Home ဆောင်းပါး သဘာဝ ပုံရိပ်တို့ လွှမ်းခြုံရာ ‌ပေ‌လေခီးရွာ

သဘာဝ ပုံရိပ်တို့ လွှမ်းခြုံရာ ‌ပေ‌လေခီးရွာ

4686


‌စောထွန်းလင်း
(၁၉ ဇူလိုင်၊ ၂၀၁၉)

နှစ် ၁၅ဝ ပြည့် ‌ပေ‌လေခီး ကရင်နှစ်ခြင်းအသင်း‌တော် ဆိုင်းပုဒ်ကို ပန်းပင်များက သိုင်းခြုံထားသည်။ တစ်ဝက်တပျက်သာ မြင်ရသည့် ဆိုင်းပုဒ်ကို အပြည့်အစုံ မြင်လို၍ ရွက်လှပန်းပင်များကို တိုး‌ဝှေ့ကာ ဖတ်ကြည့်လိုက်ရာတွင် ၁၈၅၃-၂၀၀၄ ဟု အစချီထားသည့် နှစ် ၁၅ဝပြည့် ဆိုင်းပုဒ်ဖြစ်‌ကြောင်း ‌တွေ့ရသည်။ ယခု ၂၀၁၉ခုနှစ်တွင် ‌ပေ‌လေခီး ရွာဘုရား‌ကျောင်း တည်ရှိ‌နေသည်မှာ နှစ်‌ပေါင်း ၁၆၅နှစ်ရှိပြီး ဖြစ်သည်။

‌ပေ‌လေခီးရွာသည် ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်အတွင်းတည်ရှိပြီး ‌တောင်ငူ-သံ‌တောင်ကားလမ်း မိုင်တိုင် ၂၂ခန့် တွင်ရှိသည်။ ‌ပေ‌လေခီးရွာဟုဆိုလျှင် သံ‌တောင်ကြီး‌ဒေသခံများအ‌နေဖြင့် အလွယ်တကူသိရှိနိုင်မည်ဖြစ်‌သော်လည်း သံ‌တောင်ကြီးသို့ လာ‌ရောက်လည်ပတ်သူများအ‌နေဖြင့် မည်သည့်‌နေရာတွင် ရှိသည်ကို အလွယ်တကူသိရန် မလွယ်။

အဘယ်‌ကြောင့်ဆို‌သော် ‌တောင်ငူ-သံ‌တောင်ကြီး ကမ်းလမ်းမ‌ဘေးရှိ ရွာအဝင်ဆိုင်းပုဒ်ကို ‌တောပြာကြီးရွာဟုသာ ဆိုင်းပုဒ်တင် ညွှန်းဆိုထားခြင်း‌ကြောင့် ဖြစ်သည်။ ရွာသို့အသွား ဆိုင်းပုဒ်ရှိရာ လမ်းခွဲ၏အထက်နားတွင် တပ်မ‌တော်၏ တပ်စခန်းတစ်ခုတည် ရှိပြီး ‌အောက်နား မလှမ်းမကမ်းတွင် တပ်စစ်‌ဆေး‌ရေးဂိတ်တစ်ခု ရှိ‌နေသည်ကို ‌တွေ့ရမည် ဖြစ်သည်။

ထို့အပြင် ရွာဆိုင်းပုဒ်‌ဘေးမှ လှမ်းကြည့်မည်ဆိုလျင် အုပ်မှိုင်း‌နေသည့် ‌တော၊ ‌တောင်များကိုသာ‌တွေ့ရမည်ဖြစ်ပြီး ရွာကိုမူ ကားလမ်း‌ပေါ်မှ မ‌တွေ့နိုင်‌ပေ။ ရွာသို့သွားလိုလျှင် ကားလမ်းမ‌ဘေးမှ တစ်မိုင်‌ကျော်ခန့် မက်‌စောက်သည့် ‌တောင်တက်၊ ‌တောင် ဆင်းလမ်းကြမ်းအတိုင်း သွားမှသာ ‌တော၊ ‌တောင်၊ လျှို‌မြှောင်များအကြား သဘာဝအတိုင်း လှပပြီး ‌အေးချမ်း‌နေသည့် ‌ပေ‌လေ ခီး‌ကျေးရွာသို့ ‌ရောက်ရှိမည်ဖြစ်သည်။

