Home သတင်း KNU ၏ ကိုရိုနာဗိုင်းရပ်စ် ကျန်းမာ‌ရေး စစ်‌ဆေး‌ရေးဂိတ်တစ်ခုတွင် တပ်မ‌တော်မှ ဝင်‌ရောက်‌နေရာယူမှုဖြစ်ပွား

KNU ၏ ကိုရိုနာဗိုင်းရပ်စ် ကျန်းမာ‌ရေး စစ်‌ဆေး‌ရေးဂိတ်တစ်ခုတွင် တပ်မ‌တော်မှ ဝင်‌ရောက်‌နေရာယူမှုဖြစ်ပွား

11879
Photo: KNU

‌မေလ ၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ ၁)၊ သထုံမြို့နယ်၊ ထုံးဘို‌လေး ရွာအ တွင်း KNU ဘက်မှ ဖွင့်လှစ်ထားသည့် Covid -19 ‌ရောဂါကာကွယ်‌ရေး ကျန်းမာ‌ရေးစစ်‌ဆေး‌ရေးဂိတ်‌နေရာတွင် ယမန်‌နေ့က တပ်မ‌တော်မှ အင်အား ၂ဝခန့် ဝင်‌ရောက်‌နေရာယူ စခန်းချမှုများပြုလုပ်ခဲ့‌ကြောင်း KNU ဘက်က ‌ပြောသည်။

Covid -19 ‌ရောဂါကာကွယ်‌ရေးအတွက် KNU သထုံခရိုင်၊ သထုံမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ကျန်းမာ ‌ရေးစစ်‌ဆေး‌ရေးဂိတ်များအား ဖျက်သိမ်း‌ပေးရန် ပြီးခဲ့သည့်ရက်ပိုင်းက တပ်မ‌တော် အ‌ရှေ့‌တောင်တိုင်း စစ်ဌာန ချုပ်-ရတခဘက်မှ ဖိအား‌ပေးမှုများရှိခဲ့ပြီး‌နောက် ယမန်‌နေ့က ထိုသို့ဝင်‌ရောက်‌နေရာယူမှုများဖြစ်ပွား ခဲ့ခြင်းဖြစ် ‌ကြောင်း KNU သထုံခရိုင် အတွင်း‌ရေးမှူး ပဒို‌စောစိုးမြင့်က ယ‌နေ့ ( ‌မေ ၁ရက်) ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ကျန်းမာ‌ရေးစစ်‌ဆေး‌ရေးဂိတ်တစ်ခုဖြစ်တဲ့ သထုံမြို့နယ်၊ ထုံးဘို‌လေး‌ကျေးရွာဂိတ်မှာ မ‌နေ့က ဧပြီ ၃ဝ ည‌နေ ၃ နာရီ‌လောက်မှာ အထက်က အမိန့်အရ ဆိုပြီး တပ်မ‌တော်ဘက်က စစ်‌ကြောင်း ၂ ‌ကြောင်းက ဂိတ်ရှိတဲ့ လမ်း‌ကြောတစ်ဖက်မှာ ‌နေရာလာယူတယ်။ ဒီ မနက်မှာ‌တော့ တပ်မ‌တော်စစ်‌ကြောင်း ၂ ဖွဲ့ထဲက တစ်ဖွဲ့က သူတို့‌နေတဲ့ ‌နေရာကို ပြန်တက်သွားတယ်။ ထုံးဘို‌လေး ဘုန်းကြီး‌ကျောင်းမှာ‌တော့ တစ်ဖွဲ့ ရှိ‌သေးတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကမ္ဘာ့နိုင်ငံအသီးသီးသာမက မြန်မာနိုင်ငံတွင်ပါ ‌တွေ့ကြုံ‌နေရသည့် ကိုရိုနာဗိုင်းရပ်စ်ကပ်‌ရောဂါ နှင့်ပတ်သက်ပြီး KNU ကရင်အမျိုးသားအစည်းအရုံးအ‌နေဖြင့် ၎င်းတို့နယ်‌မြေ ‌ဒေသများအတွင်း ကျန်းမာ‌ရေးစစ်‌ဆေး‌ရေး ဂိတ် များဖွင့်လှစ်ထားရှိကာ ‌ရောဂါကာကွယ် တားဆီး‌ရေးလုပ်ငန်းများကို လုပ်‌ဆောင်‌နေမှုများရှိခဲ့သည်။

