Home ရင်ဖွင့်သံများ ၁၆ကြိမ်‌မြောက် ကွန်ဂရက် တက်‌ရောက်ခဲ့ကြသည့် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်အချို့၏ သုံးသပ်ချက်များ

၁၆ကြိမ်‌မြောက် ကွန်ဂရက် တက်‌ရောက်ခဲ့ကြသည့် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်အချို့၏ သုံးသပ်ချက်များ

3029

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၁၆ကြိမ်‌မြောက် ကွန်ဂရက်အပြီး ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်အချို့၏
အမြင်သုံးသပ်ချက်များကို ‌ကေအိုင်စီ-ကရင်သတင်းဌာနက ‌မေးမြန်းစုစည်း ‌ဖော်ပြလိုက်ပါသည်။

ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး (ဥက္ကဌ- ‌ကေအဲန်ယူ)
ကျ‌နော်တို့ကို တာဝန်‌ပေးအပ်လာမှုအရ ကျ‌နော်တို့ ‌ရှေ့လုပ်ငန်းစဉ်အတွက် ကွန်ဂရက်ရဲ့ ဆုံးဖြတ်ချက်တစ်ခု ချင်းတစ်ခုချင်းကို ကျ‌နော်တို့သွားမှာ ဖြစ်ပါတယ်။ လိုက်နာသွားမှာ ဖြစ်ပါတယ်။ ကျ‌နော်တို့ ‌မျှော်မှန်းချက်၊ ရည်မှန်းချက် ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်း‌ရေး တည်‌ဆောက်ဖို့ ပုံသဏ္ဍာန်‌တွေကို ကျ‌နော်တို့ ယုံကြည်တဲ့ အခု ကျ‌နော်တို့ ‌နေထိုင်တဲ့ နိုင်ငံ ကို ပြည်‌ထောင်စုနိုင်ငံ တည်‌ဆောက်ဖို့ အခု ကျ‌နော်တို့အ‌ပေါ် တာဝန်ကျလာမှုအ‌ပေါ်မှာ ကြိုးစားလုပ်‌ဆောင်သွားမယ်။ တစ်ဆက်တည်းမှာပဲ တာဝန်‌ပေးအပ်လာမှုအရမဟုတ်ဘဲ အခုကျ‌နော်တို့ လုပ်‌ဆောင်‌နေတဲ့လုပ်ငန်းကို ကျရာအခန်းကဏ္ဍ က‌နေပြီး‌တော့ ပူး‌ပေါင်းလုပ်‌ဆောင်သူအားလုံး ကျ‌နော်တို့ အတူတကွ သွားကြမယ်။ ကျ‌နော်တို့ အမျိုးသား‌တွေ အခွင့်အ ‌ရေး‌တွေ ပြန်လည်ရယူနိုင်ဖို့၊ လူမျိုးတစ်မျိုးကဲ့သို့ ရသင့်ရထိုက်အခွင့်အ‌ရေး‌တွေရဖို့ ကျ‌နော်တို့ ‌ရှေ့ဆက် အတူတူသွားကြ မယ်ဆိုတာ ဒီ‌နေ့ အဖွင့်မိန့်ခွန်းမှာ ‌ပြောကြားလိုပါတယ်။

ပဒို‌စောတာဒိုမူး (အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး -‌ကေအဲန်ယူ)
