Home ဆောင်းပါး အမျိုးသား‌ရေး (၃)မျိုးနဲ့ အဖိနှိပ်ခံ လူမျိုး‌ပေါင်းစုံပြည်သူများ ‌သွေးစည်း‌ရေး

အမျိုးသား‌ရေး (၃)မျိုးနဲ့ အဖိနှိပ်ခံ လူမျိုး‌ပေါင်းစုံပြည်သူများ ‌သွေးစည်း‌ရေး

3636

‌မောင်‌ကျော်စွာ
(၂၀၁၉ခုနှစ်၊ မတ်လ ၂၄ရက်)

မြန်မာပြည်ရဲ့ လွတ်လပ်‌ရေးလှုပ်ရှားမှုက‌နေ ယ‌နေ့အထိ နိုင်ငံ‌ရေးလက်‌တွေ့လှုပ်ရှားမှုထဲမှာ “အမျိုးသား‌ရေး” (၃)မျိုး ရှိ‌နေတာကို သတိပြုမိပါတယ်။ အဲဒါ‌တွေက ဘာ‌တွေလဲဆို‌တော့
၁။ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်‌ရေး၊ ဖက်ဆစ်ဂျပန်‌တော်လှန်‌ရေးတို့လို တစ်တိုင်းတစ်ပြည်လုံး၊ ပြည်သူတစ်ရပ်လုံးက အုံကြွ‌တော်လှန်တဲ့ လူထုလှုပ်ရှားမှုကြီး‌တွေဖြစ်ပါတယ်။
[ ဒီအထဲမှာ တစ်ပြည်လုံးမှာဖြစ်‌စေ၊ တိုင်း‌ဒေသကြီးနဲ့ ပြည်နယ်တစ်ခုမှာဖြစ်‌စေ၊ အများမှာဖြစ်‌စေ ‌ရေကြီးတာ – ‌လေပြင်း မုန်တိုင်းကျ‌ရောက်တာ – ငလျင်လှုပ်တာ – ကူးစက်‌ရောဂါကပ်‌ဘေးကြီး‌တွေ ကျ‌ရောက်ကြုံ‌တွေ့ရတဲ့အခါမျိုး‌တွေကို လည်း တစ်ပြည်လုံးအ‌ရေး၊ တစ်မျိုးသားလုံးအ‌ရေးအရာအဖြစ် သ‌ဘောထား ထည့်သွင်းချင်ပါတယ်။ ဒီလိုပြဿနာနဲ့ အ‌ရေးအ ရာ‌တွေဟာ အိမ်‌ရှေ့ပူ အိမ်‌နောက်မချမ်းသာ ဆိုတာလို အားလုံးအတူ မျှ‌ဝေခံစား ရင်ဆိုင် ‌ဖြေရှင်း ကူညီဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်ကြရမှာပဲမဟုတ်ပါလား။ ]
၂။ ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလူမျိုး‌တွေက အုပ်စိုးသူ အဆက် ဆက်ကို ‌တော်လှန်ဆန့်ကျင်တဲ့ လှုပ်ရှားမှု‌တွေဖြစ်ပါတယ်။ ဒီလှုပ်ရှားမှု‌တွေကို သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး‌တွေက “အမျိုး သား‌ရေး – အမျိုးသားဒီမိုက‌ရေစီ‌တော်လှန်‌ရေး” လို့ ဆိုကြပါတယ်။ ‌ရေးသား‌ဖော်ပြကြပါတယ်။
ဒီနံပတ်(၂) အမျိုးအစားက နံပတ်(၁) အမျိုးအစားနဲ့ လှုပ်ရှားမှုအတိုင်းအတာ ပမာဏဘက်က နှိုင်းယှဉ်ကြည့်မယ် ဆိုရင်‌တော့ အဝန်းအဝိုင်း‌သေးငယ်တာ၊ တစ်ပြည်လုံးလွှမ်းခြုံတဲ့ လှုပ်ရှားမှု မဟုတ်ဘူးဆိုတာ အလွယ်တကူပဲ မြင်‌တွေ့နိုင်ပါ တယ်။ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုး‌တွေရဲ့အမည်ကို‌ရှေ့မှာထားပြီး ‌နောက်က “အမျိုးသားအစည်းအရုံး – ပါတီ – တပ်” စသဖြင့် ပါဝင်တဲ့ နိုင်ငံ‌ရေး၊ စစ်‌ရေး လှုပ်ရှားမှု‌တွေကို ဆိုလိုတာပါ။ ဥပမာအားဖြင့်
– ကချင်လွတ်လပ်‌ရေးအဖွဲ့ (KIO) နဲ့ ကချင်လွတ်လပ်‌ရေးတပ်မ‌တော် (KIO)
– ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)
– ကရင်နီပြည်လူမျိုး‌ပေါင်းစုံပြည်သူ့လွတ်‌မြောက်‌ရေးတပ်ဦး (KNPLF) (ကလလတ)
– ကရင်နီတိုးတက်‌ရေးပါတီ (KNPP)
– ကယန်းပြည်သစ်ပါတီ (KNLP)
– ချင်းအမျိုးသားတပ်ဦး (CNF)
– မွန်ပြည်သစ်ပါတီ (NMSP) စသဖြင့် ဖြစ်ပါတယ်။
ဒီမှာ‌တော့ လူမျိုးနာမည်‌တွေနဲ့ လှုပ်ရှားမှုဟာ ဘယ်အမျိုးသား‌တွေရဲ့လှုပ်ရှားမှုနဲ့ ဘယ်အမျိုးသား‌တွေရဲ့ နိုင်ငံ‌ရေးလှုပ် ရှားမှုကို ‌ဆောင်ရွက်မလဲဆိုတာ အတိုင်းအတာနဲ့ နယ်ပယ်ကန့်သတ်မှုကို ‌တွေ့နိုင်ပါတယ်။ ‌ယေဘုယျအားဖြင့် ဒီလှုပ်ရှားမှု‌တွေ ကို အမျိုးသားလှုပ်ရှားမှုလို့ ‌ခေါ်ကြပါတယ်။ ‌ရေးသား‌ပြောဆိုကြပါတယ်။
၃။ စစ်တပ်နဲ့ သူက‌နေတဆင့် ‌ပေါက်ဖွားလာတဲ့ သူ့ အဆွယ်အပွား အသင်းအဖွဲ့နဲ့ နိုင်ငံ‌ရေးပါတီ‌တွေက‌ပြောဆို‌နေတဲ့ “အမျိုးသား‌ရေးနဲ့ အမျိုးသားနိုင်ငံ‌ရေး” ဆိုတာပဲဖြစ်ပါတယ်။
စစ်တပ်က‌တော့ ၂၀၀၈ အ‌ခြေခံဥပ‌ဒေထဲမှာ “နိုင်ငံ‌တော်၏ အမျိုးသားနိုင်ငံ‌ရေးဦး‌ဆောင်မှု အခန်းကဏ္ဍတွင် တပ်မ ‌တော်က ပါဝင်ထမ်း‌ဆောင်နိုင်‌ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”ဆိုပြီး ထည့်သွင်းထားပါတယ်။ တကယ်‌တော့ စစ်တပ် ဟာ နယ်ချဲ့ဆန့်ကျင်‌ရေးနဲ့ ဖက်ဆစ်ဂျပန်‌တော်လှန်‌ရေးလှုပ်ရှားမှုထဲက‌နေ ‌ပေါ်‌ပေါက်လာတာမှန်‌သော်လည်း ၁၉၄၈ခု နှစ်‌နောက်ပိုင်းကစပြီး လူမျိုး‌ပေါင်းစုံပြည်သူများကို ဖိနှိပ်တဲ့တပ်အဖြစ် လက္ခဏာ‌ပြောင်းလဲသွားပါတယ်။ အာဏာရအုပ်စိုးသူများ ကို ကာကွယ်တဲ့တပ် ဖြစ်လာပါတယ်။ ၁၉၆၂‌နောက်ပိုင်းမှာ‌တော့ (မဆလ)ပါတီရဲ့သစ္စာခံတပ်၊ ဗိုလ်‌နေဝင်းရဲ့ တစ်လက် ကိုင်တပ်အဖြစ် သက်ဆင်းကျ‌ရောက် လှုပ်ရှားခဲ့တာ အထင်အရှားပဲ ဖြစ်ပါတယ်။
အခု‌တော့ သူတို့ကိုယ်သူတို့ အမျိုးသား‌ရေးနဲ့ အမျိုးသားနိုင်ငံ‌ရေးလုပ်သူအဖြစ် ‌ကြွေး‌ကြော်‌နေကြပြန်ပါတယ်။
(မဆလ)တဖြစ်လည်း (တစည)ပါတီနဲ့ ကြံ့ခိုင်‌ရေးအသင်းတဖြစ်လည်း ကြံ့ခိုင်‌ရေးပါတီတို့ဟာ စစ်တပ်က‌နေ အငြိမ်း စားယူလာတဲ့ စစ်ဗိုလ်ချုပ်ကြီး‌တွေနဲ့ ဖွဲ့စည်းထားတဲ့ စစ်အုပ်စုုအကျိုးစီးပွားကို ပင်မအဖြစ်ထားပြီး လှုပ်ရှား‌ဆောင်ရွက်‌နေတဲ့ နိုင်ငံ‌ရေးပါတီ အဖွဲ့အစည်း‌တွေပဲဖြစ်ပါတယ်။
၂၀၀၈ အ‌ခြေခံဥပ‌ဒေကို စိတ်ကြိုက်‌ရေးဆွဲ အတည်ပြုပြီးသွားတဲ့ အခုလို အခါကာလမှာ‌တော့ သူတို့ဟာ သူတို့ကိုယ် သူတို့ “အမျိုးသား‌ရေးနဲ့ အမျိုးသားနိုင်ငံ‌ရေး လုပ်သူ‌တွေအဖြစ်” ဟစ်‌အော် ‌ကြွေး‌ကြော်‌နေကြပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် တစ်ပြိုင်နက်ထဲမှာ လူမျိုး‌ရေး၊ ဘာသာ‌ရေးကို ခုတုံးလုပ်တဲ့ လူမျိုး‌ပေါင်းစုံပြည်သူ‌တွေအကြား ‌သွေးခွဲရန်တိုက်‌ပေးတဲ့ အကြမ်းဖက်လှုပ်ရှားမှု‌တွေ ‌ပေါ်‌ပေါက်လာတာပဲဖြစ်ပါတယ်။ ဒီလှုပ်ရှားမှု‌တွေဟာ (နဝတ-နအဖ) စစ်အ စိုးရ အုပ်စိုးစဉ်ကာလမှာ ဒီပဲယင်းအကြမ်းဖက်မှုအဖြစ် ပွဲထွက်လာကြပြီး ၂၀၁၁ခု‌နောက်ပိုင်း ကြံ့ဖွံ့ပါတီအာဏာရလာတဲ့အခါ မှာ‌တော့ လူမျိုး‌ရေး၊ ဘာသာ‌ရေးခုတုံးလုပ်တဲ့ အကြမ်းသတ်ဖြတ်မှု၊ မီးရှို့မှု၊ လုယက်မှုကြီး‌တွေအဖြစ် ရခိုင်ပြည်နယ်က စတင် ‌ပေါ်‌ပေါက်လာပြီး မိတ္တီလာ – ထန်းကုန်း – ဥက္ကံ စတဲ့ မြို့ကြီး‌တွေမှာပါ ရုတ်ရုတ်သဲသဲဖြစ်ပွားလာခဲ့တာကို ‌တွေ့ရမှာဖြစ်ပါတယ်။
