Home ဆောင်းပါး ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ မျှတ‌ရေးအတွက် အ‌ရေးကြီးအချက်များ ပြုပြင်သင့်

၂၀၂ဝ ‌ရွေး‌ကောက်ပွဲ မျှတ‌ရေးအတွက် အ‌ရေးကြီးအချက်များ ပြုပြင်သင့်

3521

‌စောထွန်းလင်း (မတ် ၃ဝ ရက်၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံတွင် ၅ နှစ် တစ်ကြိမ် ‌ရွေး‌ကောက်ပွဲ ကျင်းပရန် လက်ရှိဖွဲ့စည်းပုံတွင် သတ်မှတ်ထားသည်နှင့် အညီ ၂၀၁၀၊ ၂၀၁၅ ခုနှစ်တို့တွင် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကျင်းပခဲ့သည်။ ထို့အတွက် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်က တရားဝင်မ‌ကြေညာ‌သေး‌သော်လည်း ၂၀၂ဝ နှစ်ကုန်ပိုင်းတွင် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ကျင်းပ မည်ဟု နိုင်ငံ‌ရေးအသိုင်းအဝိုင်းက ခန့်မှန်းထားသည်။
ဒီမိုက‌ရေစီစနစ်တွင် ‌ရွေး‌ကောက်ပွဲသည် အ‌ခြေခံဖြစ်သည်။ အများဆန္ဒ မဲ‌ပေးသူ သို့မဟုတ် မဲအများစုရ အဖွဲ့ အစည်း၊ ပါတီသည် အစိုးရ အဖွဲ့ကို ဖွဲ့စည်းနိုင်မည်ဖြစ်သည်။ ထို့အတွက် အ‌ခြေခံဖြစ်သည့် ‌ရွေး‌ကောက်ပွဲအခင်း အကျင်းသည် ညီညာဖြ့န်ဖြူး၊ မျှတမှုရှိရန်လိုသည်ဟု ‌ရွေး‌ကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အဖွဲ့ ကဆိုသည်။

အဆိုပါ အဖွဲ့အ‌နေဖြင့် ၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ၊ ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်‌ရွေး‌ကောက်ပွဲများကို ‌စောင့် ကြည့်‌လေ့လာခဲ့သည်။ ထိုသို့ ‌စောင့်ကြည့်‌လေ့လာရာတွင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲထက် ၂၀၁၇ ကြားဖြတ် ‌ရွေး ‌ကောက်ပွဲတွင် တိုးတက်မှုများရှိ‌သော်လည်း ၂၀၁၈ ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင်မှု ပွင့်လင်းမြင်သာမှုအပိုင်း ပြန်အားနည်းသွားသည်ဟု မတ် ၂၈ ရက်‌နေ့တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပသည့် ၂၀၁၈ ကြားဖြတ်‌ရွေး‌ကောက်ပွဲ ‌စောင့်ကြည့်‌လေ့လာမှုအစီရင်ခံစာ ထုတ်ပြန်ပွဲတွင် အဖွဲ့တာဝန်ရှိသူများက ‌ပြောသည်။
လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ညီညာဖြန့်ဖြူးသည့်အ‌ခြေအ‌နေဖြင့် ပါတီကြီး၊ ပါတီငယ်၊ တသီးပုဂ္ဂလ ကိုယ် စားလှယ်များ မျှတစွာ ယှဉ်ပြိုင်နိုင်ရန် ‌ရွေး‌ကောက်ပွဲနှင့် သက်ဆိုင်သည့် အချိန်စာရင်း၊ ‌ကော်မရှင်ဖွဲ့စည်းမှု၊ မဲ ဆွယ်ကာလ အခင်းအကျင်း၊ ‌လေ့လာ‌စောင့်ကြည့်‌ရေး၊ ကြိုတင်မဲ‌ပေးခွင့်နှင့် မဲစာရင်းပြုစုခြင်းတို့ကို ၂၀၁၉ ခုနှစ် အတွင်း ဥပ‌ဒေမူ‌ဘောင်အရ ပြုပြင် ‌ပြောင်းလဲ‌ရေးလုပ်သွားသင့်သည်ဟု ‌ရွေး‌ကောက်ပွဲ ‌စောင့်ကြည့်‌ရေး လုပ် ငန်းများ လုပ်‌ဆောင်‌နေသည့် PACE အဖွဲ့ အလုပ်အမှု‌ဆောင်ဒါရိုက်တာ စိုင်းရဲ‌ကျော်စွာမြင့်က ‌ပြောသည်။

