Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ၊ လူငယ့်အမြင်

လူငယ့်အသံ၊ လူငယ့်အမြင်

3719

“မိမိ ပါရမီ‌ကောင်းကို ပြန်လည်မြင်နိုင်ဖို့လိုတယ်”

ပါရမီနဲ့ဝါသနာအ‌ပေါ် အ‌ခြေခံပြီး မိမိရဲ့လုပ်နိုင်စွမ်းအားကို ယုံကြည်သူတစ်‌ယောက်ဖြစ်တဲ့ ‌စော‌လောအယ် အ ‌နေနဲ့ ဟာသ ဇာတ်လမ်းတို‌တွေနဲ့ ကခုန်ထားတဲ့ ရုပ်သံ‌တွေ‌ကြောင့် အင်တာနက်လူမှုကွန်ယက်‌ပေါ်က‌နေ တစ်ဆင့် ကရင်လူငယ်‌တွေအကြား လူသိများလာခဲ့ပါတယ်။

နာမည်ရ အနုပညာရှင်တစ်ဦးမဟုတ်‌သော်လည်း ကြွယ်ဝပိုင်နိုင်လှတဲ့ စကားလုံး၊ အ‌ပြောအဆို အမူအရာ ‌တွေ‌ကြောင့် အမည်အရင်း“‌စောသာ”က‌နေ “‌စော‌လောအယ်”လို့သာ လူသိများလာခဲ့ပါတယ်။ အငြိမ့်မင်းသမီး ဖြစ်ခဲ့သူ မိခင် နန်း‌မေသန်းကြူနဲ့ လက်သမားဖြစ်သူ ဖခင် ဦးသန်းဝင်းက‌နေ ‌မော်လမြိုင်မြို့မှာ ‌မွေးဖွားခဲ့ပြီး ‌မွေးချင်း‌မောင်နှမ ၃ ဦးအနက် သားလတ်ဖြစ်ပါတယ်။

သူ့အသက် (၅)နှစ်အရွယ်မှာ မိသားစုရဲ့ ဘဝ‌ပေးအ‌ခြေအ‌နေ‌ကြောင့် မိဘနှစ်ပါး ကွာရှင်းလိုက်ရပြီး မိခင်‌ခေါ် ‌ဆောင်ရာ နယ်စပ်‌ဒေသကို ငယ်ရွယ်စဉ်ကတည်းက ‌ပြောင်း‌ရွှေ့သွားလာ‌နေထိုင်းခဲ့ရသူ ‌စော‌လောအယ်ဟာ ယခုဆိုရင် အသက် ၃ဝ အရွယ်ထိတိုင်ရှိခဲ့ပြီး ထိုစဉ်က မတည်ငြိမ်တဲ့ နယ်စပ်‌ဒေသမှာ ပညာကို‌ကောင်းစွာ မသင်ယူနိုင်ခဲ့ပါဘူး။

“ကျ‌နော်နဲ့ကျ‌နော့်အ‌မေ ထိုင်းဘက်ခြမ်းမှာရှိတဲ့ ‌မောကဲဒုက္ခသည်စခန်းကိုတက်လာခဲ့တယ်။ အဲ့က‌နေ မာနယ် ပ‌လောဘက်ကို ‌ပြောင်းလာတယ်။ ‌နောက်ပြီး တိုက်ပွဲ‌တွေဖြစ်‌တော့ ‌မောကဲကို တစ်‌ခေါက်ပြန်လာတယ်။ ဒီလိုနဲ့ နယ်စပ်မှာပဲ ကျ‌နော်ကြီးပြင်းလာခဲ့တယ်။ ရိုးရိုး‌လေး‌ပြောရရင် ကျ‌နော် စာမတတ်ပါဘူး။ ကျ‌နော် ၂တန်းအထိပဲ ‌ကျောင်းတက်ခဲ့ရတယ်။ တိုက်ပွဲ‌တွေကြားမှာ ‌ပြေးလွှားရတာနဲ့ အဲ့ ၂ တန်းစာ‌မေးပွဲကို ‌ဖြေ‌တောင် မ‌ဖြေလိုက်ရ ပါဘူး” လို့ သူ့ရဲ့ ပညာ‌ရေးအ‌ခြေအ‌နေကို ‌ပြောပြပါတယ်။