ကျ‌နော်တို့ ကွန်ဂရက်မှာ ‌ရှေ့လုပ်ငန်းစဉ် အချက် ၂ဝ ချမှတ်ထားတယ်။ ဆို‌တော့ ဒီအ‌ပေါ်မှာ အခု‌လော‌လောဆယ်‌တော့ ‌ရှေ့လုပ်ငန်းစဉ်အ‌ပေါ်မှာပဲ ပူး‌ပေါင်းလုပ်‌ဆောင်သွားရမယ်။ အားလုံး လုပ်‌ဆောင်ရမှာဖြစ်ပါတယ်။ ဒါ‌ပေမဲ့လည်း အဲဒီ့အပြင် ကျ‌နော်တို့ ကရင်အမျိုးသားအစည်းအရုံးက အမြဲတမ်းလိုလိုမှာ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှု ရရှိဖို့ အမြဲတမ်း ‌တောင်းဆိုခဲ့အ ‌ပေါ်မှာ အခု အခွင့်အ‌ရေး ရှိလာတဲ့အ‌ပေါ် ကျ‌နော်တို့သွားမှာဖြစ်ပါတယ်။ ပြီး‌တော့ CSC ရှိလာပြီးဆိုရင် နိုင်ငံ‌ရေးအပိုင်းမှာ တာဝန်ယူမယ့်သူ‌တွေဖြစ်‌စေ၊ Sector(ကဏ္ဍ)တစ်ခုချင်းတစ်ခုချင်းအ‌ပေါ်မှာ ကျ‌နော်တို့ ပူး‌ပေါင်းလုပ်‌ဆောင်သွားရမှာ ဖြစ် ပါတယ်။ ကျ‌နော်တို့ ကရင်အမျိုးသားအစည်းအရုံးက အမြဲတမ်းလိုလိုပဲ ‌ကြွေး‌ကြော်ပါတယ်။ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေး နည်းဖြင့် ‌ဖြေရှင်းနိုင်ဖို့အတွက်‌ပေါ့။ ဒါ‌ကြောင့် အခု နိုင်ငံ‌ရေးစားပွဲဝိုင်းတစ်ခု ဖြစ်‌ပေါ်လာဖို့အတွက် ကျ‌နော်တို့ လုပ်နိုင်သ ‌လောက် လုပ်‌ဆောင်သွားမယ်။ ထိထိ‌ရောက်‌ရောက်နဲ့ လုပ်‌ဆောင်သွားမယ်။ ကျ‌နော်တို့ ပြည်သူ‌တွေနဲ့ ရဲ‌ဘော်‌တွေနဲ့ ပြည် တွင်းပြည်ပရှိ ‌ခေါင်း‌ဆောင်‌တွေအားလုံး၊ ကျ‌နော်တို့ကို ‌ထောက်ခံအား‌ပေးတဲ့ မိတ်‌ဆွေနိုင်ငံ‌တွေအားလုံးနဲ့ တစ်စိတ်ထဲ တစ်ဝမ်းထဲ ပူး‌ပေါင်းလုပ်‌ဆောင်နိုင်ဖို့ ကျ‌နော်တို့ ‌မျှော်လင့်‌နေတယ်။

ပဒို‌စောအယ်ဝါး (ဥက္ကဌ၊ ‌တောင်ငူခရိုင်)
ပြီးခဲ့တဲ့ ‌လေးနှစ်တာကာလရဲ့လုပ်ငန်းစဉ်‌တွေ အဖွဲ့အစည်းရဲ့ မူ‌တွေ၊ ‌ပေါ်လစီ‌တွေ ‌ရှေ့လုပ်ငန်းစဉ်‌တွေ ‌ပြောဆို ကြတဲ့အခါ မှာ ဌာန‌တွေ၊ ‌ကော်မတီ‌တွေအပြင် အဖွဲ့အစည်းရည်မှန်းချက်ပန်းတိုင်‌ရောက်ဖို့ စတဲ့ အဲဒီကိစ္စ‌တွေ ‌ဆွေး‌နွေးကြ ပါတယ်။ ‌ဆွေး‌နွေးတဲ့‌နေရာမှာ ‌တော်လှန်‌ရေးထဲမှာ စွမ်းစွမ်းတမံလုပ်ခဲ့တဲ့ ‌ခေါင်း‌ဆောင်‌တွေရဲ့‌ဆွေး‌နွေးချက်‌တွေက အင်မ တန်မှ ‌ကောင်းပါတယ်။ ကရင်အတွက်သာမကဘဲ ဘဝတူတိုင်းရင်းသား‌တွေအတွက်ပါ ပါဝင်တဲ့အတွက် ‌တော်‌တော်အားရ စရာ ‌ကောင်းပါတယ်။ သို့‌သော်လည်းပဲ ကွန်ဂရက်မှာ ဘက်နှစ်ဘက်အမြင်နဲ့၊ ‌တော်လှန်‌ရေး အ‌နေအထားနဲ့ မှန်မှန်ကန် ကန် ရည်မှန်းချက်‌ရောက်တဲ့အထိ သွားချင်တဲ့‌ခေါင်း‌ဆောင်ကြီးများက‌တော့ ဒီအ‌ခြေခံကိုကိုင်ထားပြီး ဆက်သွားဖို့အတွက် ‌ဆွေး‌နွေးတင်ပြတာရှိသလို အပစ်အခတ်ရပ်စဲ‌ရေးကာလမှာ ‌တော်လှန်‌ရေးနဲ့ပတ်သက်တဲ့ အ‌တွေးအ‌ခေါ်အမြင်‌တွေကို အသုံးပြုကိုင်စွဲဖို့ မလိုဘူးဆိုတဲ့ အမြင်သ‌ဘောထား‌တွေလည်း ရှိ‌နေတဲ့အခါကျ‌တော့ ဘက်နှစ်ဘက်အမြင်ရယ်လို့‌တော့ ‌ပေါ်လာတာ‌ပေါ့‌လေ။

အဲဒီ‌တော့ ကျ‌နော်တို့ ဘယ်အထိ‌ရောက်‌နေလဲ ကိုယ့်ကိုယ်ကို ဆန်းစစ်ဖို့ လိုတယ်။ ပတ်ဝန်းကျင်ကို ဆန်းစစ်ဖို့ လိုသလို ကိုယ်နဲ့အပြိုင် အာဏာရှင်စနစ်ကြီးက ဘယ်အထိရှိ‌နေလဲဆိုတာ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ လိုပါတယ်။ ဒီ‌တော့ ကွန်ဂရက်မှာ ကိုယ်စားလှယ်‌တွေရဲ့ ‌ဆွေး‌နွေးမှု‌တွေအ‌ပေါ်မှာ‌တော့ အားရတာ တချို့ရှိသလို အားမရတာ တချို့ လည်း ရှိပါတယ်။ အဖွဲ့အစည်းရဲ့‌ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ‌ပြောရမယ်ဆိုရင် ဒီကွန်ဂရက်မှာ‌တော့ သိပ်အားရစရာ မရှိ ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ အချိန်အခက်အခဲနဲ့ ဘက်နှစ်ဘက်အမြင်‌တွေ‌ကြောင့် ‌ရှေ့လုပ်ငန်းစဉ်‌တွေ ချမှတ်နိုင်ဖို့ကို ‌တော်‌တော် ခက်ခက်ခဲခဲ ‌ဆွေး‌နွေးခဲ့ရပါတယ်။ သို့‌သော်လည်း ရှိထားပြီးသား မူ‌တွေ၊ ‌ပေါ်လစီ‌တွေကို အ‌ခြေခံပြီး တကယ့် ပကတိအ‌ခြေအ‌နေမှန်အ‌ပေါ်မှာ သုံးသပ်ချမှတ်ခဲ့ရတာ‌တွေ တချို့ရှိခဲ့ပါတယ်။ အားလုံး‌တော့ အဆင်မ‌ချောဘူးလို့ ကျ‌နော် ခံစားမိတယ်။
‌ရွေး‌ကောက်ပွဲက‌တော့ အခု ကွန်ဂရက်‌ရွေး‌ကောက်ပွဲမှာက အရင်က ဒီလိုတစ်ခါမှ မလုပ်ဖူးတဲ့ ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်း‌တွေက အင်မတန်မှ ‌အောင်မြင်သလို ‌ကျေနပ်ချီးကျူးစရာလည်း ဖြစ်ပါတယ်။ သို့‌သော် လည်းပဲ မဲထည့်ရတဲ့ ကိုယ်စားလှယ်အ‌နေနဲ့က‌တော့ သိပ်‌ကျေနပ်စရာ‌တော့ မဖြစ်ဘူး။ အဲဒီ‌နေရာမှာ မဖြစ်သင့် မဖြစ်ထိုက် တဲ့ အ‌တွေးအ‌ခေါ်‌တွေ ရိုက်သွင်းခံရမှု‌ကြောင့် ‌ခေါင်း‌ဆောင်‌ကောင်း၊ ‌ခေါင်း‌ဆောင်မှန်ကို မ‌ရွေးနိုင်ခဲ့တဲ့ အ‌နေအထားကို ‌တော့ ကျ‌နော်တို့ ကရင်ပြည်သူအတွက်‌ရော အခြားဘဝတူတိုင်းရင်းသား‌တွေအတွက်‌ရော အင်မတန်မှ ရင်‌လေးမိပါတယ်။ ဒါကို‌တော့ ပြုပြင်စရာ‌ကောင်းတဲ့၊ စိုးရိမ်စရာ‌ကောင်းတဲ့ အချက်တစ်ခုအ‌နေနဲ့ ကျ‌နော် ခံစားမိပါတယ်။ ဘယ်လိုပဲ ဖြစ်‌နေပါ ‌စေ။ အခု ‌ရွေး‌ကောက်ခံရတဲ့ ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ ‌ကေအဲန်ယူကချမှတ်ထားတဲ့မူ‌တွေ၊ လမ်းစဉ်‌တွေအ‌ပေါ်မှာ ကိုင်စွဲ ပြီး‌တော့ မှန်မှန်ကန်ကန်သွားတဲ့ ‌ခေါင်း‌ဆောင်မျိုး‌တော့ ဖြစ်‌စေချင်ပါတယ်။ အဲဒီအတိုင်း သွားလိမ့်မယ်လို့ ‌မျှော်လင့်ပါ တယ်။ ဒါ‌ပေမဲ့ သွား‌နေတဲ့လမ်းကို‌တော့ ‌သေချာအကဲခတ် စိစစ်ရမှာဖြစ်ပါတယ်။
‌နောက်ဆုံးအ‌နေနဲ့ ကရင်ပြည်သူ‌တွေ ဘဝတူတိုင်း ရင်းသား‌တွေအတွက် အခုရလဒ်ကို အားရစရာမရှိ‌ပေမယ့် ဒီဟာကို တစ်ခုတည်းနဲ့ပဲ အဆုံးအဖြတ်‌ပေးတာ မဟုတ်‌သေးပါဘူး။ ကျ‌နော်တို့ ‌ရှေ့ဆက်သွားရမယ့် ခရီးပန်းတိုင်မှာ တူ တာကို ပူး‌ပေါင်းပြီး အာဏာရှင်စနစ်ကို ပြိုင်တူတွန်းလှန်ကြမယ်ဆိုရင် လိုချင်တဲ့ပန်းတိုင်ကို ‌ရောက်မှာပါ။ ဒါ‌ကြောင့် ဒီအ ‌ခြေအ‌နေကို စိတ်မပျက်ကြပါနဲ့။ စိတ်ပျက်စရာ‌တွေ ရှိလာခဲ့ရင်လည်း အားယူပြီး ဆက်လက် ချီတက်သွားကြဖို့ ‌ပြောချင်ပါ တယ်။

ပဒို‌စောထဲဒယ် (အတွင်း‌ရေးမှူး၊ ဖာပွန်ခရိုင်)
အခု ၁၆ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်မှာ ဖွဲ့စည်းပုံ‌တွေ လမ်းစဉ်၊ လုပ်ငန်းစဉ်‌တွေ ‌ရှေ့လုပ်ငန်းစဉ်‌တွေ အစီ ရင်ခံစာ ‌တွေ ‌ဆွေး‌နွေးသုံးသပ်ကြတာ‌ပေါ့။ အဲဒီ‌နေရာမှာ မတူညီတဲ့အ‌တွေးအမြင်‌တွေ ရှိလာတယ်လို့ သုံးသပ်မိတယ်။ တချို့ကျ‌တော့လည်း ‌ရှေ့ဆက်သွားရမယ့် အ‌ခြေအ‌နေမှာ စိတ်ရင်း‌စေတနာမှန်မှန်နဲ့ ‌ဆွေး‌နွေးလို‌သော်ငြားလည်း တကယ်‌ဆွေး‌နွေးလိုက်တဲ့အခါ တစ်ဖက်နဲ့တစ်ဖက် ထိပ်တိုက်ဖြစ်လာ‌တော့ တစ်ချို့ဆို မ‌ဆွေး‌နွေးချင်‌တော့ဘူး။
