Home ထိပ်တန်းသတင်း ရွာသူကြီးတစ်ဦး နအဖ စစ်တပ် လုပ်ကြံသတ်ဖြတ်မည့်ရန်မှ လွတ်‌မြောက်

ရွာသူကြီးတစ်ဦး နအဖ စစ်တပ် လုပ်ကြံသတ်ဖြတ်မည့်ရန်မှ လွတ်‌မြောက်

1527
ဇွန်လ ၂၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဖားပြ‌ကျေးရွာအုပ်စုအတွင်းမှ ရွာသူကြီးတစ်ဦးသည် ဇွန်လ ၂ဝရက်‌နေ့က ၎င်း ‌ဒေသတွင် အ‌ခြေချ လှုပ်ရှား‌နေသည့် နအဖ စစ်တပ်၏ ပရိယာယ်ဆင် သတ်ပစ်မည့်ရန်မှ ထွက်‌ပြေးလွတ်‌မြောက်လာခဲ့သည်။

ထို‌နေ့မနက် ၈နာရီ‌ကျော်တွင် နအဖ စကခ(၈) လက်‌အောက်ခံ ခမရ(၄၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌အောင်ခိုင်ချိုက နိုးကွီ ရွာသူကြီးအား ‌ကျေးရွာအပြင်ဘက်သို့ ‌ခေါ်‌ဆောင်သွားပြီး စစ်ဝတ်စုံ ဝတ်ဆင်‌စေကာ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုကို ရိပ်မိ ရာမှ ထွက်‌ပြေးလာရခြင်းဖြစ်သည်ဟု အဆိုပါရွာသူကြီးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

၎င်းက “မနက် ၈နာရီ‌ကျော်‌ကျော်‌လောက်မှာ ကျ‌နော် အပါအဝင် တခြားရွာက သူကြီး ၃‌ယောက်ကို တပ်ရင်းမှူးက ဆင့်‌ခေါ် တယ်။ သူတို့ဆီ‌ရောက်‌တော့ တခြားသူကြီး‌တွေကို အကုန်လုံး ပြန်လွှတ်လိုက်တယ်။ ကျ‌နော့်တစ်‌ယောက်တည်းကို ရွာအပြင် ဘက် ‌ခေါ်သွားတယ်။ စစ်ယူနီ‌ဖောင်း‌တွေဝတ်ခိုင်းပြီး ကျ‌နော့်ကို ‌လေး‌ယောက်ပတ်ပတ်လည် ဝိုင်းထားပြီး‌တော့ ဓာတ်ပုံမှတ် တမ်းရိုက်ယူလိုက်ပြီး သရုပ်ပြသက်သက်ပါလို့ ‌ပြောတယ်။ အဲဒီအချိန်မှာပဲ ကျ‌နော့်ကို သတ်ဖို့လုပ်တယ်ဆိုတာ ကျ‌နော် သိ လိုက်ရ‌တော့ ‌သေ‌သေရှင်ရှင် လွတ်‌မြောက်ရာကို ကျ‌နော် ထွက်‌ပြေးလာခဲ့တာပဲ”ဟု ‌ပြောသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က နိုးကွီနှင့် ထီ့ထူ့ကိုရွာသား‌လေးဦးအား နအဖ ခလရ(၃၆)က ထိုနည်းအတိုင်း အ‌ကြောင်းမဲ့ လုပ်ကြံ သတ်ဖြတ်မှုတခု ဖြစ်ပွားခဲ့သည့်အတွက် ယခုလို ရိပ်မိသွားရခြင်းဖြစ်သည်ဟု သူက ဆက်လက်‌ပြောဆိုသည်။

၎င်းနိုးကွီရွာသူကြီးသည် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေတ‌နေရာသို့ ထွက်‌ပြေး‌ရောက်ရှိလာပြီး‌နောက်ပိုင်း နအဖစစ်တပ်က ထို ရွာအနီးရှိ လူ‌နေတဲအိမ် ၄လုံးကို တပြိုင်နက်တည်း မီးရှို့ဖျက်ဆီးပစ်လိုက်သည်ဟု သိရသည်။

နအဖ ခမရ(၄၀၁)တပ်ဖွဲ့သည် ၎င်း‌ဒေသအတွင်း ‌ကေအဲန်အယ်လ်‌အေ၏ ချုံခိုတိုက်ခိုက်မှု‌ကြောင့် ၎င်းတို့၏ တပ်ဖွဲ့ဝင် အများ အပြား ထိခိုက်‌သေ‌ကြေခဲ့‌သော်လည်း ‌ကေအဲန်ယူဘက်မှ ထိခိုက်‌သေဆုံးမှုမရှိသည့်အတွက် အထက်အရာရှိများ ယုံကြည် ‌အောင် ‌ကေအဲန်ယူဘက်က ‌သေဆုံးမှုရှိ‌ကြောင်း လုပ်ကြံဖန်တီးခြင်းဖြစ်နိုင်သည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆) တပ် ရင်းမှူး ဒုဗိုလ်မှူးကြီးမန်းတင်လှိုင်က ‌ပြောသည်။

“တိုက်ပွဲဖြစ်တိုင်း နအဖဘက်က အနည်းဆုံး တစ်‌ယောက်နှစ်‌ယောက်‌တော့ ‌သေတယ်။ ‌ကေအဲန်ယူဘက်က ‌သေဆုံးမှု မရှိတဲ့ အခါကျ‌တော့ အထက်က လူကြီး‌တွေရဲ့ ပြစ်တင်ကြိမ်း‌မောင်းတာကို ခံရ‌တော့မယ်‌လေ။ အဲဒါကို မခံရ‌အောင် ဒီရွာသူကြီးကို သတ်ပစ်လိုက်ပြီး ‌ကေအဲန်ယူဘက်ကလည်း ‌သေတယ်ဆိုတာကို သက်‌သေအ‌ထောက်အထား‌တွေနဲ့ အထက်ကို လုပ်ကြံဖန် တီးပြီး တင်ပြဖို့ အကွက်ဆင်တာ ဖြစ်နိုင်တယ်‌လေ”ဟု ဆိုသည်။

ဇွန်လ ၂ဝရက်‌နေ့တွင် ဖားပြ‌ကျေးရွာနှင့် (၄)မိုင် အကွာအ‌ဝေးရှိ နိုးကွီ‌ကျေးရွာနှင့် ထီ့ထိုးကို ‌ကျေးရွာကြားတွင် ကရင်အမျိုး သားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း(၁၆)က အဆိုပါ နအဖတပ်ရင်းအား ချုံခိုတိုက်ခိုက်ခဲ့ရာ တစ်ဦး ‌သေဆုံးခဲ့သည်ဟု သိရသည်။

ဇွန်လအတွင်း၌ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၁၆)နှင့် နအဖ တပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ ၄ကြိမ်အနက် ဇွန်လ (၁၀)ရက်‌နေ့ တိုက်ပွဲတွင် နအဖဘက်မှ ၁၂ဦး ‌သေဆုံးပြီး ၂၁ဦး ထိခိုက်ဒဏ်ရာရရှိသည့်အတွက် ထိခိုက်‌သေဆုံးမှု အများဆုံး ဖြစ်သည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၁၆)က ‌ပြောသည်။