‌ပေ‌လေခီးရွာသည် ကရင်တိုင်းရင်းသား၊ ခရစ်ယာန်ဘာသာဝင်များသာ ‌နေထိုင်သည့်ရွာဖြစ်ပြီး လက်ရှိ စာရင်းများအရ အိမ် ‌ထောင်စု ၁၈ဝခန့်ရှိကာ လူဦး‌ရေ ၁,၀၀ဝခန့်‌နေထိုင်သည်။ ရွာဧရိယာမှာမူ ဧက ၁၀,၀၀ဝခန့်ရှိသည်ဟု ဆိုသည်။ လူ‌နေထိုင်မှု များပြားသည်ဟု မဆိုနိုင်‌သော်လည်း ထိုရွာမှာ ‌ရှေးနှစ်‌ပေါင်း ၂၀၀‌ကျော်ကတည်းက တည်ရှိခဲ့သည့် ‌ရှေး‌ဟောင်းကရင်ရွာကြီး တစ်ရွာ ဖြစ်သည်။

ရွာ‌နောက်ခံသမိုင်း

‌ပေ‌လေခီးရွာကို ၁၈၀ဝ ခုနှစ်ခန့်တွင်‌ရွှေ့‌ပြောင်း‌တောင်ယာလုပ်ကိုင်သည့် ကရင်တိုင်းရင်းသားများအ‌ခြေချ စတင် ‌နေထိုင်ခဲ့ သည်ဟု ‌ရှေးဘိုးဘွားများ၏ လက်ဆင့်ကမ်းစကားများအရ သိရသည်။ ထု့ိ‌နောက် ခရစ်ယာန်သာသနာ ၁၈၄ဝ ခုနှစ်ခန့်တွင် စတင်‌ရောက်ရှိလာပြီး ၁၈၅၃ ခုနှစ်တွင် အသင်း‌တော် စတင်တည်‌ထောင်နိုင်ခဲ့သည်ဟု ရွာသား အဖူး‌စောလုံး‌နေက ‌ပြောသည်။

ရွာကို စတင်တည်‌ထောင်စဉ်ကတည်းက ‌ပေ‌လေခီးဟု အမည်‌ပေးခဲ့သည်။ ‘‌ပေ‌လေ’မှာ ပသီ‌ချောင်းကို ဆိုလိုခြင်း ဖြစ်ပြီး ‘ခီး’မှာ အစွန်အဖျားဖြစ်သည့်အတွက် ပသီ‌ချောင်းဖျားရွာ၊ ကရင်လို ‘‌ပေ‌လေခီး’ရွာဟု ‌ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ‌ပေ‌လေခီးရွာကို ‌ရှေးကရင်လူကြီး ၁၁ဦးက စတင်တည်‌ထောင်ခဲ့ပြီး ၎င်းတို့သည် ‌ပေ‌လေခီးလူမျိုးများအဖြစ် ခံယူကာ ယခုထိ အဆိုပါ ၁၁ဦး၏ ‌ဆွေမျိုးများက ‌ပေ‌လေခီးမျိုးနွယ်စုများဟု ခံယူထားကြသည်။

“သူတို့က သူတို့ကိုယ် သူတို့ လူမျိုးစုလို့ ခံယူတယ်။ သူတို့က အင်းဝ‌ခေတ်ကတည်းက အင်းဝဘုရင်ကို အခွန်လွတ်ဖို့ သွား ‌တောင်းဆိုတယ်။ သုံးလသွားရတယ်။ (ကလယ်လဲ အဝ) အင်းဝကို သွားမယ်‌ပေါ့။”ဟု ပ‌လေခီးရွာ ရပ်မိရပ်ဖ တစ်ဦးက‌ပြောသည်။ ‌ပြောသည်။