‌ရွေး‌ကောက်ပွဲ ဆိုင်ရာ သတင်းအချက်အလက်

‌ရွေး‌ကောက်ပွဲတစ်ခု လွတ်လပ်ပြီး တရားမျှတ‌ရေးအတွက် ‌ရွေး‌ကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန်လိုသည်။ ကျင်းပမည့်‌နေ့၊ ကိုယ်စားလှယ်‌လောင်းများ မှတ်ပုံတင်ရမည့် အချိန်၊ မဲဆွယ် စည်းရုံး‌ရေး စတင်မည့် ‌နေ့ရက်၊ ပြီးဆုံးမည့် ‌နေ့ရက်၊ ကြိုတင်မဲ ‌ပေးခွင့်ရှိသည့်ရက် မဲစာရင်း‌ကြေညာ မည့်ရက် စသည်တို့ကို အများသိ‌စေရန် ကြိုတင် ‌ကြေညာရန်လိုသည်ဟု PACE အဖွဲ့က ဆိုသည်။

“၂၀၁၇ ‌ရွေး‌ကောက်ပွဲ အချိန်စာရင်းထုတ်ပြန်မှုဟာ အစက‌နေအဆုံးထိ ကျ‌နော်တို့ မဲဆန္ဒနယ် ပြင်ပ ကြိုတင်မဲ ‌ပေးတာပဲ ဖြစ်ဖြစ် ကျန်တာ‌တွေ အားလုံးတိတိကျကျ တစ်ခါတည်း ထုတ်ပြန်‌ပေးတယ်။ အဲ့ဒါက ‌ရွေး‌ကောက်ပွဲ ဖြစ်စဉ် ပွင့်လင်းမြင်သာမှု ပို‌ကောင်းလာတယ်လို့ သုံးသပ်လို့ရ တယ်။ ၂၀၁၈ ကြားဖြတ်ကို မကျင်းပမီ ၆ လ ကြို ‌ကြေညာတယ်။ ရက်ကလွဲပြီး ကျန်တဲ့ အ‌သေးစိတ်‌တွေကို တခါတည်းမ‌ကြေညာ‌တော့ဘဲနဲ့ အပိုင်းလိုက် ‌ကြေညာတယ်။ ‌ကော်မရှင်ရဲ့ ဆက်သွယ်‌ရေး နည်းဗျူဟာ ‌ပြောင်းတယ်လို့ ကျ‌နော်ယူဆတယ်။ အဲ့ဒါက ဘယ် သူ့ အတွက်မှ အကျိုးမရှိဘူး” ဟု စိုင်းရဲ‌ကျော်စွာမြင့်က ‌ပြောသည်။

ယခုကဲ့ ‌ရွေး‌ကောက်ပွဲ ကျင်းပမည့် ရက်၊ အခြားအချက်အလက်များကို အာဏာရ သူများကသာ ကနဦး သိရှိ ထားတက်ပြီး ယင်းသည် ‌ကောင်းမွန်သည့် အ‌လေ့အကျင့် ‌ကောင်းမဟုတ်‌ကြောင်း၊ လာမည့် ၂၀၂ဝ ‌ရွေး ‌ကောက်ပွဲတွင် သတင်းအချက်အလက် ထုတ်ပြန်မှုအပိုင်း ပွင့်လင်းမြင်သာ‌အောင် ‌ဆောင်ရွက်‌ရေး ပြုပြင် သွားပြင်သွားရမည် ဖြစ်သည်။

‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ဖွဲ့စည်းမှု

လက်ရှိ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ကို ဥပ‌ဒေမူ‌ဘောင်များအရ နိုင်ငံ‌တော်သမ္မတက ခန့်အပ်ပြီး ‌ကော်မရှင် သက်တမ်းမှာ သမ္မတနှင့် အတူ ငါး နှစ်သက်တမ်းဖြစ်သည်။ ‌ကော်မရှင်ကို သမ္မတကခန့်အပ်သည့် အတွက် သမ္မတအား တာဝန်ခံရသည့် သ‌ဘော‌ဆောင်ကာ သီးခြားလွတ်လပ်စွာ ဖွဲ့စည်းမှသာ ပိုမိုလွတ်လပ် သည့် ‌ကော်မရှင်ဖြစ်မည်ဟု ‌ရွေး‌ကောက်ပွဲ ‌စောင့်ကြည့်သူများက ‌ထောက်ပြ အကြံပြုသည်။

အဆိုပါ ‌ကော်မရှင်ကို သမ္မတက ခန့်အပ်ခွင့်ရှိခြင်းသည် ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေတွင် ပြဌာန်းထားသည့် အတွက် ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးလုပ်‌ဆောင်ရာတွင် အဆိုပါ အချက်ကို သတိပြုလုပ်‌ဆောင် သွားရန် လိုသည်ဟု ‌ရွေး‌ကောက်ပွဲ ဆိုင်ရာပြည်သူ့လှုပ်ရှားမှု အဖွဲ့က အကြံပြု ‌ပြောသည်။

‌ရွေး‌ကောက်ပွဲ မဲဆွယ်စည်းရုံး‌ရေး

ကျင်းပပြီးခဲ့ပြီးဖြစ်သည့် ‌ရွေး‌ကောက်ပွဲများတွင် မဲဆွယ်‌ရေးနှင့် ပတ်သက်၍ အငြင်းပွားမှုများ အများစုရှိခဲ့သည်။ မဲဆွယ်ရာတွင် အစိုးရအဖွဲ့ဝင် လူကြီးများ၏ ပုံကို သုံးစွဲခွင့်ရှိမရှိ၊ နိုင်ငံ‌တော်အဆင့် ဝန်ကြီးများမဲဆွယ်မှုနှင့် ပတ်သက်သည့် မရှင်းမလင်းအချက်များ၊ ‌ရွေး‌ကောက်ပွဲ အသုံးစရိတ်နှင့် အလှူ‌ငွေလက်ခံခြင်း စသည်တို့ကို တိကျသည့် ဥပ‌ဒေမူ‌ဘောင်များ လတ်တ‌လောမရှိ‌သေးသည့် အတွက် တိတိကျကျ သတ်မှတ်နိုင်ရန် နိုင်ငံ ‌ရေးပါတီ များအ‌နေဖြင့် ယခုထဲက ‌ဆွေး‌နွေးထားသင့်သည်ဟု PACE အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

“ ဥပမာ ဝန်ကြီးက မဲဆွယ်မယ်ဆိုရင် အစိုးရနဲ့ အများပြည်သူနဲ့ ဆိုင်တဲ့ ပစ္စည်း‌တွေ မသုံးရဘူး ‌ပြောတယ်။ အဲ့ဒါ ဘာကို ‌ပြောတာလဲ၊ သူ့ရဲ့ ကိုယ်ရံ‌တော်ကို ‌ပြောတာလား၊ ကားကို ‌ပြောတာလား အဲ့ဒါ‌တွေ ကျ‌နော်တို့ ဆီမှာ တိတိကျကျမရှိဘူး။ ‌ရွေး‌ကောက်ပွဲ မဲဆွယ်ကာလ၊ ‌ရွေး‌ကောက်ပွဲ အပြီးမှာ ဒါ‌တွေကို အ‌ခြေပြုပြီး‌တော့ အငြင်းပွားမှု‌တွေ ဖြစ်နိုင်တယ်” စိုင်းရဲ‌ကျော်စွာမြင့်က ‌ပြောသည်။

