Home အမြင်သဘောထား အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌နေ့ အမြင်သ‌ဘောထား

အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌နေ့ အမြင်သ‌ဘောထား

3426

နိုဝင်ဘာ ၂၅ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

ယ‌နေ့(နိုဝင်ဘာလ ၂၅ ရက်)တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌နေ့ဖြစ်သည်။ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်ခြင်း၏ အနက်အဓိပ္ပါယ်၊ အကြမ်းဖက်မှုဖြစ်‌ပေါ်လာ‌စေသည့် အ‌ကြောင်းအရင်းနှင့် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေးအတွက်နှင့်ပတ်သက်ပြီး အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ၏ အမြင်သ‌ဘောထားမှတ်ချက်များကို စုစည်းတင်ပြလိုက်ပါသည်။

‌ဒေါက်တာ စင်သီယာ‌မောင် (မယ်‌တော်‌ဆေးခန်း တာဝန်ခံ)


ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ အားလုံး‌ပေါ်မှာ အနိုင်ကျင့်ခံရတာတို့ ခွဲခြားဆက်ဆံခံရတာတို့ အထူးသဖြင့်‌တော့ ဒီကျား၊ မ တန်းတူမညီမျှမှုအ‌ပေါ်မှာ မူတည်ပြီး‌တော့ သူတို့ရဲ့ Power သုံးတယ်။ Power ဆိုတာက ‌ငွေအားပဲဖြစ်ဖြစ် ခန္ဓာကိုယ်ပဲဖြစ်ဖြစ် ဒါမှမဟုတ်ဘဲ ခြိမ်း‌ခြောက်ပြီး‌တော့ဘဲဖြစ်ဖြစ်‌ပေါ့။ သူတို့ အနိုင်ကျင့်ခံရတဲ့ကိစ္စ အားလုံးကို လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုလို့‌ခေါ်ပါတယ်။
ဒီအကြမ်းဖက်မှုမျိုးဖြစ်‌စေတဲ့အ‌ခြေခံအ‌ကြောင်းအရင်းက အဆင့်ဆင့်ရှိတာ‌ပေါ့။ ရပ်ရွာထဲမှာရှိတဲ့ ထုံးတမ်းအစဉ် အလာ‌တွေနဲ့လည်း ပတ်သက်ပါတယ်။ အမျိုးသမီး၊ အမျိုးသားပညာသင်ကြားခွင့်တို့၊ လူမှု‌ရေးလုပ်ငန်း‌တွေမှာ ဦးစီး ဦး‌ဆောင်ပိုင်းမှာ၊ အုပ်ချုပ်မှုပိုင်း‌တွေမှာ၊ စီမံခန့်ခွဲမှုပိုင်း‌တွေမှာ ပါဝင်‌ဆောင်ရွက်ခွင့်တို့၊ ‌နောက်‌တော့ မိသားစုထဲမှာဆိုလည်း လူမှု‌ရေးဆိုင်ရာ ဝန်‌ဆောင်ခွင့်တို့၊ လက်ခံနိုင်ခွင့်တို့ အဲ့ဒီအ‌ပေါ်မှာ အမျိုးသမီး‌တွေအတွက် အထူးစဉ်းစားထားတဲ့ အစီအစဉ်မျိုး‌တွေ မရှိကြဘူး။ ထုံးတမ်းအစဉ်အလာအရလည်း လွှမ်းမိုးမှု‌တွေနဲ့ ချုပ်ကိုင်ခံရတာလည်းဖြစ်နိုင်ပါတယ်။
‌နောက်တစ်ချက် အ‌နေနဲ့ ဝန်‌ဆောင်မှု‌တွေ ‌ပေးဖို့အတွက် စီမံကိန်း‌တွေ ‌ရေးဆွဲတဲ့ အချိန်တို့၊ ‌လေ့ကျင်း‌ရေး သင်တန်း‌ပေးတဲ့ လူမှု‌ရေး၊ ကျန်းမာ‌ရေး အသိပညာ‌ပေး အဖွဲ့အစည်း‌တွေ အားလုံးဟာလည်း လိင်မှုဆိုင်ရာ ခွဲခြား ဆက်ဆံမှု အကြမ်းဖက်မှု‌တွေအ‌ကြောင်းကို ပညာ‌ရေးကဏ္ဍ၊ ကျန်းမာ‌ရေးကဏ္ဍ အုပ်ချုပ်မှုကဏ္ဍ စသဖြင့်‌ပေါ့။ အဆင့်ဆင့်မှာ ‌လေ့ကျင့် သင်ကြား‌ပေးထားတဲ့ အစီအစဉ်‌တွေ၊ ကျွမ်းကျင်မှု‌တွေနဲ့ဆိုင်တာ‌ပေါ့။ အမြင့်ဆုံးက‌တော့ မူဝါဒပိုင်းနဲ့ ဆိုင်တာ‌ပေါ့။ ဒါမျိုးကိစ္စ‌တွေမှာကျ‌တော့ ဒီမူဝါဒ‌တွေ ချမှတ်ပြီး‌တော့ အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှ‌ရေး၊ အမျိုးသမီး‌တွေရဲ့ စွမ်းအားမြှင့်တင်‌ရေး‌တွေကို ဘက်‌ပေါင်းစုံ ပညာ‌ရေးပိုင်း ဆိုင်ရာ၊ ကျန်းမာ‌ရေး ပိုင်းဆိုင်ရာ အုပ်ချုပ်‌ရေး၊ ဥပ‌ဒေပိုင်းဆိုင်ရာ စသဖြင့် ဘက်‌ပေါင်းစုံ ပူး‌ပေါင်း‌ဆောင်ရွက်ထားတဲ့ ဒီမူဝါဒ‌တွေနဲ့ ‌ရေးဆွဲထားတာတို့ အဲ့ဒီ အ‌ပေါ်မှာပဲ သီးသန့် ရန်ပုံ‌ငွေ‌တွေကို ချမှတ်ပြီး‌တော့ အသုံးပြုနိုင်တာတို့ တချိန်ထဲမှာပဲ လူမှုအဖွဲ့အစည်း ‌တွေမှာရှိတဲ့ လူမှုအသိုင်း အဝိုင်း(Civil Society)တို့ လူထု‌တွေနဲ့ ထိ‌တွေ့တဲ့ အဖွဲ့‌တွေကို စွမ်းအားမြှင့်တင်‌ရေးတို့ ဒီမူဝါဒပိုင်းဆိုင်ရာထဲမှာ ပူး‌ပေါင်း ‌ဆောင်ရွက်မှု‌တွေ အား‌ကောင်းလာ‌အောင် ‌ဆောင်ရွက်‌ပေးနိုင်တဲ့ ဒီမူဝါဒမျိုး‌တွေ ကြီးကြပ်မှုစနစ်‌တွေ ထားရှိမယ်ဆိုရင် ‌တော့ ဒါဟာ ပ‌ပျောက်‌အောင်ဖို့ပဲဖြစ်ဖြစ် ‌လျော့နည်း‌အောင်လို့ပဲ ဖြစ်ဖြစ် ဒါဟာစီမံနိုင်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး‌တော့ တာဝန်ရှိတာတာ့ အားလုံးပါပဲ။ ရပ်ထဲရွာထဲမှာပဲဖြစ်ဖြစ် လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် အားလုံး က‌တော့ ဒီအမျိုးသမီး၊ အမျိုးသား‌တွေ တန်းတူညီမျှမှုရှိလားဆိုတာကို ကြီးကြပ်‌စောင့်ကြည့်တဲ့ စနစ်‌တွေ ‌ပေါ်လာမှာပဲ။ ကိုယ့်မှာ တာဝန်ရှိမှု ၊ မရှိမှုကို ပိုသိမယ်‌လေ။ အဲ့ဒီအ‌ကြောင်းအရာ‌တွေကို သင်ကြား ‌လေ့လာထားမှုမရှိဘူး။ ဒါမှမဟုတ် လက်ခံနိုင်တဲ့ ခံယူချက်‌တွေ ၊ ယူဆချက်‌တွေ မ‌ပြောင်းလဲ‌သေးဘူးဆိုရင်‌တော့ ဒါတစ်ဦးချင်းစီရဲ့ နားလည်လက်ခံမှုတို့ ယုံကြည်မှုတို့ ပါဝင်ပူး‌ပေါင်းမှုတို့ကလည်း အ‌ရေးကြီးတယ်။
ဒါမျိုး ဥပ‌ဒေ ဖြစ်လာဖို့ ဆိုတာကလည်း မူဝါဒ ချမှတ်ပြီး လုပ်မှရသလို အထူးပိုပြီး‌တော့ ဂရုစိုက်ရမဲ့ အသက်အရွယ်ဖြစ်‌စေ၊ ပိုပြီး‌တော့ အန္တရာယ်အ‌ခြေအ‌နေကျ‌ရောက်‌စေနိုင်တဲ့ ကိစ္စများ‌တွေကိုလည်း အထူးကြပ်မတ် ပြီး‌တော့ တရားမျှတမှု ရှိရှိ ‌ဆောင်ရွက်နိုင်တဲ့ စနစ်တစ်ခုကို တည်‌ဆောက်ဖို့အတွက် မူဝါဒ‌တွေ ‌ရေးဆွဲပြီး‌တော့ အ‌ကောင်အထည်‌ဖော်မှပဲရမယ်။ အဲ့‌တော့ အားလုံးတာဝန်ရှိမှုနဲ့ ပါဝင်သွားမယ်။ အစိုးရပိုင်းဆိုင်ရာမှာ‌ကော ဒီဝန်‌ဆောင်မှု‌ပေး‌နေတဲ့ ဌာန‌တွေအသီးသီး‌ကော နိုင်ငံတကာအဖွဲ့အစည်း‌တွေ‌ကော လူမှုအသိုင်းအဝိုင်းမှာရှိတဲ့ ဦးစီးဦး‌ဆောင်‌နေတဲ့ အားလုံးက ဒီမျိုးဆက်ပွားကျန်းမာ‌ရေးနဲ့ လိင်မှုဆိုင်ရာကိစ္စများ ဆက်နွယ်‌နေတဲ့အတွက်‌ကြောင့် ဒီလိင်နဲ့ မျိုးဆက်ပွားကျန်းမာ‌ရေး ဆိုင်ရာ ကိစ္စရပ်‌တွေနဲ့ အမျိုးသမီးအခွင့်အ‌ရေး ကိစ္စရပ်များကို တစိုက်မတ်မတ် အင်အားရှိရှိ ပူး‌ပေါင်း‌ဆောင်ရွက်မှပဲ အားလုံးရဲ့ တာဝန်ရှိမှုနဲ့ ‌ဖော်‌ဆောင်နိုင်မှာဖြစ်တယ်။

