Home ထိပ်တန်းသတင်း ဗိုလ်မှူးကြီး‌စောနယ်ဒါးမြ ဥ‌ရောပနိုင်ငံသို့ ‌ရောက်ရှိ‌နေ

ဗိုလ်မှူးကြီး‌စောနယ်ဒါးမြ ဥ‌ရောပနိုင်ငံသို့ ‌ရောက်ရှိ‌နေ

1423
ဇွန်လ ၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောဘိုမြ၏ သားဖြစ်သူ ဗိုလ်မှူးကြီး‌စောနယ်ဒါးမြသည် မိခင်အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် လက်ရှိအချိန်တွင် ဥ‌ရောပနိုင်ငံတစ်ခုသို့ ‌ရောက်ရှိ‌နေသည်ဟု သိရသည်။

မိတ်‌ဆွေတစ်ဦး၏ ဖိတ်ကြားစီစဉ်‌ပေးချက်အရ ဗိုလ်မှူးကြီး‌စောနယ်ဒါးမြသည် မိခင်အဖွဲ့အစည်း ‌ကေအဲန်ယူ၏ ခွင့်ပြုချက်ဖြင့် ‌မေလ ၃၁ရက်‌နေ့တွင် ဥ‌ရောပခရီးစဉ်အဖြစ် ‌နော်‌ဝေနိုင်ငံကို စတင်‌ရောက်ရှိခဲ့ပြီး ယခုဆိုလျှင် ၃ရက်‌မြောက်‌နေ့လည်း ဖြစ် သည်။

ဗိုလ်မှူးကြီး‌စောနယ်ဒါးမြ၏ အဆိုပါခရီးစဉ်နှင့်ပတ်သက်၍ ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးချုပ် ‌နော်စီဖိုးရာစိန်က ‌ကေအိုင် စီကို ယခုလို အတည်ပြု ‌ပြောဆိုခဲ့သည်။

“သူ ဥ‌ရောပခရီး သွားမယ်ဆိုတဲ့အ‌ကြောင်း မသွားခင် ခွင့်ပြုချက်လာယူ‌တော့ ‌ကေအဲန်ယူအ‌နေနဲ့ သွားရင်‌ကောင်းမယ်လို့ ကျမတို့ သူ့ကို အကြံ‌ပေးတယ်။ ဟိုမှာ‌ရောက်ရင် တရားမျှတမှု မရှိတဲ့ စစ်အစိုးရရဲ့ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအ‌ကြောင်း။ ‌နောက် တိုင်းရင်းသား‌ဒေသ‌တွေမှာ အရပ်သား‌တွေကို ညှင်းပမ်းသတ်ဖြတ်ပြီး လူ့အခွင့်အ‌ရေးချိုး‌ဖောက်‌နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်အ ‌ကြောင်း အဲဒီနှစ်ခုကို ဥ‌ရောပအစိုးရနဲ့ ဥ‌ရောပမှာ‌ရောက်‌နေတဲ့ ကရင်လူမျိုး‌တွေသိ‌အောင် အဓိကထား ရှင်းပြ‌ပေးဖို့ပါ”ဟု ‌ပြောသည်။

ဗိုလ်မှူးကြီးနယ်ဒါးမြသည် အ‌စောပိုင်း၌ ဥ‌ရောပရှိ ‌နော်‌ဝေတစ်နိုင်ငံတည်းသာ သွား‌ရောက်မည်ဖြစ်‌သော်လည်း အီတလီနှင့် ဂျာမဏီနိုင်ငံများသို့ ခရီးစဉ်ဆက်သွားဦးမည်ဟု ယမန်‌နေ့က ‌ကေအဲန်ယူကို ထပ်မံ ဆက်သွယ်အသိ‌ပေးခဲ့‌ကြောင်း ‌နော်စီဖိုးရာ စိန်က ဆက်‌ပြောသည်။

၎င်း၏ ဥ‌ရောပခရီးစဉ်သည် ‌အောင်မြင်ပြီး မြန်မာနိုင်ငံအ‌ခြေအ‌နေ ‌ပြောင်းလဲ‌ရေးအတွက် တစုံတရာ အ‌ထောက်အကူပြုလိမ့် မည်ဟု ယုံကြည်‌ကြောင်း ခရီးမထွက်ခွာမီ ဗိုလ်မှူးကြီးနယ်ဒါးမြက ဧရာဝတီသတင်းဌာနကို ယခုလို ‌ပြောပြခဲ့သည်။

“ကျ‌နော်တင်ပြမယ့် ကိစ္စ‌တွေနဲ့ ပတ်သက်လို့ ကရင်ပြည်သူရဲ့ဒုက္ခ‌တွေကို အများက စာနာ‌ထောက်ကြပြီးသားပါ။ ဒါ‌ကြောင့် အ နာဂတ် မြန်မာနိုင်ငံရဲ့ လျှို့ဝှက်စီမံကိန်း‌တွေကို ကျ‌နော်‌ပြောတဲ့အခါ သူတို့(သက်ဆိုင်ရာနိုင်ငံအစိုးရ)က ကျ‌နော့်ကို ‌ထောက် ခံကြမယ်ဆိုတာ ‌သေချာပါတယ်”ဟု သူက ဆိုသည်။

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) ဌာနချုပ်တွင် အထူးတာဝန်ခံ(Officer on Special Duty) အဖြစ် တာဝန်ထမ်း‌ဆောင်‌နေသည့် ဗိုလ်မှူးကြီး‌စောနယ်ဒါးမြသည် လွန်ခဲ့သည့်နှစ်အနည်းငယ်ခန့်က ဂျာမဏီနိုင်ငံသို့ အလားတူ ခရီးစဉ်မျိုး တစ်‌ခေါက် သွား‌ရောက်ခဲ့ဖူးသည်။