Home ထိပ်တန်းသတင်း မိုးနည်းပြီး စပါးဖျက်ပိုးကျသဖြင့် လယ်နှင့် ‌တောင်ယာစပါး ဧက ၅‌ထောင်‌ကျော် ပျက်စီး

မိုးနည်းပြီး စပါးဖျက်ပိုးကျသဖြင့် လယ်နှင့် ‌တောင်ယာစပါး ဧက ၅‌ထောင်‌ကျော် ပျက်စီး

1741
‌အောက်တိုဘာလ ၁၈ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် မိုးရွာသွန်းမှုနည်းခြင်းနှင့် စပါးဖျက်ပိုးကျ‌ရောက်မှုများ‌ကြောင့် လယ်ယာစပါး ဧက ၄,၀၀၀‌ကျော် နှင့် ‌တောင်ယာစပါးခင်း ၁,၀၀၀‌ကျော် ပျက်စီးခဲ့သည်ဟု ‌ကေအဲန်ယူ ဖာပွန်ခရိုင်၏  မှတ်တမ်းများအရ သိရသည်။

ထို‌ဒေသတွင် လယ်ယာစပါး ၄,၁၁ဝဧကနှင့် ‌တောင်ယာစပါး ၁,၃၅၈ခင်း‌ကျော် ပျက်စီးခဲ့ခြင်းဖြစ်‌ကြောင်း ဖာပွန်ခရိုင်အတွင်းရှိ ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး‌စောကလယ်ဒို့က ‌ကေအိုင်စီကို ယခုလို ရှင်းပြသည်။

သူက “အခု စာရင်းအရ ပါတာ‌တွေဟာ အားလုံးပျက်စီးတဲ့ဟာ‌တွေပဲ။ ဒီလို လယ်ယာနဲ့ ‌တောင်ယာစပါး‌တွေ ပျက်စီးရတာဟာ အခုနှစ် မိုးဦးအစမှာ မိုးနည်းပြီး တစ်ဆက်တည်းမှာပဲ စပါးဖျက်ပိုးလည်း ကျတဲ့အခါကျ‌တော့ စပါးက ပျက်စီးတာ‌ပေါ့။ အခုဆိုရင် စပါးရိတ်သိမ်းတဲ့အချိန်‌လေ။ ဒါ‌ပေမဲ့ ‌တောင်ယာစပါး‌တွေက အသီးဖြစ်‌ပေမဲ့ ဝင်းမှည့်မလာဘဲ ညိုပုပ်သွားသလို လယ်စပါးပင် ‌တွေကလည်း အပင်မသန်ဖြစ်ကုန်တယ်‌လေ။ လာမယ့်နှစ်‌တော့ ဖာပွန်ခရိုင်ပြည်သူ‌တွေအတွက် စားနပ်ရိက္ခာ ပြဿနာ‌တော့ စိုး ရိမ်စရာပဲ။”ဟု ‌ပြောသည်။

အဆိုပါနယ်‌မြေသည် ‌ကေအဲန်ယူ ထိန်းချုပ်ထားရာ ဖာပွန်ခရိုင်မှ မြို့နယ်များဖြစ်ပြီး ဘူးသိုမြို့နယ်တွင် လယ်ဧက ၂,၁၈၆.၁၅ဝ အနက် ဧက ၇၀၀‌ကျော်နှင့် ‌တောင်ယာစပါးခင်း ၁,၀၄၃ခင်းအနက် ၃၅၈ခင်းပျက်စီးသလို လူ‌သောမြို့နယ်တွင် လယ်ဧက ၃,၆၈ဝမှ ၉၂၅ဧကနှင့် ‌တောင်ယာစပါးခင်း ၁,၆၁ဝခင်းအနက် အခင်း ၄၀ဝ ဝန်းကျင်၊ ဒွယ်လိုးမြို့နယ်တွင် လယ်ဧက ၁,၇၂၄အ နက် ဧက ၄၃ဝ ဝန်းကျင်နှင့် ‌တောင်ယာစပါးခင်း ၉၀ဝအနက် စပါးခင်း ၃၀ဝ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

