Home ကဗျာ ‌လေ‌ပြေရဲ့ အခြားတဖက်မှာ

‌လေ‌ပြေရဲ့ အခြားတဖက်မှာ

2992

(လကင်္ာဒီပ)

ဇန်နဝါရီ ၂၂ ရက်၊ ၂၀၁၈ခုနှစ်။

အလိုလိုနဲ့ဖြစ်မလာတာ
ချစ်တာ မချစ်တာ အနှစ်အကာ
အ‌ကြောင်းအရာရှိခဲ့သမို့လည်း
ဖြစ်ဆဲ အကျိုးတရား‌တွေ ‌ပေါ်ထွန်း
နှစ်(၇၀)စွန်းခဲ့‌သော ‌တော်လှန်‌ရေး
‌ရွေးချယ်စရာမဲ့ ခိုကိုးမဲ့လို့
ကျုပ်တို့ မ‌ရွေးချင်ပဲ ‌ရွေးခဲ့ရတယ်
ဒါသည်မယ် ပထမနဲ့ ‌နောက်ဆုံး
နှလုံးသား ‌တော်လှန်‌ရေးစစ်ဖြစ်တယ်။

‌ယောင်‌တောင် ‌ပေါင်‌တောင်နဲ့ ‌တော့ဖြစ်မလာ
အရာရာ အသိ‌နောက်ကျ
‌ကျောချမှ ဓါးပြမှန်း သိခဲ့ရ
မနည်းတဲ့ သင်ခန်းစာ‌တွေ
ကရင်‌တွေ န‌ဝေတိမ်‌တောင် ဖြစ်မ‌နေ‌ရေး
နိုင်ငံ‌ရေး အမျိုးသား‌ရေး
‌တွေး‌တောကြံဆ စီမံနိုင်‌အောင်
ဦး‌ဆောင်ခဲ့ ‌ဒေါကလူဟာ
‘စ’ရာ‌ခြေလှမ်း ‌ကေအဲန်ယူ လမ်းဖြစ်တယ်။

ကိုယ့်ကိုယ်ကို ဘာမှန်း မသိသူ‌တွေ
ပို‌နေမြဲ ကျား‌နေမြဲ သ‌ဘောထားကြ
ငါမပါလဲ ပွဲမပျက်ပါဘူးဆိုတဲ့
ညံ့ဖျင်းတဲ့ စိတ်‌တွေ ရှိ‌နေသ၍
လက်‌တွေ့ မျိုးဆက်‌တွေအ‌ရေး
စ‌တေး ‌ပေးဆပ်ရ‌တော့မဲ့အချိန်
ပိန်လိန်‌ခွေအိပ် အမှုမဲ့‌နေကြလို့ပင်
ဟင်း…‌ခေတ်ကရင်‌တွေ သမိုင်းမသိ
လမိုင်းမိ‌နေကြပြီ ထင်ပါရဲ့။

ယုတ္တိ‌ဗေဒကျကျ
အ‌တွေးအ‌ခေါ် အယူအဆ
အရာအားလုံးရဲ့ ဖြစ်ပျက်မျိုး
‌ကြောင်းကျိုးဆီ‌လျော် မ‌တွေးလို
ပြည်သူကို တန်ဖိုးထားမှုမပြု
ပြည်သူ့အသံကို နားမ‌ထောင်‌ပေ
အန်စီ‌အေ ‌လောင်းကစားအမှု
ဘုမသိ ဘမသိ အရဲစွန့်ထိုး
‌ဇောက်ထိုးလဲ ‌ကေအဲန်ယူအမည်တွင်
‌ရွှေကရင်တချို့ဟာ တားတဲ့ကြား
ငါးတ‌ကောင်နှယ် ကူးခတ်သွားချင်ကြတယ်
‌ထောင်‌ချောက်ရယ် မမြင်နိုင်‌တော့ပြီကိုး။

အ‌မောင် ‌တောင်မှန်း ‌မြောက်မှန်း
လမ်းအမှန်‌တော့ သိသင့်ပြီ
ဒီရွာဟာလည်း မလုပ်ကြံ
သုဿန်တစလို ဖြစ်‌နေပြီ‌လေ
လုပ်ရပ်‌တွေဟာ လိုရင်းကိုမထင်
ဖြစ်ချင်တာက နင်းဂျား
ဖြစ်သွားတာက နင်းပြားလိုနှယ်
လိမ်လည် တံ‌ထွေးဆွတ်ခံရတာလည်း
ခါမနည်း‌တော့ပြီဆိုတာ
ရင်နာနာနဲ့ အသိ‌ပေးပါရ‌စေ
‌နေသာသလိုသာ မ‌နေသင့်‌တော့တဲ့
‌လေ‌ပြေရဲ့ အခြားတဖက်မှာ
မုန်တိုင်းလာ ရန်အကာ တားဆီးဖို့
သတိတို့ မလစ်လပ်ကြ‌စေ‌ကြောင်း
ကျုပ်….ထပ်‌လောင်း အုန်း‌မောင်း ‌ခေါက်လိုက်ပါရ‌စေ။