Home သတင်း ၂၀၁၇ ကမာ္ဘ့နှစ်ခြင်းမဟာမိတ် ဒက်တွန်နှင့် ဂျိန်းနစ်‌လေ့ဇ် လူ့အခွင့်အ‌ရေးဆုအား ‌ဒေါက်တာစင်သီယာ‌မောင် လက်ခံရရှိ

၂၀၁၇ ကမာ္ဘ့နှစ်ခြင်းမဟာမိတ် ဒက်တွန်နှင့် ဂျိန်းနစ်‌လေ့ဇ် လူ့အခွင့်အ‌ရေးဆုအား ‌ဒေါက်တာစင်သီယာ‌မောင် လက်ခံရရှိ

1931

ဇူလိုင် ၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားနှင့် ဒုက္ခသည်တို့၏ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် လူ့အခွင့် အ‌ရေးများကို လုပ်‌ဆောင်‌နေသူ ‌ဒေါက်တာစင်သီယာ‌မောင်သည် ယခုနှစ် ၂၀၁၇ ကမာ္ဘ့နှစ်ခြင်းမဟာမိတ် ဒက်တွန်နှင့် ဂျိန်း နစ်‌လေ့ဇ် လူ့အခွင့် အ‌ရေးဆု (2017 Baptist World Alliance Denton and Janice Lotz Human Rights Award) ဂုဏ်ပြု မှတ်တမ်းလွှာကို လက်ခံရရှိခဲ့သည်။

ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် ဇူလိုင် ၃ ရက်မှ ၅ ရက်‌နေ့အထိ ကျင်းပသည့် ကမာ္ဘလုံးဆိုင်ရာ အဖွဲ့အစည်းများ၏ နှစ် ပတ်လည်စု‌ဝေးပွဲတွင် ယင်းဆုကို ‌ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး ဆုရရှိမှုအ‌ပေါ် ‌ဒေါက်တာ စင်သီယာ‌မောင်က “နယ်စပ်အ‌ခြေ ပြုပြီး‌တော့ တိုင်းရင်းသား‌ဒေသရဲ့ ကျန်းမာ‌ရေး၊ ပညာ‌ရေးနဲ့ လူအခွင့်အ‌ရေးကိစ္စ‌တွေမှာ ကျမတို့နဲ့အတူ လုပ်‌ဆောင်‌နေတဲ့ လူထုအ‌ခြေပြု အဖွဲ့အစည်း‌တွေ၊ ပုဂ္ဂိုလ်‌တွေ အတွက်လည်း ဒီဆုရရှိတာ ဂုဏ်ယူစရာတခုပါ။ ဘာလို့လဲဆို‌တော့ ဒီဆုဟာ အားလုံးနဲ့သက်ဆိုင်လို့ပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေါက်တာစင်သီယာ‌မောင်သည် ၁၉၈၉ ခုနှစ်မှစ၍ ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ နှင့် စစ်‌ရှောင်ဒုက္ခသည်များကို နှစ်‌ပေါင်း ၃ဝခန့် အခမဲ့‌ဆေးကုသ‌ပေးခဲ့မှုအပြင် ပညာ‌ရေးနှင့် လူမှု‌ရေးလုပ်ငန်းများကိုလည်း စွမ်းစွမ်းတမံ လုပ်‌ဆောင်‌သော‌ကြောင့် သူမအား ‌ရွေးချယ်ဆုချီးမြှင့်ရခြင်းဖြစ်သည်ဟု ၎င်းဆု‌ပေးသည့်အဖွဲ့မှ ထုတ်ပြန်ထားသည်။

‌ဒေါက်တာစင်သီယာ‌မောင်၏ အနီးကပ် လုပ်‌ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ က‌လေးဖွံဖြိုး‌ရေးစင်တာ-CDC ‌ကျောင်းအုပ် မန်း‌ရွှေ နှင်းက “လူထု ကျန်းမာ‌ရေးအတွက် ဆရာမက စွမ်းစွမ်းတမံ လုပ်‌ဆောင်‌နေမှု‌တွေအ‌ပေါ် အခုလို ဆုချီးမြှင့်ခံရတဲ့အတွက် ကျ‌နော်တို့က ဝမ်းသာဂုဏ်ယူပါတယ်။ သူ့ရဲ့ လုပ်‌ဆောင်မှု‌တွေအ‌ပေါ်မှာလည်း ဝိုင်းဝန်းကူညီ လုပ်‌ဆောင်သွားမယ်‌ပေါ့” ဟု ‌ပြောသည်။

‌ဒေါက်တာ စင်သီယာ‌မောင်သည် ၁၉၉၉ ခုနှစ်တွင် ဂျွန်နသန်မန်းဆု(Jonathan Mann Award)၊ ၂၀၀၂ ခုနှစ်တွင် အ‌ရှေ့‌တောင် အာရှ ရမ်မွန်မက်‌စေး‌စေးဆု (Southeast Asia’s Ramon Magsaysay Award)၊ ၂၀၁၃ ခုနှစ်တွင် ဆစ်ဒနီ ငြိမ်းချမ်း‌ရေးဆု (The Sydney Peace Prize )နှင့် ၂၀၁၅ ခုနှစ်တွင် ပိုစကိုတီ‌ဂျေပတ်ဆု (The South Korean POSCO TJ Park Prize) အပါအဝင် စုစု‌ပေါင်း နိုင်ငံတကာဆု ၃ဝ ‌ကျော် လက်ခံရရှိထားပြီဖြစ်သည်။

သူမသည် ၁၉၈၈ ခုနှစ်၊ ရှစ်‌လေးလုံးအ‌ရေးအခင်းအပြီးတွင် ထိုင်း-မြန်မာနယ်စပ်သို့ ‌ရောက်ရှိလာခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် မယ်‌တော်‌ဆေးခန်းကို စတင်တည်‌ထောင်ခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားနှင့် ဒုက္ခသည်တို့၏ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် လူ့အခွင့်အ‌ရေးလုပ်ငန်းများကို ဆက်လက်လုပ်‌ဆောင်‌နေ ဆဲဖြစ်သလို မြန်မာနိုင်ငံ ‌ဆေးပညာ ရှင်များအသင်း (BMA) နှင့် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့(BPHWT)၏ ဥက္ကဌအဖြစ် တာဝန်ထမ်း‌ဆောင်သူ ဖြစ်သည်။