နတ်တောင်သား
လူရယ်လို့ဖြစ်လာတော့ အတွေးတစ်ခုစီတော့ ရှိကြတယ်။ အိပ်မက်တွေ မက်ကြမှာကတော့ အမှန်ဖြစ်တယ်။ လူကြီး ပိုင်းတွေမှာတော့ မိမိမက်ခဲ့တဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်မဖော်နိုင် မိမိကသာ အသိဆုံးဖြစ်မှာပါပဲ။ မြန်မာ ပြည်မှာ လူဖြစ်လာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ဘဝရေစုန်မျောရတယ်။ ဒီလိုနိုင်ငံရေးဖြစ်စဉ်မှာ ဘဝတည်ငြိမ်မှုကို ရကြပါရဲ့လား။ အကြမ်းဖျင်းတွက်ကြည့်ရင် နိုင်ငံရေးဖြစ်စဉ်တွေ တသောင်လုံး မတည်မငြိမ်ဖြစ်ခဲ့လို့ ကျုပ်တို့ဘဝတွေဟာ လည်း မတည်မငြိမ် ဖြစ်ကြရပါတယ်။ လူတွေဟာ နိုင်ငံရေးရဲ့ သားကောင်ဆိုတဲ့ ဒဿနဟာ မှန်လှပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံ ရေးဖြစ်စဉ်မှာ နိုင်ငံရေးအခြေအနေကိုလိုက်ပြီး ဘဝကို တည်ဆောက်ကြရပါတယ်။ ဘဝတွေအားလုံးကို ပေါင်းရုန်းပြီး တည် ဆောက်လိုက်တော့ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကြီး ဖြစ်ပေါ်လာရပါတယ်။ ကောင်းသလား ဆိုးသလားဆိုရင်တော့ အားလုံးက ဖြတ်သန်းလာရလို့ သိကြတဲ့အတိုင်းပေါ့။ မကောင်းတာ လုပ်တာများရင်တော့ မကောင်းတာဖြစ်တာများမှာပဲ။ ကောင်းတာ နည်းရင်တော့ ကောင်းတာလုပ်တာနည်းလို့ပဲ ဖြစ်ရမယ်ဆိုတာ လူပိန်းတွေး တွေးကြည့်ရင် ရပါတယ်။ လုပ်ကြကိုင်ကြတဲ့အ ပေါ်မှာ အတွေးအခေါ်နဲ့ လုပ်ကြကိုင်ကြတာပါပဲ။ ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်လုပ်ကြတာ အတွေးအခေါ်ချင်းတူရင် အလုပ်အ ကိုင်ရဲ့ ပုံသဏ္ဍာန်ချင်းလည်း တူမှာပဲ။ အဲဒီတူညီတဲ့ လုပ်ပုံကိုင်ပုံတွေက ရလာတဲ့ရလဒ်ပေါ်မှာ အခြေခံပြီးတော့ ဘဝဖြစ်စဉ် တွေ ဖြစ်လာကြတာပဲ မဟုတ်လား။
ဘဝဖြစ်စဉ်တွေမှာ နေ့စဉ် တွေ့ကြုံရတဲ့ ကိစ္စတွေဟာ အက္ခရာကျတယ်လို့ ထင်ပါတယ်။ ဥပမာ နေ့စဉ် တွေ့ကြုံလှုပ် ရှားရတဲ့ ဈေးရောင်းဈေးဝယ်ကိစ္စမှာ ဈေးရောင်းသူက ဈေးမေးလာတဲ့ ဈေးဝယ်သူကို အကဲခတ်ကြည့်လိုက်ပြီးမှ ပစ္စည်းဈေးကို ပြောပါတယ်။ ဈေးဝယ်သူ လူရည်လည်ဆိုရင်တော့ ဈေးမှန်ကို ချက်ချင်းပဲ ပြောလိုက်မယ်။ တကယ်လို့ နယ်က တက်လာသူ ဒါမှမဟုတ် လူစိမ်းဆိုရင်တော့ ရောင်းနေကျအမြတ်ရဲ့ အထက်ကို တင်ပြီးဈေး ခေါ်မယ်။ ဒီလိုနဲ့ မသိနားမလည်သူတွေ ဈေး ကြီးကြီးပေးဝယ်ရတဲ့ ကိစ္စတွေ ဖြစ်ရတယ်။ ဒါဟာ ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စလို့ ထင်ကြမှာပါ။ တကယ်တော့ မြန်မာတ ပြည်လုံးမှာ နေ့စဉ် ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေအထဲက တစ်ခုပါပဲ။ ဒီနေရာမှာ အတွေးအခေါ်တစ်ခု ရှိတယ်။ “အ သူခံ လည်သူ စား” ဆိုတာပါပဲ။ လူမှုရေးနယ်ပယ်တွေမှာလည်း တဦးနဲ့တဦး ပေါင်းသင်းဆက်ဆံနေကြတာမှာ “မုသားမပါ လကင်္ာမချော”ဆို တဲ့ အတွေးအခေါ်နဲ့ တဦးကိုတဦး ညာပြီးပြောရတဲ့ ဟန်ဆောင်လူမှုရေးတခုလည်း ရှိနေတယ်။
