Home တွေ့ဆုံမေးမြန်းခန်း ‌တွေ့ဆုံ‌မေးမြန်းခြင်း

‌တွေ့ဆုံ‌မေးမြန်းခြင်း

2577

ကရင်ပြည်နယ်အတွင်း လုပ်‌ဆောင်‌နေသည့် မိုင်းအသိပညာ‌ပေးလုပ်ငန်းနှင့် လုပ်‌ဆောင်ရန် ကြိုးပမ်း‌နေဆဲဖြစ်သည့် မိုင်းရှင်း လင်း‌ရေးလုပ်ငန်းအ‌ခြေအ‌နေများကို လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်‌နေရာချထား‌ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရဲ့ပြည်နယ်ဦးစီးမှူး၊ ဒုတိယညွန်ကြား‌ရေးမှူး ဦး‌ဇော်မင်းအား ‌တွေ့ဆုံ‌မေးမြန်းထားခြင်း ဖြစ်ပါတယ်။

မိုင်းလုပ်ငန်းစဉ်အကျဉ်း

မိုင်းနဲ့ပတ်သက်ပြီး‌တော့မှ လုပ်ငန်းစဉ်‌တွေ ကျ‌နော်တို့ဌာနက တာဝန်ယူထားတဲ့ သမိုင်း‌ကြောင်းနည်းနည်း‌လေး ‌ပြော ပြချင်ပါတယ်။ ပထမဦးစွာ ကျ‌နော်တို့ဌာနက လုပ်ငန်းစဉ်‌တွေထဲမှာ မသန်စွမ်းတဲ့သူ‌တွေကို ကူညီ‌ထောက်ပံ့‌ပေးတဲ့ လုပ်ငန်းစဉ် တစ်ခု ပါတယ်။ ‌နောက်တစ်ခုက‌တော့ က‌လေးသူငယ် ကာကွယ်‌စောင့်‌ရှောက်‌ရေးတစ်ခုနဲ့ ‌ရှေ့ဆက်ပြီး‌တော့မှ လူမှုဝန်ထမ်းနဲ့ ပြန်လည်‌နေရာချထား‌ရေးဝန်ကြီးဌာနက ဒီမိုင်းအန္တရာယ် အသိပညာ‌ပေးလုပ်ငန်း‌တွေ လုပ်ခဲ့ရတာ‌ပေါ့။
အဲဒါ‌တွေကို ၂၀၁၂ခုနှစ်က‌နေစပြီး‌တော့မှ ပြည်‌ထောင်စုအဆင့်မှာ လူမှုဝန်ထမ်းနဲ့ ပြန်လည်‌နေရာချထား‌ရေး ဝန်ကြီး ဌာန ဝန်ကြီးက ဥက္ကဌအ‌နေနဲ့ ကျန်တဲ့ ကာကွယ်‌ရေးဝန်ကြီးဌာန‌တွေ ပညာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာ‌ရေးဝန်ကြီးဌာန စသဖြင့် ဝန်ကြီးဌာန ဆက်စပ်ဝန်ကြီးဌာန‌ပေါင်းစုံနဲ့ ကျ‌နော်တို့ဝန်ကြီးဌာနတစ်ရပ်ဖွဲ့ပါတယ် ပြည်‌ထောင်စုအဆင့်မှာ။ အဲဒီအဖွဲ့ကိုဖွဲ့ပြီး ‌တော့မှ မိုင်းအန္တရာယ်အသိပညာ‌ပေး‌ကော်မတီကို ပြည်နယ်/တိုင်း‌တွေမှာ မိုင်းအန္တရာယ် အထူးသဖြင့် ခံစားရတဲ့‌နေရာ‌တွေ‌ပေါ့။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် ပါတာ‌ပေါ့။ ပြီးရင် ပဲခူးအ‌ရှေ့ခြမ်း အဲဒီမှာ မိုင်းအန္တရာယ်ဖြစ်စဉ် နည်းနည်း‌လေးရှိခဲ့တာ‌ကြောင့် ဦးစား‌ပေးပြီး‌တော့ ‌ကော်မတီကို ဖွဲ့ခဲ့တာ ဖြစ်တယ်။
ဖွဲ့ပြီးတဲ့အခါမှာ လူမှုဝန်ထမ်းဦးစီးဌာနက‌နေပြီးမှ ကမ္ဘာ‌ပေါ်က မိုင်းဖြစ်စဉ်ကိုပြန်ကြည့်လိုက်တဲ့အခါမှာ က‌လေးသူငယ် ‌တွေက မိုင်း‌တွေ ‌ဆော့ကစားတယ်။ ဘာမှမသိဘူး။ ‌တွေ့ရင် ထုရိုက်ပစ်တာတို့၊ မီးထဲပစ်ထည့်တာတို့၊ လွှနဲ့ တိုက်ဖျက်တာတို့ ဒီလိုသ‌ဘောနဲ့လုပ်ပြီး ‌ဆော့စရာလို့ ထင်‌နေကြတယ်။ ‌ဆော့ကစားရင်းနဲ့ ထိခိုက်မှု‌တွေဟာများတယ်။ ဒါ‌တွေကိုလည်း ယူနီ ဆက်အဖွဲ့အစည်းက သု‌တေသနပြုလုပ်ပြီးမှ ဖြစ်စဉ်မှာ က‌လေး‌တွေပါတာ များပါတယ်ဆိုပြီး‌တော့မှ က‌လေးအခွင့်အ‌ရေးကို ဦးစား‌ပေးလုပ်‌နေတဲ့ ကျ‌နော်တို့ လူမှုဝန်ထမ်းဦးစီးဌာနက ဒါကို အဓိကတာဝန်ကြီးတစ်ရပ်နဲ့ အခု‌ဆောင်ရွက်တာ‌ပေါ့။
‌နောက်တစ်ခုက မသန်စွမ်းသူများကို ကူညီ‌ပေး‌ရေး‌ခေါင်းစဉ်ကလည်း ရှိတဲ့အခါကျ‌တော့ မိုင်းဖြစ်စဉ်ထိခိုက်မှု ‌တော် ‌တော်များများက‌တော့ မိုင်းထိပြီးဆိုရင် အသက်ဆုံးပါးတယ်။ ‌နောက်ပြီး‌တော့ ခန္ဓာကိုယ် ထိခိုက်ဆုံးရှှုံးမှု‌တွေ ဖြစ်တယ်။ အဲဒီ ‌တော့ မသန်စွမ်းတဲ့အထဲမှာ ခန္ဓာကိုယ် မသန်စွမ်းမှု‌တွေ ဖြစ်သွားတာ‌ပေါ့။ မျက်စိကွယ်သွားတာတို့၊ ‌ခြေ‌ထောက်‌တွေ လက်‌တွေ ပြတ်‌တောက်သွားတာတို့‌ပေါ့။ အဲဒါမျိုး‌တွေဖြစ်တာများတဲ့အတွက်‌ကြောင့်မို့ ကျ‌နော်တို့က မသန်စွမ်းသူ‌တွေကို ကူညီ‌ပေးတဲ့ လုပ်ငန်းတစ်ရပ်အ‌နေနဲ့ ဆက်စပ်ထားတာ‌ပေါ့။

