Home ထိပ်တန်းသတင်း ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ‌ကြောင့် ‌သေဆုံးမှုများရှိ

‌သွေးလွန်တုပ်‌ကွေး‌ရောဂါ‌ကြောင့် ‌သေဆုံးမှုများရှိ

2154
ဇွန်လ ၃ရက်။ ‌နော်‌အောင်‌လေး (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်‌ဒေသ တစ်‌လျှောက်တွင် ယခုလ ပိုင်းအတွင်း ‌သွေးလွန်တုပ်‌ကွေး ‌ရောဂါ အဖြစ်များ၍ လူ‌သေဆုံး သည်အထိ ရှိခဲ့‌ကြောင်း သိရှိရသည်။

ထိုသို့ ဖြစ်ပွားရာ၌ ဒုက္ခသည်စခန်းများ၊ မြန်မာနိုင်ငံဘက်ခြမ်းရှိ မြဝတီနှင့် ထိုင်းဘက်ခြမ်းရှိ ‌ကျေးလက်‌ဒေသတချို့တွင် လူကြီး ‌ရော က‌လေးပါ ဖြစ်ပွားခြင်းဖြစ်ပြီး မယ်လဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က လူလတ်ပိုင်း အမျိုးသမီးနှစ်ဦး ‌သေဆုံးသွားခဲ့သည်ဟု မယ်လ‌ဆေးရုံအုပ် ‌စော‌နေစဲန်က ‌ကေအိုင်စီကို ‌ပြောသည်။

“ပြီးခဲ့တဲ့အပတ်က အသက် ၄ဝအရွယ်နဲ့ ၃၃နှစ်အရွယ် အမျိုးသမီး ၂‌ယောက် ‌သွေးလွန်တုပ်‌ကွေးနဲ့ ‌သေဆုံးသွားတယ်။ Dengue Shock မှန်းလည်းသိ‌တော့ ကျ‌နော်တို ့ မဲ‌ဆောက်‌ဆေးရုံကို ပို ့တာပါပဲ။ သူတို့က ဒီအဆင့်‌ရောက်‌နေတာ သိလို့ မဲ‌ဆောက်‌ဆေးရုံကို ပို့ပြီး ကုသ‌ပေမဲ့လည်း အသက်မမှီ‌တော့ဘူး‌လေ။”ဟု ‌စော‌နေစဲန်က ဆိုသည်။

ထို‌သေဆုံးသူများသည် Dengue Hemorrhagic, Den-gue Shock ဖြင့် ‌ရောဂါပြင်းထန်ခြင်း၊ ‌ဆေးရုံသို့ အ‌ရောက်‌နောက်ကျ ခြင်းများ‌ကြောင့် ဆုံးပါးသွားခြင်းဖြစ်သည်ဟု သိရသည်။

မယ်လစခန်းတွင် ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ ‌ဝေဒနာရှင်များမှာ တပတ်လျှင် လူဦး‌ရေ ၂ဝခန့်ရှိပြီး ၎င်းတို့မှာ အသက် ၅နှစ်မှ ၅ဝအတွင်း ရှိသူများဖြစ်သည်။ ‌သွေးလွန်တုပ်‌ကွေး‌ရောဂါသည် ယခင်က က‌လေးငယ်များတွင်သာ ဖြစ်‌လေ့ရှိ‌သော်လည်း ယခု‌နောက်ပိုင်းတွင် လူလတ်ပိုင်းနှင့် အသက်အရွယ်ကြီးရင့်သူများပါ အဖြစ်များလာ‌ကြောင်း သိရသည်။

အဆိုပါ‌ရောဂါ ‌ဝေဒနာ ခံစားရသူများသည် နှာ‌ခေါင်း‌သွေးယိုခြင်း၊ သွားဖုံး‌သွေးယိုခြင်း၊ ‌သွေး‌ပေါင်ချိန် ရုတ်တရက်ကျခြင်း၊ သတိလက်လွတ်ဖြစ်ခြင်းနှင့် ‌သွေးဝမ်းပါခြင်း စသည့်လက္ခဏာများ ဖြစ်‌ပေါ်တတ်သည်။