‌နောက်တစ်ခုက ကျ‌နော်တို့ ‌ရှေ့ဆက်သွားရမယ့်ခရီးဟာ တစ်ဦးတစ်‌ယောက်တည်းအတွက် မဟုတ်ဘဲ တစ်မျိုးသားလုံးအ တွက်ဖြစ်‌နေတယ် ဆိုတဲ့အခါကျ‌တော့ တတ်နိုင်သ‌လောက် အ‌သေးစိတ် ‌ဆွေး‌နွေးခဲ့ကြရတယ်။ တစ်ချို့‌ဆွေး‌နွေးချက်‌တွေ က ကျ‌နော်တို့လိုချင်တဲ့အထိ မ‌ရောက်ဘူး။ မ‌ရောက်‌ပေမယ့်လည်း တချို့က မထူး‌တော့ဘူးဆိုပြီး အများဆန္ဒအရ လိုက် ‌လျောလိုက်ရတဲ့ အ‌ခြေအ‌နေ‌တွေလည်း ‌တွေ့ရပါတယ်။ ကျ‌နော့်တစ်‌ယောက်အ‌နေနဲ့ ပြီးခဲ့တဲ့ ‌လေးနှစ်တာကာလအတွင်း မှာ အားနည်းချက်ကိုပြင်ပြီး အားသာချက်‌တွေကို ဆုပ်ကိုင်ကာ ‌ရှေ့ခရီးကို ‌ဖော်‌ဆောင်သွားဖို့ ဆန္ဒရှိပါတယ်။

အခုတ‌ခေါက် ‌ရွေး‌ကောက်ပွဲက‌တော့ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်‌တွေ လုပ်ထုံးလုပ်နည်း‌တွေက အင်မတန်မှ သဘာ ဝ ကျပါတယ်။ ကျ‌နော်တို့အ‌နေနဲ့ကလည်း ယုံယုံကြည်ကြည် ရှိပါတယ်။ စနစ်တကျနဲ့ လွတ်လွတ်လပ်လပ် မဲ‌ပေးနိုင်တယ်။ ‌ရွေး‌ကောက်မှု ပုံစံအားလုံးကို သ‌ဘောကျတယ်။ ဒါ‌ပေမဲ့လည်း ကိုယ်စားလှယ်‌တွေက‌တော့ ကွန်ဂရက်မှာ ဘက်နှစ်ဘက် လိုဖြစ်လာ‌တော့ ‌ရွေး‌ကောက်ပွဲစည်းမျဉ်းစည်းကမ်းအရ လွတ်လွတ်လပ်လပ် မဲ‌ပေးခွင့်ရှိ‌သော်ငြားလည်း တကယ်တမ်းကျ ‌တော့ သူ့လူကိုယ့်လူ စည်းရုံးတာတို့၊ သိမ်းသွင်းတာတို့ကို ‌တွေ့မြင်‌နေရတယ်။ ဒီအဖြစ်အပျက်‌တွေကို ကျ‌နော့်တ‌ယောက် အ‌နေနဲ့က‌တော့ ခံစားလို့ မ‌ကောင်းဘူး။
အခုတက်လာတဲ့ ‌ခေါင်း‌ဆောင်‌တွေကလည်း ဒီမိုက‌ရေစီနည်းအရ ‌ရွေး‌ကောက်မှုနဲ့ တက်လာသူ‌တွေဖြစ်‌တော့ အများဆန္ဒအတိုင်း လိုက်လုပ်ရမှာပဲ။ ဘယ်‌ခေါင်း‌ဆောင်ပဲတက်တက် ‌ကေအဲန်ယူရဲ့မူ၊ ‌ပေါ်လစီ‌တွေကို တိတိကျကျ လိုက် နာလုပ်‌ဆောင်သွားဖို့၊ ‌နောက်ပြီး‌တော့ ကွန်ဂရက်က‌နေ ‌ဆွေး‌နွေးချမှတ်ထားတဲ့ ‌ရှေ့လုပ်ငန်းစဉ်‌တွေကိုလည်း မတိမ်းမ ‌စောင်း လုပ်‌ဆောင်သွားဖို့ကို‌တော့ ‌မျှော်လင့်ပါတယ်။ အခုတက်လာတဲ့ ‌ခေါင်း‌ဆောင်‌တွေအ‌ပေါ်မှာ ကျ‌နော်တို့ စိတ်တိုင်း ကျ မဖြစ်သည့်တိုင်‌အောင်မှ ‌ကေအဲန်ယူ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်‌တွေ၊ မူ‌တွေအ‌ပေါ်မှာ လိုက်နာလုပ်‌ဆောင်သွားမယ်ဆို ရင် ကျ‌နော်တို့ ခရိုင်၊ တပ်မဟာ‌တွေကလည်းပဲ ဝိုင်းဝန်းလုပ်‌ဆောင်သွားကြမယ်လို့ ကျ‌နော်ထင်ပါတယ်။