ထို့အပြင် ‌ရွေး‌ကောက်ပွဲ အသုံးစရိတ်ကို ကိုယ်စားလှယ်‌လောင်းတစ်ဦးလျှင် ကျပ်သိန်း ၁၀ဝ တ‌ပြေးညီ သတ် မှတ်ထားခြင်းသည် လက်ရှိအ‌ခြေအ‌နေနှင့် သင့်‌တော်မှုမရှိဟု ဆိုနိုင်သည်။ အဘယ်‌ကြောင့်ဆို‌သော် တိုင်း‌ဒေ သကြီး တစ်ခုလုံး၊ သိုမဟုတ် ပြည်နယ်တစ်ခုလုံး အတွက် တိုင်းရင်းသား‌ရေးရာ ဝင်ပြိုင်မည့် ကိုယ်စားလှယ် ‌လောင်းအ‌နေဖြင့် သင့်‌တော်မှုမရှိဖြစ်‌နေသည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီး ကရင့်‌ရေးရာကိုယ်စားလှယ်‌လောင်း ဝင်ပြိုင်ခဲ့သူ ကရင်ပြည် သူ့ပါတီ( KPP)ဒုဥက္ကဌ ‌စော‌စေးဝါးက “ တစ်တိုင်းလုံ သွားလာရတာ သိန်းတစ်ရာနဲ့က တကယ်လုပ်မယ်ဆို အဆင်မ‌ပြေဘူး။ မြို့နယ်တစ်ခုထဲ ပြိုင်တဲ့ သူနဲ့ တစ်တိုင်းလုံး သွားရမဲ့သူကွာတာ‌ပေါ့။ ဒါ‌တွေ ပြုပြင်သင့်တယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထို့အပြင် ကိုယ်စားလှယ်‌လောင်းကို အလှူ‌ငွေ ‌ပေးအပ်မှုနှင့် ပတ်သက်၍လည်း တိကျသည့် သတ်မှတ်ချက်မျိုး မရှိ‌သေး‌ကြောင်း၊ ကျပ်သိန်းတစ်ရာကို လူတစ်ဦးတည်း၊ သို့ မဟုတ် အဖွဲ့အစည်း တစ်ခုတည်းက လှူဒါန်းခွင့်ရှိ မရှိ စသဖြင့် တိတိကျကျ သတ်မှတ်ထားရန်လိုပြီး ‌ငွေ‌ကြေးဖြင့် အာဏာကို လွှမ်းမိုးရန် ကိစ္စရပ်များကို ကြိုတင်ကာ ကွယ်ထားသင့်သည်ဟု ‌ရွေး‌ကောက်‌ရေး‌စောင့်ကြည့်သူများက အကြံပြု‌ပြောသည်။

‌ရွေး‌ကောက်ပွဲ ‌လေ့လာ‌စောင့်ကြည့်ခြင်း

‌ရွေး‌ကောက်ပွဲ ‌လေ့လာ‌စောင့်ကြည့် ခြင်းနှင့်ပတ်သက်၍ တရားဝင် ဥပ‌ဒေပြဌာန်းထားခြင်း လက်ရှိ အချိန်တွင် မရှိ‌သေးသည့် အတွက် တရားဝင်ဥပ‌ဒေဖြင့် သတ်မှတ်ရန်လိုသည်ဟု ‌စောင့်ကြည့်‌လေ့လာ‌ရေးသမားများက ဆိုသည်။ ‌စောင့်ကြည့်‌ရေး လုပ်ငန်းစဉ်သည် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်လက်ထဲတွင်သာ ရှိပြီး ‌စောင့်ကြည့် ခွင့် ကို အလွယ်တကူရုပ်သိမ်းနိုင်သလို အလွယ်တကူလည်း ထုတ်‌ပေးနိုင်သည့် သ‌ဘောဖြစ်‌နေသည်။ ထို့ အတွက် ပြုပြင်‌ပြောင်းလဲ‌ရေးလုပ်သွားရန် လိုသည်ဟု PACE က အကြံပြုသည်။