‌မေး။ ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်း‌ရေးနဲ့ ပတ်သက်ပြီး လုပ်‌ဆောင်မယ့်လုပ်ငန်းစဉ်‌တွေနဲ့ လုပ်ငန်း‌ဖော်‌ဆောင်မှု ဘယ်လိုအ‌ခြေအ‌နေမှာ ရှိ‌နေပြီလဲဆိုတာ သိပါရ‌စေ။

ကျ‌နော်တို့လူမှုဝန်ထမ်းဦးစီးဌာနက မိုင်းအန္တရာယ် အသိပညာ‌ပေးလုပ်ငန်း‌တွေရယ်၊ ကျ‌နော်တို့ ကရင်ပြည်နယ်မှာ ‌တော့ မကြာခင်မှာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့အတူ မိုင်းရှင်းလင်း‌ရေးလုပ်ငန်း အစီအစဉ်‌တွေလည်းလုပ်သွားဖို့ ကျ‌နော်တို့ ပြည် ‌ထောင်စုခွင့်ပြုချက်‌တွေလည်း ရထားပြီ။ ပြည်နယ်အစိုးရရယ်၊ တပ်မ‌တော်ရယ်၊ ငြိမ်းချမ်း‌ရေးအဖွဲ့အစည်း‌တွေရယ် ပူး‌ပေါင်းပြီး ‌တော့မှ ဦးစား‌ပေး‌နေရာက‌တော့ ဒီမြိုင်ကြီးငူ‌ဒေသ‌ပေါ့။ ကျုံ‌ထော်‌ရေတံခွန်အနားတစ်ဝိုက်ကို မိုင်းရှင်းလင်း‌ရေးလုပ်ငန်း‌တွေ လုပ် ဖို့လည်း ပြည်နယ်အစိုးရက သတ်မှတ်ထားပြီးပြီ။ အဲဒီအတွက်ကိုလည်း လုပ်ရတဲ့အ‌ကြောင်းရင်းရှိတယ်။
ပထမအဆင့် ကျ‌နော်တို့ကရင်ပြည်နယ်မှာ ကျ‌နေ်ာတို့တိုင်းရင်းသား‌တွေအချင်းချင်း ပဋိပက္ခ‌တွေဖြစ်တဲ့အခါမှာ မြိုင် ကြီးငူ‌ဒေသမှာ တိုက်ပွဲ‌ရှောင်လာတဲ့ ကျ‌နော်တို့ ညီအစ်ကို ‌မောင်နှမ‌တွေ ရှိတယ်‌လေ။ သူတို့ရဲ့ရပ်‌တွေရွာ‌တွေကို ပြန်ချင်ကြ တယ်။ သူတို့လည်း အ‌ကြောင်းမျိုးမျိုးနဲ့ မြိုင်ကြီးငူဆရာ‌တော်ရဲ့‌မေတ္တာရိပ်မှာ ခိုလှှုံ‌နေကြတာ ပြန်ချင်‌နေကြပြီ။ အဲလို ပြန်ဖို့အ တွက်ကို ကျ‌နော်တို့ သူတို့ရဲ့အိမ်‌တွေ၊ ခြံ‌တွေ၊ စိုက်ပျိုး‌ရေးခြံ‌တွေ၊ ဥယျာဉ်ခြံ‌မြေ ရွာ‌တွေမှာ အန္တရာယ်ကင်းကင်းနဲ့ အသက်‌မွေး ဝမ်း‌ကြောင်း‌တွေ ပြုနိုင်ဖို့ ဆိုပြီး‌တော့မှ လုပ်‌ပေးရမယ့် တာဝန်က ကျ‌နော်တို့ နိုင်ငံ‌တော်အစိုးရမှာ တာဝန်ရှိတယ်။ ဒီအတွက် လည်း နိုင်ငံ‌တော်အစိုးရက သူတို့လည်းပြန်လို့ရ‌အောင် အန္တရာယ်ကင်း‌သော လူ့အသိုင်းအဝိုင်းဖြစ်‌အောင် ဝိုင်းလုပ်‌ပေးမှာ‌ပေါ့။ အဲဒီအတွက်လည်း ကျ‌နော်တင်ပြထားသလို ပူး‌ပေါင်း‌ဆောင်ရွက်မှု‌တွေ လုပ်‌နေပါတယ်။
‌နောက်တစ်ခုက မြိုင်ကြီးငူ‌ဒေသက ကျ‌နော်တို့ကရင်ပြည်နယ်မှာ သဘာဝခရီးသွားအတွက် အရမ်းလှပတဲ့ ‌နေရာ‌လေး ‌တွေ ရှိ‌နေပါတယ်။ ‌တော်တာ်များများလည်း ပြည်သူ‌တွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိ‌နေကြပြီး‌ပေါ့‌နော်။ ခရီးသွား‌တွေက လည်း လာချင်‌နေကြတယ်။ အဲလိုလာလို့ရှိရင် ပြည်သူ၊ ဧည့်သည်အားလုံး အန္တရာယ်ကင်းဖို့အတွက် ကျ‌နော်တို့မှာ တာဝန်ရှိ တယ်။ အဲဒီအတွက်‌ကြောင့်မို့ ကျ‌နော်တို့က ဒီ‌ဒေသတစ်ခုလုံးကို ဦးစား‌ပေးတဲ့အ‌နေနဲ့ နိုင်ငံတကာ အဖွဲ့အစည်း‌တွေဖြစ်တဲ့ THE HALO Trust၊ MAG၊ MPA တို့ဆိုတဲ့ NGO အဖွဲ့စည်း‌တွေနဲ့ အစိုးရတို့ တပ်မ‌တော်တို့ ငြိမ်းချမ်း‌ရေးအဖွဲ့တို့ ပူး‌ပေါင်းပြီး‌တော့ အဲဒီ‌နေရာကို အရင်ဦးဆုံး မိုင်းရှင်းလင်း‌ရေးအ‌နေနဲ့ဦးစား‌ပေးဖို့ နိုင်ငံ‌တော်အစိုးရက မူဝါဒ‌တွေ ချမှတ်ထားတာရှိတယ်။
အဲဒီအဖွဲ့အစည်း‌တွေလည်း ကျ‌နော်တို့ ကရင်ပြည်နယ်မှာ ရုံးဖွင့်ထားပြီး‌တော့မှ၊ လူ‌တွေခန့်ထားပြီး‌တော့မှ သင်တန်း ‌တွေ‌ပေးတာ‌တွေ ရှိတယ်။ မကြာခင်မှာ မိုင်းရှင်းလင်း‌ရေးလုပ်ငန်း‌တွေလုပ်ပြီးရင် ခရီးသွားဧည့်သည်‌တွေ များများလာနိုင်မယ်။ လာလို့ရှိရင် ကျ‌နော်တို့ ‌ဒေသခံ‌တွေက‌နေပြီး‌တေ့ာမှ အလုပ်အကိုင် အခွင့်အလမ်း‌တွေ၊ ဝင်‌ငွေ‌တွေ ရမယ်။ ‌ဒေသဖွံ့ဖြိုးမှုလည်း အခုထက် ပို‌ကောင်းသွားမယ်။ ရည်ရွယ်ချက်က ၂ချက်နဲ့ မြိုင်ကြီးငူ‌ဒေသကို ဦးစား‌ပေးမယ်ဆိုပြီး ‌ရွေးချယ်ထားတာ‌ပေါ့။