မဲ‌ဆောက်မြို့‌တောင်ဘက် ဖုတ်ဖရမြို့နယ်အတွင်းရှိ ခလီးသူးကလိုးရွာတွင် အချို့မှာ တစ်အိမ်လုံးနီးပါး ‌သွေးလွန်တုပ်‌ကွေး ‌ရောဂါ ကူးစက်ဖြစ်ပွားကြသည်ဟု အသက် ၃၉နှစ်အရွယ်ရှိ ၎င်းရွာသားက ယခုလို ‌ပြောသည်။

“သားနဲ့သမီးက အရင်ဖျားကြတယ်။ သူ့အ‌မေက သူတို့ကို ပြုစုရင်း ကူးသွားတာ။ သူက ‌ဆေးလည်း မ‌သောက်ဖြစ်ဘူး။ ‌နောက် ကျ‌တော့ ကိုယ်ပူတာမကျ‌တော့ဘဲ လက်‌တွေ‌ခြေ‌ထောက်တယ် ညိုလာတယ်။ တံ‌တွေးမှာ ‌သွေး‌တွေပါလာ‌တော့မှ ‌ဆေးရုံ တက်လိုက်ရတယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ် ဖားအံနှင့် မြဝတီမြို့တွင်လည်း ‌သွေးလွန်တုပ်‌ကွေး‌ရောဂါ‌ကြောင့် ‌မေလလယ်ခန့်က က‌လေးအ‌တော်များများ ‌သေဆုံးမှုရှိသည်ဟု ဖားအံ‌ဆေးရုံဝန်ထမ်းနှင့် မြဝတီမြို့ခံများ၏ ‌ပြောပြချက်အရ သိရသည်။

မြဝတီ‌ဆေးရုံအနီး ‌နေထိုင်သူတဦးက “‌မေလလယ်‌လောက်မှာ ‌သွေးလွန်တုပ်‌ကွေး ‌တော်‌တော်ဖြစ်ကြတယ်။ မြဝတီ‌ဆေးရုံမှာ တ‌နေ့ကို က‌လေး ၃‌ယောက်‌လောက် ‌သေတယ်။ အဲဒီတုန်းက ‌တော်‌တော်‌လေးကို ဆိုးဆိုးဝါးဝါး ဖြစ်တာ။ အခု‌တော့ နည်း နည်း‌လျော့သွားပြီ။ လူနာသုံး‌လေးဦး‌လောက်ပဲ ရှိ‌တော့တယ်”ဟု သူက ‌ပြောသည်။

သို့‌သော် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းတွင် ‌သွေးလွန်တုပ်‌ကွေး ‌ရောဂါ‌ဝေဒနာသည် အနည်းငယ်သာရှိပြီး ဆိုးဆိုးရွားရွား ဖျားနာခြင်းမျိုးမရှိ‌ကြောင်း အတွင်းလူနာဌာနမှ ‌ဆေးဝန်ထမ်းတဦးက ‌ပြောသည်။

မယ်လစခန်းတွင် ယခုနှစ် ဇန်နဝါရီလမှ ‌မေလအတွင်း ‌သွေးလွန်တုပ်‌ကွေး‌ရောဂါဖြင့် ‌သေဆုံးသူ ၄ဦးရှိပြီး ၎င်း‌ရောဂါသည် မနက် ၇နာရီမှ ည‌နေ ၆နာရီအတွင်း ကိုက်တတ်သည့် (Ades)ဟု‌ခေါ်‌သော ခြင်အမျိုးအစား၏ အကိုက်ခံရခြင်း‌ကြောင့် ဖြစ်ပွား ခြင်း ဖြစ်သည်။
ယခုအချိန်တွင် မယ်လစခန်းတွင်း၌ ‌နေ့လည်ခင်းအိပ်လျှင် ခြင်‌ထောင်‌ထောင်ရန်၊ ခြင်မခို‌အောင်းနိုင်‌အောင် အိမ်ပတ်ဝန်းကျင် ခြုံနွယ်များ ရှင်းလင်းရန်၊ ‌ရေစည်‌ရေပုံးများတွင် ပိုး‌လောက်လန်းများ မ‌ပေါက်ဖွားနိုင်‌အောင် သန့်သန့်ရှင်းရှင်းထားရန် စသည့် ‌ရောဂါကာကွယ်‌ရေး ပညာ‌ပေးသင်တန်းများ ပို့ချကာ ခြင်‌ဆေးများ လိုက်လံဖျန်း‌ပေး‌နေသည်ဟု သိရသည်။