Home ရွေးကောက်ပွဲသတင်း ရှင်းရှင်းလင်းလင်းဖြစ်ရန် နုတ်ထွက်ပြီးမှ ‌ရွေး‌ကောက်ပွဲဝင်ခြင်းဖြစ်ဟု အမျိုးသမီးအုပ်ချုပ်‌ရေးမှူး‌ပြော

ရှင်းရှင်းလင်းလင်းဖြစ်ရန် နုတ်ထွက်ပြီးမှ ‌ရွေး‌ကောက်ပွဲဝင်ခြင်းဖြစ်ဟု အမျိုးသမီးအုပ်ချုပ်‌ရေးမှူး‌ပြော

4827
စက်တင်ဘာ ၁၆ ရက်၊ ၂၀၂ဝ ပြည့်နှစ် ။ ‌စောထွန်းလင်း

‌ကျေးရွာအုပ်ချုပ်‌ရေးမှူးဘဝမှ နိုင်ငံ‌ရေးသမားအဖြစ်‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်ရာတွင် ရှင်းရှင်းလင်းလင်း ဖြစ်ရန် အတွက် အုပ်ချုပ်‌ရေးမှူးအဖြစ်မှ နုတ်ထွက်ထားပြီးဖြစ်သည်ဟု ဖားအံမြို့နယ်၊ ‌ကော့‌ထော် ‌ကျေးရွာအုပ်စု (‌တောင်က‌လေး) အမျိုးသမီးအုပ်ချုပ်‌ရေးမှူး နန်းခင်မသက်မာဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျမတို့က‌တော့ ကင်းရှင်းတယ်။ သူတို့ကကျ‌တော့ (ပြည်နယ်အစိုးရအဖွဲ့ဝင်‌တွေ) ပါတီအ‌ရောင်ပြပြီး‌တော့မှ နိုင်ငံ‌တော်ရဲ့ ဘတ်ဂျက်နဲ့ သွားတာ‌တွေ၊ ‌ပေးတာ‌တွေ သူတို့ကိုပိုအ‌ကောင်းမြင်‌အောင် လုပ်‌ဆောင်‌နေကြတာ ‌တွေ့ရ တယ်။ ပါတီနိုင်ငံ‌ရေး ကင်းရှင်းရမယ်ဆိုတာ အုပ်ချုပ်‌ရေး အချင်းချင်းတူတာ‌တောင်မှ သူတို့နဲ့ ကျမတို့ မတူတာ ‌တွေ့ရတယ်”ဟု နန်းခင်သက်မာဝင်းက ‌ပြောသည်။

‌တောင်က‌လေး အုပ်ချုပ်‌ရေးမှူးဟု လူသိများသည့် နန်းခင်သက်မာဝင်းသည် အဆိုပါတာဝန်ကို ၂၀၁၃ ခုနှစ်မှ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ ကရင်ပြည်နယ် အမှတ် ၇ (ဖားအံ -၂) တသီးပုဂ္ဂလကိုယ်စားလှယ် ‌လောင်းအဖြစ် အမည်စာရင်း မတင်သွင်းမီအချိန်ထိ ၈ နှစ်ကြာ တာဝန်ထမ်း‌ဆောင်ခဲ့သူ ဖြစ်သည်။

ထိုသို့ တာဝန်ထမ်း‌ဆောင်စဉ် ကာလအတွင်း ဖားအံမြို့နယ်၊ အုပ်ချုပ်‌ရေးမှူးက ဆင့်‌ခေါ်ကာ ‌ကျေးရွာ အုပ်ချုပ်‌ရေး မှူးများသည် ပါတီနိုင်ငံ‌ရေးကင်းရှင်းရမည်ဆိုသည့် ခံဝန်ကတိကို ၂ ကြိမ် တိုင်လက်မှတ်ထိုး ‌ပေးခဲ့ရဖူးသည်ဟု သူမက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အတွက် ‌ရွေး‌ကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်သည့်အခါ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးအဖြစ်မှ နုတ်ထွက်ပြီး ခရိုင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ အမည်စာရင်းတင်သွင်းခဲ့‌ကြောင်း၊ အမည်စာရင်းတင်သွင်းရာတွင် ခရိုင်‌ကော် မရှင်က အုပ်ချုပ်‌ရေးယန္တရားက လူများလည်း နုတ်မထွက်ဘဲ ‌ရွေး‌ကောက်ပွဲ ဝင်နိုင်သည်ဟု ညွှန်ကြားစာရှိ ထား‌ကြောင်း ရှင်းပြခဲ့သည်ဟု ဆိုသည်။

ပြည်နယ်၊ အမှတ် ၇ အမျိုးသားလွတ်‌တော်ကိုယ်စားလှယ်‌လောင်း နန်းခင်သက်မာဝင်းသည် ‌တောင်က‌လေး ဘုန်း‌တော်ကြီးသင် ပညာ‌ရေး‌ကျောင်းတွင် အထက်တန်းပြနှင့် ‌ကျောင်းအုပ်တာဝန်များကို ထမ်း‌ဆောင်ခဲ့ဖူး သူဖြစ်သလို ဖလုံပညာဖွံ့ဖြိုးတိုးတက်‌ရေး အဖွဲ့(PEDU) ဥက္ကဋ္ဌ၊ အထက ‌တောင်က‌လေး ‌ကျောင်းသား ‌ဟောင်းအဖွဲ့ ဥက္ကဋ္ဌ တာဝန်များကို လည်းလုပ်‌ဆောင်ခဲ့ဖူးသူ တဦးဖြစ်သည်။

“ပြည်နယ်က ကိုယ်ကရင်လူမျိုး‌တွေမိမိရဲ့ ‌ခေါင်း‌ဆောင်ကို ‌ရွေးချယ်တဲ့အခါမှာ၊ ‌ကောင်းတဲ့သူကို ‌ရွေးချယ်လို့ ရှိရင် ‌ကောင်းတဲ့‌ခေါင်း‌ဆောင်ကို ရရှိမယ်လို့ ‌ပြောချင်တယ်” ဟု သူမက ‌ပြောသည်။

‌တောင်က‌လေး အမျိုးသမီးအုပ်ချုပ်‌ရေးမှူး‌ဟောင်း နန်းခင်သက်မာဝင်း ဝင်ပြိုင်မည့် ပြည်နယ် အမျိုးသား လွှတ် ‌တော် အမှတ် ၇ တွင် သူမနှင့်အတူ ပါတီအသီးသီးမှကိုယ်စားလှယ် ၇ ဦးဝင်ပြိုင်သွားမည်ဖြစ်သည်။