Home တွေ့ဆုံမေးမြန်းခန်း ၂၉နှစ်ပြည့်‌မြောက်ပြီဖြစ်သည့် ၈၈၈၈ (ရှစ်‌လေးလုံး) လူထုအုံကြွမှု အ‌ရေးအခင်းအ‌ပေါ် ပါဝင်ခဲ့သူအချို့၏ ရင်တွင်းဖြစ် အမှတ်တရစကား (အပိုင်း ၂)

၂၉နှစ်ပြည့်‌မြောက်ပြီဖြစ်သည့် ၈၈၈၈ (ရှစ်‌လေးလုံး) လူထုအုံကြွမှု အ‌ရေးအခင်းအ‌ပေါ် ပါဝင်ခဲ့သူအချို့၏ ရင်တွင်းဖြစ် အမှတ်တရစကား (အပိုင်း ၂)

3516

ကိုမြင့်‌အောင်။ ။ (၈၈ မျိုးဆက်‌ကျောင်းသားနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း-ဖားအံ)


၈၈ မတိုင်ခင်မှာ တိုင်းပြည်က စနစ်‌ကြောင့် Rule of Development Country မှာ ပါသွားတယ်။ အဲဒီအထဲမှာ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီအစိုးရက ကိုင်တွယ်‌ဖြေရှင်းလိုက်တဲ့အခါမှာ ပိုက်ဆံ‌တွေကို‌ပြောင်းပြီး တက္ကသိုလ်‌ကျောင်းသား ‌တော်‌တော် များများက မိဘ‌ပေးထားတဲ့ ပိုက်ဆံ‌တွေကို သုံးလို့မရ‌တော့ဘူး။ ရှိတဲ့ပိုက်ဆံ‌တွေက တရားမဝင်‌တော့ဘူးဆို‌တော့ ‌ကျောင်းသား ‌တွေကို ထမင်းချက်‌ကျွေးဖို့ ဝယ်စရာ ပိုက်ဆံ မရှိ‌တော့ဘူး။ ပြဿနာဖြစ်ပြီး အ‌ရေးအခင်း ဆူပူမှု နည်းနည်းရှိလာ‌တော့ ‌ကျောင်း ‌တွေ ပိတ်သွားတယ်။ ‌ကျောင်းခဏပိတ်ပြီး ဇွန်လမှာ ‌ကျောင်းပြန်ဖွင့်တယ်။ ပြီး‌တော့ ‌ကျောင်းသား‌တွေကို အ‌ရေးယူ‌ဆောင်ရွက် တဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်း လုပ်တယ်။ ပစ်ခတ်တိုက်ခတ်မှု‌တွေရှိလာ‌တော့ အဲဒီမှာပဲ ကိုဖုန်း‌မော်တို့ ‌သေသွားတယ်။ အဲဒါ ကို အ‌ခြေခံပြီး‌တော့ တစ်တိုင်းပြည်လုံး ဆူပူအုံကြွမှုဖြစ်တယ်။ အလွှာ‌ပေါင်းစုံကလည်း ပါဝင်လာတယ်။ အဲဒီမှာ အ‌ထွေ‌ထွေ သပိတ် စဖြစ်လာတယ်။ ၈ရက်၊ ၈လ၊ ၈၈ခုနှစ်ကို သပိတ်လုပ်ပြီး‌တော့ တစ်နိုင်ငံလုံးမှာ ဒီအာဏာရှင်အစိုးရကို ဖြုတ်ချဖို့အတွက် သပိတ်‌မှောက်တယ်။ အဲဒီအချိန်မှာ ကျ‌နော်က ဖားအံ‌ကောလိပ်‌ကျောင်းသားသမဂ္ဂရဲ့ ဒုတိယဥက္ကဌအ‌နေနဲ့ အ‌ထွေ‌ထွေသပိတ် ကြီးမှာ ပါဝင်ခဲ့တယ်။

