Home ဆောင်းပါး ကရင်လူငယ် ‌ဘောလုံးအသင်းထွက်‌ပေါ်လာ‌ရေး အိပ်မက်ကို ‌ဖော်‌ဆောင်‌နေသူ

ကရင်လူငယ် ‌ဘောလုံးအသင်းထွက်‌ပေါ်လာ‌ရေး အိပ်မက်ကို ‌ဖော်‌ဆောင်‌နေသူ

2933

‌စောထွန်းလင်း
‌မေ ၁၅ရက်၊ ၂၀၁၈ ခုနှစ်။

ရန်ကုန်မြို့၊ သုဝဏ္ဏ မြက်ခင်းတု‌ဘောလုံးကွင်း အမှတ် ၂ ၌ ‌မေ ၄ ရက်‌နေ့ ည‌နေပိုင်းတွင် တက္ကသိုလ် ကရင်လူငယ်‌ဘော လုံးအသင်းနှင့် Team United အသင်းတို့ မြန်မာနိုင်ငံ ‌ဘောလုံးအဖွဲ့ချုပ်၊ မြန်မာဘီယာနှင့် မုံးမြန်မာကုမ္ပဏီတို့ ပူး‌ပေါင်း ကျင်းပသည့် We Are One Cup ပြိုင်ပွဲ ‌ခြေစစ်ပွဲကို အကြိတ်အနယ်ယှဉ်ပြိုင်‌နေကြသည်။

အဆိုပါ ‌ဘောလုံးပြိုင်ပွဲသို့ ရန်ကုန်မြို့ရှိ အ‌ပျော်တန်း ‌ဘောလုံးအသင်း ၁၀၄ သင်းဝင်‌ရောက်ယှဉ်ပြိုင်‌နေပြီး အသင်းအားလုံး ပထမအဆင့် ‌ခြေစစ်ပွဲ၊ ဒုတိယအဆင့်‌ခြေစစ်ပွဲ ရှုံးထွက်ပွဲများကို ကနဦး ယှဉ်ပြိုင်ရကာ အနိုင်ရသည့် အသင်းသည် အုပ်စု ပြိုင်ပွဲသို့ ဆက်ယှဉ်ပြိုင်ရမည် ဖြစ်သည်။

‌မေလ၏ ‌နွေအပူကို ဥ‌ပေက္ခာပြုကာ အသင်းနှစ်သင်းတို့ ည‌နေ ၄နာရီစွန်းစွန်းတွင် စတင်ယှဉ်ပြိုင်ကြပြီး ပထမ ပိုင်းတွင် တစ် ဖက် သုံးဂိုးစီဖြင့် သ‌ရေ ရလဒ် ထွက်‌ပေါ်‌နေသည့်အတွက် အနိုင်အရှုံး ဆုံးဖြတ်‌ပေးမည့် ဒုတိယပိုင်းကို နှစ်သင်းစလုံး သတိကြီး စွာ အကြိတ်အနယ် ကန်‌နေပြီး ပြိုင်ပွဲ အရှိန်မြင့်တက်လာသည်ကို ‌တွေ့ရသည်။

“‌ဖောင်း…..‌ဖောင်း ….. တံ‌တောင်နဲ့တွတ်သွားတယ်”ဟု အသက် ၂၂အရွယ် ကရင်တက္ကသိုလ် ‌ဘောလုံးအသင်း မန်‌နေဂျာ (နည်းပြ)ဖြစ်သူ မန်း‌သောသျှမ်က နှစ်ဖက်‌ဘောလုံးသမားများ ‌ဘောလုံးယှဉ်လုသည့် ဖြစ်စဉ်အ‌ပေါ် ဒိုင်သူကြီးကို အားမလို အားမရ ‌စောဒကတက် လှမ်း‌အော်‌ပြောလိုက်သည်။

အသက် ၄၀‌ကျော်အရွယ်ခန့်ရှိမည့် ကွင်းလယ်ဒိုင်ဖြစ်သူကလည်း “မင်း ဒိုင် လုပ်မလား၊ ငါမြင်‌နေတယ်။ မင်း ဝင်မ‌ပြောပါနဲ့”ဟု ခပ်မာမာ ပြတ်ပြတ်သားသား ပြန်တုံ့ပြန်လိုက်ပြီး‌နောက် မန်း‌သောသျှမ်တ‌ယောက် အားမလို အားမရဖြင့် စိတ်ထိန်းလိုက်သည့် ဟန်ကို ‌တွေ့ရသည်။