ကြိုတင်မဲ‌ပေးခြင်း

‌ရွေး‌ကောက်ပွဲ ကြိုတင်မဲ‌ပေးခြင်း စနစ်ကို ယခင်နည်းအတိုင်း အသုံးပြု‌နေ‌သေးသည်ကို ၂၀၁၈ ကြားဖြတ် ‌ရွေး‌ကောက်ပွဲတွင်‌တွေ့ရပြီး ယခုထက်ပိုမိုရှင်းလင်းသည့် စနစ် အသုံးပြုရန်၊ ကြိုတင်မဲများကို ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ကသာ ‌ကောက်ယူခြင်း၊ မဲရုံတွင် မဲ‌ရေတွက်ခြင်း စသည့် ကြိုတင်မဲ ကိစ္စ အားလုံးကို ‌ကော်မရှင်၏ လုပ်ပိုင်ခွင့်အတွင်းမှ သာလုပ်‌ဆောင်သင့်ပြီး သို့မှသာ မျှတသည့် ‌ရွေး‌ကောက်ပွဲ ဖြစ်ရန် အ‌ထောက်အကူ ပြု မည်ဖြစ်သည်။

“ အခုက ကြိုတင်မဲကို ဇီးပင်ကြီးဆို အဲ့က ‌ကျောင်းအုပ်ကလုပ်တယ်။ နိုင်ငံ‌တော်ကာကွယ်‌ရေး တက္ကသိုလ်ဆို အဲ့က ‌ကျောင်းအုပ်ကြီးကဘဲ လုပ်ပြန်တယ်။ ‌ကော်မရှင်ကပဲ ဒါ‌တွေကို ဦး‌ဆောင်လုပ်သင့်တယ်။ ‌ကော်မရှင်မှာ လည်းကျွမ်းကျင်သူ‌တွေရှိတယ်” ဟု စိုင်းရဲ‌ကျော်စွာမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

မဲဆန္ဒရှင်စာရင်း
ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အ‌နေဖြင့် ဥပ‌ဒေမူ‌ဘောင်များအရ မဲစာရင်းပြုစုရာတွင် အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေး ဦးစီးဌာနနှင့် လဝက စာရင်းများ ‌တောင်းယူ ပြုစုခြင်းဖြစ်သည်။ ‌ကော်မရှင်အ‌နေဖြင့် အထက်ပါ ဌာနနှစ်ခုနှင့် ပူး‌ပေါင်း‌ဆောင်ရွက်ရာတွင် အခက်အခဲရှိသည့် အပိုင်းများလည်းရှိသည်ကို ‌တွေ့ရသည်ဟု ‌စောင့် ကြည့်‌လေ့လာသူများက ‌ပြောသည်။

အဆိုပါ အခက်အခဲများရှိ‌နေခြင်းမှာ မဲဆန္ဒရှင်စာရင်းပြုစုခြင်း ဥပ‌ဒေ၊ နည်းဥပ‌ဒေမရှိ‌သေးခြင်း‌ကြောင့် ဖြစ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံအချို့တွင် မဲဆန္ဒရှင် စာရင်းပြုစုခြင်း ဥပ‌ဒေပြဌာန်းထားသည်ကို‌တွေ့ရသည်။ ထိုသို့ ဥပ‌ဒေပြဌာန်းလိုက်ပါက မဲဆန္ဒရှင် စာရင်းပြုစုရာတွင် မည်သည့် ဌာနများပါဝင်ပြီး မည်သူများဖြင့် ဖွဲ့စည်းသည် ကို တိတိကျကျ တာဝန်ခွဲ‌ဝေမှု ရှိမည်ဖြစ်သည်။

