Home ထိပ်တန်းသတင်း ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ ကမ္ဘာ့ဒုက္ခသည်များ‌နေ့ တပြိုင်နက် ကျင်းပပြုလုပ်

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ ကမ္ဘာ့ဒုက္ခသည်များ‌နေ့ တပြိုင်နက် ကျင်းပပြုလုပ်

2256
ဇွန်လ ၁၈ရက်။ ‌နော်‌အောင်‌လေး (‌ကေအိုင်စီ)

ဇွန်လ ၂ဝရက်‌နေ့တွင် ကျ‌ရောက်မည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ကို ယ‌နေ့မနက်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း အသီးသီး၌ ကြိုတင် ပြုလုပ်ကျင်းပခဲ့ကြသည်။

ကရင်ဒုက္ခသည်‌ကော်မတီ အတွင်း‌ရေးမှူး ‌စော‌ဂျော့က “ကမ္ဘာ့ဒုက္ခသည်များ‌နေ့ကို စခန်းတိုင်းမှာ တပြိုင် နက် လုပ်ကြတယ်။ ဒါဟာလည်း ယူအဲန်အိတ်ချ်စီအာရ်ရဲ့ အစီအစဉ်နဲ့ပဲ‌လေ။”ဟု ‌ကေအိုင်စီကို ‌ပြော သည်။

ဒုက္ခသည်‌နေ့အဖြစ် နှစ်စဉ် ပြုလုပ်ရခြင်းမှာ ထိုင်းအစိုးရနှင့် UNHCR က ဒုက္ခသည်အဖြစ် တရားဝင် အ သိအမှတ်သည့် အထိမ်းအမှတ်၊ မျိုးဆက်သစ်များ ဒုက္ခသည်ဖြစ်လာရသည့် အ‌ကြောင်းရင်းကို သိရှိ‌စေ ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အုန်းဖျန်ဒုက္ခသည်စခန်း ကရင်အမျိုးသမီးအစည်းအရုံး (‌ကေဒဗလျူအို) အ တွင်း‌ရေးမှူး ‌နော်‌ဘော်‌ညောက ‌ပြောသည်။

ယခုနှစ်တွင် အုန်းဖျန်စခန်း ကမ္ဘာ့ဒုက္ခသည်‌နေ့ အခမ်းအနားမှာ ယခင်နှစ်များထက် ပိုမိုစည်ကားပြီး အား ကစားပြိုင်ပွဲများ၊ စခန်းတွင်း ‌နေထိုင်လျှက်ရှိသည့် မြန်မာတိုင်းရင်းသားများ၏ ယဉ်‌ကျေးမှုအကများနှင့် သရုပ်‌ဖော်ပြဇာတ်များလည်း ပါဝင်သည်ဟု သူမက ယခုလို ‌ပြောဆိုသည်။

“ဒီနှစ်ဒုက္ခသည်‌နေ့မှာ ကျမတို့ ပန်းချီ၊ ကဗျာ၊ ကျဘမ်းစကား‌ပြော၊ စကားရည်လုပွဲနဲ့ ‌ဘော်လီ‌ဘောပြိုင်ပွဲ ‌တွေ လုပ်ဖြစ်တယ်။ အရင်နှစ်‌တွေဆို ဒီ‌လောက်ပြိုင်ပွဲ‌တွေ မလုပ်ခဲ့ဘူး။ ဒီညမှာလည်း စခန်းတွင်းက လူ မျိုးစု ၁၆မျိုးရဲ့ ရိုးရာယဉ်‌ကျေးမှု အကနဲ့ ဓ‌လေ့ထုံးစံ‌တွေကို တင်ဆက်သွားမယ်။”ဟု ‌နော်‌ဘော်‌ညောက ဆိုသည်။

(မယ်လစခန်းမှ ယ‌နေ့ပြုလုပ်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ တက်‌ရောက်လာသူများ)