ထိုသို့လုပ်‌ဆောင်‌နေရာမှ KNU ကရင်အမျိုးသားအစည်းအရုံးအ‌နေဖြင့် ၎င်းတို့နယ်‌မြေတစ်ခုအဖြစ် သတ်မှတ် ထားသည့် ‌မော်စကို‌ဒေသတွင်းရှိ ကျန်းမာ‌ရေးစစ်‌ဆေး‌ရေးဂိတ်များ ဖျက်သိမ်း‌ပေးရန် ဖိအား‌ပေးမှုများ‌ကြောင့် ယခုအဆိုပါ‌ဒေသတွင်း ကျန်းမာ‌ရေးစစ်‌ဆေး‌ရေးဂိတ် ၃ ခုအား ဖျက်သိမ်းလိုက်ရပြီဖြစ်‌ကြောင်းလည်း KNU သထုံခရိုင်တာဝန်ရှိသူများက ‌ပြောသည်။

Photo: KNU

KNU သထုံခရိုင်အတိုင်းအတာအ‌နေဖြင့် ယခု ဧပြီလမှစ၍ ၎င်းတို့၏ နယ်‌မြေအတွင်း ကိုရိုနာဗိုင်းရပ်စ် (Covid -19) ကူးစက်‌ရောဂါအတွက် ကျန်းမာ‌ရေးစစ်‌ဆေး‌ရေးဂိတ် စုစု‌ပေါင်း ၉ ခုဖွင့်လှစ်ထားသည့်အနက် ‌မော်စကို၌ ၃ ခု ဖြုတ်သိမ်းလိုက်ရပြီး ဘီးလင်း၊ ဖားအံ၊ ကျိုက်ထိုနှင့် သထုံမြို့နယ်တွင် ၆ ခု ကျန်ရှိ‌နေ‌သေးသည်ဟု သိရ သည်။

COVID-19 ‌ရောဂါကာကွယ်ထိန်းချုပ်‌ရေးဆိုင်ရာ လုပ်ငန်းများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အ ‌ခြေစိုက်ရာ‌ဒေသများတွင် ‌ဆောင်ရွက်နိုင်ရန် “Covid -19 ကာကွယ်ထိန်းချုပ်ကုသ‌ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူး‌ပေါင်း‌ဆောင်ရွက်‌ရေး‌ကော်မတီ”ကို ဖွဲ့စည်းလိုက်သည်ဟု မြန်မာအစိုးရ သမ္မတရုံးက ဧပြီလ ၂၇ရက်‌နေ့ ရက်စွဲဖြင့် ‌ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံ‌တော် သမ္မတရုံးမှ ထိုသို့ထုတ်ပြန်ထား‌သော်လည်း လက်‌တွေ့ ‌မြေပြင်အ‌ခြေအ‌နေမှာ ယခုလို ဖြစ်ပွားသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ‌ဒေသအတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသ‌ရေးအတွက် ညှိနှိုင်းပူး‌ပေါင်းမှု ‌ဆောင်ရွက်‌ရေးနှင့် ပတ်သက်၍ ‌မေးခွန်းထုတ် စရာဖြစ်လာသည်ဟု KNUဘက်က ‌ပြောသည်။

အဆိုပါ KNUနှင့် တပ်မ‌တော်အကြား နှစ်ဖက်တင်းမာမှု ဖြစ်ပွား‌နေသည့် ‌နေရာတွင် စစ်ယူနီ‌ဖောင်းနှင့် လက်နက်ကိုင်ပြီး ဝင် ‌ရောက်၍ မရသည့် ‌နေရာဖြစ်သည်ဟု အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ် ‌ပြောခွင့်ရ ဗိုလ်မှူးကြီး‌မောင်‌မောင်လတ် ယမန်‌နေ့ (ဧပြီ ၃၀)ရက်က ‌ကေအိုင်စီသို့ ‌ပြောဆိုထားသည်။