Home ထိပ်တန်းသတင်း ကရင်ဒုက္ခသည် ၁‌သောင်းခန့် ထိုင်းနိုင်ငံသို့ ဦးတည် ထွက်‌ပြေးလာနိုင်

ကရင်ဒုက္ခသည် ၁‌သောင်းခန့် ထိုင်းနိုင်ငံသို့ ဦးတည် ထွက်‌ပြေးလာနိုင်

1829
ဧပြီလ ၂၉ရက်။ ‌ကေအိုင်စီ

စစ်အစိုးရ၏ နယ်ခြား‌စောင့်တပ်ကို လက်မခံနိုင်သည့် အချို့ဒီမိုကရက်တစ် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ ‌တော် (DKBA)နှင့် စစ်အစိုးရအကြား တိုက်ပွဲ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ကရင်ရွာသား ၁‌သောင်းခန့် ထိုင်းနယ်စပ်သို့ ထွက်‌ပြေးလာနိုင်သည်ဟု လူသားချင်းစာနာ‌ထောက်ထားသည့် အကူအညီ‌ပေး‌ရေးအဖွဲ့များက ခန့်မှန်း‌ပြောဆိုသည်။

ဧပြီလ ၂၇ရက်‌နေ့ညမှ ၂၈ရက်‌နေ့အထိ ကရင်ပြည်နယ်ဘက်ခြမ်းမှ ရွာသား ၃၀၀‌ကျော်သည် ထိုင်းနိုင်ငံနယ်စပ်၊ မဲ‌ဆောက်မြို့ ‌တောင်ပိုင်းရှိ ‌ဝေါ်‌လေ‌ကျေးရွာဘက်သို့ ထွက်‌ပြေးတိမ်း‌ရှောင်လာခဲ့‌ကြောင်း ထိုင်း-မြန်မာအ‌ခြေစိုက် အဆိုပါ လူသားချင်းစာနာ ‌ထောက်ထားသည့် အကူညီ‌ပေး‌ရေးအဖွဲ့များက ‌ပြောသည်။

ယ‌နေ့သည် စစ်အစိုးရက ၎င်းတို့နှင့် အပစ်ရပ်ထားသည့် DKBA ကို နယ်ခြား‌စောင့်တပ် အသွင်ကူး‌ပြောင်း‌ရေး သတ်မှတ်ရက် ‌နောက်ဆုံးဖြစ်သည့်အတွက် DKBA ‌ခေါင်း‌ဆောင်များအတွင်း သ‌ဘောထားကွဲလွဲမှုများရှိ‌နေပြီး အသွင်ကူး‌ပြောင်း‌ရေးကို လက် ခံသည့် ‌ခေါင်း‌ဆောင်တချို့၏ ဆုံးဖြတ်ချက်‌ကြောင့် ပဋိပက္ခ တိုးပွားမည်ကိုလည်း ‌ဒေသခံများက စိုးရိမ်‌နေကြသည်။

စစ်တပ်၏ကြိုးကိုင်မှု‌အောက်တွင် ပြန်လည်ဖွဲ့စည်းမည့် DKBA တပ်ကို နယ်ခြား‌စောင့်တပ်အသွင်ဖွဲ့စည်းရန် လက်ခံသ‌ဘော တူမည်ကို ‌ဒေသခံများက စိုးရိမ်‌နေကြပြီး ထိုသ‌ဘောတူညီမှု၏ ‌နောက်ဆက်တွဲအဖြစ် ‌ဒေသခံရွာသားများကို အဓမ္မ စစ်သားစု ‌ဆောင်းမှုများ ပြုလုပ်လာမည်ကိုလည်း ရွာသားများက စိုးရိမ်‌နေကြသည်ဟု သိရသည်။

ယခုလို အငြင်းပွားဖွယ်ရာ နယ်ခြား‌စောင့်တပ်(BGF)ကို လက်ခံမည့် DKBA ‌ခေါင်း‌ဆောင်တချို့၏ ဆုံးဖြတ်ချက်အ‌ပေါ် ၎င်းတို့ အဖွဲ့မှ ကျန်ထိပ်ပိုင်း‌ခေါင်း‌ဆောင်များနှင့် တပ်သားများကလည်း ‌ကျေနပ်မှုမရှိဟု သိရသည်။

စစ်တပ်က ၎င်းတို့လိုလားသည့် BGF အသွင်‌ပြောင်း‌ရေးကို ‌သေချာမှုရှိ‌စေရန် DKBA နယ်‌မြေတွင် စစ်တပ်က အင်အားပြသည့် အ‌နေဖြင့် တပ်ရင်း ၁ဝခုကို ဧပြီ ၂၇ရက်‌နေ့ည‌နေက ထပ်မံ ပို့‌ဆောင်ထား‌ကြောင်း နယ်စပ်သတင်းများအရ သိရသည်။

ယခုလို BGF အသွင်‌ပြောင်း‌ရေး ဆုံးဖြတ်ချက်အ‌ပေါ် စိတ်ပျက်သည့်အပြင် DKBA အဖွဲ့အတွင်း ၂ ဖွဲ့ဖြစ်‌နေသည့် အ‌နေအထား ရှိ‌နေပြီး ၎င်းတို့အတွင်း ပဋိပက္ခဖြစ်ရန် ‌သေချာ‌နေ‌ကြောင်း DKBA အဖွဲ့မှ ဗိုလ်ကြီးတဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“DKBA အဖွဲ့ထဲမှာ ‌အော်တိုမက်တစ် ၂ခြမ်းကွဲလာနိုင်တယ်။ နယ်ခြား‌စောင့်တပ်ကို လက်ခံတဲ့အဖွဲ့‌တွေက ကျ‌နော်တို့ BGF ကို လက်မခံရင် သူတို့နဲ့ တိုက်ပွဲ‌တွေ ဖြစ်နိုင်တယ်။ လက်ခံသူ‌တွေက ကရင်လူထု‌တွေ ပိုပြီးဒုက္ခပိုမိုခံစားမယ်လို့ အငြင်းပွား ‌ပြော ‌နေကြတယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့ ကရင်လူထု‌တွေက ဒုက္ခခံစား‌နေကြပြီးသားပါ”ဟု ‌ပြောသည်။

ယခုသတင်းကို ‌ရေးသား‌နေချိန်တွင်ပင် လူသားချင်း စာနာကူညီ‌ပေး‌ရေးအဖွဲ့၊ ‌ဆေးဝန်ထမ်းများနှင့် ကရင်‌ခေါင်း‌ဆောင်များ သည် ထိုင်းနယ်စပ်ကို လတ်တ‌လော ‌ရောက်ရှိလာနိုင်သည့် ဒုက္ခသည် ၁‌သောင်းခန့်ကို ဝန်‌ဆောင်‌ပေးကြရမည်ဟု ‌ပြောဆိုခဲ့ ကြသည်။