Home ထိပ်တန်းသတင်း လူ့အခွင့်အ‌ရေး ချိုး‌ဖောက်‌နေသည့် ‌ဘောဂလိ‌ကျေးရွာအုပ်စုတွင် ကြံ့ဖွံ့ပါတီဝင်များ စည်းရုံး‌ရေး ဆင်း‌နေ

လူ့အခွင့်အ‌ရေး ချိုး‌ဖောက်‌နေသည့် ‌ဘောဂလိ‌ကျေးရွာအုပ်စုတွင် ကြံ့ဖွံ့ပါတီဝင်များ စည်းရုံး‌ရေး ဆင်း‌နေ

1229
‌အောက်တိုဘာလ ၁၈ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

နအဖ စစ်တပ်၏ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ‌နေ့စဉ်ခံစား‌နေရသည့် ကရင်ပြည်နယ် သံ‌တောင်ကြီးမြို့နယ်ရှိ ‌ဘောဂ လိ‌ကျေးရွာအုပ်စုတွင် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ(USDP) ကိုယ်စားလှယ်များသည် ‌ရွေး‌ကောက်ပွဲတွင် မဲအ နိုင်ရရှိ‌ရေးအတွက် ယခု‌အောက်တိုဘာလ ၉ရက်‌နေ့က မဲဆွယ်စည်းရုံးမှုများ ဝင်‌ရောက်လုပ်‌ဆောင်‌နေ‌ကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များသည် ‌ရွေး‌ကောက်ပွဲတွင် မဲရရှိ‌ရေးအတွက် သံ‌တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အတွင်းရှိ ‌ဘောဂ လိ‌ကျေးရွာအုပ်စုတွင် ‌ရောက်ရှိလာကာ ‌ကျေးရွာအုပ်စုတာဝန်ရှိသူများကို ‌ခေါ်ယူ‌တွေ့ဆုံပြီး ၎င်းတို့၏ ပါတီအ‌ကြောင်းနှင့် လုပ်ငန်းစဉ်များကို အသိ‌ပေး ‌ပြောကြားခဲ့‌ကြောင်း ထို‌ဒေသမှ လာသည့်သတင်းအရ သိရသည်။

မဲဆန္ဒနယ်‌မြေတစ်ခုသာရှိသည့် သံ‌တောင်ကြီးမြို့နယ်တွင် ကြံ့ဖွံ့ပါတီမှ ဝင်‌ရောက်အ‌ရွေးခံမည့်သူများမှာ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်အဖြစ် ဦး‌စောဂျူးနီ၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဦး‌စောမာဘယ်လ်၊ ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်အဖြစ် ဦး‌စောလှ‌မောင်တို့ဖြစ်သည်။

ထို‌ဘောဂလိ ‌ကျေးရွာအုပ်စုတွင် ‌ရွေး‌ကောက်ပွဲဝင်မည့် ပါတီကိုယ်စားလှယ်များသည် မဲဆွယ်စည်းရုံး‌ရေးကို နည်းမျိုးစုံသုံး ကာ ဝင်‌ရောက်လုပ်‌ဆောင်‌နေ‌သော်လည်း နအဖ စစ်တပ်၏ အနိုင်ကျင့်မှု‌အောက်တွင် ‌နေထိုင်ရသည့်ှ လူထုအ‌နေဖြင့် ‌ရွေး ‌ကောက်ပွဲနှင့်ပတ်သက်၍ စိတ်ဝင်စားမှု နည်းပါး‌ကြောင်း ‌ဒေသခံတဦးက ယခုလို ‌ပြောသည်။

“အဲဒီ‌နေရာ‌တွေက အမြဲတမ်း စစ်ဖြစ်‌နေတဲ့ ‌နေရာဖြစ်တယ်။ နအဖ စစ်တပ်ရဲ့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုလည်း ရှိ‌နေ တယ်။ လုပ်အားခိုင်း‌စေတာတို့၊ မတရား ဖမ်းဆီးနှိပ်စက်တာတို့ ‌နောက် ‌တောင်‌ပေါ်‌ဒေသ‌တွေမှာ ထွက်တဲ့ ကုန်ပစ္စည်း‌တွေ ကို မြို့‌ပေါ်တင်သွင်းဖို့ အသွားအလာ‌တွေကို တားဆီးပိတ်ပင်တယ်။ လူထု‌တွေက စားဝတ်‌နေ‌ရေးနဲ့ အမြဲတမ်း လုံးပမ်း‌နေရ တယ်။ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု‌တွေလည်း အမြဲ ခံစား‌နေရ‌တော့ ‌ရွေး‌ကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ဝင်စားချိန်လည်း မရှိဘူး။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ သံ‌တောင်ကြီးမြို့နယ်တွင် ကြံ့ဖွံ့ပါတီအပြင် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ‌နော်လားခုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီမှ လွှတ်‌တော်ကိုယ်စားလှယ်များ အ‌ရွေးခံရန်ရှိ‌သော်လည်း ၎င်းတို့အ ‌နေဖြင့် ‌ရွေး‌ကောက်ပွဲအတွက် မဲဆွယ်စည်းရုံး‌ရေး လှုပ်ရှားမှုများ လုပ်‌ဆောင်ခြင်းမရှိ‌ကြောင်း ထိုနယ်ခံက ‌ပြောသည်။

စက်တင်ဘာလ ၁၆ရက်‌နေ့က ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်မှ ထုတ်ပြန်လိုက်သည့် ကရင်ပြည်နယ်အတွင်း နယ်‌မြေငြိမ်းချမ်းမှု မရှိ၍့ ‌ရွေး‌ကောက်ပွဲ ကျင်းပခြင်းမပြုရန် တားမြစ်ထားသည့် ‌ကျေးရွာအုပ်စုများထဲတွင် သံ‌တောင်ကြီးမြို့နယ် မဲဆန္ဒနယ်မှ ‌ကျေးရွာအုပ်စု ၃၆စုပါရှိပြီး အဆိုပါ ‌ဘောဂလိ‌ကျေးရွာနှင့် အနီးတဝိုက် ရွာ ၁၂ရွာလည်း ပါဝင်သည်။

၎င်း‌ကျေးရွာအုပ်စုများကို ‌ရွေး‌ကောက်ပွဲမကျင်းပရန် တားမြစ်ထား‌သော်လည်း နယ်‌မြေခံစစ်တပ်က ရွာသူကြီးများမှ တဆင့် အိမ်‌ထောင်စုစာရင်း ‌ကောက်ယူထားခဲ့ပြီးဖြစ်သည်ဟု သိရသည်။

အလားတူ ‌အောက်တိုဘာ ၃ရက်‌နေ့က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အတွင်းရှိ နတ်ကြီး‌ကျေးရွာအုပ်စုတွင် ကြံ့ ဖွံ့ပါတီဝင် ‌ဒေါက်တာစိုးမိုး‌အောင်က ‌ကျေးရွာတာဝန်ရှိသူများနှင့် လူထုကို ‌တွေ့ဆုံပြီး ၎င်းတို့ပါတီသို့ဝင်ရန်နှင့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များကို မဲထည့်ရန် စည်းရုံး‌ပြောဆိုခဲ့ပြီး ပါတီဝင်တစ်ဦးလျှင် ၃၀၀ဝကျပ်နှင့် အစည်းအ‌ဝေးတက်‌ရောက်သူ တစ်ဦးလျှင် ၁၀၀ဝကျပ်စီ ‌ပေး‌ဝေခဲ့‌ကြောင်း ဘီးလင်းမြို့နယ်မှ သတင်းအရ သိရသည်။