နောက်ထပ် ဥပမာလေးတစ်ခု တင်ပြချင်ပါတယ်။ နယ်စပ်စခန်းတွေမှာ တွေ့ရတတ်တဲ့ကိစ္စပါ။ အများနဲ့ဆိုင်တဲ့ပစ္စည်း တွေကို ပုဂ္ဂလိကအနေနဲ့ အသုံးပြုနေကြတာတွေကို တာဝန်ရှိသူက ဘာမှမပြောပါဘူး။ ကြပ်တည်းတဲ့စခန်းဘဝကို စာနာတဲ့အ နေနဲ့ အခွင့်အရေးပေးထားတယ်။ ဘေးလူတွေကလည်း သူ့ကုသိုလ်နဲ့ သူရတဲ့ အခွင့်အရေးပဲ။ ကိုယ်လည်း သူ့နေရာမှာနေရင် အဲဒီလိုပဲ အခွင့်အရေးယူမယ်ဆိုပြီး သဘောထားကြပါတယ်။ ကိုယ်က လူမှုဝန်ဆောင်လုပ်ငန်းတခုမှာ လုပ်ကိုင်ရလို့ လုပ်ငန်းနဲ့ ဆိုင်တဲ့ ပစ္စည်းတွေကို ကိုယ်ပိုင်အသုံးပြုနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ဟာ အဂတိလိုက်စားမှုကို အရည်အသွေး မြှင့်တင်ပေး သလိုပါပဲ။ ထိုင်းဝန်ကြီးချုပ် တာ့ခ်ဆင်ရှင်နာဝါထရာဟာ သူ အာဏာရစဉ်အခါက သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး သူပိုင်စီးပွား ရေးကုမ္ပဏီတွေ အခွန်ငွေပေးရမှာကို ရှောင်လွဲတာတို့ ကုမ္ပဏီထုတ်ပစ္စည်းတွေအတွက် ဈေးကွက်ဖန်တီးပေးတာတို့ဟာ ကိုယ် က ဒီနေရာမှာလုပ်နေရလို့ ဒီဟာမျိုး အခွင့်အရေးယူရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ ကိုက်ညီလှပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ခုထိ လူကြိုက်များနေတဲ့ တာ့ခ်ဆင်ဟာ နိုင်ငံရေး အကြပ်အတည်းတခုလို ဖြစ်နေပါတယ်။ ဒီနေရာမှာ ပြောချင်တာက ထိုင်း နိုင်ငံဟာ စစ်တပ်က တိုင်းပြည်အာဏာသိမ်းပြီး တိုင်းပြည်ကို ဗျူရိုကရေစီစနစ်နဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့လို့ အဂတိ လိုက်စားမှုဟာ ဒီမိုကရေစီစနစ် တည်ဆောက်တဲ့အခါမှာ သူငယ်နာရောဂါတခုအနေနဲ့ ပါလာပါတယ်။ ထိုင်းနိုင်ငံသား အများစု သာ တာ့ခ်ဆင်ကို ထောက်ခံမယ်ဆိုရင် ထိုင်းနိုင်ငံဟာ ဒီမိုကရေစီစနစ်ကနေ နောက်ပြန်ဆုတ်ပြီး အာဏာရှင်စနစ် ပြန်ရှင်သန် လာနိုင်ပါတယ်။
ကျုပ်တို့နိုင်ငံမှာတော့ အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ ကြိုးစားနေကြတုန်းပါပဲ။ ဒီကာလမှာ အာဏာရှင်တွေကလည်း အာဏာရှင်စနစ် ခိုင်မြဲဖို့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်နေပါတယ်။ ဒီကာလမှာ ကျုပ်တို့ဟာ အခြေအနေမှန်ကို ဆန်း စစ်ပြီး မှန်ကန်တဲ့ အတွေးအခေါ်တွေ ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ အထက်က ကျနော်တင်ပြခဲ့သလိုပဲ။ လူတွေ ဟာ သူတို့ရဲ့ အတွေးအခေါ်အတိုင်း နေထိုင်လုပ်ကိုင်တတ်ကြတယ်ဆိုရင် ကျုပ်တို့ဟာ မမှန်ကန်တဲ့ အတွေးအခေါ်ကြောင့် မမှန်မကန်တာတွေ လုပ်မိရင် အာဏာရှင်စနစ်ကို အားပေးသလို ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ ဒီမိုကရေစီ လှုပ်ရှားမှုခရီးဟာ ရှည် ကြာပြီး ဒီမိုကရေစီစနစ် တည်ဆောက်တဲ့နေရာမှာလည်း အနှောက်အယှက်၊ အတားအဆီးတွေ ဒုနဲ့ဒေး ကျော်ဖြတ်ရမှာ ဖြစ် ကြောင်း ဆွေးနွေးလိုက်ရပါတယ်။