အမှန်စင်စစ် ‌ဘောလုံးအသင်း တစ်သင်း၏ မန်‌နေဂျာအဖြစ်တာဝန် ယူထားသူအများစုသည် ငယ်စဉ်က ‌ဘောလုံးသမားအဖြစ် ဖြတ်သန်းပြီး အသက်အရွယ်အရ ကစားအားကျလာသည့် အချိန်တွင် အသင်းမန်‌နေဂျာ နည်းပြဘဝသို့ ကူး‌ပြောင်းကာ ပြိုင်ပွဲ အ‌တွေ့အကြုံရင့်ကျက်‌နေသူများသာ ‌ဘောလုံး‌လောကတွင် အများစု ဖြစ်သည်။

သို့‌သော် တက္ကသိုလ်ကရင်လူငယ်အသင်းတွင်မူ အ‌ခြေအ‌နေအရ အသက် ၂၂အရွယ်သာရှိ‌သေးသည့် မန်း‌သောသျှမ်က မန်‌နေ ဂျာတာဝန်ကို ယူလိုက်ရပြီး ပြိုင်ပွဲဝင် ဝါရင့် မန်‌နေဂျာများနှင့် ရင်‌ဘောင်တန်းလုပ်ကိုင်‌နေရသည်။

“ကျ‌နော်က အသက်ငယ်‌ပေမဲ့ နာမည်‌ရှေ့မှာ ‘‌စော’မထားဘူး။ ကျ‌နော်က လူကြီးလို လုပ်‌နေရ‌တော့ မန်း‌သောသျှမ် ဆိုပြီး ကိုယ့်ကိုယ်ကို ‌ခေါ်လိုက်တယ်”ဟု ယုံကြည်မှုရှိရှိ သူက ‌ပြောသည်။

သူသည် ငယ်စဉ်ကတည်းက ‌ဘောလုံးအားကစားကို ဝါသနာပါသူဖြစ်ပြီး ဆယ်တန်း‌အောင်မြင်ပြီး‌နောက် တက္ကသိုလ်‌ကျောင်း သားဘဝတွင် တက္ကသိုလ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီတွင် ဝင်‌ရောက်လုပ်ကိုင်ရင်း တက္ကသိုလ် ကရင်‌ကျောင်းသား များ ‌ဘောလုံးပွဲ ဖြစ်‌မြောက်‌ရေးအတွက် စည်းရုံးရာတွင် သူပါဝင်သလို ‌လေးနှစ်ဆက် ပြိုင်ပွဲကို ကျင်းပနိုင်ခဲ့သည်။

ထို့‌ကြောင့် ‌ဘောလုံးနှင့်ပတ်သက်လာလျှင် ကရင်‌ကျောင်းသားများအကြား မန်း‌သောသျှမ်ကို မသိသူမရှိ ဖြစ်လာခဲ့သည်။ ထို့ ‌နောက် တက္ကသိုလ် ကရင်‌ကျောင်းသားများ ‌ဘောလုံးအသင်းကို ဦး‌ဆောင်ဖွဲ့စည်းကာ ယခုလို ပြိုင်ပွဲဝင်ရန် သူ ဦး‌ဆောင်စီစဉ် ခဲ့သည်။

“ကျ‌နော်တို့ ရည်ရွယ်တာ အနယ်နယ်အရပ်ရပ်က ကရင်‌ကျောင်းသား‌တွေ ရန်ကုန်မြို့‌ပေါ်က တက္ကသိုလ်အသီးသီးကို လာတက်ကြတယ်။ ဒါ‌ပေမဲ့ မချိတ်ဆက်နိုင်ဘူး။ ဒါ‌ကြောင့် ‌ဘောလုံးကန်ရင် ကိုယ့်ကရင်လူငယ်‌တွေ အချင်းချင်း‌တွေ့ဆုံကြမယ်။ ချိတ်ဆက်နိုင်မယ်၊ ‌နောင်တချိန် ‌ကျောင်း‌တွေပြီးသွားရင်လည်း အချိတ်အဆက်‌တွေ ရှိလာမယ်”ဟု မန်း‌သောသျှမ်က ‌ပြော သည်။

ထိုသို့ ရည်ရွယ်ချက်ဖြင့် လုပ်‌ဆောင်ရင်း ‌ဘောလုံးအားကစားကို ဝါသနာပါပြီး ‌ခြေစွမ်း‌ကောင်းမွန်‌သော်လည်း အချိတ်အဆက် မရှိသည့်အတွက် ဝါသနာကို အ‌ကောင်အထည်မ‌ဖော်နိုင်သည့် ကရင်လူငယ်‌လေးများကို သူ ‌တွေ့မြင်ရပြီး‌နောက် ကရင်လူငယ် ‌ဘောလုံးအသင်းတစ်သင်း ‌ပေါ်ထွက်လာ‌ရေးကို သူစတင်လုပ်‌ဆောင် ချင်လာခဲ့သည်ဟု သူက ဖွင့်ဟ‌ပြောသည်။