‌မေး။ မြိုင်ကြီးငူအနီးတစ်ဝိုက်‌ကျေးရွာ‌ပေါင်း ၃ဝရွာမှာ မိုင်းရှင်းလင်း‌ရေး ဦးစား‌ပေးလုပ်ဖို့ အရင်နှစ်ကတည်းက ‌ပြောထားတာ ရှိတယ်။ အခုထိ မလုပ်နိုင်‌သေးဘူးဆို‌တော့ ဘာအခက်အခဲ‌တွေ ရှိ‌နေပါသလဲ။

အဓိကအခက်အခဲက‌တော့ နည်းပညာနဲ့ ‌ငွေ‌ကြေးမဟုတ်ဘူး။ ကျ‌နော်တို့ ‌ဒေသအ‌ခြေအ‌နေဘဲ အဲဒီ‌ဒေသမှာ တချို့ အဖွဲ့အစည်း‌တွေက နည်းနည်း ပူး‌ပေါင်းပါဝင်မှု အားနည်း‌သေးတာရှိတယ်။ မိုင်းရှင်းလင်း‌ရေးမလုပ်ခင်မှာ နည်းပညာပါ‌သော စူးစမ်း‌လေ့လာခြင်းနဲ့ နည်းပညာမပါ‌သော စူးစမ်း‌လေ့လာခြင်း နှစ်မျိုးရှိတယ်။ အဲလိုလုပ်ဖို့အတွက်ကို နိုင်ငံ‌တော်၊ ပြည်နယ် အစိုးရ‌ကော ခွင့်ပြုထားပြီးပြီ။ ခွင့်ပြုပြီးတဲ့အချိန်မှာပဲ ပြီးခဲ့တဲ့ သကြင်္န်ကာလက မြိုင်ကြီးငူ‌ဒေသမှာ အ‌ခြေအ‌နေ‌လေး နည်းနည်း ‌လေး ထူးလာ‌တော့ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကြီးက အ‌ခြေအ‌နေ‌လေး ‌အေးတဲ့အထိ ခဏပြန်ဆိုင်းထားဖို့ ကျ‌နော့် ကို ပြန်‌စောင့်ခိုင်းတယ်။ ကျန်တာ‌တော့ အခက်အခဲမရှိပါဘူး၊ အကုန်လုံးက မီးစိမ်းပြထားပြီးပါပြီး။

‌မေး။ ကရင်ပြည်နယ်မှာ ကရင်လက်နက်ကိုင်အဖွဲ့လည်း များတယ်။ သူတို့ ထိန်းချုပ်ရာနယ်‌မြေလည်း မတူဘူး။ ‌လော‌လော ဆယ် မြိုင်ကြီးငူအနီးတဝိုက်မှာ မိုင်းရှင်းလင်း‌ရေးလုပ်ဖို့ အဆင်သင့်မဖြစ်ရင် အခြား‌နေရာမှာ အရင်‌ပြောင်းပြီးလုပ်ဖို့‌တွေ‌ကော အဲလိုမျိုး အစီအစဉ်ရှိလား။ ပြီး‌တော့ ညှိနှှိုင်းထားတာရှိလား။