ထို့အတူ သံဃာအချို့ကလည်း အမျိုးဘာသာ၊ သာသနာဆိုတဲ့ ‌ကြွေး‌ကြော်သံနဲ့ ဘာသာ‌ရေးလူမျိုး‌ရေး ‌သွေးခွဲရန် တိုက်‌ပေးမှု‌တွေ၊ ရန်လို‌ဟော‌ပြောမှု‌တွေဟာ သူတို့‌နောက်မှာ အားထားအားကိုးစရာ ‌နောက်ခံကြီးကြီးမားရှိတယ်ဆိုတဲ့ ‌ထောင် လွှားမှုနဲ့ ပိုမို အတင့်ရဲစွာ လုပ်‌ဆောင်‌နေတာကိုလည်း ‌တွေ့မြင်ရမှာဖြစ်ပါတယ်။
အဲဒီ ဘာသာ‌ရေးလူမျိုး‌ရေး ခွဲခြား ရန်တိုက် ‌သွေးထိုး လှုံ့‌ဆော်တဲ့ ‌ဟော‌ပြောမှု‌တွေဟာ အကြမ်းဖက်လုပ်ကြံ သတ် ဖြတ်မှု‌တွေ၊ မီးရှို့ဖျက်ဆီးမှု‌တွေအထိ ရမ်းကားလာပါတယ်။ ‌ရှေ့‌နေကြီးဦးကိုနီနဲ့ တက္ကစီ‌မောင်းသူ ကို‌နေဝင်းတို့ဟာ ဒီအကြမ်း ဖက်မှု‌တွေရဲ့ လက်ချက်နဲ့ ကျဆုံးကွယ်လွန်ကြရတာပါ။ ဒီသတ်ဖြတ်မှုကို လူမျိုး‌ရေး၊ ဘာသာ‌ရေး ခုတုံးလုပ်‌နေသူ‌တွေ၊ အဖွဲ့အ စည်း‌တွေက သွယ်ဝိုက်ပြီး‌တော့‌ရော ‌ပြောင်‌ပြောင်တင်းတင်းပါ အား‌ပေး‌ထောက်ခံတယ်ဆိုတာကို ‌ဟော‌ပြောခဲ့ကြပါတယ်။ အစိုးရတာဝန်ရှိသူ အရာရှိကြီးအသိုင်းအဝိုင်းကပင် သတင်းစာရှင်းလင်းပွဲမှာ “လူငယ်သဘာဝ”လို့ သွယ်ဝိုက်ကာကွယ် ‌ပြောဆို ခဲ့ကြတယ် မဟုတ်ပါလား။
ဒါ‌ကြောင့် နံပတ် (၃) အမျိုးအစားဖြစ်တဲ့ “အမျိုးသား‌ရေး – အမျိုးသားနိုင်ငံ‌ရေး” က‌တော့ တိုင်းပြည်နဲ့ လူထုအတွက် အင်မတန် အန္တရာယ်ကြီးမားပါတယ်။ တစ်တိုင်းပြည်လုံးနဲ့ လူမျိုး‌ပေါင်းစုံပြည်သူများကို မီး‌လောင်တိုက်သွင်းပြီး မဆုံးနိုင်တဲ့ ‌သွေး‌ချောင်းစီးမှုကြီး‌တွေအထိ ဦးတည်‌စေနိုင်ပါတယ်။ ဒီလိုမျိုး “အမျိုးသား‌ရေး – အမျိုးသားနိုင်ငံ‌ရေး”လို့ ‌ကြွေး‌ကြော် ဟစ်‌အော်‌နေတာ‌တွေကို “အတုအ‌ယောင်အမျိုးသား‌ရေး – အတုအ‌ယောင် အမျိုးသားနိုင်ငံ‌ရေး – ခုတုံးသဖွယ် အသုံးချတဲ့ အမျိုး သား‌ရေး”လို့ ကြည်လင်ရှင်းလင်းစွာ သိမြင်သ‌ဘော‌ပေါက်ပြီး အဖိနှိပ်ခံ လူမျိုး‌ပေါင်းစုံပြည်သူတစ်ရပ်လုံးက တစည်းတလုံးထဲ ဆန့်ကျင်တိုက်ဖျက်သွားဖို့ လိုအပ်ပါတယ်။ တာဝန်ရှိပါတယ်။