ထို့အပြင် ကရင်လူမှုအသိုင်းအဝိုင်းတွင် အခါအား‌လျော်စွာ ‌ဘောလုံးပွဲများ ပြုလုပ်‌လေ့ရှိ‌သော်လည်း စနစ်တကျ ‌ရေရှည်တည် ‌ထောင်ထားသည့် အသင်းမျိုးမရှိဘဲ ကြုံသလို အသင်းဖွဲ့စည်း ဝင်ကန်သည့် ပုံစံမျိုးသာ ‌တွေ့ရပြီး သူ့အ‌နေဖြင့် ယင်းကဲ့သို့ မဖြစ် ချင်ဘဲ စနစ်တကျဖွဲ့ထားသည့် အသင်းမျိုးရှိဖို့လိုလာပြီး ကြိုးပမ်း ဖွဲ့စည်းရန်သူ ရည်မှန်းလိုက်သည်။

“ကျ‌နော် ‌ဘောလုံး‌လောကကို ‌လေ့လာတယ်။ ‌ဘောလုံးအဖွဲ့ချုပ်က ပြုလုပ်တဲ့ MNL ပွဲမှာဆို ဇွဲကပင်ယူနိုက်တက်အသင်း ရှိ‌ပေ မဲ့ ကရင်ကိုယ်စားပြုဟုတ်မဟုတ်က အားလုံးသိပြီးသား‌လေ။ ‌နောက် ကချင်‌တွေဆို မ‌နော‌မြေ FC ကို ဖျက်သိမ်းပြီး‌တော့ ကချင် ယူနိုက်တက်အ‌နေနဲ ့ပြန်ဖွဲ့တယ်။ အခု ဒုတိယတန်း ပြန်ဝင်ကန်မယ်။ ချင်း‌တွေလည်း ‌ဘောလုံးအသင်းကို သူတို့‌တွေ ဖွဲ့ထား တယ်။ ‌နောက် လက်‌ရွေးစင်အသင်းကို ပြန်ကြည့် ရင် စထက်နိုင်ဝင်း‌နောက်ပိုင်း ကရင်လူငယ်‌တွေ မရှိ‌တော့ဘူး”ဟု မန်း‌သော သျှမ်က ‌ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ‌ဘောလုံးအဖွဲ့ချုပ်မှ သက်တမ်းအလိုက် လူ‌ရွေးချယ်ပွဲများပြုလုပ်ရာတွင်လည်း အသင်းများထံသို့ စာပို့ကာ အသင်းတွင် သင့်‌တော် ‌ခြေစွာသည့် လူငယ်များလွတ်‌ပေးရန် တရားဝင်အ‌ကြောင်းကြားမှု ရှိကာ အသင်းဖွဲ့ထားပါက ကစား သမားကို ‌စေလွှတ်နိုင်သည့် အခွင့်အ‌ရေးရှိမည်ဖြစ်သည်။

လက်ရှိ ‌ဘောလုံး‌လောကတွင် မြန်မာ‌နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် ကလပ်အသင်းများမှ ကစားသမားများအ‌နေဖြင့် လစာ‌ငွေရရှိ‌နေ ကာ လက်‌ရွေးစင်အဆင့်ရှိသူများ၏ လစာသည် အနိမ့်ဆုံး ကျပ် ၁ဝသိန်းထိ ကလပ်အသင်းများက ချီးမြှင့်သလို ပြည်ပထွက် ကစားနိုင်မည်ဆိုက လစာ‌ငွေများပြားကာ ဝါသနာရှင် လူငယ်များအတွက် အသက်‌မွေးလမ်းစပွင့်‌နေသည်ဟု ဆိုနိုင်သည်။

ထိုသို့ ‌ဘောလုံးသမားများ ‌မွေးထုတ်နိုင်‌ရေးအတွက် ကလပ်အသင်းများ ဖွဲ့စည်းရာတွင် ‌ငွေ‌ကြေးများစွာ ကုန်ကျမှုရှိပြီး တချို့ လုပ်ငန်းရှင်များ တည်‌ထောင်သည့် အသင်းများပင်လျှင် ပြန်လည်ဖျက်သိမ်းခဲ့ရသည့် ဖြစ်စဉ်များ ‌ဘောလုံး‌လောကတွင် ရှိ‌နေသည်။