ငြိမ်းချမ်း‌ရေးအဖွဲ့အစည်းဆီမှာ‌တော့ ဘယ်အဖွဲ့က‌နေလာပြီး မိုင်းရှင်းလင်း‌ရေး လုပ်‌ပေးပါဆိုပြီး လာ‌ပြောတာမရှိပါဘူး။ ဒါ‌ပေမယ့် တချို့အဖွဲ့အစည်း‌တွေက‌တော့ သက်ဆိုင်ရာ လူကြီး‌တွေကို တင်ပြတယ်ဆိုတာက‌တော့ ကျ‌နော်တို့သိရတယ်။ တချို့ အဖွဲ့အစည်း‌တွေက‌တော့ စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေး၊ ‌ဒေသဖွံ့ဖြိုး‌ရေး လုပ်ချင်တဲ့အခါ သူတို့လည်း သူတို့အ‌တွေ့အကြုံနဲ့ လုပ်တာရှိ တယ်။ တချို့‌နေရာကလည်း သူတို့စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးလုပ်ဖို့က အရင့်အရင်က ‌ထောင်ထားတာ ရှိလားမရှိလားဆိုတာက လည်း အကုန်မသိဘူး။ တချို့ သိတာရှိတယ်၊ မသိတာရှိတယ်။ အဲလို‌နေရာမျိုးမှာ ရှင်းချင်တာ သူတို့ဆန္ဒရှိတာကို ကျ‌နော်ကြား တယ်။
အကယ်၍ သူတို့ဘက်က တရားဝင် နိုင်ငံ‌တော်အစိုးရ ပြည်နယ်အစိုးရကိုတင်ပြီး‌တော့မှ ပူး‌ပေါင်း‌ဆောင်ရွက်ဖို့ ‌တောင်းဆိုတယ်ဆိုရင် တပ်မ‌တော်နဲ့ နိုင်ငံတကာအဖွဲ့အစည်း‌တွေနဲ့က ဝိုင်းလုပ်‌ပေးဆိုရင် လုပ်‌ပေးမယ်။ တစ်ဖက် လိုလားချက် ‌ပေါ် မူတည်တယ်။ သူတို့ဘက်က လိုလားလာတယ်ဆိုရင် ကျ‌နော်တို့ဘက်က ဆင့်ကဲဆင့်ကဲ လူကြီး‌တွေကို တင်ပြ‌ပေးမှာ ပူး ‌ပေါင်း‌ဆောင်ရွက်‌ပေးမှာပါ။ ကျ‌နော်တို့နိုင်ငံထဲမှာ လာပြီး‌တော့မှ ကူညီ‌ပေးဖို့ ‌စောင့်‌နေတဲ့အဖွဲ့အစည်း‌တွေကလည်း ရှင်း‌ပေး မယ်၊ ဝိုင်းလုပ်‌ပေးမယ်ဆိုရင် သူတို့အဖွဲ့က လုပ်‌ပေးမှာဖြစ်ပါတယ်။

‌မေး။ ကျ‌နော်တို့ကရင်ပြည်နယ်က တစ်ခြားပြည်နယ်‌တွေထက်စာရင် မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး စိုးရိမ်ရမှုအ‌ခြေအ‌နေ ဘယ်‌လောက်အတိုင်းအတာအထိ ရှိပါသလဲ။

ဒါ ‌ပြောရတာခက်တယ်‌လေ။ ရှမ်းပြည်နယ်‌မြောက်ပိုင်းဆိုရင် အရင်တုန်းက မရှိသ‌လောက်ပဲ။ အခုဆိုရင် ကျ‌နော်တို့ ကရင်ပြည်နယ်ထက် ယှဉ်လိုက်ရင် ခနခန မိုင်းဖြစ်စဉ်ဖြစ်တယ်။ ကျ‌နော်တို့ပြည်နယ်ဆိုရင် ‌တော်‌တော်များများ မကြားရသ ‌လောက် ဖြစ်သွားတယ်။ အဲဒါက ‌ပြောရတာခက်တာ‌ပေါ့။

‌မေး။ ကရင်ပြည်နယ်ထဲမှာ နှစ်စဉ် မိုင်း‌ပေါက်ကွဲမှုဖြစ်စဉ်၊ ထိခိုက်ဒဏ်ရာ၊ ‌သေဆုံး စတဲ့ စာရင်းအချက်အလက်‌တွေ ‌ကောက်ယူထားတာ ရှိပါလား။

ရှိ‌တော့ရှိတယ်။ ‌လော‌လောဆယ် အဲဒီအချက်အလက်‌တွေကို ချက်ချင်း‌ဖြေဖို့ ခက်တယ်။ တခါတ‌လေ အဲဒီသတင်း အချက်အလက် ကျ‌နော်တို့ဆီ မ‌ရောက်တာရှိတယ်။ ‌ဘေး‌ပြောလို့သိရတာ။ ဥပမာ မိုင်းထိလို့ ‌သေဆုံးသွားတဲ့ ဖြစ်စဉ်ဆိုရင် အချက်အလက်က ကျ‌နော်တို့ဘက် မ‌ရောက်လာ‌တော့ဘူး။ ထိခိုက်ဒဏ်ရာရပြီး ‌ဆေးရုံမှာ တက်ကုတာဆိုရင်‌တော့ ကျ‌နော်တို့ အချက်အလက်‌တွေရတယ်။ အဲဒါ‌တော့ ကျ‌နော်တို့ မှတ်တမ်းတင်ထားတာ‌တွေရှိပါတယ်။ တစ်ချို့ကျ‌တော့ မဲ‌ဆောက်ဘက်မှာ သွားကုလိုက်တာ။ အဲလိုဆိုရင်‌တော့ အချက်အလက် ကျ‌နော်တို့ မရ‌တော့ဘူး။

