Home သတင်း တနသင်္ာရီတိုင်း၊ မြို့နယ် ၃ ခုအတွက် အပစ်ရပ်‌စောင့်ကြည့်‌ရေး မွမ်းမံလမ်းညွှန်သင်တန်း ပြုလုပ်

တနသင်္ာရီတိုင်း၊ မြို့နယ် ၃ ခုအတွက် အပစ်ရပ်‌စောင့်ကြည့်‌ရေး မွမ်းမံလမ်းညွှန်သင်တန်း ပြုလုပ်

1546

ဩဂုတ် ၄ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောခါးစူးညား

Karen Development Network (KDN) နှင့် Nonviolent Peaceforce (NP)တို့၏ အစီအစဉ်ဖြင့် တနသင်္ာရီ တိုင်း‌ဒေသကြီးအတွင်း ‌ရေဖြူ၊ ပ‌လောက်နှင့် သရက်‌ချောင်း စသည့် မြို့နယ် ၃ခုအတွက် အရပ်သားအပစ်ရပ် ‌စောင့်ကြည့်‌လေ့လာခြင်း မွမ်းမံလမ်းညွှန်သင်တန်းကို ထားဝယ်မြို့ရှိ ခရစ်ယာန်ဘုရား‌ကျောင်းတစ်ခုတွင် ဩဂုတ် ၁ရက်မှ ၃ ရက်‌နေ့တဝက်အထိ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ မွမ်းမံလမ်းညွှန်သင်တန်းသို့ တက်‌ရောက်ရန် မြို့နယ်တစ်ခုလျှင် ‌မော်နီတာ (‌လေ့လာ‌စောင့်ကြည့်သူ) များအဖြစ် ကိုယ်စားလှယ် ၁ဝ ဦး၊ အဖွဲ့‌ခေါင်း‌ဆောင် ၃ ဦး၊ တာဝန်ခံ ၁ ဦး၊ ပ‌ရောဂျက် တာဝန်ခံ ၁ ဦး စုစု‌ပေါင်း ၃၅ ဦး တက်‌ရောက်ခဲ့ပြီး Nonviolent Peace Force(NP)မှ Mr Rose Mary က ဦး‌ဆောင်ပို့ချ ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။

“သင်တန်းမှာ အဓိက ပို့ချတာက ‌စောင့်ကြည့် ‌လေ့လာခြင်းနဲ့ အရပ်သားကာကွယ်ခြင်း၊ အကြမ်းဖက်ခံသူတို့ကို ကယ်တင်ခြင်း၊ သတင်းအချက်အလက် စု‌ဆောင်းခြင်း၊ အာဏာပိုင်များနဲ့ ချိတ်ဆက်ခြင်း စတဲ့ စွမ်းရည်မြှင့်တင် ခြင်း‌တွေကို ဦးတည်လုပ်‌ဆောင်တာ ဖြစ်ပါတယ်”ဟု အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ပို့ချခဲ့သူ NP မှ Mr Rose Mary က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် NP သည် ‌မော်နီတာတို့အား ‌စောင့်ကြည့်‌လေ့လာခြင်းဖြစ်စဉ်အတွင်း ဘက်လိုက်မှုကင်းခြင်း သ‌ဘောတရားနှင့်အတူ အာဏာပိုင်များနှင့် ချိတ်ဆက် ဆက်သွယ်ရာတွင် လိုအပ်သည့် နည်းပညာများကို ဦးတည်လုပ်‌ဆောင်လျှက်ရှိသည်ဟု သူမက ဆိုသည်။
13918797_1142697392470269_1675891874_o
ထိုသို့ မွမ်းမံသင်တန်းပြုလုပ်ရာတွင် ‌ရေဖြူ၊ ပ‌လောက်နှင့် သရက်‌ချောင်း စသည့် မြို့နယ် ၃ခုအတွင်းရှိ ‌ကျေးရွာ ၁၅ ရွာမှ ‌ဒေသခံကိုယ်စားလှယ်များ တက်‌ရောက်ခဲ့ကြပြီး အလုပ်ရုံ‌ဆွေး‌နွေးပွဲအတွင်း ‌ဆွေး‌နွေးခဲ့သည့် အ‌ကြောင်းအရာများကို သက်ဆိုင်ရာ ၎င်းတို့‌ကျေရွာများသို့ ပြန်လည်ပို့ချသွားမည်ဟု သိရသည်။

သင်တန်းတက်‌ရောက်သည့် ‌ရေဖြူမြို့နယ် ‌ဒေသခံကိုယ်စားလှယ် အဖွဲ့‌ခေါင်း‌ဆောင် ‌နော်သ‌လေးထူးက “သင်တန်းမှာ နယ်စင်မဲဒဲလားနဲ့ သူရဲ့ လုပ်‌ဆောင်မှု၊ ‌နောက် NCA သ‌ဘောတူလက်မှတ်နဲ့ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က ပြည်သူလူထုအတွက် ဘာ‌တွေ လုပ်‌ဆောင်‌နေမလဲ စတာ‌တွေ ‌စောင့်ကြည့်သွားမယ့် အ‌ကြောင်းတို့ကို ‌ဆွေး‌နွေးခဲ့ကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ်အတွင်း အလားတူ သင်တန်းများကို အ‌ခြေခံအဖြစ် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလအတွင်း ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့တွင် တစ်ကြိမ်နှင့် မတ်လအတွင်း တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်မြို့တွင် တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ယခုအကြိမ်မှာ မွမ်းမံအဖြစ် ထပ်မံပြုလုပ်ခြင်းဖြစ်သည်။

Karen Development Network(KDN) နှင့် Nonviolent Peaceforce(NP)တို့သည် တနသင်္ာရီတိုင်း ‌ဒေသကြီးတွင် ၂၀၁၅ ခုနှစ်‌နှောင်းပိုင်းကာလများမှ စတင်၍ ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွင်း အရပ်သားများ ပူး‌ပေါင်းပါဝင်လာခြင်း စီမံကိန်းကို ပူးတွဲ‌ဆောင်ရွက်လာခဲ့သည်မှာ ယခုအချိန်ထိ ဖြစ်‌ကြောင်း သိရသည်။