ပဒို‌နော်စီဖိုးရာစိန် (‌ကေအဲန်ယူ ဒု-ဥက္ကဌ‌ဟောင်း)


‌ပြောချင်တာက‌တော့ ကျမတို့ကရင်နဲ့တိုင်းရင်းသား‌တွေကြားမှာ ဒါ‌တွေကိုရင်ဆိုင်‌နေရတာပါ။ ကျမတို့ တိုင်းရင်းသူ‌တွေအ‌နေနဲ့ ဒီအကြမ်းဖက်ခံရမှု‌တွေကို အများဆုံးခံရတယ်။ ပဋိပက္ခကာလ အချိန်‌တွေမှာ ဒီလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်နက်တစ်ခုအ‌နေနဲ့ အသုံးချကြတယ်။ ဒါ‌ကြောင့် ဒီအကြမ်းဖက်မှုကြီးက သူတို့လုပ်‌ဆောင်ရမဲ့ မူဝါဒတစ်ခုလိုချမှတ်ထားတာဖြစ်တယ်။ တခြားအကြမ်း ဖက်မှုဖြစ်‌စေတဲ့အရာ‌တွေက လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့တွန်းပို့မှု‌ကြောင့်လည်း ဖြစ်နိုင်ပါတယ်။
‌နေ့စဉ်ဖြစ်တဲ့အရာ‌တွေဆိုရင်‌တော့အဖွဲ့အစည်း‌တွေဖြစ်‌စေ၊ လူတစ်ဦးချင်းဖြစ်‌စေ၊ အဲ့ဒီလိုဖြစ်စဉ်‌တွေကြုံလာရင်ထိ ‌ရောက်စွာအ‌ရေးယူရမယ်။ လူ့အဖွဲ့အစည်းအားလုံးက ပူး‌ပေါင်းပြီး လုပ်ငန်းစဉ်ချမှတ်ရမယ်။ စည်းရုံးလှုံ့‌ဆော်မှု ပညာ‌ပေးမှု‌တွေကို လူထုကြားမှာ၊ လူ့အဖွဲ့အစည်း‌တွေကြားမှာချပြရမယ်။ လူထု‌တွေက ဒါကိုလက်ခံရမယ်။ အထူးသဖြင့်အဖွဲ့ အစည်း‌တွေက ပိုပြီး နားလည်ရမယ်။ လူမှုအဖွဲ့အစည်း‌တွေက သူတို့ကိုယ်တိုင်နားလည်‌အောင် လုပ်ပြီးမှ တစ်ဆင့်ပြန်လည်မျှ ‌ဝေ‌ပေးရမယ်။ ဘာဖြစ်လိုလဲဆို‌တော့ အခုမြန်မာပြည်ထဲမှာက အကြမ်းဖက်မှု‌တွေ များလာတာနဲ့ အမျှ ဒီအရာ‌တွေကို ပြန်ကြည့်မယ်ဆိုရင် ဘာဖြစ်လို့ဖြစ်လာရတာလဲဆိုတာကို အစိုးရ‌တွေ အ‌နေနဲ့ ကွင်းဆင်းအ‌ဖြေရှာ ရမှာဖြစ်ပြီး နည်းလမ်းတစ်ခုကိုချမှတ် ရမှာဖြစ်တယ်။
ဘာဖြစ်လဲဆို‌တော့ ဒါကိုတိကျ‌အောင်အ‌ဖြေမရှာဘူးဆိုရင် ကိုင်တွယ်‌ဖြေရှင်းဖို့ခက်ခဲမယ်။ အခုဆိုရင်မြန်မာပြည်ထဲမှာ များ‌သော အားဖြင့် ဖိနှိပ်မှု‌ကြောင့်၊ ဆင်းရဲမွဲ‌တေမှု‌ကြောင့်၊ မူးယစ်‌ဆေးဝါး‌တွေ‌ကြောင့် ဒါ‌တွေက လူ့အသိစိတ်‌တွေ စဉ်းစား ‌တွေး‌ခေါ်နိုင်မှု‌တွေကို ထိခိုက်‌စေပြီး ဒီလိုအကြမ်းဖက်မှုမျိုး‌တွေ ဖြစ်လာရတာဖြစ်တယ်။ ဒါ‌တွေကို ‌သေ‌သေချာချာကိုင် တွယ်‌ဖြေရှင်းရမယ်။ ‌နောက်ပြီး အခုဆိုရင် ဒီညစ်ညမ်းရုပ်ရှင်‌တွေကိုကြည့်တာ‌တွေကို ကာကွယ် ဖို့ဥပ‌ဒေမရှိ‌တော့ လူ‌တွေက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိ‌တော့ဘူးဆိုရင် ဒါ‌တွေအများကြီး ဖြစ်လာမယ်။
အဲ့ဒါ‌ကြောင့် မြန်မာပြည်မှာ ဒါ‌တွေကို ထိန်းချုပ်မဲ့ ဥပ‌ဒေ မရှိ‌တော့ အားလုံးကို ကိုင်တွယ်လို့မရဘူး‌လေ။ နိုင်ငံတ ကာမှာ ဒီလို ဥပ‌ဒေမျိုးရှိ‌ပေမဲ့မြန်မာပြည်မှာ‌တော့မရှိဘူး။ ဥပ‌ဒေ‌တွေ တိတိကျကျရှိရမယ်။ ‌နောက်ဒီလို မဖြစ်‌အောင် ကာကွယ်ဖို့လည်း လူတိုင်းမှာတာဝန်ရှိတယ်။ အိမ်‌ထောင်ဦးစီး‌တွေက သိရမယ်။ နားလည်းရမယ်။ ကိုယ့်မိသားစုကို ကာကွယ်ရမယ်။ အိမ်နီးနားချင်း‌တွေကိုကာကွယ်ရမယ်၊ အဲ့ဒါ‌တွေရှိမယ်ဆိုရင်‌တော့ ဒါ‌တွေက‌လျော့နည်းလာနိုင်မယ်။

