Home သတင်း အစိုးရသစ်အ‌နေဖြင့် ‌မြေယာပြဿနာကို ဦးစား‌ပေး‌ဖြေရှင်းရမည့်ကဏ္ဍတွင်ထည့်သွင်းရန် လူ့အခွင့်အ‌ရေးဆုရ ‌စောအယ်‌စေးတိုက်တွန်း

အစိုးရသစ်အ‌နေဖြင့် ‌မြေယာပြဿနာကို ဦးစား‌ပေး‌ဖြေရှင်းရမည့်ကဏ္ဍတွင်ထည့်သွင်းရန် လူ့အခွင့်အ‌ရေးဆုရ ‌စောအယ်‌စေးတိုက်တွန်း

1842

ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

အစိုးရသစ်အ‌နေဖြင့် ‌မြေယာပြဿနာများကို ပထမဦးစား‌ပေး‌ဖြေရှင်းရမည့်ကဏ္ဍတွင် ထည့် သွင်းထားရန်လို‌ကြောင်း နယ်သာလန်အစိုးရ၏ ၂၀၂ဝ ပြည့်နှစ်၊ လူ့အခွင့်အ‌ရေးဆိုင်ရာ ကျူး လစ်ဆု (2020 Human Rights Tulip Award) ချီးမြှင့်ခံသူ ကယားပြည် ကမာ္ဘ့အခွင့် အ‌ရေး လှုပ်ရှား‌ဆောင်ရွက်မှုကွန်ရက် (Kayah Earthrights Action Network – KEAN) မှ ‌စော အယ်‌စေးက ‌ပြောသည်။

လက်ရှိအစိုးရ ငါးနှစ်သက်တမ်းတွင် ‌မြေယာကဏ္ဍနှင့်ပတ်သက်၍ သိသားထင်ရှားပြီး အနှစ် သာရရှိသည့် ပြုပြင်‌ပြောင်းလဲမှုမျိုးမ‌တွေ့‌သော်လည်း ၂၀၂ဝ ပြည့်နှစ်၊ နှစ်လည်ပိုင်းတွင် အမျိုးသား‌မြေယာ ဥပ‌ဒေကိုပြင်ဆင်ရန် ကြိုးစားလာသည်ကို‌တွေ့ရ‌ကြောင်းနှင့် သို့‌သော် လက်ရှိ ‌မြေယာများကို ဗဟိုချုပ်ကိုင်သည့် ပုံစံမျိုးဖြစ်‌နေကာ ဖက်ဒရယ်‌မြေယာ ဥပ‌ဒေမျိုးဖြစ် ရန် အလှမ်း‌ဝေးသည့် အ‌ခြေအ‌နေဖြစ်‌နေ‌ကြောင်း ‌စောအယ်‌စေးက ‌ပြောသည်။

“ဌာ‌နေတိုင်းရင်းသား‌တွေရဲ့ ‌မြေယာအခွင့်အ‌ရေးကို ဗဟိုက‌နေပဲ အားလုံး လိုက်စီမံခန့်ခွဲ တဲ့စ နစ်က ဒါဖက်ဒရယ်သွား‌နေတဲ့ လမ်း‌ကြောင်းနဲ့ ဆန့်ကျင်ဘက်လို့ ပထမ အချက်အ‌နေနဲ့ သုံးသပ်တယ်။ ‌နောက် ကျ‌နော်တို့ ‌မြေယာအခွင့်အ‌ရေး ‌တောင်းဆိုတယ်ဆိုတာက အခွင့်အ ‌ရေးအသစ်ကို ‌တောင်းဆို‌နေတာမဟုတ်ဘူး။ ကျ‌နော်တို့ဆီမှာ ရှိပြီးသားအခွင့်အ‌ရေးဘဲ ကျ‌နော်တို့ရဲ့ အ‌ခြေခံလူ့အခွင့်အ‌ရေးတရပ်ဖြစ်တယ်”ဟု ‌စောအယ်‌စေးက ‌ပြောသည်။

ထို့‌ကြောင့် ဌာ‌နေတိုင်းရင်းသားများ၏ ‌မြေယာ အခွင့်အ‌ရေး လှုပ်ရှား‌ပြောဆိုမှုများကို နား‌ထောင်အသိအမှတ်ပြုရန်လိုပြီး အစိုးရအ‌နေဖြင့် ‌ပေးသမျှသာယူဆိုသည့် ဖြစ်စဉ်မျိုး ‌နောင်လာမည့် သက်တမ်းတွင် ဆက်လုပ်မည်ဆိုပါက ‌မြေယာကဏ္ဍပြုပြင်‌ပြောင်းလဲ‌ရေးသည် အပြုသ‌ဘော‌ဆောင်သည့် ပြုပြင်‌ပြောင်းလဲ‌ရေး ဖြစ်လာမည်မဟုတ်ဟု ဌာ‌နေတိုင်း ရင်းသားများ၏ ‌မြေယာအခွင့်အ‌ရေးလှုပ်ရှားသူများက ‌ပြောသည်။