‌မေး။ မိုင်းအသိပညာ‌ပေးလုပ်ငန်း‌တွေ လုပ်‌ဆောင်‌နေတယ်လို့လည်း သိရ‌တော့ ဘယ်လိုလုပ်‌ဆောင်‌နေလဲဆိုတာ‌လေး သိပါ ရ‌စေ။

မိုင်းရှင်းလင်း‌ရေးလုပ်ငန်းမလုပ်ခင်မှာ မိုင်းအန္တရာယ်အသိပညာ‌ပေး အစီအစဉ်တစ်ခုကိုလည်း ကျ‌နော်တို့ လူမှုဝန်ထမ်း နဲ့ ပြန်လည်‌နေရာချထား‌ရေးဝန်ကြီးဌာနရယ်၊ တပ်မ‌တော် အင်ဂျင်နီယာညွန်ကြား‌ရေးမှူးရုံးရယ် ပူး‌ပေါင်းပြီး‌တော့မှမိုင်းအန္တရာယ် အသိပညာ‌ပေးလုပ်ငန်း‌တွေလုပ်တယ်။ အဓိက နည်းပညာနဲ့ ကျ‌နော်တို့ ကူညီ‌ပေး‌နေတာက‌တော့ ယူနီဆက်‌ပေါ့။ ကျ‌နော်တို့ကို နည်းပညာ အကူအညီ‌ပေးတယ်။ အဲလိုနည်းပညာ ကူညီ‌ပေးပြီး‌တော့မှ ပညာ‌ရေးဝန်ကြီးဌာနနဲ့ ‌ပေါင်းပြီး‌တော့ ကရင်ပြည်နယ် ထဲက အ‌ခြေခံပညာ‌ကျောင်း‌တွေက က‌လေး‌တွေကို မိုင်းအန္တရာယ် အသိပညာ‌ပေးဖို့အတွက်က ဆရာ၊ဆရာမ‌တွေကို ‌ခေါ်ပြီး ‌တော့ သင်တန်း‌ပေးတယ်။ တစ်မြို့နယ်ကို ဆရာ၊ဆရာမ အ‌ယောက် ၃ဝ ‌ရွေးတယ်။ အ‌ယောက် ၁၁ဝကို နည်းပြသင်တန်း ကျ‌နော်တို့ ပို့ချ‌ပေးတယ်။ အဲဒီက‌နေတစ်ဆင့် သင်တန်းတက်တဲ့ဆရာ၊ ဆရာမ‌တွေက သူတို့က‌လေး‌တွေကို အားရင်အားသလို ‌ကျောင်းမှာ မိုင်းအသိပညာ‌ပေးပြန်‌ပေးတယ်‌ပေါ့။ ၂၀၁၆ခုနှစ်က‌နေစပြီး‌တော့မှ မိုင်းအန္တရာယ် အသိပညာ‌ပေးလုပ်လာတာ အခု ဆိုရင် က‌လေး‌ပေါင်း အ‌ယောက် ၄‌သောင်းနီးပါး‌လောက် ကျ‌နော်တို့ မိုင်းအန္တရာယ် အသိပညာ‌ပေး လုပ်ပြီးပြီး။ ပြီးရင် က‌လေး ‌တွေရဲ့ မိဘ‌တွေပါ ကျ‌နော်တို့ သင်တန်းဆက်‌ပေးမယ်‌ပေါ့။
‌နောက်တစ်ခုက ကရင်ပြည်နယ်မှာ ၂၀၁၆ခုနှစ်က မိုင်းအန္တရာယ် အသိပညာ‌ပေးလုပ်ငန်း‌ကော်မတီ စတင်ဖွဲ့စည်း တယ်။ အဲဒီ‌ကော်မတီအစည်း‌ဝေးလုပ်ပြီး ‌ကော်မတီထဲမှာတက်‌ရောက်တဲ့ အရပ်ဖက်အဖွဲ့ INGO၊ NGO ဌာနဆိုင်ရာ၊ တပ်မ ‌တော်နဲ့ ငြိမ်းချမ်း‌ရေးအဖွဲ့အစည်း‌တွေ ပြန်အကြံပြုတာက ဒီ‌ကော်မတီထဲမှာ ကရင်ပြည်နယ်အ‌နေနဲ့ သာသနာ‌ရေးဦးစီးဌာန လည်း ပါဖို့ အကြံပြုတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကရင်ပြည်နယ်မှာရှိတဲ့ ရွာ‌တော်‌တော်များများက ဘုန်းကြီး‌ကျောင်း‌တွေရှိ တယ်။ ဆရာ‌တော်‌တွေက သူတို့ရပ်ရွာမှာ သူတို့က‌လေးတပည့်‌တွေကို အသိပညာ‌ပေး ပြန်လုပ်‌ပေးမယ်။ ဆရာ‌တော်‌တွေက ဩဇာ‌ညောင်းတယ်။ ရွာသား‌တွေကိုလည်း စည်းရုံးတဲ့‌နေရာမှာ ဆရာ‌တော်‌တွေက ပါဝင်ပူး‌ပေါင်းမှု အား‌ကောင်းတယ်။ ဒါ‌ကြောင့်မို့ ဆရာ‌တော်‌တွေနဲ့ ဆက်စပ်တဲ့ သာသနာ‌ရေးဝန်ကြီးဌာနပါသင့်တယ်ဆိုပြီး ကျ‌နော်တို့ကရင်ပြည်နယ်ရဲ့ ထူးခြားချက် က အဲဒီမှာ သူတို့ပါတယ်။
‌နောက်တစ်ခုက‌တော့ ပြည်သူထဲမှာ ကွင်းဆင်း‌နေတဲ့အဖွဲ့က ‌မြေတိုင်းဦးစီးဌာန သစ်‌တောဦးစီးဌာန၊ စိုက်ပျိုး‌ရေးဦးစီး ဌာနကတို့ အဲဒီအဖွဲ့မှာ ပါသင့်တယ်ဆိုပြီး ကျ‌နော်တို့ မိုင်းအန္တရာယ် အသိပညာ‌ပေးအဖွဲ့မှာ ထည့်ထားတယ်။ သူတို့ ပင်မတာဝန် အတွက်နဲ့ ရွာထဲကို ကွင်းဆင်းတဲ့အခါ မသကာင်္စရာ အရာဝတ္ထု‌တွေ ရွာသား‌တွေ တစ်ခုခု‌တွေ့ရင် သူတို့ကို‌ပြောဖို့ သတင်းပို့ဖို့ ပြီး‌တော့ တစ်ခါထဲ မိုင်းအန္တရာယ် အသိညာ‌ပေးလည်း လုပ်ခိုင်းမယ်ဆိုပြီး‌တော့ သူတို့အဖွဲ့ကိုလည်း ပါ‌အောင် ထည့်‌ပေးထားပါ တယ်။