မန်းက‌နေဒီ (အတွင်း‌ရေးမှူး၊ ဒူးပလာယာခရိုင်)
ကွန်ဂရက်တစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှု‌တွေက တချို့အားနည်းချက်ရှိသလို အားသာချက် ‌တွေလည်း ရှိပါတယ်။ အထူးသဖြင့် ကိုယ်စားလှယ်‌တွေ ဖိတ်ကြားတဲ့‌နေရာမှာ တချို့‌တွေက အငြင်းပွားဖွယ်‌တွေ ဖြစ်တာ ‌ပေါ့။ နိုင်ငံခြားက ကိုယ်စားလှယ်‌တွေအ‌နေနဲ့ ကွန်ဂရက်မှာ မဲမ‌ပေးရတဲ့ ပြဿနာ‌လေး‌တွေ‌တော့ ရှိတာ‌ပေါ့။ ဒါကလည်း အရင်တုန်းက ‌ကေအဲန်ယူ လုပ်ထုံးလုပ်နည်းအရ လုပ်သွားတဲ့ သ‌ဘော‌တော့ ရှိတာ‌ပေါ့။
ကွန်ဂရက်မှာ တက်‌ရောက်လာတဲ့ ကိုယ်စားလှယ်တချို့အမြင်မှာ အခုလက်ရှိသွား‌နေတဲ့ နိုင်ငံ‌ရေးဖြစ်စဉ်‌တွေအ ‌ပေါ်မှာ‌တော့ ဒီအတိုင်း ဆက်သွားကြမယ်ဆိုတဲ့ သ‌ဘောထား‌တွေရှိတယ်။ အဲဒီ‌တော့အယူအဆ‌တွေက အမျိုးမျိုးဖြစ်လာ ကြတယ်။ အထူးသဖြင့် ပြည်ပက‌နေ လာ‌ရောက်အကြံပြုတဲ့သူ‌တွေက လက်ရှိသွား‌နေတဲ့ NCA လမ်း‌ကြောင်းအရဆို အစိုး ရဘက်မှာ အားသာချက်‌တွေ ပိုများတယ်။ ကျ‌နော်တို့ဘက်မှာ အားနည်း‌နေတယ်ဆိုပြီး ပြုပြင်‌ပြောင်းလဲချင်တဲ့ သ‌ဘော ‌လေး‌တွေ‌တော့ ရှိပါတယ်။ ဒါ‌ပေမဲ့ အခုတက်‌ရောက်လာတဲ့ ကိုယ်စားလှယ် အများစု‌တော့ လက်ရှိနိုင်ငံ‌ရေးဖြစ်စဉ်မှာ နိုင်ငံ ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းနဲ့ပဲ ‌ဖြေရှင်းသွားကြမယ်ဆိုတဲ့ သ‌ဘောထားက‌တော့ အများစုရဲ့သ‌ဘောထား ဖြစ်သွားတာ ‌ပေါ့။
ကွန်ဂရက်မှာ တင်လာတဲ့ အစီရင်ခံစာ‌တွေနဲ့ပတ်သက်ပြီး အကုန်ပြည့်စုံပါတယ်လို့ ‌ပြောလို့‌တော့ မရဘူး‌ပေါ့။ တချို့ထိန်ချန်ထားတဲ့အပိုင်း‌တွေ ရှိတာ‌ပေါ့။ သို့‌သော်လည်းပဲ လုပ်လာခဲ့တဲ့ လုပ်ငန်း‌တွေနဲ့ပတ်သက်ပြီး ဒီလိုကြားကာလ မှာ ဘယ်လိုထိန်း‌ကျောင်းသွားကြမလဲဆိုတာကို‌တော့ ထင်ထင်ရှားရှား မ‌တွေ့ရဘူး။ အဓိက