ဟိုးယခင်က သံ‌တောင်ကြီးမြို့နယ် အ‌ရှေ့ပိုင်း‌ကျေးရွာများမှ ‌တောင်ငူသို့သွားလျှင် ‌ပေ‌လေခီးရွာနားတွင် ခရီးတစ်‌ထောက် နား‌လေ့ရှိသည်။ ရွာအနီးတွင် ‌ကျောက်ဖျာကြီးရှိသည့်အတွက်‌ကြောင့် ဖြစ်သည်ဟု ဆိုသည်။ ‌ကျောက်ဖျာတုံးကြီး‌ပေါ်တွင် ချက်ပြုတ်စား‌သောက်ခြင်း၊ အိပ်စက် အနားယူခြင်း စသဖြင့် ခရီးတစ်‌ထောက် ခိုနားရာ ဖြစ်ခဲ့သည့်အတွက် ‌ကျောက်ဖျာကြီးဟု လည်း အမည်တွင်ခဲ့ဖူးသည်။

ထို့‌နောက် အစိုးရဝန်ထမ်းတစ်ဦးက ‌ကျောက်ဖျာကြီးကို ‌ဘေးပတ်လည်တစ်ခွင် စိမ်းညို့မှိုင်း‌နေပြီး လှမ်းကြည့်လိုက်ပါက ‌တော ပြာပြာကိုသာမြင်ရသည့်အတွက် ‌ကျောက်ဖျာကြီးအစား ‌တောပြာကြီးဟု‌ခေါ်ဆိုရာမှ ‌တောပြာကြီးရွာဟု အမည်တွင်ခဲ့သည်ဟု ရွာသားများထံမှ သိရသည်။

ပင်လယ်‌ရေမျက်နှာပြင် အထက် ‌ပေ ၄,၀၀ဝ ခန့်တွင်ရှိသည့် ‌ပေ‌လေခီး ‌ခေါ် ‌တောပြာကြီးရွာသည် ယခင်က အလွန်‌အေးစိမ့် သည့် ရာသီဥတုရှိကာ မိုးတွင်းဆိုလျင် မြူများ အုပ်မှိုင်း‌နေသည်။ ထု့ိအတွက် အချို့ရွာသားများမှာ အ‌နွေးဓါတ်ပိုသည့် သံ‌တောင် ကြီးသို့ ‌ပြောင်း‌ရွှေ့‌နေထိုင်သူများလည်းရှိသလို အချို့မှာမူ သံ‌တောင်ဘက်သို့ ‌ပြောင်း‌ရွှေ့‌နေထိုင်ကြသည်ဟု ရွာသားများက ဆိုသည်။

သဘာဝ လျှပ်စစ်မီး
‌ပေ‌လေခီးရွာတွင် လွန်ခဲ့သည့် နှစ် ၂ဝ မှ စတင်ကာ သဘာဝလျှပ်စစ်မီးကို စတင်အသုံးပြုခဲ့သည်။ ရွာ ‌ရေအရင်းအမြစ်ကုန်း‌ပေါ် မှ သဘာဝ စိမ့်စမ်းတွင်းများမှထွက်သည့် ‌ရေကို ပိုက်များဖြင့် အဆင့်ဆင့် သွယ်တန်းကာ 2K၊ 3K၊ 5K အစရှိသည့် ဒိုင်နမိုကို လည်ပတ်‌စေပြီး လျှပ်စစ်မီးထုတ်ယူခြင်းဖြစ်သည်။ ထို့အတွက် ‌ရေပိုက်၊ လျှပ်စစ် မီးကြိုး၊ ဒိုင်နမိုအတွက် ကုန်ကျစရိတ် ကျပ် ၅သိန်းခန့်ရှိပြီး လျှပ်စစ်မီးသီး၊ မီး‌ချောင်းထွန်းနိုင်သလို တီဗွီ ကြည့်ရာတွင်လည်း အသုံးပြုနိုင်သည်။

ဒိုင်နမိုအကြီး တပ်ဆင်ထားသည့် အချို့အိမ်များမှာမူ မီးပူတိုက်ခြင်းအတွက်ပါ သဘာဝလျှပ်စစ်မီးကို အသုံးပြုနိုင်ခြင်းများရှိ သည်။ ယခုလို မိုးတွင်းကာလတွင် ‌ရေစီးအားများသည့်အတွက် ပိုက်ပျက်ခြင်း၊ ဒိုင်နမိုအတွင်း ‌ရေဝင်ပြီး ‌လောင်ကျွမ်းသည့်အ တွက် ပြန်လည်ပြုပြင်ရခြင်းနှင့် ‌နွေရာသီ ‌ရေအားနည်းသည့်အခါ မီးအားနည်းခြင်းများလည်း ကြုံရသည်ဟု အသုံးပြု‌နေသူများ က ဆိုသည်။