ပညာကို ‌ကောင်းစွာမသင်ယူခဲ့ရတဲ့အ‌ခြေအ‌နေ‌တွေ‌ကြောင့် ‌စော‌လောအယ်အ‌နေနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ပင် မိသားစုစားဝတ်‌နေ‌ရေးကို ဝိုင်းဝန်း‌ဖြေရှင်း‌ပေးခဲ့ရပြီး ‌တောင်ယာပိုင်ရှင်‌တွေရဲ့ ‌ပြောင်းခင်း‌တွေမှာဘဝကို ကြမ်းတမ်းစွာ ရုန်းကန်ခဲ့ရတဲ့ အ‌ခြေအ‌နေကို အခုလိုပဲ‌ပြောပြပါတယ်။
“ကျ‌နော့်အသက် ၁၃နှစ်‌လောက်ကစပြီး‌တော့ ထိုင်းဘက်ခြမ်းဘက်က ‌တောင်ယာ‌ပြောင်းခင်း‌တွေမှာ ‌နေ့စား ‌ပြောင်းလိုက်ချိုးတယ်။ ရတဲ့အလုပ်ကို လိုက်လုပ်ရတာ‌ပေါ့။ တခါတ‌လေဆိုရင် ထမင်းမစားရ တဲ့‌နေ့‌တွေလည်း ကြုံ‌တွေ့ခဲ့ရဖူးတယ်” လို့ သူက ဆိုပါတယ်။

အသက် ၁၆ နှစ်အရွယ်‌လောက် ‌ရောက်လာတဲ့အချိန်မှာ‌တော့ ထိုင်းဘက်ခြမ်းမှာရှိတဲ့ ‌ကျောခဲ ‌ဘော်ဒါ ‌ဆောင်ကို ‌ရောက်လာခဲ့ပြီး စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေး၊ သစ်ခုတ်၊ ဝါးခုတ်စတဲ့ အလုပ်‌တွေကို လုပ်ရင်း “‌စေး‌ရေး”ဆိုသည့် သူငယ်ချင်း တစ်ဦးနှင့်‌တွေ့ဆုံခဲ့ပြီး ရုပ်သံ၊ ဓါတ်ပုံ ရိုက်ကူးခြင်းနှင့် တည်းဖြတ်သည့် ပညာကိုရရှိခဲ့ရာက‌နေ အ‌ပျော်တမ်း ဟာသဗွီဒီယို‌တွေ ရိုက်ကူးပြီး အင်တာနက်လူမှုကွန်ယက် ‌ပေါ်တင်ခဲ့တာ က‌နေ ပြည်တွင်း၊ နယ်စပ်နဲ့ နိုင်ငံခြား‌ရောက် ကရင်လူငယ်‌တွေရဲ့ အား‌ပေးမှုကို ရရှိလာခဲ့ပါတယ်။

လက်ရှိတွင် Aisa Pro နာမည်ဖြင့် Facebook လူမှုကွန်ယက်က‌နေ အား‌ပေးသူပရိဿတ်(Followers) ‌ခြောက်‌သောင်းခွဲ‌ကျော် ရရှိထားတဲ့ ‌စော‌လောအယ် အ‌နေနဲ့ ကခုန်ခြင်းကို ဝါသနာရှိပြီး သရုပ်‌ဆောင်တစ်ဦး ဖြစ်ချင်ခဲ့‌ပေမဲ့ လက်ရှိအချိန်ထိ အလျင်းသင့်သလို ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ကူး‌ရေးလုပ်ငန်းကို လုပ်ကိုင်ရင်း အနုပညာလမ်း‌ကြောင်း အ‌ပေါ်‌လျှောက်လှမ်းနိုင်ဖို့အတွက် ‌ပေးလာမဲ့ အခွင့်အ‌ရေးတစ်ခုကို ‌စောင့်‌နေဆဲဖြစ်တယ်လို့ ‌ပြောပါတယ်။

ကရင်လူငယ်တစ်ဦးဖြစ်သည့်အ‌လျောက် ကရင်လူငယ်‌တွေအ‌ပေါ် ‌စော‌လောအယ်ဖြစ်‌စေချင်တဲ့ဆန္ဒက “ကျ‌နော်က လူ‌တွေကို ရယ်‌မော‌စေ‌အောင်လုပ်‌ပေးတယ်။ အရင်က ကျ‌နော် လူ‌တွေကို ရယ်‌မော‌အောင် လုပ်‌ပေးနိုင်တဲ့သူတစ်‌ယောက်ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှမစဉ်းစားခဲ့ဖူးဘူး။ ဒါ‌ကြောင့် ကျ‌နော်‌ပြောချင်တာက လူတစ်‌ယောက်ဟာ ဘဝမှာ ကိုယ့်ဝါသနာအရ ကိုယ့်မှာပါရမီ‌ကောင်းတစ်ခု‌တော့ရှိ‌နေတာပဲ။ ဒါကိုမြင်နိုင်‌အောင် လုပ်ပြီး ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျတဲ့ အိပ်မက်ကိုအ‌ကောင်အထည်‌ဖော်‌စေချင်တယ်” လို့ စကားလက် ‌ဆောင်ပါးလိုက်ပါတယ်။
‌စော‌လောအယ် ဗီဒီယိုကိုကြည့်ရှုရန်အတွက် ‌အောက်ကလင့်ကို နှိပ်လိုက်ပါ