(လကင်္ာဒီပ)
အသားငါး
စားမယ်ပြင်တိုင်း
တောရိုင်းပင်ပျို၊ ဗီးစပ်ချိုတွေ
ဟင်းချိုသောက်နေကြရ
သူတို့ ဘဝလေး
ကျုပ်….ပြေးမြင်မိတယ်။
အဆင်းလှလှ
အချင်းလှလှတွေမြင်တိုင်း
ဘဝလှိုင်းကြား အပြေးအလွှား
တေးသွားမညီကြ
သူတို့ ဘဝလေး
ကျုပ်…ရင်လေးနေမိတယ်။
အိမ်ယာ၊မြေယာ
တိုက်ကြီးတာကြီး ကားတွေစီးလို့
ရေမီးကြွယ်ဝ မြို့ပြလှတွေနဲ့
ဟိုး…သူတို့တွေရဲ့
အခင်းမဲ့နေ
မြေကမ္ဗလာ အိပ်ယာလေး
ယှဉ်တွေးနှိုင်းဆ
ကျုပ်…ကွာဟချက်တွေ ရှာနေမိတယ်။
တတိယနိုင်ငံလား
ကျုပ်မှာတော့…။
ကြက်ဥကြော်လေး
တိတ်တိတ်လေးမျို။
သင့်မြတ်သီချင်းလေး
တိတ်တိတ်လေးဆို။
ပူလောင်ခြင်း
အပြင်းစားတွေနဲ့
တိတ်တိတ်လေးညိုခဲ့ရ။
ဟိုတောင်ရိုး
မိုးညို့ညို့ ဟန်တွေပြင်
ဒီရင်ထဲ စိုးထိတ်လို့နေမိသူ။
ယမ်းငွေ့နဲ့ တိမ်ညို
ကျုပ်…အပြိုမစောစေချင်ဘူးကွယ်။ ။