Home သတင်း KNU ၏ အမျိုးသမီးနှင့် က‌လေးသူငယ်အခွင့်အ‌ရေးဆိုင်ရာဥပ‌ဒေ ပိုမိုပြည့်စုံ‌ရေး နယ်စပ်ကရင်လူမှုအဖွဲ့များကြိုးပမ်း

KNU ၏ အမျိုးသမီးနှင့် က‌လေးသူငယ်အခွင့်အ‌ရေးဆိုင်ရာဥပ‌ဒေ ပိုမိုပြည့်စုံ‌ရေး နယ်စပ်ကရင်လူမှုအဖွဲ့များကြိုးပမ်း

2058

‌အောက်တိုဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး-KNU က ချမှတ်ကျင့်သုံးလျှက်ရှိသည့် ဥပ‌ဒေများတွင် အမျိုးသမီးနှင့် က‌လေးသူငယ်ဆိုင်ရာ ဥပ‌ဒေများကို ပိုမိုပြည့်စုံစွာ ထည့်သွင်းနိုင်‌ရေးအတွက် ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ ဦး‌ဆောင်၍ နယ်စပ်အ‌ခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများမှ ကြိုးပမ်းလုပ်‌ဆောင်လျှက်ရှိ‌ကြောင်း သိရသည်။

KNU အ‌နေဖြင့် ဥပ‌ဒေများ‌ရေးဆွဲပြဋ္ဌာန်းရာတွင် အမျိုးသမီးနှင့် က‌လေးသူငယ်များဆိုင်ရာ ဥပ‌ဒေပါ အချက်အချို့မှာ အားနည်း ချက်များ၊ မပြည်စုံမှုများရှိ‌နေသဖြင့် ‌ပြောင်းလဲ၊ ပြင်ဆင်၊ ဖြည့်စွက်ရန် လိုအပ်သည့် အချက်များအတွက် ကြိုးပမ်းလုပ်‌ဆောင်‌နေ ခြင်းဖြစ်‌ကြောင်း KWO ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင်၊ လူမှု‌ရေးတာဝန်ခံ ဆရာမ ‌နော်ဒါးဒါးက ‌ကေအိုင်စီသို့ ယ‌နေ့‌ပြော သည်။

“ကျမတို့အ‌နေနဲ့ အမျိုးသမီးနဲ့ က‌လေး အိမ်တွင်းအကြမ်းဖက်မှု‌တွေနဲ့ ပတ်သက်တဲ့ ဥပ‌ဒေ‌တွေ ရှိ‌စေချင်တယ်။ အထူးသဖြင့် က‌လေးသူငယ်နဲ့ သက်ဆိုင်တဲ့ဥပ‌ဒေ‌တွေက‌တော့ အခုထိ မရှိ‌သေးဘူး။ တစ်ချို့ဆို က‌လေး‌တွေကို ရိုက်နှက်တာ ‌ခြေလက်ကျိုး တဲ့အထိရိုက်လည်း ဘယ်သူမှအ‌ရေးမယူဘူး။ အဲဒါ‌တွေကို အ‌ရေးယူနိုင်ဖို့ ဥပ‌ဒေ‌တွေ ပြဋ္ဌာန်းနိုင်‌အောင် လုပ်‌ဆောင်‌နေတာ ဖြစ် ပါတယ်”ဟု ‌ပြောသည်။

အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ယ‌နေ့(‌အောက်တိုဘာလ ၁၉ရက်‌နေ့)တွင် KWO၊ ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင် ‌ကျောင်းသားကွန်ရက်အဖွဲ့(KSNG)၊ ကရင်လယ်ယာစိုက်ပျိုး‌ရေးဋ္ဌာန (FTUK )၊ ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဋ္ဌာန (KDHW)၊ နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားများအဖွဲ့ (BPHWT)၊ ကရင်ပညာ‌ရေးဋ္ဌာန(KED) စသည့် ကရင်လူမှုအ ဖွဲ့အစည်းများနှင့် KNU ‌ခေါင်း‌ဆောင်တို့ ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ထိုသို့‌တွေ့ဆုံရာတွင် အမျိုးသမီးနှင့် က‌လေးအခွင့်အ‌ရေးဆိုင်ရာ ‌ရှေ့လုပ်ငန်းစဉ်များချမှတ်နိုင်‌ရေး၊ အမျိုးသမီးအိမ်တွင်း အကြမ်းဖက်ခံရမှု၊ က‌လေးသူငယ်အခွင့်အ‌ရေးနှင့် သက်ဆိုင်သည့်ဥပ‌ဒေများ ‌ပေါ်‌ပေါက်လာ‌ရေးအပြင် ၎င်းတို့နှင့် သက်ဆိုင် သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ရာဇဝတ်မှုဆိုင်ရာ ဥပ‌ဒေများ ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

KNU ဗဟိုတရား‌ရေးဋ္ဌာနတရားသူကြီးချုပ် ပဒို‌နော်မြိုင်ဖိုးက “ဒီဟာ‌တွေက ‌ကော်သူး‌လေရာဇဝတ်မှု ဥပ‌ဒေ‌တွေထဲမှာ ရှိထားပြီး သား ဖြစ်တယ်။ ဒါ‌ပေမဲ့ မပြည့်စုံ‌သေးတဲ့အတွက် ဒီလို အမျိုးသမီးနဲ့ က‌လေးသူငယ်အခွင့်အ‌ရေးပိုင်းဆိုင်ရာ ကာကွယ်‌ပေးမှု‌တွေ မှာ ပိုပြည့်စုံသွား‌အောင် ပြန်လည်အင်အားဖြည့်တဲ့သ‌ဘောပဲ။ သူတို့အ‌နေနဲ့ ဒီလိုတင်ပြ‌ဆွေး‌နွေးလာတဲ့အ‌ပေါ်မှာ ကျမတို့လည်း ကြိုဆိုတယ်။ ဒီဟာက KNU ရဲ့ အားတစ်ခုလည်း ဖြစ်တယ်”ဟု ‌ပြောသည်။

အမျိုးသမီးနှင့် က‌လေးသူငယ်အခွင့်အ‌ရေးဆိုင်ရာ ဥပ‌ဒေများ ပိုမိုပြည့်စုံလာ‌ရေးအတွက် ကရင်လူမှုအဖွဲ့အစည်းများမှ အချက်အ လက်များ စု‌ဆောင်းခြင်းအပြင် ဥပ‌ဒေပညာရှင်များနှင့် တိုင်ပင်ကာ ၆လအတွင်း အပြီးသတ်‌ရေးဆွဲသွားမည်ဖြစ်ပြီး ၎င်းတို့ကို ဥပ ‌ဒေ‌ရေးရာဋ္ဌာန၊ KNU ဗဟို‌ကော်မတီတို့မှတဆင့် KNU ကွန်ကရက်သို့ တင်ပြပြီး အတည်ပြုသွားမည်ဖြစ်‌ကြောင်းလည်း သိရ သည်။