Home ဆောင်းပါး ရာသီစာ ကရင့်ရိုးရာ မျှစ်တာလ‌ပေါ့ဟင်း

ရာသီစာ ကရင့်ရိုးရာ မျှစ်တာလ‌ပေါ့ဟင်း

3752

(ခါန်.ဆူလါင့်)

(စက်တင်ဘာ ၁၆၊ ၂၀၁၆)

မိုးများစွာ ရွာသွန်းတဲ့အချိန်ကာလပိုင်း‌တွေမှာ ရာသီအလိုက် ထွက်‌ပေါ်လာတာက‌တော့ လူကြိုက်များတဲ့ မျှစ်ပဲ ဖြစ်ပါတယ်။ ဝါးပင်ဖြစ်လာမဲ့ မျှစ်ဟာ ဝါးအမျိုးအစား‌ပေါ် မူတည်ပြီး မျှစ်ရဲ့အရွယ်အစားနဲ့ အရသာကလည်း ကွာခြားမှုရှိပါတယ်။ ဒီ“မျှစ်” ဆိုတဲ့ရာသီစာကို မြန်မာတိုင်းရင်းသား‌တွေက ပြုတ်စားပြီးတမျိုး၊ ‌ကြော်စား၍တဖုံ၊ ချက်လို့တစ်သွယ်နဲ့ ပုံစံအမျိုးမျိုး ချက်ပြုတ် စား‌သောက်ကြပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုး‌တွေထဲမှာ မိမိတို့ ရိုးရာအစားအစာ‌တွေရှိကြသလို ဒီအထဲမှာ ကရင်တိုင်းရင်းသား‌တွေက လည်း မျှစ်တာလ‌ပေါ့ကို ရိုးရာအစားအစာတစ်ခုအဖြစ် သတ်မှတ်စား‌သောက်ကြပါတယ်။ တိုင်းရင်းသား‌တွေထဲက မျှစ်ကို ရိုးရာ ချက်နည်းအတိုင်း တာလ‌ပေါ့ဟင်းကို ခုံမင်နှစ်ခြိုက်စွာ စား‌သောက်ကြပြီး ‌ဒေသထမင်းဆိုင်‌တွေမှာလည်း မျှစ်တာလ‌ပေါ့ဟင်း ဟာ စားသုံးသူများအတွက် အထူး ဟင်းလျာအဖြစ် ‌ဈေးကွက်ဝင်လာပါတယ်။

မျှစ်‌တွေထဲက ဝါးဘိုးမျှစ်ကို ကရင်တိုင်းရင်းသား‌တွေက ပိုကြိုက်နှစ်သက်ကြသလို ဝါးဘိုးမျှစ်ဟာ အခြားမျှစ်‌တွေထက် ပိုချိုတဲ့ အရသာရှိတာကိုလည်း သုံး‌ဆောင်သူတိုင်းက လက်ခံကြပါတယ်။ တာလ‌ပေါ့ချက်တာ‌တောင်မှ ကရင်‌ဒေသတခုနဲ့တခု မတူညီ ကြပြန်ပါဘူး။ ပျစ်‌နေ‌အောင် ချက်စားတဲ့‌ဒေသရှိသလို အရည်‌သောက်လို့ရ‌အောင် ချက်စားတတ်တဲ့ ‌ဒေသ‌တွေလည်း ရှိကြပါ တယ်။ ဒီ‌တော့ ကရင်ပြည်နယ်၊ ဖားအံမြို့ဘက်က ချက်စား‌လေ့ရှိတဲ့ ကရင့်ရိုးရာ မျှစ်တာလ‌ပေါ့ ချက်ပြုတ်ပုံ‌လေးကို တင်ဆက် သွားကြရ‌အောင်ပါ။

ကရင်တိုင်းရင်းသားလူမျိုး‌တွေဟာ သူတို့ရဲ့ ရိုးရာအစားအစာ‌တွေကို စားသုံးဆီမပါဘဲ ချက်ပြုတ်စား‌သောက်‌လေ့ရှိပါတယ်။ ဒါဟာ ကျန်းမာ‌ရေးနဲ့လည်း ကိုက်ညီမှုရှိသလို တာလ‌ပေါ့ဟင်းထဲမှာ ထည့်ခတ်တဲ့ ဟင်းချက်‌လေး‌တွေကလည်း နနွင်းမှုန့် ပါဝင် တာကလွဲရင် အ‌ရောင်အဆင်း မထယ်ဝါ‌ပေမဲ့ စားသုံးသူ‌တွေအတွက် သင့်‌လျော်တဲ့ အာဟာရဖြစ်‌စေပါတယ်။

ဝါးရုံ‌အောက်‌ခြေက‌နေ ခုတ်ယူလာတဲ့ မျှစ်ကို အခွံသင်ပြီး ချက်ချင်း သို့မဟုတ် တစ်ရက်အတွင်းမှာ ပြုတ်စား၊ ချက်စားခြင်းဖြင့် သူ့ရဲ့သဘာဝ အရသာကို မြိန်ယှက်စွာ ခံစားနိုင်ပါတယ်။ ဒီလို အခွံခွာထားတဲ့မျှစ်ကို ခပ်လွှာလွှာ‌လေး ဓားနဲ့လွှာပြီး ‌ရေ‌ဆေးထား ပါ။ တစ်ဆက်တည်းမှာ ကြက်သွန်ဖြူ၊ ငြုပ်‌ကောင်းကို နနွင်း အနည်းငယ်ထည့်ပြီး ‌ရော‌ထောင်းထားပါ။ ပြီးရင် မိမိချက်မဲ့ ဟင်းပမာဏနဲ့ သင့်‌လျော်မဲ့ အတိုင်းအတာ‌လေး‌လောက် ငါးငပိ ခပ်ရွယ်ရွယ်‌လေးကို ပန်းကန်လုံးထဲမှာ ငပိရိုးအနည်ကျ‌အောင် ‌ရေ‌နွေးနဲ့‌ဖျော်ထားပါ။ အလားတူ ပြင်ဆင်ထားရမှာက တာလ‌ပေါ့ဟင်းအတွက် အ‌ရေးကြီးတဲ့ ဆန်‌လှော်‌ထောင်း သို့မဟုတ် ဆုံထဲ ထည့်‌ထောင်းထားတဲ့ ဆန်မှုန့်ပဲ ဖြစ်ပါတယ်။