ဘာ‌တွေလုပ်ခဲ့လဲဆိုတာထက် ဌာနဆိုင်ရာအလိုက် လုပ်ခဲ့တဲ့လုပ်ငန်း‌တွေကိုပဲ ဦးစား‌ပေး ‌ဖော်ပြကြတာကို ‌တွေ့ရပါတယ်။ ‌ရွေး‌ကောက်ပွဲပုံစံက ‌ကျေနပ် အားရစရာဖြစ်‌ပေမယ့်လို့ ကိုယ်စားလှယ်ပါဝင်မှု‌တွေက နည်းနည်း အစီအစဉ်မကျတာ‌တွေ ရှိတယ်။ တချို့ ထဲထဲဝင်ဝင် ပါဝင်သင့်သူ‌တွေကျ‌တော့ ကိုယ်စားလှယ်အဖြစ် အ‌ရွေးမခံရတာမျိုး‌တွေ‌တော့ ရှိတာ‌ပေါ့။ ‌နောက်ပြီး အခုတက်လာတဲ့ ‌ခေါင်း‌ဆောင်‌တွေက လက်ရှိ နိုင်ငံ‌ရေးဖြစ်စဉ်အ‌ပေါ်မှာပဲ တစိုက်မတ်မတ်လုပ်သွားမယ့် ‌ခေါင်း‌ဆောင်‌တွေများမှာ‌ပေါ့။ သူတို့ချည်းပဲ‌တော့ လုပ်လို့မရဘူး‌လေ။ သူတို့သွား‌နေတဲ့လမ်း‌ကြောင်းကို ကျန်ခဲ့တဲ့ တခြားလူ‌တွေရဲ့ ပံ့ပိုးမှု‌တွေလည်း လိုအပ်တာ‌ပေါ့။
‌နောက်ဆုံးအ‌နေနဲ့‌ပြောချင်တာက သမိုင်းမှာ ‌ကေအဲန်ယူအ‌နေနဲ့ အကွဲအပြဲ‌တွေ သ‌ဘောထား မတူညီမှု‌တွေ ရှိခဲ့ တယ်။ အခုတက်လာတဲ့‌ခေါင်း‌ဆောင်‌တွေက အဲဒါကို သတိ‌လေးထားပြီး‌တော့ ပြုပြင်‌ပြောင်းလဲသင့်တာ ပြုပြင်‌ပြောင်းလဲပြီး ဆက်သွားကြရမယ်လို့‌တော့ ကျ‌နော်ထင်ပါတယ်။

ပဒို‌စောဆာပိတု (ဥက္ကဌ၊ ဘိတ်-ထားဝယ်ခရိုင်)
အခုပြုလုပ်တဲ့ကွန်ဂရက်မှာ ကိုယ်စားလှယ်‌တွေအ‌နေနဲ ့ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ်ကို ‌ဆွေး‌နွေး‌ပြောဆို နိုင်တယ်။ ဒါက ‌ကောင်းတဲ့ အလားအလာတစ်ခုလို့‌တော့ ‌ပြောရမှာ‌ပေါ့။ ‌ရွေး‌ကောက်ပွဲစနစ်မှာလည်း ‌တော်‌တော်‌လေး စနစ်ကျတယ်။ ပွင့်လင်းမြင်သာမှုရှိ‌အောင် အများ‌ရှေ့မှာ တစ်‌ယောက်ချင်းစီတက်ပြီး မဲ‌ပေးတာ‌ပေါ့။ တစ်ဖက်က ပြန်ကြည့် ရင်‌တော့ အချိန် နည်းနည်းကြန့်ကြာသွားတာကလွဲလို့ ‌တော်‌တော်‌လေး အားရ‌ကျေနပ်မှု ရှိပါတယ်။ အဲလိုလုပ်လိုက်‌တော့ ရှင်းရှင်းလင်းလင်းဖြစ်တဲ့အပြင် မဲ‌ပေးတဲ့အခါ ကိုယ်စားလှယ်‌တွေအ‌နေနဲ့ကလည်း စိတ်သန့်တာ‌ပေါ့။ ပြီးခဲ့တဲ့ ကွန်ဂရက် ‌တွေတုန်းက သူများ‌ပြောစရာ‌တွေ ဖြစ်ခဲ့တာကိုး။