၁၉၆၂ခု အာဏာသိမ်းပြီးတဲ့‌နောက်ပိုင်းမှာ တပ်မ‌တော်ကို ဘယ်လိုအသုံးချလဲဆိုရင် သူတို့တစ်ပါတီအတွက် ခါးပိုက်‌ဆောင်တဲ့ ပုံစံနဲ့ အတိုးချပြီး‌တော့ အာဏာကို အလွှဲသုံးစားလုပ်ပြီး‌တော့ ပြည်သူ‌ပေါ်မှာ ရိုက်ခတ် စီးနင်း လုပ်လာတယ်ဆိုတဲ့အခါကျ‌တော့၊ ကမ္ဘာကို တံခါးပိတ်ဝါဒနဲ့ သွားတဲ့အခါကျ‌တော့၊ စီးပွား‌ရေးလုပ်ငန်း‌တွေ တိုးချဲ့ဖွံ့ဖြိုးလာမှု မရှိတဲ့အခါကျ‌တော့ ဆုတ်ယုတ်လာ တယ်။ ဖွံ့ဖြိုးမှုအနည်းဆုံး ၁ဝနိုင်ငံမှာလည်း ပါဝင်လာတယ်။ အဓိက‌တော့ စနစ်ဆိုးကျိုး‌ကြောင့် ဖြစ်တယ်။ ကျ‌နော်တို့ ‌ကျောင်း သား‌တွေက အာဏာရှင်စနစ်ကို မလိုလားဘူး။ အ‌ပြောင်းအလဲတစ်ခုအတွက် ဒီမိုက‌ရေစီ အမျိုးသား‌ရေး ပါဝင်ခဲ့တာမှန်တယ်။ ဒါ‌ပေမယ့် ငါတို့ကို ဒီလိုလုပ်လို့ အငြိုးအ‌တေးနဲ့ ပြန်လည် လက်စား‌ချေမယ်ဆိုတဲ့ စိတ်ထားမျိုးမရှိဘူး။ ငါတို့နိုင်ငံက ဒီမိုက‌ရေစီ ကူး‌ပြောင်း‌ရေးကာလမှာ အမျိုးသား ပြန်လည်ရင်ကြား‌စေ့ကို မလုပ်ဘဲနဲ့ အသွင်ကူး‌ပြောင်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အမျိုး သား ပြန်လည်ရင်ကြား‌စေ့‌ရေး လုပ်မယ်ဆိုလို့ရှိရင် သမိုင်းတစ်ခုမှာ ကျူးလွန်ခံခဲ့ရတဲ့သူ‌တွေရှိတယ်။ အဲဒီ ကျူးလွန်သူ‌တွေကို လည်း အခု လက်ရှိမှာ ရှိ‌သေးတယ်။ သူတို့ ကျူးလွန်ခဲ့တဲ့အမှား‌တွေကို ဝန်မခံတာ‌တော့ အမျိုးသားရင်ကြား‌စေ့‌ရေးကို ‌ပြောဖို့ အတားအဆီးတစ်ခုဖြစ်မယ်လို့ ထင်တယ်။

၈၈ အ‌ရေးအခင်း‌နောက် တချို့လူလည်း ‌သေတယ်။ တချို့က ‌တော‌တောင်ထဲမှာ ‌ရောက်တဲ့လူ‌တွေလည်းရှိတယ်။ လူမသိ၊ သူမသိ ‌ထောင်ထဲမှာ ဘဝပျက်ပြီး ‌သေသွားသူ‌တွေ ရှိတယ်။ ကျ‌နော်တို့ကိုယ်တိုင်ကိုလည်း ပုံစံအမျိုးမျိုးနဲ့ နှိပ်စက်ခံရတယ်။ ‌ထောက်လှမ်း‌ရေး‌တွေလည်း ကျ‌နော်တို့ကို နှိပ်ကွပ်တယ်။ ကျ‌နော်တို့က ဂျပန်‌ခေတ်ကို ပြန်‌ရောက်သလို ခံစားခဲ့ရတယ်။ ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲတယ်။ ဒါ‌ပေမယ့် ဒီလိုလုပ်လို့ ကျ‌နော်တို့မှာ နာကျည်းချက်‌တော့ မရှိဘူးဗျ။ ကျ‌နော်တို့ဖြစ်‌စေချင်တဲ့ဆန္ဒက ဒီမိုက‌ရေစီ အကူးအ‌ပြောင်းကာလမှာ ကျန်ရှိတဲ့ပုဂိ္ဂုလ်‌တွေက အရင်ကျူးလွန်ခဲ့တာကို သင်ခန်းစာယူပြီး‌တော့ သူတို့မှားပါတယ် ဝန်ခံမယ်ဆိုရင် ကျူးလွန်ခံရတဲ့သူ‌တွေအတွက်လည်း သင်ပုန်း‌ချေဖို့ အဆင်သင့်ပါပဲ။ ပြီးခဲ့တာ‌တွေကို သင်ခန်းစာယူပြီး ဒီမိုက ‌ရေစီ အသွင်ကူး‌ပြောင်းဖို့အတွက် ဘယ်လိုစု‌ပေါင်းလုပ်ရမလဲ။ ‌နောက်ပြီး တိုင်းပြည်တိုးတက်ဖို့အတွက် နိုင်ငံသူ၊နိုင်ငံသား‌တွေ အကျိုးစီးပွားအတွက်ဆိုတဲ့ စိတ်ထားမျိုးထားမယ်ဆိုရင် ဒီကိစ္စ‌တွေဟာ မလုပ်နိုင်စရာ အ‌ကြောင်းမရှိဘူးလို့ ကျ‌နော် ထင်ပါ တယ်။

‌စော‌မောင်ကြီး ။ ။ ဥက္ကဌ (၈၈ ကရင်မျိုးဆက်‌ကျောင်းသားများအစည်းအရုံး)