‌မေး။ မိုင်းအသိပညာ‌ပေးလုပ်ငန်းနဲ့ ပတ်သက်ပြီး အရင်တုန်းကနဲ့ အခုအ‌ခြေအ‌နေနဲ့ နှိုင်းယှဉ်ရင် လုပ်‌ဆောင်ရတာ အ‌ခြေ အ‌နေ ဘယ်လိုရှိပါလဲ။

၂၀၁၆ခုနှစ်မှာစပြီး ‌ပြောရမယ်ဆိုရင် အခုက ပို‌ကောင်းလာပြီး။ ဘာဖြစ်လို့လဲဆို‌တော့ ဥပမာ ကရင်ပြည်နယ်ဆိုရင် ၂၀၁၆က စတဲ့ မိုင်းအန္တရာယ် အသိပညာ‌ပေးလုပ်ငန်းစဉ် ‌ကော်မတီမှာဆိုရင် ပါဝင်သင့်ပါဝင်ထိုက်တဲ့ ငြိမ်းချမ်း‌ရေးအဖွဲ့အစည်း ‌တွေ အကုန်ပါလာတယ်‌လေ။ ‌ကော်မတီအစည်း‌ဝေးတိုင်းမှာလည်း သူတို့လာတက်တယ်။ ဒါ အင်မတန်‌ကောင်းမွန်တဲ့ ရလဒ် ‌တွေ။ ဒါ‌တွေက တိုးတက်လာတဲ့ ဖြစ်စဉ်ပဲ။ ဒီဖြစ်စဉ်က အရင်တုန်းက ရှိမှမရှိခဲ့တာ။ ကျ‌နော်တို့မှာ တကယ်ဖြစ်‌နေတဲ့ ပြဿနာ တစ်ခုကို စားပွဲဝိုင်းမှာ တကယ်‌ဆွေး‌နွေးနိုင်တဲ့ အဆင့်တစ်ခုကို ‌ရောက်တယ်ဆိုတာက တကယ်‌ကောင်းမွန်တဲ့ ရလဒ်ပါ။ အဲလို မဟုတ်ဘူးဆိုရင် ကျ‌နော်တို့ဘာလုပ်လဲ သူတို့မသိဘူး။ သူတို့ဘာလုပ်‌နေတာကိုလဲ ကျ‌နော်တို့မသိဘူး။