ပဒို‌စောလှထွန်း -တွဲဖက်အတွင်း‌ရေးမှူး -၂ (KNU- ကရင်အမျိုးသားအစည်းအရုံး)


အမျိုးသမီး‌တွေအ‌ပေါ် အကြမ်းဖက်တယ်ဆိုတာက ထုတာ၊ ‌ထောင်းတာ၊ ရိုက်တာ၊ ကန်‌ကျောက်တာ ဒါက ကိုယ်ထိလက်‌ရောက် အကြမ်းဖက်တာ‌ပေါ့။ ‌နောက်ပြီး‌တော့ အမျိုးသမီး‌တွေအ‌ပေါ် ဂုဏ်သိက္ခာ ညိုးနွှမ်း‌စေမဲ့ ‌ဆောင်ရွက်မှု‌တွေလည်း အမျိုးသမီး‌တွေအ‌ပေါ်အကြမ်းဖက်တာ ပါတာ‌ပေါ့။ ‌နောက်ပြီး စိတ်ခံစားမှု‌တွေ၊ စိတ်ဖိစီးမှု‌တွေ ဖြစ်‌အောင်လုပ်တာကလည်း ဒါက အကြမ်းဖက်မှုတစ်နည်းပဲ။
လူတစ်ဦးချင်းစီရဲ့ စိတ်ချင်းက မတူနိုင်ဘူး‌လေ။ တချို့က စိတ်လိုက်မာန်ပါ လုပ်‌ဆောင်တတ်တာမျိုး၊ တချို့က ‌သေရည်‌သေရက်‌တွေ ‌သောက်စားပြီး‌တော့မှ အမျိုးသမီး ‌တွေအ‌ပေါ် အကြမ်းဖက်မှု‌တွေ ဖြစ်‌စေနိုင်တာပဲ။ တချို့ကလည်း ဆင်းရဲ့ဒုက္ခ‌တွေ အဆင်မ‌ပြေ မှု‌တွေ ကြုံ‌တွေ့ရတဲ့အချိန်မှာ ဆင်းရဲတွင်းနက်တာ‌တွေ မလုံ မ‌လောက်ဖြစ်လာမှု‌တွေက‌နေ မိသားစုအတွင်းမှာ မထင်မှတ်ပဲနဲ့ စကား‌ပြော ရန်ဖြစ်ရင်းနဲ့ သူ့ရဲ့လိုအပ်ချက် ကိုယ့်ရဲ့လိုအပ်ချက် အိမ်‌ထောင်ဦးစီးအ‌နေနဲ့ ဘာမှမလုပ်‌ပေးနိုင်ဘူး၊ ဘာမှမ‌ဆောင်ရွက်‌ပေးနိုင်ဘူးဆိုတဲ့ အ‌ခြေအ‌နေက‌နေ စကားများရင်းနဲ့လည်း လက်‌တွေပါလာတတ်တယ်‌လေ။ ဒီလိုအ‌ခြေအ‌နေ အ‌ကြောင်းအ‌ကြောင်း‌တွေ‌ကြောင့် အကြမ်းဖက်မှုမျိုး‌တွေ ဖြစ်လာနိုင်တယ်။
အမျိုးသမီး‌တွေအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌အောင်ဆိုရင် လုပ်ရမှာက ဖြစ်‌ပေါ်လာတဲ့ ကိစ္စ အရင်းခံ‌တွေကို ‌ဖြေရှင်းရမယ်။ အဲ့ဒီလို‌ဖြေရှင်းရင်‌တော့ ပ‌ပျောက်နိုင်မှာ‌ပေါ့။ ‌သေရည်‌သေရက် ‌သောက်စားမှုကင်း‌ဝေးတဲ့အဆင့် ‌တွေ‌ရောက်ဖို့ ‌နောက်ပြီး‌တော့ လုပ်ကိုင်စား‌သောက်မှု ‌ပြေ‌ပြေလည်လည်နဲ့ ဒုက္ခ သုက္ခ‌တွေ ကင်း‌ဝေးတဲ့ အဆင့်ကို‌ရောက်ဖို့ အဲ့အ‌ခြေခံ‌တွေကို ‌ဖြေရှင်း‌ပေးရမယ်။ အဲ့ဒီအ‌ခြေခံက‌နေပဲဖြစ်တည်လာတာကိုး။
‌နောက်တစ်ခုက‌တော့ ဖြစ်‌နေတဲ့ ကိစ္စက လူလူချင်း လိင်ခြားနားခြင်းက‌နေ အပြန်အလှန်‌လေးစားခြင်း အသိအမှတ်ပြုခြင်း ရရှိနိုင်ဖို့အတွက်လည်း ‌ဆောင်ရွက်‌ပေးရမဲ့ အရာ‌တွေ‌ပေါ့။ အဲ့လိုမျိုးလုပ်ခြင်း အားဖြင့်က‌တော့ ခုနက‌ပြောတဲ့ အမျိုးသမီး‌တွေအ‌ပေါ် အကြမ်းဖက်တဲ့ အကြမ်းဖက်မှု‌တွေက‌တော့ ‌လျော့နည်းလာလိမ့်မယ်။ အဓိက က‌တော့ ချစ်ခြင်း‌မေတ္တာကို ဘယ်လိုပြသကြမလဲ‌ပေါ့။ တစ်ဦးကို တစ်ဦး ချစ်ခြင်း‌မေတ္တာထားတတ်ဖို့လိုတယ်။