၂၀၁၃ ခုနှစ်တွင် ကုမ္ပဏီတစ်ခုက ‌ကျေးရွာတွင် လျှပ်စစ်မီးသွယ်တန်းရန် ဓါတ်တိုင်များ လာစိုက်ခြင်းများပြုလုပ်ခဲ့ဖူး‌သော်လည်း အ‌ကြောင်းအမျိုးမျိုး‌ကြောင့် လျှပ်စစ်မီး မရခဲ့‌ပေ။ ယခုအစိုးရ လက်ထက်တွင် လျှပ်စစ်မီးကို အစိုးရဆီမှ ‌ချေး‌ငွေယူကာ ကိုယ်ထူ ကိုယ်ထ ပြန်သွယ်တန်းကာ လျှပ်စစ်မီးရရှိပြီးဖြစ်သည်။

သို့‌သော် အစိုးရထံမှ ‌ချေး‌ငွေမှာ တစ်အိမ်‌ထောင်လျှင် ကျပ်နှစ်သိန်း ရယူပြီး အတိုးနှုန်းမှာ ကျပ်နှစ်‌သောင်း ဖြစ်သည်ဟု ရွာသား များက ‌ပြောဆို‌သော်လည်း မည်သည့်ဌာနမှ မည်သည့်ပုံစံ၊ မည်သို့ ‌ချေး‌ငွေရပြီး အတိုးနှုန်းမည်သို့ တွက်ချက်သည်ကို ရွာသား များ ရှင်းရှင်းလင်းလင်း မသိဖြစ်‌နေကြသည်။

“အစိုးရ မီတာခက ကုန်ကျစရိတ် နှစ်သိန်းလို့‌ပြောတယ်။ ‌နောက် ကြိုးဖိုး မီးလာရိုက်ခနဲ့ ရွာထဲကို ဓါတ်တိုင်‌တွေ စိုက်တာ‌တွေနဲ့ ဆို ကျပ် ၅သိန်း‌လောက်ကုန်တယ်။ စိတ်မ‌ကောင်းတာက ဓါတ်တိုင်‌တွေစိုက်ဖို့ လုပ်အား‌ပေးက ရွာသား‌တွေ အကုန်လုပ်ရ တယ်။ မီးရ‌တော့ ပိုက်ဆံ နှစ်သိန်းမတတ်နိုင်တဲ့ အိမ်‌တွေမရဘူး။ သူတို့လည်း လုပ်အား‌ပေးခဲ့ကြတာပဲ‌လေ။ ဒါကို စိတ်မ‌ကောင်း ဖြစ်တယ်။ တ‌ပြေးညီ မခံစားရသလိုဖြစ်တယ်။ ဒီ‌တော့ ကျ‌နော် မီးမယူဘူး။”ဟု ရွာသားတစ်ဦးက ‌ကေအိုင်စီသို့ ရင်ဖွင့်‌ပြောဆို သည်။

ရွာ‌ရေအရင်းအမြစ်နှင့် ‌ရေပူစမ်း
သံ‌တောင်ကြီးမြို့နယ်သည် ‌ကျောက်‌တောင်များ ဖြစ်သည်နှင့်အညီ ‌သောက်သုံး‌ရေအတွက် အဝီစိတွင်းတူး၍ မရနိုင်ဘဲ သဘာဝစမ်းတွင်းများမှ ထွက်သည့်‌ရေကိုသာ သွယ်တန်း သို‌လှောင်သုံးစွဲရခြင်း ဖြစ်သည်။ ‌ပေ‌လေခီးရွာတွင်လည်း သဘာဝ ‌ရေအရင်းအမြစ် ‌တောင်ကုန်းတစ်ခု တည်ရှိသည်။ အဆိုပါ ‌တောင်ကုန်းစမ်းတွင်းများမှ ထွက်သည့် ‌ရေကို ‌သောက်သုံးသလို သဘာဝလျှပ်စစ်ထုတ်ယူရာတွင်လည်း အဓိက အသုံးပြု‌နေရသည်။

