Home သတင်း သိမ်းဆည်းခံ ‌မြေယာများ ပြန်လည်ရရှိ‌ရေး မဲကနယ်‌ဒေသခံ ရာချီဆန္ဒပြ‌တောင်းဆို

သိမ်းဆည်းခံ ‌မြေယာများ ပြန်လည်ရရှိ‌ရေး မဲကနယ်‌ဒေသခံ ရာချီဆန္ဒပြ‌တောင်းဆို

2188
သိမ်းဆည်းခံ ‌မြေယာ ပြန်ရရှိ‌ရေး ဆန္ဒထုတ်‌ဖော်ကြသည့် ‌ဒေသခံများ (Photo_KIC)

ဇွန်လ ၁၁ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌ကေအိုင်စီ

မြဝတီမြို့နယ်၊ မဲကနယ်‌ကျေးရွာရှိ ‌ဒေသခံ ရွာသားများ၏ ‌မြေယာများကို ဖွံ့ဖြိုး‌ရေးစီမံကိန်းအတွက် သိမ်း ဆည်းခဲ့ခြင်းကို ပြန်လည်ရရှိရန်အတွက် ဇွန်လ ၁ဝ ရက်(ယမန်‌နေ့) နံနက်တွင် ‌ဒေသခံရွာသားများ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်‌ဖော်ပွဲကို မဲကနယ်ရွာစခန်းကုန်းမှ ‌ရွှေမြစန္ဒီသဗ္ဗသုခ‌စေတီ‌တော် ပရဝုဏ်အထိ ‌ကျေးရွာ သူ၊ ရွာသား ၃၀ဝ ‌ကျော်က လမ်း‌လျှောက်ချီတက်ခဲ့ကြခြင်းဖြစ်ပြီး ယင်းဆန္ဒပြပွဲနှင့်ပတ်သက်၍ ဦး‌ဆောင်သူ တစ်ဦးဖြစ်သူ ‌နော်ထူးထူးက ယခုလို ‌ပြောသည်။

“ဒီ‌နေရာက ကျမတို့ရဲ့ အင်‌တော‌တွေအားလုံးပဲ‌လေ။ အခု ကျမတို့ရွာမှာ သူများ‌တွေတစ်‌နေ့ကို အိမ်အလုံး နှစ်ဆယ်၊ သုံးဆယ်လာ‌ဆောက်တာ မခံနိုင်‌တော့ဘူး။ ကျမတို့ရွာက အိမ်‌တွေ ထိ‌တောင်‌ရောက်‌နေပြီ။ ‌ခေါင်း ‌ဆောင်‌တွေဆီကို ဒီ‌လောက်တင်ပြတာ သူတို့‌ပြောတာက‌တော့ ‌ဆောင်ရွက်‌ပေးမယ်။ ‌ဆောင်ရွက် ‌ပေးမယ်နဲ့ အခုချိန်ထိမ‌ဆောင်ရွက်‌ပေးတဲ့အတွက်‌ကြောင့် ကျမတို့ရွာသား‌တွေကိုယ်တိုင်ပဲ ဆန္ဒပြတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျေးရွာသူ၊ ရွာသားများ ပိုင်ဆိုင်သည့် ၎င်း‌မြေယာများကို ‌ရွှေမြစန္ဒီအိမ်ရာစီမံကိန်းအ‌ကြောင်းပြချက်ဖြင့် မတရားသိမ်းဆည်းခံရသည်ဟုဆိုကာ ၂၀၁၅ ခုနှစ်က ပြည်နယ်ဝန်ကြီးချုပ်နှင့် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေး ဝန်ကြီးအပါအဝင် သက်ဆိုင်ရာ အစိုးရများထံသို့ နှစ်ကြိမ်တိုင်တိုင် တင်ပြခဲ့‌သော်လည်း ‌ပြောင်းလဲလာမှု မရှိ‌ကြောင်း ‌မြေယာသိမ်းဆည်းခံ ရွာသားများက ‌ပြောသည်။

“စာအမြဲတမ်းတင်တယ်။ ဝန်ကြီးချုပ် ဦး‌ဇော်မင်းလက်ထက်မှာလည်း ဘာမှ‌ပြောင်းလဲမှုမရှိဘူး။ ‌နောက်ဆုံး ဒီ အဲန်အယ်လ်ဒီလက်ထက်မှာဆိုရင် ၂၀၁၆ ခုနစ်၊ ၆ လပိုင်း ၁ ရက်‌နေ့ ရယ်။ ၂၀၁၇ ခုနှစ်၊ ၇ လပိုင်း ၁၂ ရက်‌နေ့မှာ ဝန်ကြီးချုပ်ဆီကို တင်ပြထား‌ပေမဲ့ အခုချိန်ထိ ဘာမှ‌ပြောင်းလဲမှု‌တွေ ရှိမလာ‌သေးတဲ့အတွက် ‌ကြောင့် ကျမတို့ရွာသူရွာသား‌တွေ မခံနိုင်‌တော့ဘူး‌လေ မဟုတ်ဘူးလား။”ဟု ‌နော်ထူးထူးက ဆက်‌ပြောသည်။