‌မေး။ ကရင်ပြည်နယ်မှာ မိုင်း‌ကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြသူ‌တွေရှိပါတယ်။ သူတို့အတွက်‌ရော ဘယ်လိုပြန်လည်ထူ‌ထောင် ‌ရေးလုပ်ငန်းအစီအစဉ်‌တွေ လုပ်‌ဆောင်‌နေတာရှိပါသလဲ။

အခု ကူညီ‌ပေး‌ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး‌တော့လည် မိုင်းဒဏ်ထိသူ‌တွေမကဘဲ အ‌ကြောင်းမျိုးမျိုး‌ကြောင့် ထိခိုက်တဲ့ လူ‌တွေ မသန်စွမ်းဖြစ်သွားတဲ့လူ‌တွေကို ကျ‌နော်တို့ ကူညီ‌ထောက်ပံ့တဲ့ လုပ်ငန်း‌တွေ လုပ်‌နေတယ်။ အခုလူမှုဝန်ထမ်းဦးစီးဌာနက‌နေပြီး‌တော့မှ အခုပြန်လည်ထူ‌ထောင်‌ရေးဦးစီးဌာနဆိုပြီး အသစ်တစ်ခုထပ်ဖွဲ့လိုက်ပြီး လူမှုဝန်ထမ်း က‌နေပြီး တာဝန်ယူတဲ့တချို့လုပ်ငန်း‌တွေကို သူတို့ကိုလွှဲ‌ပေးလိုက်ပြီး မသန်စွမ်း‌တွေကို ကာကွယ်‌စောင့်‌ရှောက်တဲ့ လုပ်ငန်းစဉ် ‌တွေ ပြီး‌တော့ မိုင်းအသိပညာ‌ပေးလုပ်ငန်း‌တွေကို သူတို့ဌာနက ပြန်လုပ်‌တော့မယ်‌ပေါ့။ ‌လော‌လောဆယ် ပြည်နယ်တိုင်း‌တွေမှာ သူတို့ရုံးခွဲ‌တွေကို မဖွင့်နိုင်‌သေးဘူးဆို‌တော့ ကျ‌နော်တို့ လူမှုဝန်ထမ်းဦးစီးဌာနကပဲ အရင်အတိုင်း မူလတာဝန်လိုပဲ ဆက်ပြီး ဝိုင်းပြီး လုပ်တာ။
ပြန်လည်ထူ‌ထောင်‌ရေးဦးစီးဌာန မဖွင့်ခင်မှာ နိုင်ငံတကာ INGO တစ်ခုဖြစ်တဲ့ HI အဖွဲ့က မိုင်းဒဏ်‌ကြောင့်နဲ့ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် မသန်စွမ်းတဲ့သူ‌တွေကို အ‌သေးစား ‌ခြေတုလက်တု‌တွေ လုပ်‌ပေးတယ်။ ပြီးရင် သူတို့ အသက် ‌မွေးဝမ်း‌ကြောင်းပညာ‌တွေ လုပ်‌ပေးတယ်။ သူတို့ အသက်‌မွေးဝမ်း‌ကြောင်းလုပ်ဖို့ အရင်းအနှီး‌တွေ ထုတ်‌ပေးတယ်။ အဲဒီအတွက် ကို ကျ‌နော်တို့ကရင်ပြည်နယ်က ‌ကော့ကရိတ်နဲ့ သံ‌တောင်ကြီးမှာ ရုံးဖွင့်ထားတာရှိတယ်။ ပြီး‌တော့ ပဲခူးတိုင်းအ‌ရှေ့ဘက်ခြမ်း မုန်းမှာ တစ်ရုံးဖွင့်ထားတာရှိတယ်။ အဲဒီရုံးမှာ ‌ခြေတုလက်တု လာလုပ်တဲ့သူ‌တွေကို မသန်စွမ်းတဲ့လူ‌တွေကပဲ ‌ခြေတုလက်တု ‌တွေကို ပြန်လုပ်‌ပေးတယ်။ အဲဒီအတွက်က မြန်မာနိုင်ငံ မသန်စွမ်းသူအသင်းနဲ့ပူး‌ပေါင်းပြီး ‌ထောက်ပံ့‌ပေးထားတယ်။ ပြန်လည် ထူ‌ထောင်‌ရေးဦးစီးဌာနက ၂၀၁၇ခု ဘဏ္ဍာ‌ရေးနှစ်မှာ ကျ‌နော်တို့ ကရင်ပြည်နယ်မှာ မသန်စွမ်းသူ အားလုံး စုစု‌ပေါင်း ၄၆၁၆ဦးကို တစ်‌ယောက် ၁သိန်းနှုန်းနဲ့ ကျ‌နော်တို့ လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျက်က‌နေပြီး‌တော့မှ ‌ထောက်ပံ့‌ပေးပြီးလည်းဖြစ်ပါတယ်။