Home သတင်း ကရင်လူမှုအဖွဲ့ ၄ဖွဲ့ပူး‌ပေါင်းပြီး ‌ကျောင်းသားလူငယ်များအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးသင်တန်း‌ပေး

ကရင်လူမှုအဖွဲ့ ၄ဖွဲ့ပူး‌ပေါင်းပြီး ‌ကျောင်းသားလူငယ်များအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးသင်တန်း‌ပေး

1957

‌အောက်တိုဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

လူထုအ‌ခြေပြု ကရင်အဖွဲ့(၄)ဖွဲ့တို့ ပူး‌ပေါင်းပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ‌တောင်ငူခရိုင်၊ တပ်မဟာ(၂) ထိန်းချုပ်နယ် ‌မြေအတွင်းရှိ ထိုလွီဝါး အထက်တန်း‌ကျောင်းမှ ‌ကျောင်းသူ၊‌ကျောင်းသားများကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်း‌ရေး သင်တန်းတစ်ခုကို ‌အောက်တိုဘာလ ၁၇ရက်မှ ၁၈ရက်‌နေ့ထိ ပြုလုပ်‌ပေးခဲ့သည်။

၎င်းသင်တန်းကို ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်(KESAN)၊ ကရင်ပညာ‌ရေးဋ္ဌာန(KED)၊ ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင်‌ကျောင်းသားများကွန်ရက်အဖွဲ့(KSNG)တို့ ပူး‌ပေါင်းကာ လူငယ်များနှင့် ‌ကျောင်းသား၊ ‌ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်‌စေရန်နှင့် မိမိတို့ ‌နေထိုင်ရာ‌ဒေသများတွင် အသိပညာများ ပြန် လည်မျှ‌ဝေနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု KESAN အဖွဲ့မှ ‌စောဆာဒို့ဒိုမူးက ‌ပြောသည်။

၎င်းက “လူငယ်နဲ့ ‌ကျောင်းသား‌တွေက တိုင်းပြည်အနာဂတ်ပါ။ သဘာဝပတ်ဝန်းကျင်လည်း အ‌ရေးကြီးတဲ့ အစိတ်အပိုင်းမှာ ပါ တယ်လို့ လူငယ်နဲ့ ‌ကျောင်းသား‌တွေကို ပိုသိ‌စေချင်တယ်။ တန်ဖိုးထား ထိန်းသိမ်းတတ်‌အောင် နိုင်ငံအတွင်းက သယံဇာတ‌တွေ ကိုလည်း အကျိုးရှိရှိ အသုံးချတတ်‌အောင် သင်တန်းပြုလုပ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်ရက်တာပြုလုပ်သည့် သင်တန်းတွင် ‌ကေအဲန်ယူ ဖာပွန် ခရိုင်အတွင်း ‌ဒေသခံများ၊ ‌တောင်ငူခရိုင်အတွင်းရှိ ‌ကျောင်းသားလူ ငယ်များ အပါအဝင် စုစု‌ပေါင်း ၂၀ဝဦး‌ကျော်တက်‌ရောက်ပြီး လက်ရှိ ရာသီဥတု‌ပြောင်းလဲခြင်းဖြစ်စဉ်များ၊ ကရင်လူမျိုးတို့၏ ဓ‌လေ့ထုံးစံများ၊ သစ်‌တောပြုန်းတီးမှု၊ ‌ရေခမ်း‌ခြောက်မှုနှင့် ‌မြေယာကိစ္စများ စသည်တို့ ပို့ချ‌ပေးမှုအပြင် ပန်းချီဆွဲခြင်း၊ ပြဇာတ် ကပြခြင်း၊ အားကစားပွဲများ ပြုလုပ်ခြင်းနှင့် ကွင်းဆင်း‌လေ့လာခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

“ကျ‌နော်တို့ ဒီသင်တန်းမှာ လာ‌ရောက်ပူး‌ပေါင်းတာက ‌ကျောင်းသား‌တွေနဲ့ လူငယ်‌တွေ သဘာဝပတ်ဝန်းကျင်ကို မပျက်စီး ‌အောင် ထိန်းသိမ်းတတ်ပြီး အခု‌နေရာ ‌ဒေသ‌တော်‌တော်များများ ပူပြင်းလာ‌တော့ သစ်ပင်၊ ပန်းပင်‌လေး‌တွေ ပိုစိုက်လာမယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ သဘာဝတရား‌တွေကိုလည်း ပိုတန်ဖိုးထားတတ်လာဖို့ ‌မျှော်လင့်ပါတယ်”ဟု သင်တန်းတွင် ပူး‌ပေါင်းပါဝင် သူ KSNG မှ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

အဆိုပါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးသင်တန်းကို ‌ကေအဲန်ယူ ဖာပွန်ခရိုင်အတွင်း ၂၀၁၅ခုနှစ်အတွင်းက ပြုလုပ်ခဲ့ပြီး ‌တောင်ငူခရိုင်အတွင်း ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ကာ သထုံခရိုင်တွင်လည်း ထပ်မံ ပြုလုပ်သွားရန် စီစဉ်‌နေသည်ဟု ဦး‌ဆောင်စီစဉ်သူများက ‌ပြောသည်။

‌ကေအဲန်ယူ ‌တောင်ငူခရိုင်ရှိ ထိုလွီဝါး အထက်တန်း‌ကျောင်းကို စစ်‌ဘေး‌ရှောင်‌နေရပ်စွန့်ခွာခဲ့ရပြီး ပညာသင်ခွင့် ဆုံးရှူံးခဲ့သည့် ‌ဒေသခံများ ပညာဆက်သင်ကြားနိုင်‌ရေးအတွက် ရည်ရွယ်ကာ ၂၀၁၅ခုနှစ်၊ ဇွန်လအတွင်း စတင် ဖွင့်လှစ်ခဲ့သည်။