အစိုးရက အဆိုပါ ‌ရေအရင်းအမြစ်‌တောင်ကုန်း‌ပေါ်တွင် နည်းပညာအထက်တန်း‌ကျောင်း‌ဆောက်ရန် လျာထားမှုကို ‌ဒေသခံများက ‌ရွှေ့‌ပြောင်း‌ပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံပြီးခဲ့သည့် မတ်လက တင်ပြခဲ့ပြီး ဝန်ကြီးချုပ်က ဧပြီလတွင် ရွာသို့ လာ‌ရောက်‌လေ့လာကာ ‌နေရာ‌ရွှေ့‌ပြောင်း‌ပေးခဲ့‌သေး‌ကြောင်း ရွာခံများက ‌ပြောဆိုသည်။

ထို့အပြင် ‌ကျေးရွာနယ်နိမိတ်အတွင်း သဘာဝ ‌ရေပူစမ်းတစ်ခုရှိသလို ရွာမှ ၁၅မိနစ်ခန့် ‌တောထဲသို့သွားလျှင် ‌ရေပူစမ်းသို့ ‌ရောက်မည်ဖြစ်သည်။ ၎င်း‌ရေပူစမ်းသို့ ရွာသားများနှင့် အချို့ဧည့်သည်များ လာ‌ရောက် လည်ပတ်‌လေ့ရှိပြီး လက်ရှိအချိန်ထိ သဘာဝအတိုင်း တည်ရှိ‌နေသည်။

သို့‌သော်‌ရေပူစမ်းအား လုပ်ငန်းရှင်အချို့က မျက်စိကျပြီး ဝယ်ယူကာ စီးပွားဖြစ်လုပ်ကိုင်လိုခြင်းများလည်း ကြုံ‌တွေ့‌နေရသည်ဟု ‌ဒေသခံများက ‌ပြောသည်။ ထို့အတွက် ‌ကျေးရွာရပ်မိရပ်ဖ ‌ကော်မတီက အများပြည်သူ သဘာဝအတိုင်း အပန်း‌ဖြေနိုင်‌ရေးအ တွက် သဘာဝအတိုင်း ဆက်လက် တည်ရှိရန် ကာကွယ်ထားသသည်ဟု ရွာလူကြီးများက ‌ပြောသည်။

ဥယျာဉ်ခြံနှင့် ‌မြေယာဥပ‌ဒေများ
‌ပေ‌လေခီးရွာတွင် ဟိုးယခင် ‌ကျေးရွာစတင်တည်‌ထောင်စဉ်ကတည်းက ‌ရွှေ့‌ပြောင်း‌တောင်ယာလုပ်ငန်း လုပ်ကိုင်ခဲ့‌သော်လည်း ယ‌နေ့ချိန်တွင်မူ ဥယျာဉ်ခြံစိုက်ပျိုးခြင်း လုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ကြသည်။ ဖာလာ၊ ဒူးရင်း၊ မင်းကွတ်၊ လိုင်ချီး၊ ဓညင်းသီး၊ ကွမ်းသီး၊ ‌ကော်ဖီ၊ ကွမ်းရွက်တို့ိုကို အဓိကထား စိုက်ပျိုးခြင်းဖြစ်သည်။ ရွာရှိ အချို့လူငယ်များအ‌နေဖြင့်လည်း စကင်္ာပူ စသည့် နိုင်ငံသို့ ပြည်ပထွက်ကာ အလုပ်သွားလုပ်သူများလည်းရှိသည်ဟု ဆိုသည်။

“အရင်တုံးက ‌တောင်ယာခုတ်တယ်။ ‌တောင်ယာစနစ်မရှိ‌တော့ နှစ်ရှည်ပင်‌တွေကို စိုက်ပျိုးတယ်။ နှစ်ရှည်ပင်‌တွေ ပိုးကျတာရှိ။ ရာသီဥတု‌ဖောက်ပြန်တာလည်း ပါတယ်။ ဒီက ‌တောင်ယာထွက်ကုန်‌တွေကို ‌ရောင်းချပြီး ဆန်ပြန်ဝယ်စားရတယ်။”ဟု ‌ဒေသခံ ‌စောလှထူးက ‌ပြောသည်။