မန်း‌အောင်ပြည်စိုး-ဥက္ကဌ (ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP)


နှစ်ပိုင်းခွဲမြင်ရလိမ့်မယ်။ မူးယစ်‌ဆေးဝါး သုံးစွဲတဲ့သူနဲ့ မသုံးစွဲတဲ့သူ နည်းနည်းပါးပါး နားလည်‌ပေးဖို့‌တော့ လိုလိမ့်မယ်။ သုံးစွဲတဲ့သူ‌တွေကျ‌တော့ မိန်းမ‌တွေ အကြမ်းဖက်ခြင်း ခံရမယ်။ မသုံးစွဲတဲ့သူ သမာသမတ်ကျတဲ့သူ‌တွေကျ‌တော့ မျှမျှတတဘဲ မိန်းမနဲ့ ‌ယောက်ျား တူတူပဲ ဆက်ဆံကြတယ်။
အကြမ်းဖက်ခံရတာက အိမ်မှာ‌နေရင်းထိုင်ရင်း အသားလွတ် အကြမ်းဖက်ခံရတာ မူးလာယမ်းလာပြီး‌တော့ မိန်းမကို အနိုင်ကျင့်တာတို့ ဘာဖြစ်တယ် ညာဖြစ်တယ်‌ပေါ့။ နည်းနည်း နားလည်တဲ့‌ယောက်ျား‌တွေ ကျ‌တော့ အဲ့လိုရှိချင်မှ ရှိမယ်။ ဒါ‌ပေမယ့် ခုဏက သူတို့ မူးယစ်‌ဆေးဝါးသုံးစွဲတဲ့သူ‌တွေ ၊ ‌သောက်စားမူးယစ်တဲ့ သူ‌တွေကျ‌တော့ အဲ့လို နားလည်မှု ရှိချင်မှ ရှိမယ်။ ‌နောက်ပြီး‌တော့ အဲ့အ‌ပေါ်မှာ အကြမ်းဖက်မှု‌တွေရှိ‌ကောင်းရှိတယ်။
အခုအမျိုးသမီး တစ်ချို့တစ်‌လေ အကြမ်းဖက်ခံရ‌ကောင်း ခံရမယ်။ ရှိ‌ကောင်းရှိအုံးမယ်။ အဲ့လို က‌နေ ဘယ်လို ကာကွယ်ရမလဲ ဆိုတဲ့အပိုင်းက‌တော့ အမျိုးသမီး‌တွေကလည်း သည်းခံနိုင်သ‌လောက် သည်းခံ‌ပေး။ ကိုယ့်‌ယောက်ျား ကိုယ့်ခင်ပွန်းကိုလည်း နားလည်မှုရှိ‌အောင် နားလည်‌ပေးပြီး‌တော့ အတတ်နိုင်ဆုံး မျှမျှတတနဲ့ ဆက်ဆံ‌ပေး‌ပေါ့။ အမျိုးသားဘက်ကလည်း အရက်စွဲ‌နေတယ်၊ မူးယစ်‌ဆေးစွဲ‌နေတယ်ဆိုရင် အဲ့လို‌ကောင်‌တွေကျ‌တော့ ငါတို့ ပါတီက‌နေဖြစ်ဖြစ် လက်နက်ကိုင်အဖွဲ့အစည်းကဖြစ်ဖြစ် CSOက ဖြစ်ဖြစ် ဒီဟာ‌တွေကို ပညာ‌ပေးလိုက်ရင် အထိုက်အ‌လျောက်‌တော့ နည်းနည်း‌လေး သက်သာမှုရမလား‌ပေါ့ကွာ။ အဲ့လိုမဖြစ်‌အောင် အဲ့လို အကြမ်းဖက် မခံရ‌အောင် ပညာဘဲ‌ပေး‌ပေး ဥပ‌ဒေနဲ့ဘဲ ထုတ်ထုတ် အဲ့လိုနည်း‌တွေနဲ့ ‌ဆောင်ရွက်‌ပေးဖို့ လိုအပ်တယ်လို့ အကြံ‌ပေးချင်တယ်။