လက်ရှိ တိုင်းရင်းသား‌ဒေသများတွင် အစိုးရထုတ်‌ပေးသည့် ‌မြေပိုင်ဆိုင်ခွင့်အသိအမှတ်ပြု လက်မှတ်များမရှိ‌သော်လည်း ဌာ‌နေတိုင်းရင်းသားများက မိရိုးဖလာ‌မြေပိုင်ဆိုင်သည်ဟု မှတ်ယူထားခြင်းများရှိ‌နေပြီး ယင်း‌မြေများကို အစိုးရက ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်း သတ်မှတ်သည့်အတွက် ဌာ‌နေတိုင်းရင်းသားများ မိရိုးဖလာ ‌မြေယာပိုင်ဆိုင်ခွင့်ဆုံးရှုံးမည့် အ‌ခြေအ‌နေများ ဖြစ်‌ပေါ်‌နေ‌ကြောင်းသိရသည်။

ထို့‌ကြောင့် ‌မြေယာအ‌ရေးလှုပ်ရှားသူများက ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်း ဥပ‌ဒေအပါအဝင် ‌မြေယာဥပ‌ဒေများကို ပြင်ဆင်ကာ ဌာ‌နေတိုင်းရင်းသားများ၏ မိရိုးဖလာ‌မြေယာပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုရန် တိုက်တွန်း နှိုး‌ဆော်မှုများ လွန်ခဲ့သည့်နှစ်များက ဆက်တိုက် ထွက်‌ပေါ်လာခဲ့သည်။

“‌နောက်လာမယ့်အစိုးရသက်တမ်းမှာ နိုင်ငံရဲ့‌ဖြေရှင်းရမယ့် ပြဿနာ‌တွေထဲမှာ ကျ‌နော်တို့ အမျိုးသားပြန်လည် သင့်မြတ်‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေး လုပ်တဲ့အထဲမှာ ‌မြေယာ ကဏ္ဍကိုလည်း ပထမဦးစား‌ပေးထဲမှာ ထည့်သွင်း စဉ်းစားဖို့ လိုအပ်မယ်။ ဒီလိုမှ မဟုတ်ရင် ကျ‌နော်တို့နိုင်ငံရဲ့ ဖက်ဒရယ်အ‌ရေးဟာ ဆက်ပြီး‌တော့ အလှမ်း‌ဝေး ‌နေဦးမယ်ဆိုတာ ‌ပြောလိုတယ်”ဟု ‌စောအယ်‌စေးက ‌ပြောသည်။

‌စောအယ်‌စေး ချီးမြှင့်ခံရသည့် ၂၀၂ဝ ပြည့်နှစ်၊ လူ့အခွင့်အ‌ရေးဆိုင်ရာကျူးလစ်ဆု (2020 Human Rights Tulip Award)ဆုသည် နယ်သာလန်အစိုးရ၏ ကမာ္ဘတစ်ဝှမ်းရှိ လူ့အခွင့် အ‌ရေးကိစ္စများကို ငြိမ်းချမ်း‌သောနည်းဖြင့် ‌ဆောင်ရွက်‌နေသည့် အဖွဲ့အစည်း‌သော်လည်း ‌ကောင်း၊ လူပုဂ္ဂိုလ်‌သော်လည်း‌ကောင်း ၂၀၀၈ ခုနှစ်မှစ၍ နှစ်စဉ် ‌ရွေးချယ်‌ပေးအပ်သည့်ဆု ဖြစ်‌ကြောင်းသိရသည်။

ကယားပြည် ကမာ္ဘ့အခွင့်အ‌ရေးလှုပ်ရှား‌ဆောင်ရွက်မှုကွန်ရက် (Kayah Earthrights Action Network – KEAN) ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့အ‌နေဖြင့် ‌မြေယာအခွင့် အ‌ရေးကဏ္ဍ၊ သဘာဝအရင်းအမြစ်ကဏ္ဍ၊ သတ္တုဆိုင်ရာ အခွင့်အ‌ရေးကဏ္ဍနှင့် အကြီးစား ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို ‌စောင့်ကြည့် အသိပညာ‌ပေး‌ရေးတို့ကို လုပ်‌ဆောင်‌နေသည့်အဖွဲ့ ဖြစ်သည်။