Home Authors Posts by KIC News

KIC News

14935 POSTS 0 COMMENTS

ဘ.ကကျောင်းပေါ် လက်နက်ကြီးကျ၍ ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသားတစ်ဦး ဒဏ်ရာရ

ဒီဇင်ဘာလ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့ တောင်ပိုင်း မောင်းမရွာသစ်ကျေးရွာ၊ ဘ.ကကျောင်းပေါ်သို့ ယနေ့ ဒီဇင်ဘာလ ၆ရက်၊ နေ့လည် ၁၂ နာရီကျော်တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းဆရာ မတစ်ဦးနှင့် ကျောင်းသားတစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်း...

နှစ်ဖက်ပစ်ခတ်မှုအပြီး ဖာပွန်−ကမမောင်းလမ်းပိုင်းကို BGF တပ်များက ပိတ်ဆို့ထား

ဒီဇင်ဘာလ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ဖာပွန်−ကမမောင်းလမ်းပိုင်းတစ်လျှောက်တွင် ယနေ့နံနက်ပိုင်းက နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့များနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ KNU မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေဖြစ်သည့် ဖာပွန်−ကမမောင်း လမ်းပိုင်းတွင်...

ကြက်သွန်နီဈေးမြင့်မားသဖြင့် စားသုံးသူများ ဝယ်မစားနိုင်ဖြစ်နေ

ဒီဇင်ဘာလ ၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်တွင် ကြက်သွန်နီဈေး တဖြည်းဖြည်း မြင့်မားလာနေသဖြင့် စားသုံးသူ ပြည်သူများမှာ ဝယ်မစားနိုင်တော့သည့်အခြေအနေအထိရှိလာနေကြောင်း သိရသည်။ လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းတွင် ကြက်သွန်နီဈေးနှုန်းသည် တစ်ပိသာလျှင် ၁၀၀၀ ကျပ်ကျော်သာရှိခဲ့ရာမှ ယခုအချိန်တွင် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်ကျော်အထိရှိလာသည့်အတွက် ဝယ်မစားနိုင်တော့သည့် အခြေအနေဖြစ်လာကြောင်း ဖားအံဒေသခံတစ်ဦးက...

တိုက်ပွဲကြောင့် သီပေါမြို့နယ်တွင် ဒေသခံ ၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ဒီဇင်ဘာ ၆ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အရှေ့ဘက် မန္တလေး-မူဆယ်လမ်းမကြီးပေါ်ရှိ ကုန်းသာကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ(၂၅)ရက်နေ့က စစ်ကောင်စီတပ်နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)တပ်ဖွဲ့တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ်ကြောင့် ဒေသခံ ၇၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်(SHRF)က ဒီဇင်ဘာလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ကုန်းသာကျေးရွာနှင့် ၃...

ခလယ်တံခွန်တိုင်တွင် စစ်ကြောင်းထပ်မံရောက်ရှိလာ၍ တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများစိုးရိမ်နေ

ဒီဇင်ဘာလ ၅ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာ ရဲစခန်းတွင် စစ်ကောင်စီတပ်များ ထပ်မံ၍ စစ်ကြောင်းထိုးရောက်ရှိလာနေသည့်အတွက် ဒေသအ တွင်း တိုက်ပွဲဖြစ်လာမည်ကို ရွာသားများက စိုးရိမ်လျက်ရှိသည်ဟု သိရသည်။ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာ နောင်တဲလမ်းဝမှတစ်ဆင့် တံခွန်တိုင်ရဲ စခန်းသို့ ယနေ့...

အသေးစား ချေးငွေယူထားသည့် ဒေသခံပြည်သူများ ချေးငွေပြန်ဆပ်ရန် ခက်ခဲနေ

ဒီဇင်ဘာ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးလာပြီး နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် အသေးစားချေး ငွေယူထားသည့် ဒေသခံပြည်သူများအနေဖြင့် ချေးငွေပြန်လည်ပေးဆပ်ရန် အခက်ကြုံနေကြရသည်ဟု ဒေသခံများများက ပြောသည်။ လက်ရှိတွင် မိမိတို့ ချေးငွေယူထားသည့် အသေးစား ပုဂ္ဂလိက ချေးငွေကုမ္ပဏီမှ အကြွေးဆပ်ရန်အတွက် အခက်အခဲရှိလာပြီး အချို့ဒေသခံများက မိမိတို့...

စစ်ကောင်စီတပ်က ရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် တိမ်းရှောင်ရသည့် စစ်ဘေးရှောင်အရေအတွက် ပိုတိုးလာနေ

ဒီဇင်ဘာလ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့ တောင်ပိုင်း ကျေးရွာများဘက်တွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်နေသောကြောင့် ဒေသခံများ နေ့စဉ် ရွှေ့ပြောင်းနေထိုင်ကာ ရွာပုန်းရွာရှောင်အဖြစ် လှည့်လည်နေထိုင်စစ်ဘေးရှောင် နေကြရသူအ ရေအတွက် ပိုတိုးလာနေကြောင်း သိရှိရသည်။ စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက “စစ်ဖြစ်နေတာဆိုတော့ အချိန်မရွေးကိုယ်တွေနေရာ ရောက်လာမှာစိုးလို့...

ကရင်အလံ နှစ်ထောင်ကျော် ပေးဝေသွားနိုင်ရန် ဧရာဝတီတိုင်း ကရင်လူငယ်များ စည်းရုံး လှုံ့ဆော်

ဒီဇင်ဘာ ၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်နှစ် ၂၇၆၂ နှစ်တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အားလုံးတွင် ကရင်အမျိုးသား အလံတော်ပေါင်းနှစ်ထောင်ကျော်ကို ပေးဝေသွားနိုင်ရန် ဧရာဝတီတိုင်း ကရင်လူငယ် များမှ ဦးဆောင်၍ စည်းရုံးလှုံ့ဆော်မှု(Campaign) တစ်ခု ပြုလုပ်နေကြောင်း...

ကေအိုင်စီရဲ့ သတင်းမီဒီယာလုပ်ငန်း ရေရှည်လည်ပတ်နိုင်ဖို့ တိုးတက်ဖို့အတွက် လူမှုအသိုင်းအဝိုင်းနဲ့ ပရိသတ်အားလုံးရဲ့ ဝန်းရံပံ့ပိုးမှုတွေက အရေးပါပါတယ်။ Subscribe button ကိုနှိပ်ပြီး Membership Program မှာ ပါဝင်အားဖြည့်လို့ရပါတယ်။​

ကေအိုင်စီရဲ့ သတင်းမီဒီယာလုပ်ငန်း ရေရှည်လည်ပတ်နိုင်ဖို့ တိုးတက်ဖို့အတွက် လူမှုအသိုင်းအဝိုင်းနဲ့ ပရိသတ်အားလုံးရဲ့ ဝန်းရံပံ့ပိုးမှုတွေက အရေးပါပါတယ်။ Subscribe button ကိုနှိပ်ပြီး Membership Program မှာ ပါဝင်အားဖြည့်လို့ရပါတယ်။​