နန်းထက်ထက်လင်း (Miss Tourism Global Queen International 2018 ဆုရှင် )


နန်းထက်တို့ ‌နေတဲ့ အနီးပတ်ဝန်းကျင်မှာဆိုရင် အမျိုးသမီးအကြမ်းဖက်မှုက အများကြီး ရှိတာ‌ပေါ့‌နော်။ အချို့အမျိုး သမီး‌တွေ ဆိုလို့ရှိရင် ဒီအိမ်‌ထောင်တစ်ခုမှာ‌ပေါ့‌နော်။ အိမ်‌ထောင်ဦးစီးဖြစ်တဲ့ အမျိုးသား‌တွေရဲ့ ရိုက်နှက်မှုတို့ ၊ အရမ်းကြီးကြမ်းတမ်းစွာ ‌ပြောဆိုမှုတို့ အဲဒါ‌တွေ အများကြီး‌တွေ့‌နေရတယ်။
အမျိုးသမီး‌တွေကို အကြမ်းဖက်မှု ဖြစ်‌ပေါ်လာ‌စေတဲ့အ‌ကြောင်းအရင်းက‌တော့ ညီမထင်တာ အိမ်‌ထောင် တစ်ခုမှာ ဆိုလို့ရှိရင်‌ပေါ့‌နော်။ မိခင်ဖြစ်တဲ့ အမျိုးသမီး‌တွေက အိမ်မှုကိစ္စ အဝဝကို လုပ်ရတယ်။ သားသမီး‌ရေးက အစ‌ပေါ့‌နော်။ ကိုယ့်ရဲ့ အိမ်‌ထောင်ဦးစီးရှာတဲ့ဟာကို ကိုယ်က‌လောက်‌အောင် သုံး‌နေရတဲ့အခါမှာ‌ပေါ့‌နော်။ တစ်ခါတစ်‌လေကျ‌တော့ မ‌လောက်မငှဖြစ်တဲ့အခါကျလို့ရှိရင် Complain( ပြန်လည်‌ပြောဆိုမှု) တက်တဲ့အခါကျရင် ကိုယ့်ရဲ့အိမ်‌ထောင်ဦးစီးနဲ့ ပြဿနာ‌တွေကြုံရတယ်‌ပေါ့‌နော်။ အဲလိုမျိုးအများကြီး‌တွေ့ရတယ်။
‌နောက်တစ်ချက်က တချို့‌ယောက်ျား‌တွေက‌ပေါ့‌နော်။ အပြင်မှာ အလုပ်လုပ်လို့ အဆင်မ‌ပြေ တဲ့အခါကျလို့ရှိရင် အရက်‌တွေ‌သောက်လာမယ်။ အဲဒီအခါကျလို့ရှိရင် ကိုယ့်အိမ်မှာရှိတဲ့ ကိုယ့်ရဲ့ဇနီး မယား‌တွေကို‌ပေါ့‌နော်။ ပြန်ပြီးအနိုင်ယူတာ‌တွေလည်း ‌တွေ့တယ်‌ပေါ့‌နော်။ အရင်တုန်းက အမျိုးသမီး‌ရေးရာ ‌ကော်မတီ‌တွေရှိတယ်‌ပေါ့‌နော်။ ဒါ‌ပေမဲ့သွားတိုင်လို့ရှိရင် ထိထိ‌ရောက်‌ရောက် အ‌ရေးယူတာမျိုး ညီမ မ‌တွေ့ဖူး ဘူး‌ပေါ့‌နော်။ ဒီအမျိုးသမီးအကြမ်းဖက်မှု ပ‌ပျောက်‌ရေးကို အဓိက လုပ်‌ဆောင်ရမှာက ဒီအမျိုးသမီး‌ရေးရာ‌တွေ ‌သေ‌သေချာချာ၊ လုပ်သင့်လုပ်ထိုက်တာ‌တွေကို တိတိကျကျလုပ်‌ဆောင်‌ပေးဖို့လိုတယ်လို့‌တော့ ညီမထင်တယ်။
‌နောက်တစ်ချက်က‌ပေါ့‌နော်။ အခုဆိုလို့ရှိရင် အမျိုးသမီး‌တွေ‌တော်‌တော်များများက လုံခြုံမှု မရှိကြ‌တော့ဘူး‌ပေါ့‌နော်။ ကိုယ့်အိမ်တွင်းမှာဆိုလည်း လုံခြုံမှုမရှိဘူး။ က‌လေး‌တွေကအစ အခုဆိုလို့ရှိရင် သက်ငယ်မုဒိမ်းမှု‌တွေလည်း အများကြီး‌ပေါ်လာတယ်။ အိမ်မှာရှိတဲ့ ကိုယ့်အ‌ဖေကိုလည်း သိပ်မယုံကြည်ရတဲ့ အ‌ခြေအ‌နေမျိုး ‌တွေဖြစ်လာတယ်။ အဲလိုသတင်း‌တွေ အများကြီး ဖြစ်လာတဲ့အခါမှာ အမျိုးသမီး‌တွေအတွက် မလုံခြုံမှု‌တွေအများကြီးဖြစ်လာတယ်‌ပေါ့။
ဒီလိုမျိုး အမျိုးသမီး‌တွေအကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌အောင်ဆိုလို့ရှိရင် ကိုယ်တစ်ဦး တစ်‌ယောက်ထဲက‌နေ လုပ်‌ဆောင် လို့မဖြစ်ဘူး‌ပေါ့‌နော်။ မြန်မာနိုင်ငံထဲမှာရှိတဲ့ အမျိုးသမီး‌တွေ အားလုံးပူး‌ပေါင်းပြီး‌တော့ စည်းစည်း ရုံးရုံးနဲ့ ‌နေရမယ်။ ပြီးလို့ရှိရင် ကိုယ်ခံစားရတာ‌တွေ အကုန်လုံးကို‌ပေါ့‌နော်။ ကိုယ်ဖာသာကိုယ် မြိုသိမ့်မထားမဘဲနဲ့ ကိုယ့်အနီးမှာရှိလူ‌တွေ ၊ ကိုယ်ယုံကြည်ရတဲ့ အမျိုးသမီး‌တွေကို ‌ပြောပြပြီး‌တော့ သူတို့က‌နေတစ်ဆင့်အမျိုးသမီးနဲ့ သက်ဆိုင်တဲ့ အမျိုးသမီး ‌ရေးရာ ‌တွေ၊ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ ‌ကော်မတီ‌တွေနဲ့ ပူး‌ပေါင်းပြီး‌တော့ လွှတ်‌တော်ကို တင်ပြမယ်။ ပြီးလို့ရှိရင် ဒီအမျိုး သမီး‌တွေလုံခြုံမှု‌တွေ၊ အကြမ်းဖက်မှု‌တွေ ပ‌ပျောက်‌ရေးနဲ့ပတ်သက်ပြီး‌တော့ ဥပ‌ဒေ‌တွေဆွဲပြီး‌တော့ တကယ် တိတိကျကျ၊ ကြပ်ကြပ်မတ်မတ် အ‌ရေးယူ‌ဆောင်ရွက်မယ်ဆိုလို့ရှိရင်‌တော့ ဒီအကြမ်းဖက်မှု‌တွေက ပ‌ပျောက်မယ်လို့‌တော့ ညီမ ထင်ပါ တယ်။

