Home ထိပ်တန်းသတင်း ထိုင်းနိုင်ငံရှိ မြိုင်ကြီးငူဆရာ‌တော် ‌မွေး‌နေ့ ပရိဿတ် ၂၀၀၀‌ကျော် လာ‌ရောက်

ထိုင်းနိုင်ငံရှိ မြိုင်ကြီးငူဆရာ‌တော် ‌မွေး‌နေ့ ပရိဿတ် ၂၀၀၀‌ကျော် လာ‌ရောက်

2135
ဩဂုတ်လ ၁၃ရက်။ ‌နော်ဖြူဖြူသင်း (‌ကေအိုင်စီ)

မြိုင်ကြီးငူဆရာ‌တော် ဦးသုဇန၏ သက်‌တော် (၆၃)ပြည့် ‌မွေး‌နေ့မဂင်္လာပွဲကို ထိုင်းနိုင်ငံ၊ ဖတ်ထယာခရိုင် ချွန်ပူရီမြို့နယ်ရှိ စူခါ ဝတီအိမ်‌တော်ရာတွင် ယမန်‌နေ့က ထပ်မံ ပြုလုပ်ခဲ့ရာ ကရင်‌ရွှေ့‌ပြောင်းအလုပ်သမား လူပရိဿတ်‌ပေါင်း ၂,၀၀၀‌ကျော် လာ ‌ရောက်ခဲ့ကြသည်ဟု သိရသည်။

ဆရာ‌တော်သည် ဇူလိုင်လ (၂၉)ရက်‌နေ့တွင် ကျ‌ရောက်သည့် ၎င်း၏ ‌မွေး‌နေ့ပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ မြိုင်ကြီးငူ အထူး‌ဒေသတွင် ပြန်လည် ကျင်းပခဲ့ပြီးဖြစ်‌သော်လည်း သူ‌ဌေး ‌ဒေါက်တာ ပင်ညာချွတ်ထိဝမ်းက ၎င်းမသွား‌ရောက်နိုင်ခဲ့သည် ကို ထပ်မံ ပြုလုပ်‌ပေးသည့်အ‌နေဖြင့် ကုန်ကျခံကာ ‌ဆောင်ရွက်‌ပေးခြင်းဖြစ်သည်ဟု ‌မွေး‌နေ့ပွဲ သွား‌ရောက်ခဲ့သူ ဆရာ‌တော်၏ ဒါယိကာတစ်ဦးက ‌ကေအိုင်စီကို ယခုလို ဖြစ်သည်။

“ဒီသူ‌ဌေးအ‌နေနဲ့က မြန်မာပြည်မှာ ဆရာ‌တော် ‌မွေး‌နေ့ပွဲ လုပ်တာကို မသွားနိုင်၊ မသွားအားခဲ့ဘူး‌လေ။ သူ့အ‌နေနဲ့ ဆရာ‌တော် ကို ကြည်ညိုတာလည်း ပါတယ်။ ပြီး‌တော့ ဆရာ‌တော်‌မွေး‌နေ့ပွဲကို သီးသန့်လုပ်‌ပေးမယ်ဆိုပြီး‌တော့ ကတိ‌ပေးထားတယ်‌လေ။ ဒါ‌ကြောင့် အခုလို ဖတ်ထယာက သူ့ရဲ့ စူခါဝတီအိမ်‌တော်ကြီးမှာ ကြီးကြီးကျယ်ကျယ် ထပ်ပြီး ကျင်းပ‌ပေးသွားတာ ဖြစ်တယ်။ မ‌နေ့ကလည်း ထိုင်းဘုရင် မိဖုရားရဲ့‌မွေး‌နေ့လည်း ဖြစ်တယ်‌လေ။”ဟု ‌ပြောသည်။

အဆိုပါသူ‌ဌေးသည် ထိုင်းနိုင်ငံ၌ တတိယအဆင့်ဝင် သူ‌ဌေးစာရင်းတွင် ပါဝင်သူတစ်ဦးဖြစ်ပြီး ၎င်းထံတွင် ကရင်အလုပ်သမား ၅၀ဝခန့်ကို အလုပ်လုပ်ကိုင်လျှက်ရှိသည်ဟု သိရသည်။

ဆရာ‌တော်၏ ‌မွေး‌နေ့ပွဲ အစီအစဉ်ကို မနက် ၁ဝနာရီမှ မွန်းလွဲ ၁နာရီထိ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ‌တော်၏ ဖိတ်‌ခေါ်မှုဖြင့် ကရင်ပြည်နယ်အတွင်းရှိ မြိုင်ကြီးငူ ဘုန်း‌တော်ကြီး‌ကျောင်းခွဲ (၁၂)‌ကျောင်းမှ ကရင်သံဃာ‌တော် ၁၉ပါးနှင့် ထိုင်းသံဃာ‌တော် (၉)ပါးတို့ ကြွ‌ရောက်လာခဲ့ကြသည့်အပြင် မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ်အချို့လည်း လာ‌ရောက်ခဲ့ကြသည်ဟု ‌မွေး‌နေ့ပွဲ တက်‌ရောက်ခဲ့သူ ကရင်အမျိုးသားတစ်ဦးက ‌ပြောဆိုသည်။

