Home သတင်း ကရင်ဂန္တဝင်‌တေးသံရှင် မူးထွန့်အွာ ကင်ဆာ‌ဝေဒနာ အဆင့်(၄) ‌ရောက်ရှိ‌နေ

ကရင်ဂန္တဝင်‌တေးသံရှင် မူးထွန့်အွာ ကင်ဆာ‌ဝေဒနာ အဆင့်(၄) ‌ရောက်ရှိ‌နေ

7628

နိုဝင်ဘာ ၂၃ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌စောရှား

ကရင်ဂီတ‌လောကတွင် ဂန္တဝင်‌တေးသံရှင်ဟု သတ်မှတ်ထားကြသည့် အသက်(၆၀)နှစ်အရွယ် ‌တေး‌ရေး၊‌တေးဆို နန်းမူး ထွန့်အွာ(မူးဓံင့်အွာ)၏ ရင်သားကင်ဆာ‌ရောဂါ ‌ဝေဒနာဖြစ်ပွားမှုမှာ အဆင့်(၄)သို့ ‌ရောက်ရှိ‌နေ‌ကြောင်း သိရသည်။

ဖားအံမြို့နယ်၊ ‌ကော့တာရွာတွင် ‌နေထိုင်သူ မူးထွန့်အွာသည် လွန်ခဲ့‌သော နှစ် ၃ဝကတည်းကပင် ရင်သားနာကျင်မှုများ စတင် ခံစားခဲ့ရ‌သော်လည်း ၎င်း‌နောက်ပိုင်း နာကျင်မှုများ မရှိ‌တော့သည့်အ‌ကြောင်း မူးထွန့်အွာက နိုဝင်ဘာ ၂၃ရက် (ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခုနှစ်ပိုင်းမှာမှ ရင်သားက ပြန်ပြီး နာကျင်လာတယ်။ အဲဒါနဲ့ လွန်ခဲ့တဲ့ ၁ဝ ရက်‌ကျော်က ဆရာဝန်သွားပြ‌တော့ ဆရာဝန်က ‌ပြောတယ်။ ခွဲစိတ်လို့ရ‌ပေမယ့် ပြန်‌ကောင်း‌တော့မှာ မဟုတ်ဘူး၊ ‌ရောဂါက အဆင့်(၄)‌ရောက်‌နေပြီတဲ့။ အဲလို‌ပြော‌တော့ ခွဲစိပ်လည်း ဘာထူး‌တော့မလဲ‌ပေါ့။ အိမ်မှာပဲ ပြန်ကု‌တော့မယ်ဆိုပြီး အခု အိမ်မှာပဲ ဗိ‌န္ဓော(တိုင်းရင်း) ‌ဆေးနဲ့ ပြန်လာကု‌နေပါတယ်။”ဟု ဟှာမူ့ မူးထွန့်အွာက ‌ပြောသည်။

နိုဝင်ဘာလ ၃ရက်နှင့် ၄ရက်‌နေ့က ဖားအံမြို့ရှိ ‌တော်ဝင်သုခအထူးကု‌ဆေးရုံတွင် သွား‌ရောက်ပြသခဲ့ခြင်းဖြစ်ပြီး လက်ရှိ အိမ်တွင်ရှိ‌နေသည့်အချိန်၌ ခါးနာကျင်မှု ပိုမိုဖြစ်‌နေပြီး ရင်သားအနည်းငယ်သာ နာကျင်ကာ စားဝင်အိပ်‌ပျော်ကာ လှုပ် ရှားသွားလာနိုင်‌နေ‌ကြောင်းလည်း သူမက ဆက်‌ပြောသည်။

နိုဝင်ဘာ ၂၃ရက်(ယ‌နေ့)တွင် ကရင်အနုသုခုမအသင်း(KCO) တာဝန်ရှိသူများကလည်း ဟှာ.မူ့ မူးထွန့်အွာ ‌နေအိမ်သို့ သွား‌ရောက်ကာ လက်‌ဆောင်ပစ္စည်းများနှင့်အတူ အား‌ပေးစကားများ‌ပြောကြားခဲ့ကြပြီး သူမအတွက် စိတ်ပူမှုများဖြင့် လာ‌ရောက်ခြင်းဖြစ်‌ကြောင်း လာ‌ရောက်‌တွေ့ဆုံသူ KCO ဥက္ကဌ၊ အဆို‌တော် ‌စော‌အေစီက ယခုလို ‌ပြောသည်။

“တာ‌နောင့်(အမ)မူးထွန့်အွာအတွက် စိတ်ပူပြီး ကျ‌နော်တို့လာ‌တွေ့တာပါ။ ကရင်ဂန္တဝင်‌တေးသံရှင်ထဲမှာ ဆရာ ‌ကျော်လိက်သိန့်တစ်‌ယောက်ကို လက်လွှတ်ခဲ့ရပြီးပြီ။ တာ‌နောင့်ကို‌တော့ လက်လွှတ်မခံနိုင်ဘူး။ ဒါ‌ကြောင့် အကြံ ဉာဏ်အားဖြင့် လူအား‌ငွေအားဖြင့် ဘာဝိုင်းဝန်းကူညီရမလဲဆိုပြီး လာ‌တွေ့တာပါ။”ဟု ‌ပြောသည်။

ပြည်တွင်းပြည်ပရှိ ကရင်ပရိဿတ်များ၏ အား‌ပေးမှုကို အခိုင်အမာရရှိထား‌သော မူးထွန့်အွာသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွင်သာမက ဩစ‌တြေးလျား၊ မ‌လေးရှား၊ ထိုင်းနိုင်ငံများအထိ သီချင်းများ သွား‌ရောက်သီဆို‌ဖျော်‌ဖြေခဲ့ရသူ ဖြစ်သည်။

ယခုလို ရင်သားကင်ဆာဖြစ်ပွား‌နေသည့် သတင်း‌ကြောင့် စိုးရိမ်ပူပန်‌နေသည့် ပရိဿတ်များကို စိတ်မပူကြရန် မူးထွန့် အွာက ယခုလို ‌ပြောသည်။

သူမက “ဒါ‌ပေမယ့် စိတ်မပူကြပါနဲ့။ ‌ရောဂါက ‌ပျောက်ရင်လည်း ‌ပျောက်ကင်းနိုင်သလို မ‌ပျောက်ရင်လည်း မ‌ပျောက် ဘူး‌ပေါ့။ ကုသိုလ်ကံနဲ့ပဲ ဆိုင်ပါ‌တော့တယ်။ ဒီတစ်သက်တာမှာ အနုပညာ‌တွေကို လုပ်ခွင့်ရတယ်။ အသက်အရွယ် ‌တောင် ၆ဝ ရှိခဲ့ပြီး။ အနားယူရမယ်ဆိုလည်း အနားယူနိုင်ပါပြီ။ ‌နောင်လာမယ့် မျိုးဆက်သစ်‌တွေအ‌နေနဲ့ အနုပညာ အလုပ်ကို လက်ဆင့်ကမ်း လုပ်‌ဆောင်သွားကြပါ။”ဟု ဆိုသည်။

အသက် ၁၈နှစ်အရွယ်ကပင် သီချင်းများ စတင် သီဆိုခဲ့သည့် အဆို‌တော် မူးထွန့်အွာသည် လက်ရှိအချိန်အထိ မိုနိုသီ ချင်းအမျိုးအစား အများစု ပါဝင်‌သော သီချင်းအပုဒ်‌ပေါင်း တစ်ရာ‌ကျော် သီဆိုထားခဲ့‌ကြောင်း သိရသည်။