အဆိုပါ လမ်း‌လျှောက်ဆန္ဒပြရာတွင် ရွာ‌မြေများအား မူလပိုင်ရှင်များမှ ပြန်လည်ရရှိ‌ရေး၊ ‌ရွှေမြစန္ဒီစီမံ ကိန်းအ‌ကြောင်းပြ၍ လယ်ယာ‌မြေမတရားသိမ်းသည့် DKBAမှ ဗိုလ်ညီညီအား အလိုမရှိ၊ အတွင်း မဲကနယ်လယ်ယာ‌မြေများမတရားသိမ်းဆည်း ခံရခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ မှ အမြန်ဆုံး‌ဖြေရှင်း ‌ပေး‌ရေးစသည့်‌ကြွေး‌ကြော်သံ ၃ချက်ဖြင့် လမ်း‌လျှောက်ချီတက် ဆန္ဒထုတ်‌ဖော်ခြင်းဖြစ် သည်။

စီမံကိန်းအတွက် သိမ်းဆည်းခံရ‌သော ‌မြေယာ (Photo_KIC)

‌မြေယာသိမ်းဆည်းခံရသူ ‌စောကဲဒိုက “နစ်နာမှု‌တွေက ‌ပြောရမယ်ဆိုရင်‌တော့ ဒီ‌နေရာက ကျ‌နော်တို့ရဲ့ ဘိုး ဘွားပိုင်‌နေရာ‌လေ။ ကျ‌နော်တို့ရဲ့‌နေရာကိုလာလုပ်‌တော့ ကျ‌နော်တို့လည်း မခံနိုင်ဘူး။ ဖြစ်‌စေချင်တာက ‌တော့ အဖွဲ့အစည်း ‌ခေါင်း‌ဆောင်‌တွေအားလုံး‌ပေါ့‌နော်။ ဒီမှာက အဖွဲ့များတယ်‌လေ။ အဲဒါ‌ကြောင့် သူတို့‌တွေ ကို စီစဉ်‌ပေးခိုင်း‌စေချင်တာက ဒီ‌နေရာ‌တွေအားလုံး ကျ‌နော်တို့ပြန်ရ‌အောင် အ‌ကောင်းဆုံး လုပ်‌ပေး‌စေချင် တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့က သူများ‌နေရာကိုလာလု‌နေတာ မဟုတ်ဘူး။ ကျ‌နော်တို့ရဲ့ ဘိုး ဘွားပိုင်‌နေရာ ဟိုးအရင်ကတည်းက ရှိထားတာဖြစ်တဲ့တွက် ကျ‌နော်တို့ ပြန်ယူတာဖြစ်တယ်။”ဟု ‌ပြော သည်။

အစိုးရ၏ စီမံကိန်းအမည်ဖြင့် မဲကနယ် ရွာ‌ဟောင်း ‌မြေယာဖြစ်သည့် ‌မြေဧက‌ပေါင်း ၃၇၁ ဒသမ ၇၁ ဧကခန့် ကို ၂၀၁၃ ခုနှစ်မှစတင်ကာ သိမ်းဆည်းခံရခြင်းဖြစ်ပြီး ၎င်းကိစ္စနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်ထံ တရားဝင် ဆက်လက် စာတင်‌တောင်းဆိုသွားရန် စီစဉ်‌နေပြီဖြစ်သလို လတ်တ‌လော ‌ကောက်ခံထားသည့် စာရင်းအရ ‌မြေယာသိမ်းဆည်းခံရ‌သော ‌ဒေသခံရွာသား ၁၇ ဦး ရှိသည်ဟု သိရသည်။

၎င်းဆန္ဒပြပွဲကို မြဝတီမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ငြိမ်းချမ်းစွာစု‌ဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့် အရ ဆန္ဒထုတ်‌ဖော်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒထုတ်‌ဖော်ပွဲတွင် မြဝတီရဲစခန်းမှ တာဝန်ရှိသူများ၊ အမှတ် ၄ တပ်နယ်၊ နယ်ခြား‌စောင့်တပ် ကင်းစခန်းမှ တာဝန်ရှိသူများက လုံခြုံ‌ရေး ယူ‌ပေးခဲ့သည်ကို ‌တွေ့မြင်ရသည်။ ယင်းဆန္ဒ ထုတ်‌ဖော်မှုကို ဦး‌ဆောင်သူများအနက် တစ်ဦးဖြစ်သူ ဦး‌သောင်းလှိုင်အား အမည်မသိ လူတစ်ဦးက ဖုန်းဖြင့် သုံးကြိမ်တိုင်တိုင်ခြိမ်း‌ခြောက်‌ပြောဆိုမှုများ ကြုံ‌တွေ့ခဲ့ရသည်ဟု ဆန္ဒပြသူများဘက်က ‌ပြောသည်။