‌ပေ‌လေခီး ‌မြေယာထိန်းသိမ်း‌ရေး‌ကော်မတီနှင့် အသင်း‌တော်‌ကော်မတီတို့မှ ပြန်လည်ပြုစုထုတ်‌ဝေထားသည့် ‌ရှေး ဘိုးဘွားများ သတ်မှတ်ထား‌သော ‌ကျေးရွာ၏ ‌မြေယာဥပ‌ဒေများအရ ရွာသားများအ‌နေဖြင့် မိမိတို့‌မြေယာများကို သူစိမ်းများအား ‌ရောင်းချခွင့် မပြုဟု ဆိုသည်။ ထို့အပြင် ရွာထင်းစိုက်ခင်းအား ‌တောင်ယာခုတ်ခွင့်မရှိသလို မိမိပိုင်အဖြစ် မသတ်မှတ်ရန် ‌ဖော်ပြထားသည်။

ထို့အပြင် မိမိတို့ ‌မြေယာများကို အပင်၊ ‌ကျောက်တုံး၊ လျှို‌မြောင်များ၊ စမ်း‌ချောင်းများ၊ ‌တောင်ကုန်း‌တောင်စွယ်များ စသည်တို့ဖြင့် အမှတ်အသားပြုကာ သတ်မှတ်ထားသည်။ ရွာအနီးနှစ်မိုင်ပတ်လည်တွင် သစ်ပင်ကြီးများခုတ်ခြင်းကို ခွင့်မပြုသလို ‌ကျေးရွာ မြစ်‌ချောင်းများတွင်လည်း အလွန်အကျွံ သားငါးရှာခြင်းများကို ကန့်သတ်ထား‌သေးသည်။

ထို့အပြင် ‌ပေ‌လေခီး(‌တောပြာကြီး)‌မြေယာထိန်းသိမ်း‌ရေး‌ကော်မတီကို ဖွဲ့စည်းထားပြီး ရွာတွင်ဖြစ်ပွားသည့် ဥယျာဉ်၊ ခြံ‌မြေယာ အငြင်းပွားမှုများကို ‌ရှေးဘိုးဘွားများက သတ်မှတ်ထား‌သော ‌မြေယာဥပ‌ဒေများအရ (စ‌ကော်၊ ဥက္ကဌ၊ အုပ်ချုပ်‌ရေးမှူး)တို့က ဦး‌ဆောင်‌ဖြေရှင်း‌ပေးရသည်။ ‌ဖြေရှင်းမှု မ‌ပြေလည်ပါက ‌ကျေးရွာပိုင်‌မြေအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

‌ပေ‌လေခီးရွာ၏ လက်ရှိ သဘာဝအရင်းအမြစ်များကို ရွာသားများ ဝိုင်းဝန်း ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်သည် ‌ရှေးယခင်များနည်း တူ ‌အောင်မြင်‌နေသည်ဟု ဆိုနိုင်သည်။ ရွာ‌ရေအရင်းအမြစ်‌တောင်ကုန်းမှ စိမ့်စမ်းတွင်းများထွက်ရှိ‌နေသလို ရွာရှိ ‌ရေပူစမ်းမှာ လည်း ရွာအပိုင်အဖြစ် သဘာဝတိုင်းဆက်ရှိ‌နေသည်။ ထို့အပြင် ရွာပတ်ပတ်လည်တွင်လည်း ‌တောပြာကြီးဟု ဆိုရ‌လောက် ‌အောင် စိမ်းညို့ညို့အုပ်မှိုင်း‌နေသည့် ‌တော‌တောင်များဖြင့်သာ လွှမ်းခြုံထား‌သေးသည်။

နှစ် ၂၀၀‌ကျော်သက်တမ်းရှိ ‌ပေ‌လေခီးရွာ သဘာဝအရိပ် ဆက်လွှမ်းခြုံရပ်တည်သွားနိုင်‌ရေးအတွက် ရွာသားတို့မှာ စုစည်း အားဖြင့် ညီညွှတ်စွာ ခရီးဆက်‌နေကြဆဲ ဖြစ်‌ပေသည်။