Home သတင်း ‌တောင်ငူ‌ဒေသတွင်း လုပ်အားခိုင်း‌စေမှု ပိုများလာ

‌တောင်ငူ‌ဒေသတွင်း လုပ်အားခိုင်း‌စေမှု ပိုများလာ

1809
ဒီဇင်ဘာလ ၃။ နန်းထူးစံ (‌ကေအိုင်စီ)

ယခုလအတွင်း ‌တောင်ငူ‌ဒေသအတွင်း ဝင်‌ရောက်စခန်းချ‌နေ‌သော နအဖ စစ်တပ်များက ‌ဒေသခံ ရွာသူရွာသားများအား ‌ခေါ်ယူခိုင်း ‌စေရာတွင် အမျိုးသမီးများလည်း ပါဝင်သည်ဟု ထို‌ဒေသမှ လာသည့်သတင်းအရ သိရသည်။

‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ဝင်‌ရောက်အ‌ခြေချလှုပ်ရှားသည့် နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်(၅) လက်‌အောက်ခံ တပ် ရင်းများက ယခု‌ဆောင်းတွင်းချိန်တွင် ၎င်းတို့ တပ်စခန်းအတွက် လိုအပ်သည့် ရိက္ခာနှင့် စစ်အသုံးအ‌ဆောင်ပစ္စည်းများကို သယ်ယူ ပို့‌ဆောင်ရန် ပြီးခဲ့‌သော နိုဝင်ဘာလမှစ၍ ‌ဒေသခံရွာသူရွာသားများကို တသုတ်ပြီးတသုတ် ‌ခေါ်ယူခိုင်း‌စေမှုများ အဆက်မပြတ် လုပ် ‌ဆောင်‌နေ‌ကြောင်း ‌တောင်ငူ‌ဒေသခံများက ‌ပြောသည်။

“ထန်းတပင်မြို့နယ် ‌တောင်‌ပေါ်‌ဒေသ၊ နအဖ အ‌ခေါ်အ‌ဝေါ်အရဆို စစ်ဆင်‌ရေး‌ဒေသ‌တွေ‌ပေါ့။ အဲဒီမှာ အ‌ခြေချလှုပ်ရှားတဲ့ စကခ (၅)တပ်‌တွေက တပ်အတွက် ရိက္ခာ‌တွေ၊ စစ်အသုံးအ‌ဆောင်ပစ္စည်း‌တွေဖြစ်တဲ့ လက်နက်ကျည်ဆံ‌တွေကို သယ်ယူပို့‌ဆောင်တာ ‌တွေ လုပ်‌နေတယ်။ တ‌ခေါက်‌ခေါ်ရင် ရွာသူရွာသားအ‌ယောက် နှစ်ဆယ်က‌နေ သုံး‌လေးဆယ်‌လောက်‌ခေါ်တယ်။ အဲဒီအထဲမှာ လည်း အမျိုးသမီး‌တွေ အပါအဝင်‌ပေါ့”ဟု ‌တောင်ငူနယ်သား ‌စောအယ်ဝါးက ‌ပြောသည်။

ကားလမ်း‌ပေါက်သည့် တပ်စခန်းများတွင် ရွာသူရွာသားများ၏ ကားများကို ‌ချောဆွဲကာ ရွာသားများကို ၎င်းတို့လုံခြုံ‌ရေးအတွက်နှင့် မိုင်းရှင်းသည့်အ‌နေဖြင့်ဖြစ်‌စေ စစ်ကားများအ‌ရှေ့မှ သွားလာခိုင်းခြင်း၊ ကားလမ်းမရှိသည့် တပ်စခန်းများတွင်မူ လူအားနှင့် သယ်ပို့ ခိုင်းမှုများ ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ရက်‌နေ့က ထန်းတပင်မြို့နယ်ရှိ က‌လောမီးဒဲ‌ကျေးရွာတွင် စခန်းချသည့် နအဖ စကခ(၅) လက်‌အောက် ခံတပ်ရင်း ခမရ(၅၄၂)အဖွဲ့က ‌ကျေးရွာအတွင်းရှိ အမျိုးသမီး ၃၂ဦးနှင့် အမျိုးသား ၂၄ဦးတို့ကို ‌ခေါ်ယူပြီး က‌လောမီးဒဲစခန်းမှ ပလဲ ဝါးစခန်းသို့ တပ်ရိက္ခာအတွက် ဆန်များ သယ်ယူပို့‌ဆောင်ခိုင်းခဲ့သည်ဟု သိရသည်။

ထန်းတပင်မြို့နယ်ရှိ ဇီးဖြူကုန်းရွာသားတဦးက “ကျ‌နော်တို့ရွာမှာ နအဖ တပ်စခန်းရှိ‌တော့ တရက်ကို ရွာသား (၂)‌ယောက်စီ စခန်း မှာ ‌နေ့စဉ်သွားလုပ်‌ပေးရတဲ့အပြင် အခြားရွာသူရွာသား‌တွေကို‌ခေါ်ပြီး အခု သူတို့စခန်းအတွက် ဝါး‌တွေ ခုတ်‌ပေးရ၊ ရိက္ခာ‌တွေ သယ် ‌ပေးရနဲ့ ‌နေ့တိုင်းပဲ လုပ်‌ပေးရတယ်။ ကျ‌နော်တို့ရွာသား‌တွေအ‌ပေါ် ခိုင်းတာ အ‌ခြေအ‌နေ ‌တော်‌တော်ဆိုးတယ်”ဟု ‌ပြောသည်။

အဆိုပါ နအဖတပ်များသည် ရိက္ခာများ သယ်ယူပို့‌ဆောင်‌ရေးအတွက် သွားလာလှုပ်ရှားရာမှာ ‌ဒေသခံ ‌ကေအဲန်အယ်လ်‌အေ တပ် များနှင့် မကြာခဏ ‌ပြောက်ကျားတိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

‌ကေအဲန်ယူ တပ်မဟာ(၂)နယ်‌မြေဖြစ်သည့် ‌တောင်ငူခရိုင်တွင် နအဖ-စကခ (၅)တပ်ရင်းများနှင့် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံတပ်ရင်းများ လှုပ်ရှားလျက်ရှိရာ လက်ရှိအချိန် အ‌ခြေချစခန်း‌ပေါင်း (၇၈)ခုရှိပြီး အဆိုပါတပ်များသည် ၂၀၀၆ခုနှစ် ကတည်းက စတင် ဝင်‌ရောက်လာခြင်းဖြစ်သည်။