၎င်းစခန်းတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ တာဝန်ရှိသူ မား‌ရော့က အား‌ပေးစကား ‌ပြောကြားပြီး ဂျီနီဗာမြို့ရှိ ကုလရုံးချုပ်မှ ‘Home’ဟူ‌သော ‌ခေါင်းစဉ်ဖြင့် ‌ပေးပို့လာ‌သော သဝဏ်လွှာကို ဖတ်ကြားရာတွင် ဒုက္ခသည်များသည် စခန်းအတွင်း၌ပင် ဘဝနစ်မြုပ်ထားရမည် မဟုတ် ဘဲ အနာဂတ်တွင် ဌာ‌နေသို့ပြန်နိုင်သလို တတိယနိုင်ငံ ‌ရောက်ရှိကာ ပြီးပြည့်စုံသည့်အိမ်မျိုး ရရှိနိုင် ‌ကြောင်း ပါရှိသည်။

ထိုင်းပြည်ထဲ‌ရေးဌာန MOI မှ ဒုက္ခသည်များ ပြုစု‌စောင့်‌ရှောက်‌ရေး အရာရှိ ပလပ်‌ခေထိုင်းဝမ်းစဝပ် ကိုယ် တိုင် တက်‌ရောက်ခဲ့ပြီး ဒုက္ခသည်များ စည်းကမ်းရှိရှိ ‌နေထိုင်သွားကြရန် တိုက်တွန်း‌ပြောကြားခဲ့သည်။

အုန်းဖျန်စခန်းတွင် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ ကျင်းပလာခဲ့သည်မှာ ၁ဝကြိမ်‌မြောက်ရှိပြီး ယခုနှစ် အခမ်းအ နားတွင် လူပရိဿတ်‌ပေါင်း ၈၀၀‌ကျော် ပါဝင်ဆင်နွဲခဲ့ကြသည်။

(ယူအဲန်အိတ်ချ်စီအာရ် ‌မြေပုံ)

မယ်လစခန်းတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ အခမ်းအနားတွင် စခန်း ဥက္ကဌ၊ UNHCR နှင့် ဘာသာ‌ရေးပုဂ္ဂိုလ်များ တက်‌ရောက်ကာ အား‌ပေးစကား‌ပြောကြားခြင်း၊ ရိုးရာအကနှင့် သီချင်းများ တင် ဆက်ခဲ့ကြသည်ဟု မယ်လစခန်းမှ ‌ကေဒဗလျူအို ဥက္ကဌ ‌နော်အယ်‌စေးက ဆိုသည်။

၈နှစ်ကြာ မယ်လစခန်း ‌ရောက်ရှိ‌နေသည့် ‌တောင်ငူ‌ဒေသခံ ဒုက္ခသည်အမျိုးသမီးတဦးက “စစ်တပ် ထိုး စစ်‌ကြောင့် မယ်လစခန်းကို ‌ရောက်လာတယ်။ တ‌နေ့တ‌နေ့ စခန်းထဲကလွဲရင် ဘယ်မှလည်း မသွားရဘူး။ နိုင်ငံခြားထွက်ဖို့ အရင်နှစ်က တင်ခဲ့‌ပေမဲ့ သွားချင်သလို မသွားချင်သလို စိတ်ဇ‌ဝေဇဝါနဲ့ ဖျက်လိုက်တယ်။ ကြာလာ‌တော့ လူက စိတ်ကျဉ်းကြပ်လာတယ်။ အခု ကျမ ‌ယောက်ျားကလွဲရင် ကျမနဲ့ က‌လေး‌တွေက နိုင်ငံခြားသွားချင်ကြတယ်‌လေ”ဟု ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ကရင်ဒုက္ခသည်စခန်း ၇ခု၊ ကရင်နီဒုက္ခသည်စခန်း ၂ခု၊ ရှမ်းဒုက္ခသည်စခန်း ၁ခု နှင့် မွန်ဒုက္ခသည်စခန်း ၁ခုရှိရာ စုစု‌ပေါင်း ဒုက္ခသည်ဦး‌ရေ ၄သိန်း‌ကျော်ရှိသည်ဟု UNHCR မှတ်တမ်းများ အရ သိရသည်။