မျှစ်နဲ့ ‌ရောချက်ဖို့ အ‌ကောင်းဆုံးက‌တော့ ‌ရေချိုငါးဖြစ်တဲ့ ငါးခူ၊ ငါးရံ့ကင်ပဲ ဖြစ်ပါတယ်။ ‌စော‌စောက ‌ရေ‌ဆေးထားတဲ့ မျှစ်အလွှာ ‌လေး‌တွေကို အိုးထဲထည့်ပြီး ငါးကင်တစ်‌ကောင်ကို သုံး‌လေးပိုင်း‌လောက် ဖဲ့ထည့်လိုက်ပါ။ ပြီးရင် ကြက်သွန်ဖြူ၊ ငြုပ်‌ကောင်း၊ နနွင်းမှုန့်၊ ဆားအနည်းငယ် ‌ထောင်းထားတာနဲ့ ဆုံ‌ဆေးတဲ့အရည်‌လေးအပြင် ‌ရေ‌နွေးနဲ့‌ဖျော်ထားတဲ့ ငါးငပိအရည်ကိုပါ ထည့်ပြီး ‌နောက် ဟင်းအိုးကို အဖုံးဖုံးလျက်နဲ့ မီးဖို‌ပေါ်တင်လိုက်ပါ။
Bamboo Shoot
၅မိနစ်ခန့်အကြာ ဟင်းအိုးဟာ ဆူပွက်လာမှာဖြစ်‌ပေမဲ့ ဇွန်းနဲ့မ‌မွှေ‌သေးဘဲ အဖုံးကို လှပ်ကြည့်တဲ့အခါ ‌ရေခမ်းလုနီးနီးဖြစ်မှသာ အိုးထဲက မျှစ်ဟင်းဖတ်‌တွေကို ‌မွှေနိုင်ပါတယ်။ ဒါကလည်း သဘာဝအတိုင်း ပါဝင်‌နေတဲ့ မျှစ်ရဲ့ ခါးသက်သက်အရသာ‌လေး ‌လျော့ပါးပြီး အချိုဓာတ်‌လေးသာ ပိုကဲ‌စေတာမို့ပါ။ ‌ရေခမ်းလုနီးနီးဆို ‌နောက်ထပ် ‌ရေကိုများများ‌လေး ထည့်ပြီး အနည်းငယ် ထပ် ဆူပွက်လာရင် ‌ထောင်းထားတဲ့ ဆန်‌ထောင်းမှုန့်ကို မွ‌အောင်‌ချေပြီး ဖြူးလိုက်ပါ။ တဆက်တည်းမှာ ဆန်မှုန့်မလုံးခဲရ‌လေ‌အောင် ‌မွှေ‌ပေးရပါမယ်။

ဆန်‌ထောင်းမှုန့် အဆံ‌အောင်တဲ့အထိ ဆူပွက်‌နေချိန်မှာ ထပ်လိုအပ်အုံးမဲ့ ဆား၊ အချိုမှုန့် အနည်းငယ်‌လေးကို ထပ်ဖြည့်စွက်ရပါ တယ်။ အချိုမှုန့် မစားတဲ့သူဆိုရင် ငါးရဲ့အရသာရယ် လတ်ဆတ်တဲ့မျှစ်‌ကြောင့် သဘာဝအရသာအတိုင်းလည်း ချက်ပြုတ်နိုင်ပါ တယ်။ မျှစ်တာလ‌ပေါ့ဟင်းဟာ အဖတ်နဲ့အရည် အ‌နေ‌တော် ကျန်တဲ့အခါ မီးဖို‌ပေါ်က ဟင်းအိုးကိုချလိုက်ပြီး ‌ရေ‌ဆေးဖဲ့‌ခြွေထား တဲ့ ပင်စိမ်းရွက်ကို ဟင်း‌ပေါ်က‌နေအုပ်‌ပေးပြီး အိုးအဖုံးကို လှပ်ထားခြင်းဖြင့် မြိန်ယှက်ဖွယ်‌ကောင်းပြီး ပင်စိမ်းရွက်အနံ့‌မွှေး‌နေတဲ့ ကရင်ရိုးရာ မျှစ်တာလ‌ပေါ့ ဟင်းတစ်အိုးကို ချက်ပြုုတ်ပြီးလို့ စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

အချို့ အသီးအရွက် ကြိုက်တတ်သူများကလည်း မျှစ်တာလ‌ပေါ့ဟင်းထဲကို မိမိတို့ နှစ်သက်ရာ ‌ရွှေဖရုံညွှန့်၊ ‌ကောက်‌ကောက် ညွှန့်၊ ဆူးပုပ်ရွက်၊ ခဝဲသီး၊ ဓညင်းသီး စတဲ့ အသီးအရွက်‌တွေကို ထည့်ချက်တတ်သလို ငါးကင်အစား ခရုနှင့်လည်း ချက်ပြုတ် စား‌သောက်နိုင်‌ကြောင်း တင်ဆက်လိုက်ရပါတယ်။