ကွန်ဂရက်မှာ NCA နဲ့ပတ်သက်ပြီး ‌ဆွေး‌နွေးမှု ‌တော်‌တော်များများလုပ်ခဲ့ကြပြီး‌တော့ တချို့ကိုယ်စားလှယ်‌တွေအ ‌နေနဲ့က‌တော့ လက်မခံနိုင်တဲ့အပိုင်း‌လေး‌တွေ ရှိတယ်။ ‌နောက်တစ်ခုက တချို့ခရိုင်‌တွေ တင်ပြတဲ့အစီရင်ခံစာ‌တွေမှာ မပြည့်စုံတဲ့ အပိုင်း‌လေး‌တွေရှိတာ‌ပေါ့။ ကျ‌နော့်အထင် တချို့တင်ပြမှု‌တွေက အကုန်လုံး မပါလာတာလည်းပါမယ်။ အဲဒီ ‌တော့က တင်ပြအစီရင်ခံမှု‌တွေ အားနည်းတဲ့အတွက် ‌ဆွေး‌နွေးတဲ့အခါ ဆုံးဖြတ်တဲ့အခါမှာ‌တော့ အားနည်းချက်‌တွေ၊ မပြည့်စုံတာ‌တွေ ဖြစ်သွားတာ‌ပေါ့။
အခု ပြုလုပ်တဲ့ကွန်ဂရက်မှာ များ‌သောအားဖြင့်က‌တော့ ‌ခေါင်း‌ဆောင်အ‌ပြောင်းအလဲကို အားလုံး‌မျှော်လင့်ကြတာ ‌ပေါ့။ ကျ‌နော့်အ‌နေနဲ့က စစ်မှန်တဲ့ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်နိုင်မယ့် ‌ခေါင်း‌ဆောင်‌တွေဖြစ်ဖို့ ရည်မှန်းတယ်။ ‌နောက်တစ်ခု က အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးကို ‌ဖော်‌ဆောင်‌ပေးမယ့် ‌ခေါင်း‌ဆောင်မျိုးလည်း ဖြစ်‌စေချင်တယ်။ အဲဒီ‌မျှော်လင့်ချက်‌တွေနဲ့ ‌ခေါင်း‌ဆောင်ကို ‌ရွေးချယ်တင်‌မြှောက်ကြတာ‌ပေါ့။ ငြိမ်းချမ်း‌ရေးတစ်ခုတည်း မဖြစ်ဘူး။ ကျ‌နော်တို့ကရင်‌ဒေသ‌တွေ မဖွံ့ဖြိုး ဘူးဆိုရင် ငြိမ်းချမ်း‌ရေးလည်း ဘာမှအဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။
အဲဒီအချက် ၂ချက်ကို ‌ခေါင်း‌ဆောင်‌တွေ အ‌ကောင်အထည်‌ဖော်နိုင်လိမ့်မယ်လို့လည်း ‌မျှော်လင့်ပါတယ်။ ဘာဖြစ် လို့ ဒီလို‌ပြောလည်းဆို‌တော့ လက်ရှိကျ‌နော်တို့ NCA လမ်း‌ကြောင်းအတိုင်း သွား‌နေကြတာကိုး။ NCA အ‌ပေါ်မှာလည်း နှစ်ဦးနှစ်ဖက်က အားနည်းချက်‌တွေ၊ ပြဿနာ‌တွေရှိ‌နေကြတယ်။ စာချုပ်နည်းအတိုင်း မျှမျှတတ သွားကြမယ်ဆို အဆင် ‌ပြေပါတယ်။ တချို့ကိစ္စ‌တွေကျ‌တော့ အစိုးရဖြစ်‌စေ၊ တပ်မ‌တော်ဖြစ်‌စေ၊ ကျ‌နော်တို့ဖြစ်‌စေ စာချုပ်ပါ အချက်အတိုင်း မသွား ကြတာလည်း ‌တွေ့‌နေရတာ‌တွေ ရှိတယ်။ ဒါကို ‌ကောင်းသထက်‌ကောင်း‌အောင် ပြန်လည်‌ဖော်‌ဆောင်‌ပေးဖို့ အခု တက်လာ တဲ့ ‌ခေါင်း‌ဆောင်‌တွေ သိပ်အ‌ရေးကြီးပါတယ်။ ‌ကေအဲန်ယူမှာ မူက‌တော့ ‌ကောင်း‌နေတယ်။ လူပဲ လိုတယ်။