Home သတင်း စာသင်‌ကျောင်းများတွင် ခြင်မှတစ်ဆင့် ကူးစက်‌ရောဂါများ မဖြစ်ပွားရန် ကြိုတင်ကာကွယ်မှုများပြုလုပ်

စာသင်‌ကျောင်းများတွင် ခြင်မှတစ်ဆင့် ကူးစက်‌ရောဂါများ မဖြစ်ပွားရန် ကြိုတင်ကာကွယ်မှုများပြုလုပ်

2018

စက်တင်ဘာ ၇ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင် တိုက်နယ်အတွင်း အစိုးရစာသင်‌ကျောင်းများတွင် ခြင်မှတစ်ဆင့် ကူးစက်‌ရောဂါများ ဖြစ်ပွားလာမှုမရှိ‌စေရန် ရည်ရွယ်၍ ခလယ်-တံခွန်တိုင် တိုက်နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD နှင့် ‌မေတ္တာရှင်အရပ်ဖက်လူမှုအဖွဲ့တို့ ပူး‌ပေါင်းပြီး စက်တင်ဘာ ၆ ရက်‌နေ့က ခြင်‌ဆေးများ လိုက်ဖြန်း‌ပေး‌နေ‌ကြောင်း သိရသည်။

ခလယ်-တံခွန်တိုင်တိုက်နယ် NLD ၏ တာဝန်ခံ ‌စော‌တေဇာလင်း “ရာသီဥတု‌တွေကလဲ ‌ဖောက်ပြန်‌နေ ‌တော့ ‌ရောဂါ‌တွေကလဲ အမျိုးမျိုးဖြစ်ပွား‌လေ့ ရှိ‌နေတယ်။ အခု အာရှနိုင်ငံ အချို့‌တွေမှာ ခြင်မှတစ်ဆင့် ဇီကာဗိုင်းရပ်စ်‌ရောဂါလဲဖြစ်ပွား‌နေ‌တော့ ဒီ‌ရောဂါပါ တစ်ခါတည်း ကာကွယ်ပြီးသားအပြင် ‌သွေးလွန် တုပ်‌ကွေး‌ရောဂါလည်း မကူးစက်နိုင်‌အောင်၊ စာသင်‌ကျောင်းအတွင်းမှာ ပညာသင်ကြား‌နေတဲ့ က‌လေး‌တွေ ကိုလည်း ခြင်ကိုက်မခံရ‌အောင် ခြင်နိုင်‌ဆေးလိုက်ဖြန်း‌ပေးရခြင်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ခလယ်-တံခွန်တိုင်တိုက်နယ်ရှိ ‌ကျေးရွာအများစုတွင် ယခုမိုးရာသီကာလအတွင်း ခြင်မှတစ်ဆင့် ‌သွေးလွန်တုပ်‌ကွေး‌ရောဂါအနည်းငယ် ဖြစ်ပွား‌လေ့ရှိပြီး အများစုမှာ ရာသီတုတ်‌ကွေး‌ရောဂါ၊ ဝမ်းပျက်ဝမ်း ‌လျှော‌ရောဂါအ‌နေဖြင့်သာ အဖြစ်များလျှက်ရှိ‌နေသည်ဟု ကျန်မာ‌ရေးတာဝန်ရှိသူများက ဆိုသည်။

ခလယ်-တံခွန်တိုင်တိုက်နယ်ရှိ NLDပါတီအ‌နေဖြင့် ပြီးခဲ့သည့် ဩဂုတ်လပိုင်းမှစပြီး စာသင်‌ကျောင်း၂၄‌ကျောင်းရှိသည့်အနက် လက်ရှိအချိန်ထိ ၁၂‌ကျောင်းခန့်ကို ခြင်း‌ဆေး ဖြန်း‌ပေးခဲ့ပြီး ကျန်ရှိသည့် ‌ကျောင်းများကို စက်တင်ဘာ ၈ရက်‌နေ့၌ ဆက်ဖြန်းသွားမည်ဟု ပါတီတာဝန်ရှိသူထံမှ သိရသည်။

“ခြင်က‌နေပြီး‌တော့ ဖြစ်ပွားတဲ့‌ရောဂါ ဒီမှာ‌တော့ သိပ်မရှိပါဘူး။ ရိုးရိုးတုပ်‌ကွေးပဲ အဖြစ်များတယ်။ ဂျပန် ဦး‌နှောက်‌ရောင်၊ ဆင်‌ခြေ‌ထောက်‌ရောဂါ ဖြစ်ပွားတာလည်း မရှိပါဘူး။ အခုလို လိုက်ဖြန်း‌ပေး‌တော ခြင်လည်း မ‌ပေါက်‌တော့ဘူး။ ခြင်‌ကြောင့်ဖြစ်တဲ့ ‌ရောဂါ‌တွေက မဖြစ်‌တော့ဘူး”ဟု ခလယ်-တံခွန်တိုင် တိုက်နယ် ဆရာဝန် ‌ဒေါက်တာစည်သူ‌အေး ကစက်တင်ဘာ ၆ ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ခလယ်-တံခွန်တိုင် တိုက်နယ်အတွင်း အစိုးရစာသင်‌ကျောင်းများတွင် အဆိုပါ အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်-NLD နှင့် ‌မေတ္တာရှင်အရပ်ဖက်လူမှုအဖွဲ့တို့ ပူး‌ပေါင်းပြီး ခြင်‌ဆေးများ လိုက်ဖြန်း‌ပေး‌နေသည်မှာ ပထမဆုံးအကြိမ် စတင်လုပ်‌ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။