Home သတင်း ယာယီဒုက္ခသည်စခန်းသစ် ထပ်မံအတည်ပြု

ယာယီဒုက္ခသည်စခန်းသစ် ထပ်မံအတည်ပြု

1911
ဇူလိုင် (၅)ရက်။ ‌စောခါးစူးညား။ (‌ကေအိုင်စီ)

နအဖ နှင့် ဒီ‌ကေဘီ‌အေတို့၏ ပူး‌ပေါင်းစစ်ဆင်မှု‌ကြောင့် ထိုင်းနိုင်ငံ ဘက်ကမ်းသို့ ထွက်‌ပြေးခိုလှုံလာ‌သော ကရင်စစ်‌ပြေး ဒုက္ခသည် များအတွက် ယာယီစခန်းသစ်တခုကို နိုဘိုး‌ကျေးရွာ ဘုန်းကြီး‌ကျောင်း နံ‌ဘေး၌ ထားရှိသွားရန် ထိုင်းအာဏာပိုင်များက ဇူလိုင် (၄) ရက်‌နေ့တွင် သ‌ဘောတူလိုက်ပြီဖြစ်‌ကြောင်း သိရသည်။

“ဒီ‌နေ့မှာပဲ သူတို့ (ထိုင်းအာဏာပိုင်) သ‌ဘောတူလိုက်တာ။ ကျ‌နော်တို့ကို အ‌ကြောင်းကြားပြီးပြီ။ အရင်က ထီးနူခို့မှာ ထားမယ်။ ဒါ‌ပေမဲ့ သူတို့က လုံခြုံ‌ရေး မယူ‌ပေးနိုင်ဘူးလို့ ‌ပြောတယ်‌လေ။ ဒါ‌ကြောင့် ဒီမှာပဲ ထားဖို့ ထိုင်းအာဏာပိုင်‌တွေက သ‌ဘောတူလိုက်တာ ဖြစ်တယ်” ဟု လယ်‌ပေါ်ဟဲ စခန်းဥက္ကဌ ‌စောတာစူးညားက ကရင်သတင်းစဉ်ကို ‌ပြောသည်။

ယခု ယာယီစခန်းသစ် တည်‌ဆောက်မည့်‌နေရာသည် နိုဘိုးရွာသူကြီး ပိုင်ဆိုင်သည့်‌မြေဖြစ်ပြီး ၎င်းအ‌နေဖြင့် စစ်‌ပြေးကရင်ဒုက္ခသည်များကို တတ်နိုင်သည့်ဘက်က ကူညီ‌ပေးရန် လိုလိုလားလားရှိသည်ဟုလည်း သိရသည်။

ယာယီစခန်းသစ်တခုကို ပြီးခဲ့သည့် ဇွန်လ‌နှောင်းပိုင်း၌ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့‌ဆောင်ယန်းမြို့နယ်ရှိ ထီးနူခို့‌ဒေသတွင် ထားရှိ ရန်ရှိ‌သော်လည်း ထိုင်းအာဏာပိုင်များက လုံခြုံ‌ရေး မယူ‌ပေးနိုင်သည့်အ‌ပေါ် ‌နောက်ထပ်‌နေရာသစ်တခုသို့ ‌ပြောင်း‌ရွှေ့ အ‌ခြေချ‌နေထိုင်နိုင်‌ရေးအတွက် ယခုလို ကြိုးပမ်း‌ဆောင်ရွက်ရခြင်းဖြစ်‌ကြောင်း နိုဘိုးဘုန်းကြီး‌ကျောင်းတွင် လက်ရှိခိုလှုံ‌နေသည့် ‌စေဖိုးခီး ‌ဘော်ဒါမှ ‌ကျောင်းဆရာ‌စောမူးက‌ပေါ်က ‌ပြောသည်။

စခန်းသစ် ‌ပြောင်း‌ရွှေ့ခြင်းနှင့် ပတ်သက်၍ ၎င်းက “အရင်‌ပြောင်းမယ့် ထီးနူခို့‌နေရာက ‌နေလို့‌ပျော်မှာ မဟုတ်ဘူး။ ‌ချောင်းနံ‌ဘေး မှာ ရှိတယ်‌လေ။ ‌ချောင်း‌ရေကြီးလာမယ်ဆိုရင် အန္တရာယ်ရှိတယ်။ ကျ‌နော်တို့က‌တော့ အခု‌နေရာကို ပိုကြိုက်တယ်။ လုံခြုံမှုလည်း ရှိတယ်လို့လည်း ခံစားရတယ်။ အခု‌နေတဲ့‌နေရာက ‌မြေကြီး‌ပေါ်မှာပဲ တာလပတ်ခင်းပြီး အိပ်‌နေရတယ်။ မိုးတွင်းကာလလည်း ဖြစ်‌တော့ အ‌ခြေအ‌နေက ‌တော်‌တော်ဆိုးတယ်”ဟု ဆိုသည်။

နိုဘိုး‌ကျေးရွာ ဘုန်းကြီး‌ကျောင်း‌အောက်တွင် တာလပတ်ခင်း၍ အိပ်‌နေရ‌သော ‌ကျောင်းသားများ
နိုဘိုး‌ကျေးရွာ ဘုန်းကြီး‌ကျောင်း‌အောက်တွင် တာလပတ်ခင်း၍ အိပ်‌နေရ‌သော ‌ကျောင်းသားများ (photo-KIC)

ဒုက္ခသည်စခန်းသစ်ကို ဖွင့်လှစ်သွားနိုင်‌ရေးအတွက် သ‌ဘောတူထား‌သော်လည်း ဒုက္ခသည်များက မည်သည့်‌နေ့ရက်မှ စတင် ‌ပြောင်း‌ရွှေ့ရမည်ကို ထိုင်းအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းသွားရဦးမည်ဖြစ်သည်ဟု ‌စောတာစူးညားက ‌ပြောသည်။ လက်ရှိ အ‌ခြေအ‌နေတွင် ဒုက္ခသည်များသည် မိုးတွင်းကာလဖြစ်‌နေသည့်အ‌ပေါ် ‌နေထိုင်ရန် ‌နေအိမ်များ မရှိ‌သေး‌သော‌ကြောင့် အိပ်စရာ ‌နေရာ အခက်အခဲများနှင့် ကြုံ‌တွေ့‌နေရသည်။

ပြီးခဲ့သည့် ဇွန်လ (၂)ရက်‌နေ့တွင် နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်ဖွဲ့တို့သည် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ တပ်မဟာ (၇)ကို ထိုးစစ်ဆင် တိုက်ခိုက်မှု‌ကြောင့် မြန်မာနိုင်ငံ ကရင်ပြည်နယ်အတွင်း ကရင်စစ်‌ပြေးဒုက္ခသည် (၄၀၀၀)ခန့် ထိုင်းနိုင်ငံ မဲ‌ဆောက် မြို့‌မြောက်ဖက် မဲ့သ‌ဝေါနှင့် မဲ့တာကြားရှိ ‌နေရာများ၌ လာ‌ရောက်ခိုလှုံခဲ့ကြသည်။