နန်းမြင့်‌အောင် (Regional Coordinator၊ ဖွံ့ဖြိုး‌ရေး မဏ္ဍိုင်အဖွဲ့ – Local Resource Centre, Hpa-an)


ကျမတို့ လူမှုအသိုင်းအဝိုင်းထဲမှာ ကျမအထင်‌တော့ အမျိုးသမီး‌တွေအ‌ပေါ်ကျူးလွန်တဲ့ သတ်ဖြတ်မှုတို့၊ မုဒိမ်းမှုတို့က‌တော့ ဖြစ်တာနည်းပါတယ်။ ဒါ‌ပေမယ့် စိတ်ပိုင်းဆိုင်ရာ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှု‌ပေါ့‌နော်။ အိမ်တွင်းအကြမ်းဖက်မှုမှာ အမျိုးသမီး‌တွေအများဆုံးခံစားရတာက စိတ်ပိုင်းဆိုင်ရာ‌ပေါ့။ နာကျင်‌အောင် ‌ပြောဆိုတာတို့ ကိုယ်ထိလက်‌ရောက် ဖြစ်တာတို့ အဲဒါ‌တွေဖြစ်တာများပါတယ်။ အဲဒါ‌တွေ က ဘယ်ဟာ‌တွေမှာဖြစ်တာများတာလဲဆိုရင် အထူးသဖြင့် လင်မယား‌တွေ၊ ချစ်သူရည်းစား‌တွေမှာ ဖြစ်ပါတယ်။ အဲဒီလိုဘာလို့ဖြစ်တာလဲဆိုရင် ကျမတို့ ပညာ‌ပေးမှု ‌တွေပဲ လုပ်လို့ရမယ်။ ခုနက သတ်ဖြတ်၊ အနိုင်ကျင့်ခံရမှု‌တွေက‌တော့ဥပ‌ဒေပိုင်းဆိုင်ရာအ‌နေနဲ့ပဲ သွားမယ်‌လေ။ အိမ် တွင်းအကြမ်းဖက်မှုကို‌တော့ အသိပညာဗဟုသုတ‌တွေ ‌ပေးခြင်းဖြင့် ကျမတို့‌ဖြေရှင်းလို့ရပါတယ်။