“ကျ‌နော်တို့ တက္ကသိုလ် ကရင်လူငယ်အသင်းအ‌နေနဲ့ အခု တစ်လကို တစ်သိန်းခွဲ‌လောက်အကုန်အကျရှိတယ်။ စ‌နေ၊ တနဂင်္‌နွေ ‌နေ့‌တွေမှာ အခြားအသင်း‌တွေနဲ့‌ခြေစမ်းတာ ကွင်းဖိုးသွားလာစရိတ်က ကုန်တယ်။ ဒါ‌ပေမဲ့ မပူဘူး။ ကျ‌နော်တို့ ဖြစ်‌မြောက်လာရင် တခြား စီနီယာအကို‌တွေ ကရင်အမျိုးသား‌တွေ ဝိုင်းပံ့ပိုးမယ်လို့ ယုံကြည်တယ်” ဟု မန်း‌သောသျှမ်က ဆိုသည်။

တက္ကသိုလ် ကရင်လူငယ်အသင်း ဝင်‌ရောက်ယှဉ်ပြိုင်သည့် We Are One Cup ပြိုင်ပွဲ ပထမအဆင့်‌ခြေစစ်ပွဲ ဒုတိယပိုင်း မိနစ် ၈၀‌ကျော်တွင် ဂိုးဧရိယာအတွင်း ပြစ်ဒဏ်‌ဘော ကျူးလွန်မိသည့်အတွက် ဒိုင်သူကြီးဖြစ်သူက ပြိုင်ဘက် Team United အသင်း ဘက်သို့ ပင်နတီ ‌ပေးလိုက်ပြီး ပြိုင်ပွဲအပြီးတွင် ၄ဂိုး ၃ဂိုးဖြင့် ကရင်တက္ကသိုလ် အသင်းရှုံးနိမ့်ကာ ‌ခြေစစ်ပွဲ မ‌အောင်မြင်ဘဲ ဖြစ် သွားသည်။

‌ဘောလုံးပွဲ အပြီးတွင် အသင်းသားများကို သူက “ဘာမှ စိတ်ဓါတ်မကျနဲ့ အ‌တွေ့အကြုံ‌ကောင်း‌တွေ တို့ရတယ်။ ‌နောက်ပြိုင်ပွဲ ‌တွေ လာဦးမယ်”ဟု တစ်ဦးချင်းကို လိုက်အား‌ပေးပြီး ‌ရေဘူး၊ ‌ဆေးဘူး ထိုင်ခုံများ စသည့်ပစ္စည်းများ လိုက်သိမ်းယူ‌နေသည်ကို ‌တွေ့ရပြီး စိတ်ဓာက်ကျဟန်မ‌ပေါ်သည့် အမူအရာမျိုး‌တွေ့ရသည်။

တက္ကသိုလ် ကရင်‌ကျောင်းသားများအ‌နေဖြင့် ‌ကျောင်းပြီးဆုံးချိန်တွင် အသီးသီး လုပ်ငန်းခွင်သို့ ‌ရောက်ရှိသွားမည်ဖြစ်သည့်အ တွက် ‌ဘောလုံးအသင်းဆက်ရှိ‌ရေးမှာ မ‌သေချာ‌သော်လည်း သူ့အ‌နေဖြင့် ‌ကျောင်းသားများကို အ‌ခြေခံကာ ကရင်လူငယ်‌ဘော လုံးအသင်း အခိုင်အမာ ‌ပေါ်ထွက်လာ‌ရေးကို ဆက်ကြိုးပမ်းမည်ဟု ဆိုသည်။

ထို့‌နောက် ‌မေ ၉ရက်‌နေ့တွင် အသင်း ဥက္ကဌ ‌စောထီးမူးနှင့် ရန်ကုန်တိုင်း‌ဒေသကြီး လွှတ်‌တော် တိုင်းရင်းသားလူမျိုးများ‌ရေးရာ ‌ကော်မတီ အတွင်း‌ရေးမှူး၊ ကွမ်းခြံကုန်းမြို့နယ် အမှတ် ၁၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ် မန်း‌အောင်ကိုမင်းနှင့်အတူ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းရှိ အားကစားသိပ္ပံ တာဝန်ရှိသူများထံ သွား‌တွေ့ဆုံကာ ကရင်လူငယ်အသင်း‌လေ့ကျင့်‌ရေးကွင်း ရရှိ ‌အောင် ချိတ်ဆက်စီစဉ်နိုင်ခဲ့သည်။

တက္ကသိုလ် ကရင်လူငယ်အသင်းအ‌နေဖြင့် ပွဲဦးထွက်ပြိုင်ပွဲတွင် မျက်နှာပန်းမလှဖြစ်ခဲ့‌သော်လည်း ကရင်လူငယ်‌ဘောလုံးအ သင်း အခိုင်အမာ‌ပေါ်ထွက်လာ‌ရေး အိပ်မက်ကိုမူ မန်း‌သောသျှမ်တစ်‌ယောက် စိန်‌ခေါ်မှုများ ရင်ဆိုင်ကာ ဆက်၍ အ‌ကောင်အ ထည်‌ဖော်‌နေဆဲသာဖြစ်သည်။