“မြိုင်ကြီးငူဆရာ‌တော် ‌မွေး‌နေ့ကို ဆရာ‌တော်ရဲ့ ‌ကျောင်းခွဲ ၁၂‌ကျောင်းက သံဃာ ၁၉ပါးနဲ့ ထိုင်းသံဃာ ၉ပါးလည်း ကြွ‌ရောက် လာတယ်‌လေ။ ထူးခြားတာက မြန်မာစစ်အစိုးရရဲ့ သံရုံးကိုယ်စားလှယ် (၂)ဦး၊ စစ်ဘက်ဆိုင်ရာ အရာရှိ ဦးဝင်း‌မောင်နှင့် ဇနီး ‌ဒေါ်မြင့်မြင့်ခိုင်နှင့် ‌ရွှေသံလွင် ကုမ္ပဏီမှ ကိုယ်စားလှယ် ၁ဦးတို့လည်း ‌မွေး‌နေ့ပွဲကို လာ‌ရောက်ချီးမြှင့်ခဲ့သည်ဟု သိရသည်။

အစီအစဉ်အရ ‌ဒေါက်တာ ပင်ညာချွတ်ထိဝမ်းက ဘုရားမီးထွန်းဝတ်ပြုကာ ထိုင်းဘုရင် မိဖုရားကြီးအတွက် ‌မွေး‌နေ့ဆု‌တောင်း ‌ပေးခြင်း၊ ‌မွေး‌နေ့ရှင် ဆရာ‌တော် ဦးသုဇနက ထပ်မံ ဆု‌တောင်း‌မေတ္တာပို့သကာ တရား‌တော်များ ‌ဟောကြားခြင်းနှင့် လူထုပရိ ဿတ်များမှ ဆရာ‌တော်အား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုပစ္စည်းများ ကပ်လှူခဲ့‌ကြောင်း သိရသည်။

“ဒီ‌မွေး‌နေ့ပွဲကို လာတဲ့ပရိဿတ်က အလှူ‌ငွေ‌တွေ ကပ်တာ အများကြီးပဲ။ ပြီး‌တော့ အဲဒီ‌နေ့ကလည်း အလုပ်နားရက်ဖြစ်တယ်၊ သွားဖို့ကိုလည်း သူ‌ဌေးက ခွင့်ပြုတယ်‌လေ။ ဒီနှစ်မှ တိုက်ဆိုင်ပြီး ကျန်းမာ‌ရေးအရ လာ‌ရောက်‌ဆေးကုသမှု ခံယူ‌နေရင်းနဲ့ တိုက်ဆိုင်သွားတယ်။ လာတဲ့ ပရိဿတ်‌တွေထဲမှာ သူ‌ဌေးရဲ့တပည့်‌တွေဆို အ‌ယောက် ၅၀၀‌လောက် ပါတယ်။”ဟု ‌ကေအိုင်စီ ကို ‌ပြောသည်။

ထိုင်းနိုင်ငံ၊ ဖတ်ထယာ‌ဒေသတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား နှစ်‌သောင်း‌ကျော် သွား‌ရောက်အလုပ်လုပ်ကိုင်ပြီး အများ အားဖြင့် စက်ရုံ၊ အလုပ်ရုံနှင့် အိမ်အလုပ်များ လုပ်ကိုင်ကြသည်။

မြိုင်ကြီးငူဆရာ‌တော် ဦးသုဇနသည် အဆုတ်‌ရောဂါနှင့် အစာအိမ်‌ရောဂါ ‌ဝေဒနာ‌ကြောင့် ဘန်‌ကောက်မြို့၊ စူကူဝစ်(Sukuvit) လမ်းမကြီးရှိ ဘန်ရွန်ရ‌ဆေးရုံတွင် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ (၁၀)ရက်‌နေ့က ယခုအချိန်ထိ ‌ဆေးကုသမှု ခံယူ‌နေသည်မှာ ၆လ ‌ကျော်ပြီ ဖြစ်သည်။

ဆရာ‌တော် ဦးသုဇနသည် ကရင်ပြည်နယ်ရှိ အင်အားအကြီးဆုံး အပစ်ရပ်အဖွဲ့ဖြစ်သည့် ဒီ‌ကေဘီ‌အေ၏ နာယကဆရာ‌တော် ကြီးဖြစ်ပြီး နအဖ စစ်အစိုးရ၏ နယ်ခြား‌စောင့်တပ်အသွင်‌ပြောင်းခြင်းကို လက်မခံဟု နီးစပ်သူများက ‌ပြောဆို‌နေကြသလို ၂၀၀၉ ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ‌ခေါင်း‌ဆောင်အချို့နှင့် ‌တွေ့ ဆုံခဲ့သည်ဟုလည်း သတင်းများက ‌ဖော်ပြကြသည်။