ငါတို့ရွာမှာ၊ ငါတို့နယ်မှာ၊ ငါတို့‌ဒေသမှာ၊ ငါတို့တိုင်း‌ဒေသကြီးနဲ့ ပြည်နယ်မှာ ဖြစ်‌နေတာမဟုတ်ဘူး။ ငါတို့ကို မထိ ခိုက်ဘူး။ ‌တောင်‌ပေါ်မှာဖြစ်တာမဟုတ်ဘူး။ ‌မြေပြန့်မှာဖြစ်‌နေတာ စသဖြင့် မသိဟန်‌ဆောင်‌နေမယ်၊ လျစ်လျူရှု‌နေမယ်ဆိုရင် ဒီလို လူမျိုး‌ရေး ဘာသာ‌ရေး ခုတုံးလုပ်တဲ့ အကြမ်းဖက်မှု‌တွေကို သွယ်ဝိုက်အား‌ပေးသလို၊ လက်ယပ်‌ခေါ်သလို ဖြစ်‌နေပါလိမ့် မယ်။
ဒါ‌ကြောင့် နံပတ်(၁) အမျိုးအစားဖြစ်တဲ့ တစ်တိုင်းတစ်ပြည်လုံး၊ တစ်မျိုးသားလုံးပါဝင်ပြီး အကြီးမား အကျယ်ပြန့်ဆုံး ဖြစ်တဲ့ အမျိုးသား‌ရေးအမြင် အမျိုးသား‌ရေးလှုပ်ရှားမှုမျိုးနဲ့ ဘာသာ‌ရေးလူမျိုး‌ရေး ခုတုံးလုပ်ပြီး ကျဉ်း‌မြောင်း‌သေးသိမ်လှတဲ့ လူတစ်စုအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်‌နေတဲ့ ဆိုးသွမ်းတဲ့ လုပ်ရပ်‌တွေကို အဖိနှိပ်ခံလူမျိုး‌ပေါင်းစုံပြည်သူ‌တွေ ‌သွေးစည်း ညီညွတ်စွာ ဆန့်ကျင် တိုက်ဖျက်ကြဖို့ ပန်ကြားပါရ‌စေ။
တစ်ချိန်က ဥ‌ရောပနဲ့ အာရှတစ်လွှားမှာ ဆိုးသွမ်းကြမ်းကြုတ်လှတဲ့ ဖက်ဆစ်ဂျာမဏီ၊ ဖက်ဆစ်အီတလီ၊ ဖက်ဆစ် ဂျပန်‌တွေကို ကျ‌နော်တို့ ဘိုး‌ဘေးလူမျိုး‌ပေါင်းစုံပြည်သူ‌တွေ၊ ‌ခေါင်း‌ဆောင်‌တွေဟာ ကမ္ဘာ့ဖက်ဆစ်‌တော်လှန်‌ရေးအင်အားစုများနဲ့ ရင်‌ဘောင်တန်းပြီး ‌တော်လှန်ခဲ့ကြပါတယ်။ အဲဒီ‌ကောင်းမြတ်ခမ်းနား‌သော အစဉ်အလာကို လက်ဆင့်ကမ်း ခံယူကြကာ ဘာသာ‌ရေး၊ လူမျိုး‌ရေး ခုတုံးလုပ်‌နေတဲ့ ယ‌နေ့‌ခေတ်ရဲ့ ရန်တိုက် ‌သွေးခွဲ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်‌နေမှု‌တွေကို ပြတ်ပြတ် သားသား ဆန့်ကျင်‌တော်လှန်ပြီး (၇၄)နှစ်‌မြောက် ဖက်ဆစ်ဂျပန်‌တော်လှန်‌ရေး‌နေ့ကို အထိမ်းအမှတ်ပြုကြပါစို့။