Home သတင်း ရန်ကုန်နှင့် ဧရာတီတိုင်းအတွင်း ကရင့်အာဇာနည်‌နေ့ အခမ်းအနား ကျင်းပသွားမည်

ရန်ကုန်နှင့် ဧရာတီတိုင်းအတွင်း ကရင့်အာဇာနည်‌နေ့ အခမ်းအနား ကျင်းပသွားမည်

1889

ဇူလိုင် ၂၆ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

လာမည့် ဩဂုတ် ၁၂ ရက်‌နေ့တွင် ကျ‌ရောက်မည့် (၆၆)နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ အထမ်းအမှတ် အခမ်းအနားများကို ရန်ကုန်နှင့် ဧရာဝတီတိုင်း‌ဒေသကြီးတို့တွင် ပြုလုပ်သွားမည်ဟု အခမ်းအနားဖြစ်‌မြောက် ‌ရေးစီစဉ်‌နေသူ ‌ဒေသခံများနှင့် ကရင်လူငယ်များက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ကရင့်အာဇာနည်‌နေ့အခမ်းအနားများကို ရန်ကုန်မြို့၊ ပြည်လမ်းမ‌ပေါ်ရှိ ယုဒသန်ခန်းမ၌ တတိယ အကြိမ်‌မြောက် ကျင်းပသွားမည်ဖြစ်ပြီး ဧရာဝတီတိုင်း‌ဒေသကြီး အိမ်မဲမြို့နယ်၊ ဟသင်္ာတမြို့နယ်တို့တွင်လည်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားရန် စီစဉ်ထားသည်ဟု ဦး‌ဆောင်စီစဉ်‌နေသူများက ‌ပြောဆိုသည်။

အိမ်မဲမြို့နယ်၊ ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်‌ရေး အဖွဲ့(KYDG) တာဝန်ခံ စချစ်ဝင်း‌မောင်က “ကျ‌နော်တို့ အိမ်မဲ မြို့နယ်မှာ ပထမဆုံးအကြိမ် ကရင့်အာဇာနည်‌နေ့အခမ်းအနားကို ထိန်ငူ‌ကျေးရွာအုပ်စု၊ ကျုံးပဒီ ‌ကျေးရွာမှာ ဩဂုတ် ၁၂ ရက်‌နေ့မှာ ပြုလုပ်သွားမယ်။ အဓိက ရည်ရွယ်ချက်က‌တော့ ကရင့်အာဇာနည်‌နေ့ကို ကရင်လူငယ် ‌တွေ သိရှိပြီး သူတို့ရဲ့ အမျိုးသား‌ရေးမှာ စွန့်လွှတ်အနှစ်နာခံခဲ့မှု‌တွေကို ဂုဏ်ပြုချင်တဲ့သ‌ဘောပါ”ဟု ‌ပြောသည်။

အိမ်မဲမြို့နယ်တွင် ပထမဆုံးအကြိမ်ပြုလုပ်မည့် ကရင့်အာဇာနည်‌နေ့အခမ်းအနားတွင် ကျဆုံး‌လေပြီး‌သော အာဇာနည်ပုဂ္ဂိုလ် ‌စောဘဦးကြီးနှင့်တကွ အာဇာနည်‌ခေါင်း‌ဆောင်များကို အ‌လေးပြု ပန်း‌ခွေချခြင်း၊ ကရင့် အာဇာနည်‌နေ့ ဖြစ်‌ပေါ်လာပုံရှင်းလင်း‌ပြောဆိုခြင်းနှင့် ဧည့်ခံ‌ကျွေး‌မွေး‌ရေးအစီအစဉ်များ ပြုလုပ်သွားမည်ဟု စချစ်ဝင်း‌မောင်က ဆက်‌ပြောသည်။

အလားတူ ဩဂုတ် ၁၂ ရက်‌နေ့တွင် ကျ‌ရောက်သည့် ကရင့်အာဇာနည်‌နေ့ အခမ်းအနားကို ဧရာဝတီတိုင်း ‌ဒေသကြီး ဟသင်္ာတမြို့နယ် ကရင်ပြည်သူ့ပါတီရုံး၌ ပြုလုပ်သွားရန်စီစဉ်ထား‌ကြောင်း KPP ၏ ယင်းမြို့နယ် ဥက္ကဌ ‌စော‌ကျော်ကြီးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ဩဂုတ် ၁၂ ရက်၊ ကရင့်အာဇာနည်‌နေ ့အခမ်းအနားကို KPP ဟသင်္ာတမြို့နယ်ရုံးမှာလုပ်မယ်။ အဲ့‌နေ့မှာ မြို့နယ်အတွင်း ၂၀၁၆ တက္ကသိုလ်ဝင်စာ‌မေးပွဲမှာဂုဏ်ထူးနဲ့ ‌အောင်တဲ့ ကရင်‌ကျောင်းသား‌တွေကို ပညာရည်ချွန်ဆု ‌ပေးမယ်။ အခုလူငယ်အများစုက ကရင့်အာဇာနည်‌နေ့ရှိမှန်း မသိ‌တော့တာများတယ်။ ဒါ‌ကြောင့် အာဇာနည်‌နေ့ဖြစ်‌ပေါ်လာပုံနဲ့ ကရင်လူငယ်‌တွေ စုစည်းညီညွတ်ဖို့ ‌ဟော‌ပြောသွားဖို့ရှိတယ်” ‌စော‌ကျော်ကြီးက ‌ပြောသည်။

ထို့အပြင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ ယုဒသန်ခန်းမ၌ ပြုလုပ်မည့် ကရင့်အာဇာနည်‌နေ့အခမ်းအနားတွင် မနက် ပိုင်း၌ လွမ်းသူပန်း‌ခွေချခြင်း၊ ‌ဟော‌ပြောပွဲများပြုလုပ်သွားမည်ဖြစ်ကာ ‌နေ့လည်ပိုင်းတွင် ကရင်လူငယ်များက ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များပြုလုပ်သွားရန် စီစဉ်ထားသည်ဟု ရန်ကုန်ကရင်လူငယ်ကွန်ရက်မှ ‌စောထွန်းထွန်း ထံမှ သိရသည်။

၁၉၅ဝ ခုနှစ်၊ ဩဂုတ် ၁၂ ရက်‌နေ့တွင် ‌ကေအဲန်ယူ ဥက္ကဌ ‌စောဘဦးကြီးနှင့် သူ၏ ရဲ‌ဘော်ရဲဘက်များ ကျဆုံးခဲ့ သည့် ‌နေ့ကို ကရင့်အာဇာနည်‌နေ့အဖြစ်သတ်မှတ်ခဲ့ပြီး နှစ်စဉ် ယင်း‌နေ့‌ရောက်တိုင်း ကရင်အမျိုးသားအစည်း အရုံး(KNU) ထိန်းချုပ်နယ်‌မြေအသီးသီးနှင့် ထိုင်း-မြန်မာနယ်စပ်‌ဒေသတို့တွင် အခမ်းအနားများ ကျင်းပခဲ့ကြ သည်။ ၂၀၁၂ ခုနှစ်၊ အပစ်အခတ် ရပ်စဲ‌ရေးကာလ‌နောက်ပိုင်း ရန်ကုန်မြို့၌ နှစ်ကြိမ် ကျင်းပခဲ့ပြီဖြစ်‌ကြောင်း သိရသည်။