အထူးသဖြင့် အဲလိုပညာ‌ပေးမှု‌တွေမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး‌တွေကိုချည်း‌ပေးလို့ မရပါဘူး။ အမျိုး သား‌တွေကိုပါအမျိုးသမီး၊ အမျိုးသားနှစ်ခုလုံး ပညာ‌ပေးဖို့ လိုအပ်တာ‌ပေါ့‌နော်။ အမျိုးသမီး‌တွေ အ‌ပေါ် ဘာ ‌ကြောင့်အကြမ်းဖက်မှု‌တွေဖြစ်‌နေ‌သေးလဲဆိုရင် ကျား-မ အ‌ခြေပြု အသိပညာ‌ပေး မှု‌တွေက အကုန်လုံး မလွှမ်းခြုံနိုင်‌သေးလို့ပဲ ဖြစ်ပါတယ်။ ဒါ‌ကြောင့် အများကြီး ထပ်လုပ်ဖို့ပါ တယ်။ ‌နောက်တစ်ခုက ကျမတို့ မြန်မာလူမှုအသိုင်းအဝိုင်းမှာဆိုရင် ဥပမာ သူများအိမ် လင်မယားရန်ဖြစ် ‌နေရင် မဆိုင်သလို ‌နေတတ်တာ‌ပေါ့။ ဒီလိုဖြစ်ရင် ခံရတာက မိန်းမသား‌တွေ များ ပါတယ်။ မိမိတို့ပတ်ဝန်းကျင် မှာ ဒါ‌တွေကို ဝိုင်းဝန်းပြီး နှစ်သိမ့်‌ဆွေး‌နွေးမှု‌တွေ ပညာ‌ပေးမှု‌တွေ လုပ်‌ဆောင်နိုင်ရင် ပိုပြီး ‌ကောင်းမွန်လာလိမ့်မယ်လို့လည်း ‌မျှော်လင့်ပါတယ်။

ဒီလိုလုပ်‌ဆောင်တဲ့‌နေရာမှာလည်း အထူးသဖြင့် လုံခြုံ‌ရေးဆိုင်ရာ အဖွဲ့အစည်း‌တွေ၊ အစိုးဌာနဆိုင်ရာ‌တွေ၊ လူမှုအဖွဲ့အစည်း‌တွေ၊ အ‌ထောက်အကူ‌ပေးမယ့် နိုင်ငံတကာက အကူအညီ‌ပေးအဖွဲ့အစည်း‌တွေ ကုလသမဂ္ဂ အဖွဲ့အ စည်း‌တွေနဲ့ အားလုံးပူး‌ပေါင်း‌ဆောင် ရွက်မှပဲ ကျမတို့ဒီအမျိုးသမီး‌တွေ အ‌ပေါ် အကြမ်းဖက်မှု ‌တွေ ‌လျော့နည်းလာမှာ ဖြစ် ပါတယ်။ ကျမတို့ကရင်မှာ ‌တော့ မဖြစ်တာ‌တော့မဟုတ်ပါ ဘူး။ ဖြစ်တာနည်းပါ တယ်။ ‌နောက်တစ်ခုက ကျမတို့ဆီမှာ သတင်းက မ‌ရောက်နိုင်ဘူး။ တစ်ချို့ဆို ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ‌လောက်နဲ့ ပြီးသွားပြီး‌တော့ သတင်း‌တွေ ပိတ်သွားတာ တို့‌တော့ ရှိပါတယ်။ ကျမတို့‌ဒေသအတွင်းမှာ ‌တော့ ကျမတို့ပညာ‌ပေးမှုများများရှိဖို့‌တော့ လိုတယ်။ ပညာ‌ပေးမှုသာမက တရားဥပ‌ဒေစိုးမိုးနဲ့လည်း ချုပ် ကိုင်ဖို့လိုအပ်ပါတယ်။ တကယ်လို့ တရားဥပ‌ဒေထဲမှာ ထင်သာမြင်သာတဲ့ ပုဒ်မမျိုး‌တွေနဲ့ ထိထိ‌ရောက်‌ရောက်ကိုင်တွယ်ရင် တစ်ချို့အကြမ်းဖက်ချင်စိတ်ရှိတဲ့အမျိုးသား‌တွေအ‌နေနဲ့ အမျိုးသမီး‌တွေအ‌ပေါ်မှာ ဒီလိုလုပ်ရဲမှာမဟုတ်‌တော့ဘူး။ တကယ်လို့လုပ်ခဲ့ရင်လည်း ဥပ‌ဒေအရထိထိ‌ရောက်‌ရောက် အပြစ်‌ပေး၊ အ‌ရေးယူမှု ‌တွေလည်း လိုအပ်ပါတယ်။

ဥပ‌ဒေအရလည်း ထိထိ‌ရောက်‌ရောက် အပြစ်‌ပေးအ‌ရေးယူမယ်၊ ပညာ‌ပေးမှု‌တွေလုပ်မယ်၊ အဲဒီလို တစ်ပြိုင် နက်တည်းလုပ်သွားရင် သိသိသာသာ ‌လျော့နည်းလာမယ်လို့ ကျမမြင်ပါတယ်။ ‌ဒေသတွင်းမှာ မလိုလားအပ် တဲ့ အကြမ်းဖက်မှု‌တွေမှာလည်း မူးယစ်‌ဆေးနဲ့ အရက်‌ကြောင့်ဖြစ်တာကလည်းထည့်သွင်းစဉ်း စားရပါ မယ်။ အဲဒါ‌တွေကို လည်း အစိုးရပိုင်းအ‌နေနဲ့ အရက်ဆိုရင် ထိ‌ရောက်တဲ့ ထိန်းချုပ်ကန့်သတ်မှု ‌တွေ၊ မူးယစ်‌ဆေးဝါးဆိုရင်လည်း နှိမ်နင်းမှု ဒီထက်မက လုပ်‌ဆောင်သွားမယ်ဆိုရင် အထူးသဖြင့် တရားဥပ‌ဒေစိုးမိုးမှု အား‌ကောင်းလာရင် အကြမ်းဖက်မှု‌တွေဟာ လည်း ‌လျော့နည်းသွားလိမ့်မယ်လို့မြင်ပါတယ်။