၎င်းစပါးများသည် ယခင်နှစ်က စပါးအထွက်‌ကောင်းခဲ့ပြီး ယခုနှစ် မိုးဦးကျ စပါးပင်‌ပေါက်စ ဇူလိုင်လကတည်းက မိုး‌ရေ‌ကောင်း စွာ မရရှိမှုအပြင် စပါးဖျက်ပိုးပါ စတင် ကျ‌ရောက်ခဲ့သည့်အတွက် စပါးပင်များ ပျက်စီးလာခဲ့ရာမှ ယခုလို စပါးရိတ်သိမ်းရာသီတွင် မိုးရွာသွန်းမှု ပြန်များလာသဖြင့် ရိတ်သိမ်းချိန်တန်သည့် ‌တောင်ယာနှင့် လယ်ယာစပါးများကို မရိတ်သိမ်းနိုင်သလို ရိတ်သိမ်းဆဲ စပါးများကိုလည်း ‌ခေတ္တရပ်နားထားရသည်ဟု သိရသည်။

ဘူးသိုမြို့နယ်၊ ‌လေးဝါး‌ကျေးရွာအုပ်စုမှ တီး‌လေးကွီးရွာသားတစ်ဦးက “ကျ‌နော်တို့ တီး‌လေးကွီးရွာမှာဆိုရင် ‌တောင်ယာစပါး အခင်းလိုက် ပျက်စီးတာ ၃၊ ၄ခင်းရှိတယ်။ အခြား‌တောင်ယာစပါးခင်း‌တွေလည်း အားလုံးနီးပါး စပါးပိုး ပိုကျတာချည်းပဲ။ ဒီအ‌ခြေ အ‌နေမှာမှ ‌ခြေမ‌လောက်အရွယ်ရှိတဲ့ ကြွက်အ‌ကောင်‌သေး‌သေး‌လေး‌တွေကလည်း စပါးခင်းမှာ နည်းနည်းကျလာ‌တော့ ပို အထိ နာတာ‌ပေါ့။ ကျ‌နော်ဆိုရင် စိတ်ညစ်လို့ ငို‌တောင်ငိုမိတယ်။ ‌နောင်နှစ်ဆိုရင် ဘယ်လိုလုပ်ရမလဲ မသိဘူး။”ဟု ‌ပြောသည်။

အဆိုပါ‌ဒေသရှိ ‌တောင်ယာခင်းတွင် စပါးတတင်းစိုက်လျှင် စပါးတင်း ၄ဝမှ ၅ဝကြား ထွက်ရှိ‌ကြောင်း၊ အလားတူ လယ်တဧက လျှင်  စပါးတင်း ၄ဝ နှင့် ၅ဝကြား ထွက်ရှိ‌ကြောင်းလည်း သိရသည်။ ဖာပွန်ခရိုင် ဘူးသိုမြို့နယ်တွင် ‌ကျေးရွာအုပ်စု ၁၁စု၊ လူ ‌သောနှင့် ဒွယ်လိုးမြို့နယ်တို့တွင် ‌ကျေးရွာအုပ်စု ၁၂စုစီရှိကာ ‌ကျေးရွာ စုစု‌ပေါင်း တ‌ထောင်ဝန်းကျင် ရှိသည်။

ယင်းသို့ စပါးခင်း ပျက်စီးသည့်အ‌ပေါ် ဖာပွန်ခရိုင်အတွင်းရှိ ‌ဒေသတာဝန်ခံများက ကရင်လူမှု‌ရေးအဖွဲ့အစည်းများနှင့် ‌ဆွေး‌နွေး ညှိနှိုင်းကာ စပါးခင်း ပျက်စီးသွားသူများအတွက် လိုအပ်သည့် ‌ထောက်ပံ့မှုများ‌ပေးရန် စီစဉ်‌ဆောင်ရွက်သွားမည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ၁၉၉၈ခုနှစ်ကလည်း ဖာပွန်ခရိုင် ဒွယ်လိုး၊ ဘူးသိုနှင့် လူ‌သောမြို့နယ်သုံးခုတွင် မိုးရာသီအတွင်း မိုးနည်းသ ဖြင့် ‌တောင်ယာနှင့် လယ်စပါးများ ပျက်စီးမှု ရှိခဲ့ဖူး‌ကြောင်း ဖာပွန်ခရိုင် တာဝန်ရှိသူများက ‌ပြောသည်။