အခုက (၂၉) နှစ်ပြည့်ခဲ့ပြီ‌ပေါ့။ (၈၈)အ‌ရေးအခင်းကြီးက။ ကျ‌နော်တို့က အထက်တန်း‌ကျောင်းသား‌လေးအ‌နေနဲ့ စနစ်တစ်ခုကို ‌တော်လှန်တဲ့အ‌နေနဲ့ ပါဝင်ပတ်သက်ခဲ့တာပါ။ ‌နောက်လိုက်တစ်‌ယောက်အ‌နေနဲ့ ပါဝင်ခဲ့တာပါ။ ၈၈ ရဲ့ အ‌ခြေခံစိတ်ဓာတ်က ဘာလဲဆိုလို့ရှိရင် မတရားမှုကို ‌တော်လှန်ဖို့ ဖြစ်နိုင်ပါတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ‌ရှေ့ဆက်သွားမှာ‌ပေါ့‌နော်။ အဲဒီမှာ ရန်ငြိုးရန်စ ‌တွေ မရှိပါဘူး။ ၈၈ ‌ကျောင်းသားမှန်သမျှက အာဏာရှင်‌တွေအ‌ပေါ် ရန်ငြိုးရန်စမရှိပါဘူး။ ကျ‌နော်တို့ ၈၈ ‌ကျောင်းသား‌တွေက စနစ်တစ်ခုကို ‌ပြောင်းလဲနိုင်ဖို့အတွက်ပဲ ကျ‌နော်တို့ ‌ဆောင်ရွက်ခဲ့တာပါ။ ‌နောက်ထပ်လည်း ပြည်သူလူထုနဲ့ ကျ‌နော်တို့အားလုံး အ‌ပေါ်မှာ မတရားမှု‌တွေ မဖြစ်‌အောင်ဆိုပြီး‌တော့ ကျ‌နော်တို့ ဆက်လက်ထိန်းသိမ်းတဲ့အ‌နေနဲ့ ဒီ‌နေ့ (၂၉)နှစ်ပြည့် ၈၈၈၈ ‌နေ့ကို ကျ‌နော်တို့က အခမ်းအနား‌တွေ ကျင်းပကြပါတယ်။

လူထုက ဒီအ‌ရေးအခင်းနဲ့ ပတ်သက်ပြီး တုန်လှုပ်‌ကြောက်ရွံ့တယ်လို့‌တော့ ကျ‌နော်တို့က‌တော့ မသုံးနှုန်းပါဘူး။ ဒီ ၈၈ အ‌ရေးအ ခင်း ဖြစ်‌ပေါ်လာရတဲ့အ‌ကြောင်းအရင်းက‌တော့ ကျ‌နော်တို့‌တွေ တစ်ပါတီစနစ်ကို ‌တော်လှန်ဖို့ အစပျိုးလိုက်တယ်။ ပြည်သူလူထု တစ်ရပ်လုံးကို စုစည်းနိုင်လိုက်တယ်။ တက္ကသိုလ်‌ကျောင်းသားမှ မဟုတ်ပါဘူး။ အလွှာ‌ပေါင်းစုံ‌ပေါ့‌နော်။ ‌ကျောင်းသားဆိုရင် မူလ တန်း၊ အလယ်တန်း၊ အထက်တန်း တက္ကသိုလ်‌ကျောင်းသားဆိုပြီး‌တော့ အဆင့်အတန်း‌ပေါင်းစုံ ပါဝင်ခဲ့တဲ့အခါကျ‌တော့ ‌အောင် မြင်ခဲ့တယ်။ ‌အောင်မြင်ခဲ့တဲ့ အသီးအပွင့်ကို ဒီက‌နေ့ ပြည်သူလူထု ပြန်ပြီး ခံစားခဲ့ရတာပါ။ အဲဒီတုန်းက ကျ‌နော်တို့ ကျရှုံးခဲ့တာ မဟုတ်ဘူး။ ‌အောင်မြင်ခဲ့တာပါ။

ကျ‌နော်တို့က‌တော့ ဒါကို ‌နောင်လာ‌နောင်သား‌တွေ မ‌မေ့သင့်ဘူး။ ဒီ (၂၉)နှစ်ပြည့်ခဲ့ပြီ။ ၈၈ ဆိုတဲ့စိတ်ဓာတ်၊ ၈၈ ဆိုတဲ့‌သွေးကို ‌နောင်လာ‌နောက်သား‌တွေ ဆက်လက်ထိန်းသိမ်းနိုင်‌အောင်လို့ ၈၈ ‌ကျောင်းသား‌တွေကို အတုယူပြီး‌တော့ ၈၈ ‌ခေတ်က ပြည်သူ လူထု‌တွေကို အတုယူပြီး‌တော့ ‌နောင် အာဏာရှင်စနစ် မ‌ပေါ်‌ပေါက်‌အောင် ကျ‌နော်တို့က ဒါက ဆက်ထိန်းသိမ်းပြီး‌တော့ ချီတက် သွားဖို့ လိုပါတယ်။ အဲဒီလို စိတ်ဓာတ်မရှိဘူးဆိုရင် အာဏာရှင်စနစ်ဟာ ပြန်ပြီးအသက်ဝင်လာနိုင်ပါတယ်။ အဲဒီအတွက် ဒီ (၂၉) နှစ်တင် မကဘူး။ ‌နောင်နှစ်‌ပေါင်း တစ်ရာ၊ နှစ်‌ပေါင်း နှစ်ရာထိ ဒီစိတ်ဓာတ်‌တွေ ထိန်းသိမ်းထားဖို့ လိုပါတယ်။