လက်ရှိ မဲဆန္ဒရှင် စာရင်းကို မည်မျှထိမှန်ကန်သည်ကို သိရန်မလွယ်ကူသည့် အ‌ခြေအ‌နေဖြစ်‌နေ‌ကြောင်း ‌ရွေး ‌ကောက်ပွဲ ‌စောင့်ကြည်သူများက‌ပြောသည်။ ထို့အတွက် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ အဖွဲ့အစည်းများမှ ဆန်းစစ်‌လေ့လာခြင်းကို ‌ကော်မရှင်က ခွင့်ပြုသင့်ကာ သို့မှသာ မဲဆန္ဒရှင် စာရင်းမှန်ကန်မှု ရာခိုင်နှုန်းကိုသုံး သပ်၍ ရမည်ဖြစ်သည်။

ယခုလို ၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် ကြိုတင် လုပ်‌ဆောင်သင့်သည့် အချက်များနှင့် ပတ်သက်၍ PACE အလုပ်အမှု‌ဆောင်ဒါရိုက်တာ စိုင်းရဲ‌ကျော်စွာမြင့်က “တချို့ အချက်‌တွေဟာ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး အတွက် ထည့်စဉ်းစားရမဲ့ အချက်‌တွေမှာပါတယ်။ တချို့ အချက်‌တွေက အ‌ခြေခံ ဥပ‌ဒေပြင်စရာမလိုဘဲနဲ့ လုပ်လို့ ရတာ ‌တွေရှိတယ်။ မဲဆန္ဒရှင် စာရင်းပြုစုတဲ့ ဥပ‌ဒေဆိုရင် လွှတ်‌တော်က‌နေ ပြဌာန်းလို့ ရတယ်” ဟု ‌ပြောသည်။

ထို့အပြင် နိုင်ငံ‌ရေးပါတီများ အ‌နေဖြင့်လည်း မဲဆွယ်စည်းရုံး‌ရေး ဆိုင်ရာ အသုံးစရိတ်၊ နိုင်ငံတာဝန်ရှိသူများ၏ ပုံရိပ်သုံး မဲဆွယ်မှုများနှင့် ပတ်သက်၍ ကြိုတင်စဉ်းစားကာ အချင်းချင်းညှိနှိုင်းထားရန်လိုပြီး ပြင်သင့်သည့် အချက်များကို စု‌ပေါင်း အဆိုပြုရမည်ဖြစ်‌သော်လည်း လက်ရှိ အချိန်ထိ ပါတီများထံမှ ပြင်ဆင်ရန် အဆိုပြုချက် များမ‌တွေ့ရ‌သေး‌ကြောင်း ‌စောင့်ကြည့်‌လေ့လာသူများက ‌ပြောသည်။

ရာနှုန်းပြည့် တရားမျှတသည့် ‌ရွေး‌ကောက်ပွဲများရှိရန် မလွယ်ကူ‌သော်လည်း ‌ရွေး‌ကောက်ပွဲများအ‌နေဖြင့် သင့် ‌တော်ပြီး ညီညာဖြန့်ဖြူးသည့် အခင်းအကျင်းမျိုး ဖြစ်ရန်လို‌ကြောင်း၊ အားနည်းချက်များ၊ မှားယွင်းမှုများကို ပြန် ဆန်းစစ်ကာ မည်သည့် စနစ်‌ကြောင့် ဖြစ်သည်ကို ပြန်သုံးသပ်ကာ ပို‌ကောင်းသည့် စနစ်ကို ရှာ‌ဖွေရမည်ဖြစ် သည်။ ထို့အတွက် နိုင်ငံ‌ရေးပါတီများနှင့် သက်ဆိုင်သူများအ‌နေဖြင့် ယခုနှစ်အတွင်း လုပ်‌ဆောင်သင့်သည်များ ကို ကြိုတင်လုပ်‌ဆောင်သွားရန် ‌ရွေး‌ကောက်ပွဲ ‌စောင့်ကြည့်‌လေ့လာသူများက အကြံပြုသည်။