီး ဆွဲမိုင်းထိမှန်ကာ ကားမှာပျက်စီးသွားပြီး စစ်သားအနည်းငယ် ဒဏ်ရာရရှိခဲ့‌ကြောင်း ‌ကော့ကရိတ်မြို့ခံတစ်ဦးက ‌ပြောသည်။