အောက်တိုဘာလ ၁၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြိ့နယ်ရှိ ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေတွင် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မ တော်(ကေအဲန်အယ်လ်အေ)နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့တို့ကြား ယမန် နေ့က ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတခု ဖြစ်ပွားခဲ့ရာ ဒီကေဘီအေဘက်က တပ်သား (၄)ဦး ကျဆုံးခဲ့သည်ဟု သတင်းရရှိသည်။
ယမန်နေ့ မနက်အစောပိုင်းတွင် ဒီကေဘီအေ (၉၉၉)တပ်မဟာ လုံခြုံရေးတပ်ဖွဲ့တပ်ခွဲ(၂)ခွဲနှင့် (၉၉၉)တပ်ရင်း (၄)မှ တပ်ဖွဲ့ ဝင်တို့ပူးပေါင်းပြီး စုစုပေါင်းတပ်အင်အား (၆၀)ခန့်သည် နယ်မြေရှင်းလင်းရန်အတွက် ကေအဲန်အယ်လ်အေတပ်ဖွဲ့များ၏ တည် ရှိရာနေရာများကို လိုက်လံရှာဖွေခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်ရင်း(၂၂) ဒုတပ်ရင်းမှူး ဗိုလ်မှူးစောဒီ့ကွယ်က ယခုလို ပြောသည်။
သူက “မနေ့မနက် (၄)နာရီမှာ တပ်ခွဲမှူး ဗိုလ်ကြီးမောင်လှသိန်း၊ ငြိမ်းအောင် ဦးစီးတဲ့ ဒီကေဘီအေ (၉၉၉) တပ်မဟာ လုံခြုံ ရေးတပ်ဖွဲ့ရယ်၊ ချားကလယ် ဦးစီးတဲ့ (၉၉၉) တပ်ရင်း(၄)က တပ်ဖွဲ့ရယ်ဟာ ကျနော်တို့ဘက်က တပ်ခွဲမှူး ဗိုလ်ကြီးပေါလူ ဦး ဆောင်တဲ့ တပ်ရင်း (၂၂)တပ်ဖွဲ့နဲ့ ပနွယ်ပူမှာ တိုက်ပွဲဖြစ်ခဲ့တယ်။ (၉၉၉)တပ်မဟာ လုံခြုံရေးတပ်ဖွဲ့က (၄)ယောက်သေတယ်။ ကျနော်တို့ဘက်ကတော့ ကြိုစောင့်ပြီးပစ်တဲ့အတွက် တယောက်မှ မထိဘူး”ဟု ပြောသည်။
မိနစ်(၂၀)ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြသည့် အဆိုပါရင်ဆိုင်တိုက်ပွဲတွင် ဒီကေဘီအေတပ်ဖွဲ့မှ အကျအဆုံးများ ရှိခဲ့ကြ သော်လည်း နှစ်ဖက်တပ်ဖွဲ့များက လက်နက်ခဲယမ်း တစုံတခုမှ သိမ်းဆည်းရမိခြင်းမရှိဟု ဗိုလ်မှူးစောဒီ့ကွယ်က ပြောသည်။
ထိုတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၎င်းဒီကေဘီအေပူးပေါင်းတပ်ဖွဲ့သည် မဲ့လာအားခီး၊ မဲ့လာအားထာ့၊ ကပေါ်လေး စသည့် ကျေးရွာ များသို့် ပြန်လည်ဝင်ရောက်လာပြီး ရွာသားများ၏ ကြက်၊ ဝက်များကို ပိုင်ရှင်များအား တစုံတရာ အသိပေး အကြောင်းကြား ခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်သတ်ယူစားခဲ့သည်ဟု သိရသည်။
၎င်းတိုက်ပွဲဖြစ်ပွားရာ ဒေသသည် ပြီးခဲ့သည့် ဇွန်လတုန်းက နအဖ စစ်တပ်နှင့် ဒီကေဘီအေ တပ်မဟာ သုံးခု ပူးပေါင်းကာ ကေအဲန်ယူကို ထိုးစစ်ဆင်ခဲ့ရာနယ်မြေများဖြစ်ပြီး ထိုးစစ်ကြောင့် ဒေသခံကရင်ပြည်သူ ၄,၀၀၀ကျော် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့ နယ်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ု
တချိန်တည်းတွင် ယနေ့မနက် ၈း၁ဝနာရီနှင့် ၁ဝး၃ဝနာရီအချိန်တွင် ဒီကေဘီအေ (၉၉၉) တပ်ရင်း (၄)မှ တပ်ဖွဲ့ဝင်များသည် မဲ့ လာအားထာ့ ကျေးရွာတွင် မြေမြှုပ်မိုင်းများကို လိုက်လံရှင်းလင်းရာမှ နှစ်ဦး ထပ်မံ ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရှိရသည်။
ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေတွင် အောက်တိုဘာလလယ်အထိ ကေအဲန်အယ်လ်အေနှင့် ဒီကေဘီအေတို့ကြား ပြောက် ကျားတိုက်ပွဲ ၅ကြိမ်၊ ရင်ဆိုင်တိုက်ပွဲ ၁ကြိမ်ဖြစ်ပွားခဲ့ရာ ဒီကေဘီအေဘက်က ၅ဦးသေဆုံး၍ ၁၅ဦးထိခိုက်ဒဏ်ရာရပြီး ကေ အဲန်ယူဘက်က ထိခိုက်သေဆုံးမှု မရှိကြောင်း ကေအဲန်ယူတပ်မဟာ (၇)ဌာနချုပ်၏ မှတ်တမ်းအရ သိရသည်။